>
"သူကြီးရေ.... သူကြီးမရှိတော့ အိမ်မှာ ကျနော် တစ်ယောက်ထဲ ကြောက်သလိုလိုကြီး"
"ဟေ... ဘာဖြစ်လို့လဲ"
"ကျနော် တစ်ယောက်ယောက်ကို တွေ့လိုက်တယ်"
.........
မအားမလပ်တဲ့ကြားထဲ ပို့စ်တစ်ပုဒ်ရေးဖို့ အကြောင်းဖန်လာသည်။ နဂိုကထဲကမှ မရေးရ မနေနိုင် လက်တယားယား ဖြစ်နေသည်မဟုတ်လော။ အခုတော့ အိမ်နေဖော် မောင်ခွေးရဲ့ ဖြစ်အင်ကြောင့် အားအား မအားအား ရေးရမှ ကျေနပ်တော့မည်။ ပြောရရင် မောင်ခွေးကြောင့် ဒီပို့စ်ကို ရေးဖြစ်သည်ပေါ့။
ကျနော်နေနေတဲ့ အိမ်အကြောင်းလေး နဲနဲ ပြောပြပါဦးမည်။ အိမ်အပေါ်ထပ်မှာ ရေချိုးခန်း အိမ်သာနှင့် နှစ်ယောက်အိပ်ခန်း ၂ ခန်း၊ တစ်ယောက်အိပ်ခန်း ၁ ခန်း ရှိပါသည်။ အောက်ထပ်မှာ နှစ်ယောက်အိပ်ခန်း ၁ ခန်း၊ ထမင်းစားခန်း (ဧည့်ခန်း) ၁ ခန်း၊ မီးဖိုခန်း နှင့် အိမ်သာနဲ့တွဲရက် ရေချိုးခန်းတို့ ရှိကြပါသည်။ ဟိုယခင်အခါက အိမ်နေလူပေါင်း ၇ ယောက်တိတိ ရှိခဲ့ပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် ရေကြည်ရာမြက်နုရာ ထွက်ခွါသွားကြလေရာ အိမ်ရှင်အဘိုးအိုနှင့် ကျွန်ုပ်သာ ကျန်ရစ်ခဲ့လေသည်။ အိမ်နေလူ များစဉ်အခါတုန်းက ကျနော်က အောက်ထပ် နှစ်ယောက်အိပ်ခန်းမှာ အိပ်သည်။ အိမ်ရှင်အဘိုးအိုက အပေါ်ထပ်က တစ်ယောက်အိပ်ခန်းမှာ အိပ်သည်။ ယခုအခါမှာတော့ ကျနော်က အပေါ်ထပ် နှစ်ယောက်အိပ်ခန်းကို ပြောင်းအိပ်သည်။ အဘိုးအိုက အသက်အရွယ်အရ လှေခါးအတက်အဆင်း ခက်ခဲ၍ အောက်ထပ်ရှိ ကျနော်အိပ်ခဲ့သည့် နှစ်ယောက်အိပ်ခန်းသို့ ပြောင်းအိပ်သည်။ အဘိုးအို အသက် ၈၆ နှစ် ရှိပေပြီ။ လွန်ခဲ့သည့် ၁၀ လခန့်က အိမ်ငှား မောင်ခွေးတစ်ယောက် ရောက်လာ၍ ယခုအခါ ကျနော်ရယ် အဘိုးအိုရယ် မောင်ခွေးရယ် စုစုပေါင်း သုံးယောက် ဖြစ်သွားသည်။
အဘိုးအိုက မိတ်ဆွေများသူဖြစ်၍ များသောအားဖြင့် အပြင်ထွက်လည်ပြီး အဖော်မင်သူပီပီ မိတ်ဆွေများ၏ အိမ်တွင် မကြာခဏ သွားအိပ်လေ့ရှိသည်။ မောင်ခွေးမှာ ညဘက် အလုပ် လုပ်သူဖြစ်၍ တနင်္လာမှ သောကြာထိ နေ့စဉ် ညနေ ငါးနာရီလောက်ကစပြီး အလုပ်ရုံသို့ သွားရောက်လုပ်ကိုင်ရာ မနက် မိုးစင်စင်လင်းမှ ပြန်ရောက်လေ့ရှိသည်။ စနေ တနင်္ဂနွေ နှစ်ညသာ အိမ်မှာ အိပ်လေ့ရှိလေသည်။ ဆိုတော့ကာ များသောအားဖြင့် ညဘက်ကာလတွေမှာ ကျနော်တစ်ယောက်ထဲ အိမ်အိုကြီးအတွင်း အနေများလေသည်။
