ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Saturday, March 23, 2013

> -နွေနှင့်အတူ … ပိတောက်ကိုရော ချစ်ဦးသူကိုပါသတိရနေဆဲပါ-

“ကံ့ကော် xxx ပွင့်ရာ xxx ငုဝါ xxx ပွင့်ရာ xxx စိန်ပန်းပွင့်ရာxxx တက္ကသိုလ်ကျောင်း xx တော်မှာလေ xx ဗျာပွေ xx လှိုက်သည်း xx မေတစ်ယောက်ထဲ xx မပျော်နိုင်ပေ xxx”

 “မွန်းရေ… ဒီအပိုဒ်မှာ နည်းနည်းလေးရိုက်သံလေးသည့်ဆိုနော်… (အိုကေ) ပြန်ဆိုမယ်…”

ရန်ကုန်တက္ကသိုလ် (ဗိုလ်တထောင်နယ်မြေ) တွင် ၁၉၈၅ ခုနှစ် နွေရာသီကာလ၊ အခုလိုသင်္ကြန်နားနီးကာလ (မတ်လ) ၌ဖြစ်ပါသည်။ ကိုလင်းနှင့် မွန်းတို့နှစ်ယောက်သား တက္ကသိုလ်ကျောင်းသားတို့၏ ဘာသာဘာဝအတိုင်း စိတ်လှိုင်းချင်းနီးကပ်ခါ၊ သမီးရည်းစားဇာတ်လမ်းတစ်ပုဒ်ကို ကောက်နုတ်ဖြစ်ခဲ့ကြပါသည်။ သင်္ကြန်ကာလ (ဧပြီလ) တွင် ရန်ကုန်တက္ကသိုလ် (ဗဟို) မဏ္ဍပ်၌ တက္ကသိုလ်နှင့် ပက်သက်သော သီချင်း၊ သင်္ကြန်သီချင်းများကို ရန်ကုန်တက္ကသိုလ်၏ နယ်မြေတစ်ခုဖြစ်သော ဗိုလ်တထောင်နယ်မြေ၌ ယခုကဲ့သို့ ရင်ဘတ်ချင်းထိကပ်နေမိကြခြင်းဖြစ်ပါ၏။

“အို…ကိုလင်းကလည်း၊ ချိုပြုံးရဲ့ “တက္ကသိုလ်ကျောင်းက ငွေလမင်း” သီချင်းပြီးပြန်တော့လည်း “ပိတောက်ပွင့်ရက်ဝယ်” သီချင်းဆိုခိုင်းနေပြန်ပါပြီ။ ဘာလဲ… မွန်းကို အမောဆို့ပြီး သေအောင်လုပ်နေတာလား။

ကိုလင်းဆိုတာက မြန်မာမှု၊ မြန်မာနယ် သီချင်းကြီး၊ သီချင်းခန့်တွေကိုစာသားအားဖြင့် နုတ်တိုက် (အာဂုံ) ဆောင်ထားနိုင်သူဖြစ်ပြီး အဆိုကောင်းသော မွန်းတို့လို “သက်” တို့လို သူငယ်ချင်းမလေးတွေကို ပြန်လည်သီဆိုခိုင်းသူ (သီချင်းဆိုဟန်၊ ဆိုပေါက်ပြန်လည်ဇာတ်တိုက်ပေးသူ) ရယ်လေ။

“သက်က ပိတောင်ပွင့်ရက်ဝယ် (အေ၀မ်းတင်တင်လှ) သီချင်းကိုဆိုရမယ်။ ဒို့တတွေ မြန်မာ့အသံကို သီချင်းပဟေဠိ အဖြေညှိကြတုန်းက ပိတောက်နဲ့ ပတ်သက်တဲ့ သီချင်းတွေကို ဒီလိုဒီလို ပြောခဲ့ကြတာမှတ်မိတယ် မဟုတ်လား…”

“သြော်…ခက်ပါပြီ ကိုလင်းရယ်၊ မှတ်မိတာမှ သိပ်ကိုမှတ်မိတာပေါ့ရှင်…(ဟော) ပိတောက်သီချင်းတွေထဲက “ကိုယ်ရယ်မင်းရယ် ပိတောက်ရယ် (တွံတေးသိန်းတန်)၊ ” ပိတောက်… လမ်း(မာမာအေး)၊ ပန်းပိတောက်တို့ ကြွေရာမြေ (ချိုပြုံး) စသဖြင့်၊ စသဖြင့် ကိုလင်းပဲ သီချင်းပဟေဠိ အဖြေညှိပြိုင်ပွဲမှာ ပထမရခဲ့တာလေ၊ ကိုလင်းကိုတော့ မှတ်ဉာဏ်အရာမမှီပေမယ့် မမေ့ကြပါဘူးရှင်…”

