-လူထုကျန်းမာရေး(ရေနွေးညသိပ် အဆိပ်ထက်ပြင်း)-
**Public Health**
ယောမြို့စားအတွင်းဝန် ဦးဘိုးလှိုင်ရဲ့ နာမည်ကျော်ဥတုဘောဇန သင်္ဂဟကျမ်းမှာ ဖော်ပြထားတဲံ့ ရေနွေး။ရေကျက်အေး ရေအေးတို့နဲံပတ်သက်တဲ့ သိမှတ်ဖွယ်ရာဗဟုသုတတွေဒီစာအုပ်မှာပါဝင်တယ်. နောက်ဆုံးတင်ပြလိုတာကတော့..... (၁) ရေနွေး ကျိုချက်တဲ့အခါမှာ ဆူပွက်ပြီးကျက်အောင်ကျိုပါ။ (၂) ကော်ဖီဖျော်ရင် ခြောက်နာရီအတွင်း ကျိုချက်ထားတဲံ ရေနွေးနဲ့ဖျော်ပါ။ (၃) ဓာတ်ဗူးထဲက ရေနွေးနဲံဖျော်ရင် ခြောက်နာရီထက်ကျော်ပြီး ဓာတ်ဗူးထဲမှာ လှောင်ထားသော ရေနွေးကိုမသုံးသင့်ပါ။ (၄)ဓာတ်ဗူးထဲမှာ အေးပြီးသားရေနွေးကို ဓာတ်ပျက်ရေနွေးဖြစ်လို့ ပြန်နွေးပြီး မသုံးပါနဲံ။ပြန်ကျိုချက်ပြီး မသုံးပါနဲ့။ (၅)ညသိပ်ရေနွေး ။ရေနွေးကြမ်းဟာ အဆိပ်ဖြစ်လို့ အစာအိမ်ကို ကမောက်ကမ ဖြစ်စေနိုင်ပါတယ်။ (၆)ရေနွေးသောက်ပြီး တစ်နာရီအတွင်းမှာ ရေအေးမသောက်ပါနဲ့။ ရေအေးသောက်ပြီး တစ်နာရီအတွင်းမှာ ရေနွေးမသောက်ပါနဲ့။ အထက်ပါအယူအဆတွေဟာ မလွဲနိုင်တဲံ့ တိုင်းရင်းဆေးပညာ ဥပဒေသ အယူအဆတွေဖြစ်ကြောင်း တင်ပြအပ်ပါသည်။. { ဒီစာအုပ်လေးကိုကျမဖတ်နေရင်းကနေ အင်တာနက်ကကျမမိတ်ဆွေတွေသိသင့်တယ် ယူဆမိလို့ရေးသားတင်ပြခြင်းဖြစ်ပါတယ်ရှင်..အနှောက်ယှက်ဖြစ်ခဲံ့တယ်ဆိုလည်း ခွင့်လွတ်ပေးပါလို့မေတ္တာရပ်ခံအပ်ပါသည်ရှင့် ....
**မမာလာ **
--
Posted By Blogger လူဗိုလ်

No comments:
Post a Comment