တစ်အိမ်ထဲ အတူတူ နေထိုင်ကြပေမဲ့ ကျနော်တို့ သုံးယောက်ဆီမှာ မတူညီတဲ့ အကျင့်လေးတွေ အသီးသီး ရှိကြလေ၏။ အဘိုးအိုသည် အချက်အပြုတ် အလွန်ဝါသနာပါ၏။ အဘိုးအို အိမ်မှာ ရှိမရှိကို သူ့အိပ်ခန်း ဖွင့်ကြည့်ဖို့ မလိုပေ။ တစ်အိမ်လုံး မီးတူးနံ့ ရနေလျှင် အဘိုးအို အိမ်မှာ တထစ်ကျ ရှိနေသည်မှာ သေချာလေ၏။ မချက်ရသေးသည့် ဟင်းများကိုလဲ ချက်၏။ ချက်ပြီးသားဟင်းတို့ကိုလဲ ထပ်ချက်၏။ ဟင်းများကို ကြေမွသွားအောင်ချက်၏။ မီးတူးသွားအောင် ချက်၏။ "မချက်ရင် မနေနိုင်တာကလွဲလို့" ဆိုပြီး သီချင်းစာသား ပြောင်းရမလိုပင်။
မောင်ခွေးရဲ့ အမူအကျင့်ကား တခြားမဟုတ်။ သူ့လက်ကို မကြာမကြာ အခါခါ ရေဆေးတတ်တဲ့ အကျင့်ဖြစ်၏။ လက်တစ်ခါဆေးရင် အနည်းဆုံး ငါးမိနစ်ခန့်ကြာ၏။ တစ်ခုခုကို ကိုင်မိပြီးရင်လဲ သူ့လက်ကို ဆေး၏။ ခြေအိတ်စွပ်ပြီးရင်လဲ လက်ရေဆေး၏။ ဖိနပ်စီးပြီးရင်လဲ လက်ရေဆေး၏။ ယုတ်စွအဆုံး သူ့နှာခေါင်းထဲ လက်နှိုက်မိလျှင်ပင် သူ့လက်ကို အခါခါ ရေဆေးလေ၏။ ထို့ကြောင့် "ကြိမ်ကြိမ်လက်ဆေး မောင်ငခွေး၊ တစ်ခါဆေးလစ် ငါးမိနစ်" ဆိုပြီး ကျနော် သူ့ကို စ စ နေလေ့ရှိ၏။ သို့သော် မောင်ခွေးကား အပြုံးမပျက်။
ပြီးတော့ ကျနော်။ ကျနော်ကတော့ ရိုးရိုးရှင်းရှင်းပင်။ အင်တာနက်မဖွင့်ရရင် အိပ်မပျော် စားမ၀င် ဖြစ်နေကျ။ အင်တာနက်များ တစ်ရက်လောက် ပြတ်တောက်မယ် မကြံနဲ့။ ကိန္နရီချောင်းခြားတာထက် ပို လွမ်းလေ့ရှိ၏။ အင်တာနက်ကို လွမ်းခြင်းပင်ဖြစ်၏။ စာဖတ်ဝါသနာပါ၍လဲ ညဥ့်နက်သန်းခေါင်ထိ ကျနော့် အိပ်ခန်းအတွင်း မီးလင်းနေလေ့ရှိ၏။ ဘလော့တစ်ခုကို ၀င်ဖတ်မိပြီဆိုရင် အဲဒီဘလော့ကနေ နောက်ဘလော့တစ်ခု နောက်တစ်ခု နောက်တစ်ခု စသဖြင့် စိတ်ဝင်စားစရာ လင့်ခ်များနောက် လိုက်ဖတ်ပြီး အချိန်တွေ များစွာ ကုန်ဆုံးလေ့ရှိ၏။ ထို့ကြောင့် "ကျနော့်အသက် အင်တာနက်" ဟု ဆိုရမလိုပင်။
ချုပ်ကြည့်ရင် အဘိုးအိုကြောင့် ဂက်စ်ဘီလ် များစွာတက်၏။ မောင်ခွေးကြောင့် ရေဘီလ် များစွာတက်၏။ ကျနော့်ကြောင့် လျပ်စစ်ဘီများစွာတက်၏။ ဘီလ်များကို အချိုးကျ အသုံးပြုခြင်းဟု ဆိုသော် ရမည်ထင်၏။ ထိုကဲ့သို့ တစ်ယောက်နဲ့တစ်ယောက် အကျင့်စရိုက် မတူ၊ သုံးစွဲမှု မတူပေမဲ့ တူညီတာကတော့ တစ်ယောက်နဲ့တစ်ယောက် ဘယ်တုန်းကမှ စကားများ ငြင်းခုန် ရန်ဖြစ်ဖူးခြင်းမရှိဘဲ အချင်းချင်း နားလည်မှုရှိစွာ နေထိုင်ကြခြင်းပင်ဖြစ်လေ၏။ ကျနော်တို့ အားလုံး မိသားစုကဲ့သို့ ပျော်ပျော်ရွှင်ရွှင်နေထိုင်ကြလေ၏။
တစ်ရက်သော်..