“အို… ကိုယ်တစ်ယောက်ထဲ …. ပိတောက်… လမ်း…၀ယ်…လျှောက်… စမ်း…ချင်…ပါ…တယ်…” (ပိတောက်လမ်း၊ မာမာအေး၏ခြေဆင်း)

 “တစ်ယောက်ပျို xx ပိတောက်ကို xx ချစ်သလို xx တစ်ယောက်ပျိုကို xx မောင်ကချစ်ခဲ့ xx မင်း… xx ပိတောက်ချစ်သလိုပါကွယ် xx ရွှေစင်ညှာဝိုက် xx ပိတောက်ကြိုက်တဲ့ xx ချစ်သူရယ် xx ပိတောက်နဲ့ xx ကိုယ့်ကိုမေ့သော xx စိမ်းကာတဲ့သဘောနှယ် xx မိန်းမချောရယ် xx ပိတောက်တွေ xx ပွင့်ပြန်ပါပြီကွယ် xxx”

 (တွံတေးသိန်းတန် ၊ ကိုယ်ရယ်မင်းရယ် ပိတောက်ရယ်)

 “ကိုယ်ရယ် xx မင်းရယ် xx ပိတောက်ရယ် xx အိုကွယ် xx အချစ် xx မပြောချင်တော့ဘူးကွယ် xx (ကိုယ်ရယ်မင်းရယ် ပိတောက်ရယ်၊ တွံတေးသိန်းတန်) “ပိတောက်ပန်းတွေ xx ပင်ယံနန်းမြင့် xx ဝေယံလျှမ်း ပနေ xx ငယ်ချစ်ဆွေရေ xxx နေနိုင်တော် xx မူ xx အားရက်ပေ xx အတိတ်ကမ္ဘာမြေ xx တွေး xx တွေ့းရင်ဖြင့်လေ xx ဒို့တတွေငယ်တုန်းကလို xx ပိတောက်တွေ xx ပွင့်ရင်လေ xx လွမ်းသလို xx ဆွေးသလိုပါ xx မောင်ရေ xx အချစ် xx ကြီးသူ xx များရဲ့ xx ဘ၀တာ xx လမ်းတလျှောက်ပေ xx ပန်းပိတောက်တောက်တွေ xx ကြွေရာမြေ xx ဂိမ္မာန်နွေ xx ဦးပြီမို့လေ xx တစ်နှစ်ကူး xx ပေမို့ xx ချစ်ဦးမောင့်ကို xx စောင့်ကြိုနေတယ်လေ xx အဝေးတစ်မြေ xx ခြားသူ xx မောင်ရေ” 

(ပန်းပိတောက်တို့ကြွေရာမြေ၊ ချိုပြုံး) “

အမေလေးလေး၊ အရသာရှိလိုက်ပါဘိကိုလင်းရယ်၊နောက်ထပ် ကျန်သေးတဲ့ ပိတောက်ပွင့်ရက်ဝယ် သီချင်းကိုလည်း တစ်ပိုင်းတစ်စညည်းပါဦး” ပိတောက်ပွင့်ရက်ဝယ် xx မောင်လာနေကြကွယ် xxဥသြတွေ တေးသီဖွဲ့ရင် အရောက်လာမယ် xxရာသီကာလရယ် xxမိုးနွေ ဆောင်းများနှယ် xxအပြောင်းအရွေ့သာ မရှိပါရင်ကွယ် xxအချိန်တွေတိုင်းမှာ အမြဲ xxပိတောက်ပွင့်ရက်ပဲ ဖြစ်လို့နေချင်တယ်…xx” (အေ၀မ်းတင်တင်လှ၊ ပိတောက်ပွင့်ရက်ဝယ်) 

အို… ဘာပဲဖြစ်ဖြစ်၊ နှစ်ပေါင်း (၃၀) လောက်ရှိလာခဲ့ပေမယ့်၊ တစ်ယောက်တစ်နယ်ဆီ ဝေးနေကြပေမယ့် မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံဆိုပြီး ရေမြခြားနေကြပေမယ့် အခုလိုနွေကာလရောက်တိုင်း ရင်လှိုင်းသိမ့်တုန်နေဆဲ၊ ရင်ခုန်နေဆဲပါပဲကွယ်။

 သြော်… နွေ၊ နွေ၊ နွေ အို ….... ပိတောက်ရေ…. ။

**ကိုကို (ရန်ကုန်တက္ကသိုလ်)**

-နွေနှင့်အတူ … ပိတောက်ကိုရော ချစ်ဦးသူကိုပါသတိရနေဆဲပါ-

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)