ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, April 10, 2013

--လူထုကျန်းမာရေး(ရာသီဥတုပူပြင်းချိန်တွင် ဖြစ်တတ်သော ကျန်းမာရေး အန္တရာယ်များ)-

>
**Public Health** 

 နွေရာသီကို ရောက်ရှိလာချိန်မှာ အပူချိန်မြင့်မားမှုနဲ့ အတူ ကျန်းမာရေးအန္တရာယ်တချို့ ဒွန်တွဲပါလာတတ်ပါတယ်။ ရာသီဥတုပူပြင်းမှုကြောင့် ဖြစ်တတ်တဲ့ အန္တရာယ်တွေကတော့ ရေဓာတ်ခန်းခြောက်တာ၊ အရေပြား နေလောင်တာ၊ ကိုယ်ခန္ဓာအပူချိန်တက်ပြီး ချွေးမထွက်ဘဲ သတိလစ်မေ့မြောမှု (Heat Stroke) တို့ဖြစ်ကြပါတယ်။

 **ရေနှင့် ဆားဓာတ်ခန်းခြောက်ခြင်း**

ဒါက ခန္ဓာကိုယ်မှ ရေဓာတ်ဆုံးရှုံးမှုကို ဖြစ်စေပြီး ရေနဲ့အတူ ပိုတက်စီယမ်၊ ဆိုဒီယမ်စတဲ့ သွေးတွင်းအရေးပါတဲ့ ဓာတ်ဆားတွေလည်း ဆုံးရှုံးရတတ်ပါတယ်။ ဒီဓာတ်ဆားတွေက ကျောက်ကပ်၊ ဦးနှောက်နဲ့ နှလုံးတို့လို အင်္ဂါအစိတ်အပိုင်း တွေရဲ့ လုပ်ငန်းဆောင်တာအတွက် အရေးပါပါတယ်။ ရေနဲ့ဓာတ်ဆားတွေ ဆုံးရှုံးမှုကြောင့် ခန္ဓာကိုယ်ဟာ သတိလစ်တာ၊ ထိုင်းမှိုင်းလေးလံတာ၊ အသက်ရှူရခက်ခဲတာနဲ့ နှလုံးခုန်နှုန်းမမှန်တာစတဲ့ ဝေဒနာတွေကို ဖြစ်စေနိုင်ပါတယ်။ ဆီးသွားတာနဲ့ ချွေးထွက်တာကြောင့် အရည်ဓာတ်ဆုံးရှုံးမှုကို ဖြစ်စေနိုင်ပါတယ်။

**အရေပြားနေလောင်ခြင်း**

 နွေရာသီမှာ ပြင်းထန်တဲ့ ခရမ်းလွန်ရောင်ခြည်ကြောင့် အရေပြားထိခိုက်တဲ့ လက္ခဏာ ပြသတတ်ပါတယ်။ ဒီလိုခရမ်းလွန်ရောင်ခြည်ဒဏ်ကြောင့် အရေပြားနာကျင်ရုံသာမက အိုမင်းတဲ့ ဖြစ်စဉ်ကို မြန်စေပြီး အရေပြားကင်ဆာလို အန္တရာယ်ရှိတဲ့ ရောဂါတွေရဲ့ဖြစ်နှုန်းကို မြင့်တက်စေပါတယ်။

**ကိုယ်ခန္ဓာအပူချိန်တက်ပြီး ချွေးမထွက်ဘဲ သတိလစ်မေ့မြောမှု (Heat Stroke)**

ကိုယ်ခန္ဓာအပူချိန်တက်ပြီး (Heat Stroke) ဖြစ်ရင် အန္တရာယ်ရှိပါတယ်။ အကြောင်းကတော့ ဒီလိုဖြစ်ရင် လက္ခဏာတွေက အချိန်တိုအတွင်း မြန်မြန်ဆန်ဆန်ပေါ်ပြီး သတိလစ်မေ့မြောသွားနိုင်လို့ပါ။

**လက္ခာဏာများ**

သင့်ပတ်ဝန်းကျင် အပူချိန်ကြောင့် ခန္ဓာကိုယ်မှာ ထိခိုက်မှုဖြစ်စေနိုင်ပါတယ်။ အပူချိန် 20ံ C (68F) မှာနှလုံးခုနှုန်းက ပုံမှန်ဖြစ်ကာ သက်တောင့်သက်သာ ရှိနေပါလိမ့်မယ်။ အပူချိန် 25ံ C (77F) မှာ ချွေးအသင့်အတင့် ထွက်ပါလိမ့်မယ်။ အပူချိန် 30ံ C (86F)မှာ ချွေးအသင့်အတင့် ထွက်ပြီး အာရုံစူးစိုက်မှု ထိခိုက်ပါလိမ့်မယ်။ အပူချိန် 38-41ံ C (104F) မှာ ချွေးအလွန်အမင်းထွက်ပြီး နှလုံးခုန်နှုန်းမြန်ကာ မောပန်းတာနဲ့ ပျို့အန်ချင်တာတွေဖြစ်တတ်ပါတယ်။ အပူချိန် 45ံ C (113F) မှာ ကိုယ်ခန္ဓာအပူချိန်တက်ပြီး ချွေးမထွက်ဘဲ သတိလစ်မေ့မြောမှု (Heat Stroke) ဖြစ်တတ်ပါတယ်။ အဲဒီအချိန်မှာ အရေပြားပူပြင်း ခြောက်သွေ့ကာ ကိုယ်တွင်းအင်္ဂါတွေတောင် ထိခိုက်ပြီး အသက်အန္တရာယ် ဖြစ်နိုင်ပါတယ်။