မနက်ခင်းပိုင်း၌ အဘိုးအို အပြင်ထွက်သွား၏။ ညနေပိုင်း၌ မောင်ခွေးတစ်ယောက် နောက်တစ်နေ့ အသိမိတ်ဆွေများနှင့်အတူ ၀က်သားတုတ်ထိုး လုပ်စားရအောင်ဆိုပြီး ကြိုတင်ဝယ်ယူထားသည့် ၀က်သား ၀က်အူ ၀က်ကလီစာ ၀က်နားရွက် ၀က်ခြေထောက် ၀က်မီး ၀က်လျာ စသည်များကို ရေခဲသေတ္တာ (ဖရီဇာ)ထဲမှ ထုတ်ပြီး ရေခဲပျော်စေရန် မီးဖိုခန်းထဲရှိ ဘေစင်ထဲသို့ အထုပ်လိုက် အထုပ်လိုက် ထည့်ထားခဲ့ပြီး ညဘက်အလုပ်လုပ်ဖို့ ထွက်ခွါသွားလေ၏။ ၀က်သားများ စုစုပေါင်း ငါးကီလိုခန့် အလေးချိန် ရှိမည်ထင်၏။ ည ဆယ်နာရီလောက်မှာ အဘိုးအို အပြင်က ပြန်ရောက်လာလေ၏။ ဘာမှ မမေးမစမ်းဘဲ ဘေစင်ထဲက ထို ၀က်သားထုပ်များကို အထုပ်ဖြေလိုက်ပြီး တူရာတူရာ ပေါင်းကာ အိုးကြီး သုံးလုံးဖြင့် ရေထည့်ပြီး ဂက်စ် မီးဖိုပေါ် တည်လေတော့၏။ စေတနာနဲ့ ကူပြီး ချက်ပြုတ်ပေးသည့် သဘောပင်ဖြစ်၏။ ထို့နောက်တွင်မတော့ ထုံးစံအတိုင်း သူ့အိပ်ခန်းထဲ ၀င်ကာ ခဏမှေးလေတော့၏။
ထိုနေ့၌ သူငယ်ချင်းတစ်ယောက် အလည်ရောက်လာသဖြင့် ကျနော့် အိပ်ခန်းထဲမှာ ညဥ့်အတော်လေး နက်တဲ့အထိ လေပေါနေကြလေ၏။ "ကကြီးခခွေးအကြောင်းမှစပြီး စကြာဝဠာကြီးထဲက နဂါးငွေ့တန်းကြီးအကြောင်းအထိ" အရည်မရ အဖတ်မရ ရွက်ကုန်ဖွင့်ကြလေ၏။ တခါတခါ ကိုယ်ကောင်းကြောင်း သူများမကောင်းကြောင်းလဲ ပါ၏။ တခါတခါ ကိုယ်မှန်ကြောင်း သူများ မှားကြောင်းလဲ ပါ၏။ ထိုကဲ့သို့ လေပေါလို့ကောင်းတုန်း ည ၁၂ ခွဲလောက်အချိန်မှာ ညှော်နံ့သင်းသင်း ရလာလေ၏။ သူငယ်ချင်းက သူဆင်းကြည့်မည်ဆိုပြီး အောက်ထပ်ဆင်းကာ မီးဖိုခန်းတံခါးကို ဖွင့်လိုက်တဲ့အခါ မီးခိုးနံ့များ အိမ်အတွင်းသို့ ပြေးဝင်လာပြီး အိမ်အတွင်းရှိ စမုတ်ခ်အလန်းခေါ် အချက်ပေးကိရိယာအသံများ ဆူညံစွာ မြည်လေတော့၏။ ထိုအခါမှ အဘိုးအို နိုးထလာပြီး ကယောင်ကတမ်းဖြင့် "ခဏလေးဆိုပြီး လှဲမှေးလိုက်တာ အိပ်ပျော်သွားလိုက်တယ် ထင်ပါ့... အိမ်းး ဒုက္ခ ဒုက္ခ" ဆိုပြီး သူ့အိပ်ခန်းထဲက ထွက်လာလေတော့၏။ မောင်ခွေးရဲ့ ၀က်သားတုတ်ထိုး တစ်ဝက်လောက် မီးဝါးသွားလေပြီတည်း။
မနက်မိုးလင်းတော့ မောင်ခွေး အလုပ်မှ ပြန်ရောက်လာ၏။ သူ့ဝက်သားများ မီးဝါးခံရသည်ကို တွေ့မြင်လိုက်သည့်အခါ အိပ်ရေးပျက်ပျက်ဖြင့် စိတ်ဆိုးလေတော့၏။ သို့သော် အဘိုးအိုကား အိပ်ရာကပင် မထသေးပေ။ ကျနော်က ကြိုတင်ပြီး မောင်ခွေးကို အဘိုးအိုကို စိတ်မဆိုးဖို့ သူ့ဝါသနာကို နားလည်ပေးဖို့ သူ့စေတနာကိုလဲ အသိအမှတ်ပြုပေးဖို့ စသဖြင့် အကြံပေးရလေ၏။ မောင်ခွေးလဲ နားလည်စွာဖြင့်ပင် အဘိုးအိုအား ဘာတစ်ခွန်းမှ မပြောတော့ဘဲ မီးမတူးဘဲ ကျန်ရှိနေသည့် ၀က်သားအစုံကိုသာ တုတ်ထိုးလုပ်ဖို့ စီမံလေတော့၏။ ထိုကဲ့သို့ အဘိုးအိုကြောင့် မီးတူးသည်မှာ နေ့စဉ်ဖြစ်၏။ အဘိုးအိုသည် ရေလုံပြုတ်ဟင်းကိုတောင် မီးတူးအောင် ချက်လေ့ရှိ၏။ ပြောရရင် ဟိုတုန်းကလဲ မီးတူးခဲ့၏။ ယခုလဲ တူးနေဆဲဖြစ်၏။ နောင်ကိုလဲ ဆက်ပြီး တူးလိမ့်ဦးမည်ပင် ဖြစ်၏။
ကျနော်ပြောချင်သည့် အကြောင်းအရာမှာ ထိုအကြောင်းအရာများမဟုတ်ပေ။ ကြုံ၍ ပြောပြခြင်းသာ ဖြစ်၏။
ကျနော် တကယ်ပြောပြလိုသည်မှာ မောင်ခွေးရဲ့ အတွေ့အကြုံတစ်ခုကြောင့်ပင် ဖြစ်၏။ လွန်ခဲ့တဲ့ တစ်ပတ်ခန့်က ကျနော် အိမ်မှာ မရှိပါ။ အင်္ဂလန်အညာဒေသက အလည်လာတဲ့ သူငယ်ချင်းဖြစ်သူနဲ့အတူ အညာဒေသကို လိုက်သွား၏။ ထိုအရပ်၌ သုံးညလောက် အိပ်ခဲ့၏။ အိမ်ရှင်အဘိုးအိုလဲ မြန်မာနိုင်ငံသို့ တစ်လခရီး ထွက်သွားလေ၏။ အိမ်မှာ မောင်ခွေးတစ်ယောက်သာ ကျန်ခဲ့လေ၏။ စနေ တနင်္ဂနွေနေ့များ ဖြစ်တဲ့အတွက် မောင်ခွေးတစ်ယောက် ညပိုင်း၌ အလုပ်မရှိပေ။ ထို့ကြောင့် ညပိုင်း၌ အိမ်မှာ တစ်ယောက်ထဲ အိပ်ရလေတော့၏။ အညာဒေသကနေ ကျနော် ပြန်ရောက်လာတဲ့အခါ မောင်ခွေးထံမှ ထူးထူးဆန်းဆန်း စကားတစ်ခွန်း ကြားရလေ၏။ ထိုစကားကြောင့် ကျနော်ပင် ကြက်သီးမွေးညှင်း ထသွားမိလေ၏။ အခု(ညပိုင်း) စာရေးနေရင်းပင် ကြက်သီးမွေးညှင်း ထလာသလိုလို ခံစားရ၏။

"ဟင်.... လူဆိုးကိုလား သူခိုးကိုလား"
"မဟုတ်ဘူး"