**ကုသမှုနှင့် ကာကွယ်မှု**

 အရည်များများသောက်ပါ ခန္ဓာကိုယ်ဟာ ပုံမှန်ထက် အရည်များများဆုံးရှုံးတယ်ဆိုရင် အကောင်းဆုံးက ရေများများသောက်ကာ အရည်ဓာတ်ပြန်လည် အစားထိုးသင့်ပါတယ်။ ပျမ်းမျှအားဖြင့် ကိုယ်အလေးချိန် ၁၂၈ ပေါင်ရှိတဲ့ လူတစ်ယောက်က တစ်နေ့မှာ ရေရှစ်ဖန်ခွက် သောက်ပေးဖို့လိုပါတယ်။ အလွန်ပူပြင်းတဲ့ ရာသီဥတုမှာ ရေကို များများသောက်ပေးသင့်ပါတယ်။ အရည်ဆိုတဲ့နေရာမှာ အရက်ကိုလုံးဝမသောက်သင့်ပါဘူး။ အယ်လ်ကိုဟောက ခန္ဓာကိုယ်ကို ရေဓာတ်ခမ်းခြောက်မှု ပိုဖြစ်စေလို့ပါ။ သစ်သီးဖျော်ရည်၊ ဓာတ်ဆားရည်စတဲ့ အရည်တွေကိုတော့ သောက်နိုင်ပါတယ်။ အစားအသောက်ကို ဆန်းစစ်ပါ ပူပြီး အဆီအအိမ့်များတဲ့ အစားအသောက်တွေကို ရှောင်ပါ။ ရေဓာတ်ပါဝင်မှုများတဲ့ သစ်သီးနဲ့ ဟင်းရွက်သုပ်တွေလို အစာတွေကို များများစားပေးပါ။ နေရောင်ခြည်နှင့် ဝေးဝေးတွင်နေပါ နေပူရှိန်ပြင်းထန်တဲ့နေ့တွေမှာ အကောင်းဆုံး နေသင့်တဲ့နေရာက အရိပ်ထဲမှာဖြစ်ပါတယ်။ နေပူထဲထွက်မယ်ဆိုရင် အနည်းဆုံး နေကာနိုင်စွမ်း SPF အဆ ၂၀ ပါတြ့ နေကာခရင်မ်ကို လိမ်းပေးဖို့လိုပါတယ်။ နေပူထဲမှာ နေရင်း ပျို့အန်ချင်သလို အော်ဂလီဆန်တာနြ့ နေထိုင်မကောင်းတာတွေကို ခံစားရပါက နေရိပ်ထဲကို အမြန်ဆုံး နေထိုင်ပါ။ နေရောင်ခြည်က နံနက် ၁၁နာရီနဲ့ ညနေ ၃နာရီကြားအချိန်မှာ အပြင်းထန်ဆုံးဖြစ်တာကြောင့် ရှောင်ဖို့ လိုပါတယ်။ လေ့ကျင့်ခန်းလုပ်လျှင် သတိထားပါ တစ်နေ့တာရဲ့ အပူပြင်းဆုံးအချိန်အတောအတွင်းမှာ လေ့ကျင့်ခန်းကို ပြင်းပြင်းထန်ထန် မလုပ်သင့်ပါ။ နွေရာသီမှာ လေ့ကျင့်ခန်းလုပ်ရင် ဖြည်းဖြည်းနဲ့ မှန်မှန်ပဲ လုပ်ဆောင်ပါ။ လေ့ကျင့်ခန်းလုပ်ရင်း အသက်ရှူမဝသလို၊ နှလုံးခုန်မြန်သလို ဖြစ်လာရင် ချက်ချင်းရပ်နားပြီး ခန္ဓာကိုယ်ကို အေးအောင် စောင့်ကာ ရေချိုးလိုက်ပါ။ သက်တောင့်သက်သာရှိတဲ့အထိ အနားယူပေးပါ။ အေးမြအောင် နေပါ ပေါ့ပါးပြီး သက်တောင့်သက်သာရှိတဲ့ ချည်သားဝတ်စုံကို ဝတ်ပါ။ ထွက်လာတဲ့ ချွေးတွေ အငွေ့ပြန်လွယ်တာကြောင့် ခန္ဓာကိုယ်ကို အေးမြနေအောင် ထားတာက အပူဒဏ်ကို သက်သာစေပါတယ်။ အပူဒဏ်သင့်လွယ်သူများကို အထူးဂရုစိုက်ပါ အသက်လေးနှစ်အောက် ကလေးတွေနဲ့ အသက် ၆၅ကျော်သူတွေဟာ နေပူဒဏ်ကြောင့် အန္တရာယ် ကြီးကြီးမားမား ရရှိတတ်ပါတယ်။ သူတို့ရဲ့ ခန္ဓာကိုယ်က အပူချိန်ကို လိုက်လျောညီထွေ ညှိနိုင်စွမ်း လျော့နည်းလို့ပါ။ အဝလွန်သူတွေနဲ့ နာမကျန်းဖြစ်နေသူတွေဟာလည်း အပူကို များများ စုပ်ယူထားကာ အပူဒဏ်သင့်နိုင်ပါတယ်။

http://www.facebook.com/photo.php?fbid=398555026909001&set=a.351047714993066.76 

From-စိတ်ကူးပျော်ရာ

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)