"ဒါဖြင့် ဘယ်သူ့ကို တွေ့လိုက်တာတုန်း"
"သိပါဘူး။ သရဲ ထင်တာဘဲ"
"ဟေ.... သရဲ.....? ရှင်းအောင် ပြောစမ်းပါဦး မောင်ခွေးရာ"
"လွန်ခဲ့တဲ့ တနင်္ဂနွေနေ့တုန်းက ည ၁၁ နာရီလောက်မှာ ဗိုက်နဲနဲ ဆာလာတာနဲ့ တစ်ခုခု လုပ်စားဖို့ အောက်ထပ် မီးခိုခန်းကို ဆင်းခဲ့တယ်။ လှေခါးက ဆင်းပြီး မီးဖိုခန်းဘက် အကွေ့မှာ အဲဒီလူတစ်ယောက်ကို တွေ့လိုက်ရတာဘဲ။ အမှန်ဆို အိမ်တံခါးတွေ အားလုံး သော့ပိတ်ထားပြီးသားလေ"
"ဒါနဲ့.. မင်းက လျပ်စစ်မီး ဖွင့်မထားဘူးလား"
"ဖွင့်ထားတယ်။ လင်းလင်းကျင်းကျင်းပါဘဲ"
"ထူးဆန်းလိုက်တာ။ ဒါနဲ့...အဲဒီလူက ဘယ်လို ပုံစံကြီးလဲ"
"အရပ်က နဲနဲ ရှည်တယ်။ ဆံပင် မတိုမရှည်။ ဦးထုပ်လဲ ဆောင်းမထားဘူး။ အဖြူရောင် ခပ်ညစ်ညစ် လောင်းကုတ်လိုမျိုး အင်္ကျီကို ဒူးဆစ်လောက်ထိ ဖုံးပြီး ၀တ်ထားတယ်။ ဒါပေမဲ့ အဲဒီ အင်္ကျီမှာလဲ အပေါက်အပြဲတွေချည်းဘဲ။ အောက်ပိုင်းကိုတော့ သေချာ မကြည့်လိုက်မိဘူး။ ကျနော့် ရှေ့တည့်တည့်မှာ လာဆီးပြီး မတ်တပ်ရပ်နေတယ်"
"ဟေ... မင်းက သေသေချာချာကြီးကို မြင်လိုက်ရတာဘဲ"
"ဟုတ်တယ်။ အ၀တ်တွေက စုပ်ပြဲနေပြီး ခန္ဓာကိုယ်တစ်ခုလုံးကနေပြီးလဲ အရည်တွေ အရိအရွဲတွေ စီးကျနေတယ်။ မျက်နှာလဲ သိပ် မကောင်းဘူး"
"အဲဒါနဲ့ မင်းက သူ့ကို ဘယ်လို လုပ်လိုက်သေးတုန်း"
"ကျနော်က သူကြီးတို့လို ဘုရားစာတွေမှ အလွတ်မရတာ။ ဘာမှ မရွတ်ဖတ်တတ်ဘူး။ အဲဒါကြောင့် မျက်စိ စုံမှိတ်ပြီး ငါ မင်းကို မကြောက်ဘူး။ ငါ့ကို လာခြောက်နဲ့။ ငါလဲ မင်းကို ဘာမှ မလုပ်ဘူး။ ငါ့ကိုလဲ ဘာမှ လာခြောက်နဲ့ လို့ပြောပြီး မျက်စိ ဖွင့်ကြည့်လိုက်တော့ သူ မရှိတော့ဘူး။ ပျောက်ကွယ်သွားပြီ"
"အော်... ဖြစ်မှ ဖြစ်ရလေ မောင်ခွေးရယ်"
"သူကြီးမင်း... အဲဒါ သူအ၀တ်အစား လိုချင်လို့ လာပြတာလား မသိဘူးနော်"
"အင်း... ဖြစ်လောက်တယ်။ မင်း... သင်္ကန်းတွေ လှူခဲ့ဖူးတာဘဲ။ အဲဒီကုသိုလ်လေးတွေကို သူ့ကို အမျှဝေပေးပေါ့"
"အင်းးးး အမျှဝေ ပေးလိုက်မယ်.."
....
အခုဆိုရင် အဘိုးအိုလဲ မြန်မာနိုင်ငံက ပြန်မရောက်သေး။ မောင်ခွေးတစ်ယောက်လဲ နိုက်ရှစ် (ညဘက်အလုပ်) ဆင်းနေလေပြီ။ စနေ တနင်္ဂနွေကလွဲပြီး ညညတိုင်း အိမ်မှာ ကျနော် တစ်ယောက်ထဲ။ ဟိုတုန်းက ညဘက်တစ်ယောက်ထဲ အနေများခဲ့တာ (အရိပ်အယောင်မြင်ရရုံကလွဲပြီး) ဘာမှ မဖြစ်ခဲ့ပေမဲ့ အခုတော့ နဲနဲ ကျောချမ်းသလို ဖြစ်လာလေ၏။ အောက်ထပ်ဆင်းရင် လှေခါးရင်းမှာများ အရိအရွဲတွေ စီးကျနေတဲ့ အဲဒီလူကြီးကို တွေ့လေမလား ဘယ်အနားမှာ ဘယ်လို ပုံစံနဲ့များ ပေါ်လာလေမလား ဆိုပြီး နဲနဲတော့ ချမ်းစိမ့်စိမ့် ဖြစ်လာလေ၏။
ခါတိုင်း ဘုရားရှိခိုးပြီးရင် မေတ္တာပို့ အမျှပေးဝေနေကျဖြစ်၏။ ဒါပေမဲ့ မြန်မာလို အမျှပေးဝေခြင်းသာ ဖြစ်၏။ အင်္ဂလိပ်လို တစ်ခါမှ အမျှ မပေးဝေခဲ့ဖူးပေ။ မနေ့ညတုန်းကတော့ ဘုရားရှိခိုးအပြီး အိမ်တွင်းရှိ မြင်အပ်မမြင်အပ်တဲ့ သတ္တ၀ါအားလုံးကို အင်္ဂလိပ်လို အမျှပေးဝေဖြစ်၏။ လှူခဲ့ဖူးသော သင်္ကန်းများ ဆွမ်းများ အခြားအသုံးအဆောင်များကို အာရုံပြု ရွတ်ဆိုပြီး အဲဒီ ကုသိုလ်တွေကို အမျှပေးဝေပါတယ်။ သာဓုခေါ်ဆိုပြီး အမျှရကြပါစေ။ ပြီးရင် လွတ်ရာကျွတ်ရာမှာ သက်တောင့်သက်သာ သွားနေကြပါဆိုပြီး အမျှဝေပေးလိုက်၏။ တိုက်ဆိုင်စွာပင် အမျှဝေအပြီးမှာ "၀ုန်းဒိုင်းချောက်ချက်" အသံများ ကြားလိုက်ရ၏။ ကျနော်တောင် ကြက်သီး အတော်လေး ထသွားမိ၏။ အမှန်မှာ ထို "၀ုန်းဒိုင်း ချောက်ချက်" အသံများမှာ အဘိုးအို စုပေါင်းထုပ်ပိုး သိမ်းဆည်းထားတဲ့ ပစ္စည်းစပ္ပနာပေါင်းစုံ အပုံကြီးကို ရံဖန်ရံခါ လာရောက် မွှေနှောက်တတ်တဲ့ လန်ဒန်ကိုရွှေကြွက်တို့ပင် ဖြစ်ပေတော့၏။ တိုက်လဲ တိုက်ဆိုင်လွန်းပေစွ။ အမျှဝေသံနှင့် ကြွက်ပြေးသံ။
"မောင်ခွေး... မင်းတော်တော်နောက်တဲ့ကောင်ဘဲ။ အခု မင်းကြောင့် ငါ့မှာ ဆံပင်ထောင် မွေးညှင်းထောင်နဲ့ နဲနဲ အနေခက်လာပြီ။ ညည ဖုန်းမက်ဆေ့ခ်ျ တိန်ကလဲ မြည်သံလဲ ပိုကျယ်လာသလိုလို။ အခန်းထဲက အဲယားဖရက်ရှာ စပရေး အော်တိုပန်းထွက်တဲ့အသံလဲ ပိုပြီး ကျယ်လောင်လာသလိုလို။ အိမ်နားဖြတ်သွားတဲ့ ကားတွေကြောင့် တုန်လှုပ်လာတဲ့ အိမ်ကြီးလဲ ပိုပြီးယိမ်းထိုးလာသလိုလိုနဲ့။ ငါ အနေခက်လှတယ် မောင်ခွေး။ အင်နာဂျီဆေ့ဗ်အနေနဲ့ လှေခါးမီးကို ဘယ်တော့မှ မဖွင့်ခဲ့ပေမဲ့ အခုတော့ လှေခါးမီးကို ညအိပ်ရာ မ၀င်မချင်း ဖွင့်ထားတတ်နေပြီ။ ဒီတစ်လ လျပ်စစ်ဘီလ်တွေ လှိမ့်တက်လာရင်တော့ အဲဒါ မင်းကြောင့်ဘဲ မောင်ခွေး"း) ။
။
စိတ်ဝင်စားသေးရင်.....
ကျနော်နဲ့ သရဲခြောက်ရင် အဖော်ရတာပေါ့
နေရာတိုင်း၌ သရဲရှိလေသလော
.။
Posted by ကိုကိုမောင်(ပန်းရနံ့)

Friday, April 5, 2013
Subscribe to:
Post Comments (Atom)
Total Pageviews
Labels
ပညာပေး
(1488)
ကာတွန်းဟာသ
(1343)
ဟာသ
(899)
ဆောင်းပါး
(822)
ကဗျာ
(777)
သတင်း
(533)
.ဆောင်းပါး
(512)
အက်ဆေး/၀တ္ထုတို
(504)
ကြော်ငြာ
(432)
နိုင်ငံတကာထူးခြားသတင်း
(388)
ပညာပေး...
(326)
နိုင်ငံတကာ ထူးခြားသတင်း
(321)
ကဗျာ
(279)
နိုင်ငံတကာအခြားသတင်း..
(253)
ကဗျာ…
(228)
ပုံပြင်
(220)
ဆောင်းပါး….
(203)
အက်ဆေး
(191)
ဘောလုံးဟာသ...။
(156)
သဘောထားအမြင်
(149)
Cartoon
(145)
သတင်း....
(139)
ကဗျာ...
(136)
ကဗျာ.....
(132)
ပညာပေး..
(131)
နိုင်ငံတကာ အခြားသတင်း..
(123)
ပြည်တွင်းသတင်း
(118)
သတင်း..။
(114)
သတင်းတို
(111)
သရော်စာ…
(106)
ဝတ္ထုတို
(105)
ဝတ္ထုတို
(95)
ဓါတ်ပုံသတင်း
(81)
သတင်း..
(79)
ပေးစာ
(79)
ဘာသာပြန် ဝတ္ထုတို
(75)
ဓာတ်ပုံသတင်း
(72)
ကာတွန်း
(64)
ဓာတ်ပုံသတင်း..။
(64)
သရော်စာ
(64)
နိုင်ငံတကာ အခြားသတင်း
(60)
ဓာတ်ပုံသတင်း..
(54)
မေတ္တာစာ
(54)
အောက်မေ့ဘွယ်စာလွှာ
(53)
သတင်း.
(47)
ဘာသာပြန်အက်ဆေး
(46)
်ပုံပြင်
(45)
ကာတွန်းဟာသ-
(44)
ဘောလုံးဟာသ...
(44)
နိုင်ငံတကာအခြားသတင်း
(43)
-ကာတွန်းဟာသ
(40)
နိင်ငံတကာ အခြားသတင်း
(39)
ကဗျာ.
(37)
သတင်းဆောင်းပါး
(36)
News
(35)
ကာတွန်း ဟာသ
(34)
ပညာပေး)
(33)
ကဗျာ(ဟာသ)
(32)
ဟာသကဗျာ
(32)
အောင်မြင်ရေးဒဿန
(30)
xပညာပေး)
(29)
ကြေညာချက်
(28)
ရုပ်သံ သတင်း
(25)
ဂျာနယ်
(24)
TV
(23)
နိုင်ငံတကာ အခြားသတင်း.
(23)
ဘာသာပြန်ဆောင်းပါး
(20)
ရင်ဖွင့်သံ
(19)
သရဲဇာတ်လမ်း
(19)
်ပုံင်္ပြင်
(18)
ထုတ်ပြန်ချက်
(14)
ဓာတ်ပုံ
(13)
ဘာသာပြန်ပုံပြင်
(13)
ဓာတ်ပုံသတင်း
(12)
သတင်းဓါတ်ပုံ
(12)
သီချင်း
(12)
အင်တာဗျူး
(12)
အတွေးအမြင်
(12)
ဓာတ်ပုံသတင်း.
(11)
ပုံင်္ပြင်
(11)
အယ်ဒီတာ့ထံပေးစာ
(11)
ဥာဏ်စမ်း
(11)
Photo News
(10)
poem
(10)
ဂျာနယ်
(10)
ဟာသအက်ဆေး
(10)
(ကျန်းမာရေး ပညာပေး)
(9)
.
(9)
x ပညာပေး)
(9)
ဘာသာပြန်
(9)
The Article
(8)
ခရီးသွား.ဆောင်းပါး
(8)
နိုင်ငံတကာအခြားသတင်း
(8)
ဘာသာရေးဆောင်းပါး
(8)
သတင်း.ဆောင်းပါး
(8)
ဗေဒင်
(8)
သတင်းတို.
(7)
ဟာသ ဝတ္ထုတို
(7)
တဘောင်
(6)
ကှဗျာ
(5)
နိုင်ငံထူးခြားသတင်း
(5)
ဘာသာရေး၊ဓမ္မပုံပြင်
(5)
မိန့်ခွန်း
(5)
သမိုင်းစကား၊ ပန်းစကား
(5)
ဟာသ ဓာတ်ပုံ
(5)
အားကစားသတင်း
(5)
song
(4)
ကာတွန်းဟာသ
(4)
စကားပုံ
(4)
ထူးခြားသတင်း
(4)
ပညာပေ;
(4)
သတင်း.တို.
(4)
သရော်စာ
(4)
ဟာသ-
(4)
်ဆောင်းပါး
(4)
-ကာတွန်းဟာသ-
(3)
interview
(3)
ထုပ်ပြန်ချက်
(3)
ဓမ္မဒါန
(3)
ဓါတ်ပုံအက်ဆေး
(3)
ဓာတ်ပုံအက်ဆေး
(3)
ပညာပေ
(3)
ဖိတ်စာ
(3)
ရုပ်သံ
(3)
သတင်း.တို.။
(3)
ဟာသ အင်တာဗျူး
(3)
ဟာသ.
(3)
အင်တာဗျူးး
(3)
အတိုဆုံးဝတ္ထုတို
(3)
အယ်ဒီတာ့အာဘော်
(3)
ဘောလုံးဟာသ.
(3)
(ဟာသ)
(2)
By....meepyatite
(2)
Statement
(2)
Story
(2)
With Best Regards
(2)
aဆာင်းပါ
(2)
ကန်တော့ချိုး
(2)
ကျန်းမာရေး ပညာပေး
(2)
ဇာတ်လမ်းတို
(2)
ပန်းချီ
(2)
ပုံပြင်
(2)
ဘာသာပြန်ကဗျာ
(2)
ရုပ်ပုံအတွေး
(2)
ဟာသပုံပြင်
(2)
အစီရင်ခံစာ
(2)
အမှတ်တရ
(2)
အတွေး
(2)
ဦးဦး မှော်ဆရာ
(2)
ဆောင်းပါ
(2)
ပြဇာတ်
(2)
(xပညာပေး)
(1)
(ပညာပေး)
(1)
)
(1)
....
(1)
2010 at 11:22pm
(1)
=နိုင်ငံတကာ အားကစားသတင်းများ
(1)
Announce
(1)
By: Sara Yin (ကျန်းမာရေး ပညာပေး)
(1)
By; Silver Moon အင်တာဗျူး
(1)
General Knowledge
(1)
Joke
(1)
Photo Essay
(1)
Thanks
(1)
aဆာင်းပါး
(1)
khana.na155 ကဗျာ
(1)
minkonaing
(1)
ကဗျာ(
(1)
ကဗျာ… By..Blue gyee
(1)
ကာတွန်းဟာသ <br /> <br />
(1)
ကိုယ်တိုင်ရေးကဗျာ သီဟသူ
(1)
ခရီးသွားဆာင်းပါး
(1)
ခရီးသွားဆောင်းပါး
(1)
စကား
(1)
စကားပုံ
(1)
စာစု
(1)
စိုးမိုးကျော် (ဟာသ)
(1)
ဆက်သွယ်ရန်
(1)
ဓါတ်ပုံအက်ဆေး
(1)
ဓာတ်ပုံအက်ဆေး
(1)
ဓာတ်ပုံအတွေး
(1)
နူတ်ခွန်းဆက်လွှာ
(1)
ပ
(1)
ပညာပေ;း
(1)
မိန့်ခွန်း
(1)
ရုပ်ရှင်
(1)
သတင်း နှင့်ဟာသ
(1)
သတင်း.တို
(1)
သတင်းကဗျာ
(1)
သတင်းသီချင်း
(1)
သရော်ကဗျာ
(1)
ဟသ
(1)
ဟာသအင်တာဗျူး
(1)
ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း
(1)
အဆိုအမိန့်
(1)
အထ္ထုပ္ပတ္တိ)
(1)
အားကစားသတင်းများ
(1)
အခြားသတင်း
(1)
ဦးဦး မှော်ဆရာ ပညာပေး..
(1)
ုပုံပြင်
(1)
ဆောင်းပါ;
(1)
ပေးပို့ သူ .. စိုးမိုးကျော် ဟာသ
(1)
ပေးပို့ သူ...သက်နိုင် ကဗျာ…
(1)
ပေးပို့ သူ…greenleave
(1)
်ပုံပြင်
(1)
ွ
(1)
ရုပ်သံ
(1)
• Posted by thant zin htwe on နိုဝင်ဘာ 19
(1)
….
(1)

No comments:
Post a Comment