ရာသီစာ ဆိုတာ ရာသီအလိုက် ပထ၀ီ၊ အာဘော၊ တေဇော၊ ၀ါယော စတဲ့ ဓါတ်ကြီး(၄)ပါးနှင့် တည့် သင့်လျောက် ပတ်အောင် ကျန်းမာရေးနှင့် ညီညွတ်စေပြီး အသက်ရှည်စေသည့် စားသောက်ရသည့် အစား အသောက်မျိုးပင် ဖြစ်ပါသည်။ ကျွန်မတို့ မြန်မာ လူမျိုးတိုင်း ရဲ့ အာသီတကလည်း ရာသီအလိုက် ရာသီစာ များကို သုံးဆောင်ရမှသာ အာသာပြေ ကျန်းမာနေကြသည်လို့ ဆို ချင်ပါသည် ။ ရာသီစာ မစားလိုက်ရသည့် အခါမျိုးမှာ နေ ထိုင် မကောင်း ချင်သလိုလို ဟာတာတာဖြင့် တစ်ခု ခုလို အပ်နေသည့် ခံစားချက်နှင့် နေထိုင်မကောင်းချင်တောင် ဖြစ်ချင်မိပါသည်။ ဆိုခဲ့သည့် အတိုင်း မြန်မာ လူမျိုး များရဲ့ ရိုးရာပွဲတော်များကလည်း ရာသီအလိုက် ဆင်ယင်ကျင်းပလေ့ရှိကြပြီး ရာသီအလိုက် ဆင်နွှဲရတဲ့ ရာသီစာ ပွဲတော်များ၌ ပါဝင်ဆင်နွှဲခြင်း မရှိခဲ့ပါလျှင်မူ “ချဉ်ခြင်းတက်” အာသီသရှိသည့် ဆန္ဒတစ်ခု ကတော့ ရင်တွင်းခိုအောင်းသွားမည်မှာ အမှန်ပင်ဖြစ်ပါသည် ။ ဒီလို ရာသီစာ ပွဲတော်များအနက်မှ မည်သည့်နေရာဒေသ မှာမဆို ရောက်ရှိနေကြတဲ့ မြန်မာတိုင်းရင်းသား လူမျိုး အားလုံး ပါဝင်ဆင်နွှဲကြတဲ့ မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ဟာဆိုရင် တမူထူးခြားတဲ့ နှစ်ဟောင်း မှ နှစ်သစ်သို့ ကူးပြောင်းသည့် မြန်မာနှစ်ကူးလအစ တန်ခူးလမှာ ကျင်းပတဲ့ ရိုးရာပွဲတော်ကြီးပဲ ဖြစ်ပါသည် ။ တန်ခူးလ ကို ပုဂံခေတ်ကျောက်စာရေးထုံး၌ “တန်” မှာ ပါဠိဘာသာဖြင့် “ထန်း” လို့ အဓိပ္ပါယ်ရသည်ဟုဆိုရာ “တန်ခူးလသည် ထန်းသီးများ ဆွတ်ခူးသောလ၊ ထန်းခူးသောလ” ဟု ရေးထုံးဖွဲ့ကြသည်။ မြန်မာစာပေ ထွန်း ကားသည့် အင်းဝ ခေတ်ရောက်သော် “တန်ခူးလ” ဟု ရေးသားခဲ့ကြသည်။ ထို့နည်းတူ ရှေးစာဆိုများ ကလည်း “အတာကူးသောလ” ဟူ၍လည်းကောင်း၊ ဝေါဟာရ လိနန္တဒီပနီကျမ်းတွင် မိန်ရာသီမှ မိဿရာ သီသို့ တနင်္ဂနွေဂြိုလ် သင်္ကြန်အတာ ကူးပြောင်းသောကြောင့် “အတာကူးသောလ” ဟုလည်းကောင်း ဖော်ပြ ကြသည်။ ထို့ကြောင့် တန်ခူးလသည် “နှစ်ကူးလ၊ နှစ်ဆန်းလ၊ နှစ်ဟောင်း လွန်မြောက်၍ နှစ်သစ်သို့ ကူးပြောင်းသောလ” ဟု ဖွင့်ဆိုကြ ပါသည်။ တဖန် သင်္ကြန်ဆိုသည်မှာလည်း ပါဠိဘာသာ သင်္ကန္တ၊ သက္ကဋ ဘာသာ “သင်္ကြန္တ “ မှ လာသည်ဟု ပညာရှိ များက အဓိပ္ပါယ် ဖွင့်ဆိုကြရာ “ ကူးပြောင်းခြင်း၊ ပြောင်း လဲခြင်း၊ နှစ်ဟောင်းမှ နှစ်သစ်သို့ ရောက်ရှိခြင်း” ဟု သင်္ကြန် နှင့်သက်ဆိုင်သော မြန်မာ့အယူအဆနှင့် အဓိပ္ပါယ်ဖွင့်ဆိုချက်များကို ဖတ်မှတ်ခဲ့ဖူးပါသည် ။ မြန်မာလူမျိုးတို့ရဲ့ (၁၂)လ ရာသီပွဲတော်များအနက် တန်ခူးလမှာ ဆင်ယင်ကျင်းပသည့် သင်္ကြန်ပွဲတော်သည် အနှစ်သာရ ပြည့်စုံတဲ့ ရည်ရွယ်ချက်၊ အဓိပ္ပါယ်များနှင့် ကလေး၊ လူငယ်၊ လူကြီး အရွယ်စုံ အားလုံးသော သူများ ပျော်ရွှင်စွာ ဆင်နွှဲကြတဲ့ အချင်းအချင်း အပြန်အလှန် ရေပက်ဖျန်းတဲ့ မဟာသင်္ကြန်ပွဲတော် (အတာရေ သဘင် ပွဲတော်) တစ်ခုပဲ ဖြစ်ပါသည် ။ ရှေးအစဉ်အဆက်ကတည်းက အစဉ်အလာဖြင့် ဆင်ယင် ကျင်းပလာသည့် ပွဲတော်မို့ တစ်နှစ်တစ်ခါ နိမိတ်ကောက်ယူ ကျင်းပသည့် မြန်မာ့နှစ်ဦး လတန်ခူး၏ ကျက် သရေ မင်္ဂလာရှိသော အတာ ရေသဘင်ပွဲတော်ကြီးဟုလည်း ဆိုနိုင်ပါသည်။ တဖန် မြန်မာပြက္ခဒိန်မှာ တန်ခူးလဟာ နှစ်ဦးအစ ပထမလ ဖြစ်တာ ကြောင့် နှစ်ဟောင်းမှ အညစ်အကြေးများ၊ မကောင်းခြင်း သဘောဆောင်သည့် နိမိတ်များ၊ မကောင်းသည့်ကံများ ကို အတာရေလို့ခေါ်တဲ့ သင်္ကြန်ရေစင်ဖြင့် တစ်ဦးကိုတစ်ဦး ပက်ဖျန်း ကြခြင်းဖြင့် နှစ်ဦးအစမှာ မင်္ဂလာယူတဲ့ ကောင်းသော နိမိတ်သဘောမျိုးဖြင့် ဆင်ယင်ကျင်းပတဲ့ မင်္ဂလာအပေါင်းကို သယ်ဆောင်လာတဲ့ ရိုးရာပွဲတော်ပဲ ဖြစ် ပါသည် ။ ထို့အပြင် ထေရဝါဒဗုဒ္ဓဘာသာ မြန်မာလူမျိုးများဖြစ်သည့်အားလျော်စွာ သင်္ကြန်အခါရက်များအတွင်း တရား ရိပ် သာဝင်ခြင်း၊ ဥပုသ်သီတင်းစောင့်တည်ကာ ဘာဝနာပွားများခြင်း အစရှိသည့် ဘာသာရေးကုသိုလ် များကိုလည်း တရားဝင် အစိုးရရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးထားသည့် ရုံးပိတ်ရက်ရှည်ကာလမှာ တရားဘာသနာ ကုသိုလ် ယူသူများ၊ အယုတ်အလတ် အမြတ် မရွေး အလွှာအစုံစုံမှ သင်္ကြန်ရေကစားသူတို့ အားလည်းကောင်း၊ ရိပ်သာဝင်၍ တရား ဘာဝနာပွားများသောသူများ အားလည်းကောင်း စတုဒီသာ အကျွေးအမွေးဖြင့် ဒါနကုသိုလ် ယူခြင်း၊ ဝေယျာ ၀စ္စ အလုပ်များ ပြုလုပ်ခြင်းဖြင့် လုပ်အားကုသိုလ်ယူခြင်း အစရှိသည့် မြန်မာ့ရိုးရာ ဓလေ့၏ ရက်ကောင်း ရက်မြတ် အခါသမယလည်း ဖြစ်ပါသည် ။ တန်ခူးလ (ဧပြီလ) တွင်သာ ဖူးပွင့်ဝေဆာကြသည့် ရနံ့ထုံသင်း ၀င်းဝါတဲ့ ပွင့်ဖတ်သေးသေးဖြင့် ဖူးပွင့်သည့် ပန်းပိတောက်၊ အခိုင်လိုက် ဖူးပွင့်ဝေဆာကာ ရွှေဝါရောင် အစင်းရှိတဲ့ ငုဝါနဲ့ မထိတထိ ညှင်းသွဲ့သွဲ့ ပုတ်ခတ် တိုက်ခတ်တဲ့ နွေလေပူနှင့်အတူ လွမ်းလွမ်းဆွတ်ဆွတ် တွန်ကျုး တတ်တဲ့ ဥသြငှက်တို့ဟာလည်း နွေပြ ယုဂ် နှင့် အတူ တန်ခူးလရာသီရဲ့အလှကို ထပ်ဆင့်ဖော်ဆောင်လို့နေပါတယ်။ သို့ပါသောကြောင့် တန်ခူးလ(ဧပြီလ) ရောက်လာသည်နှင့်တပြိုင်နက် အကြောင်းအမျိုးမျိုးဖြင့် ပြည်ပသို့ရောက်ရှိ နေထိုင်ကြ သည့် မြန်မာတိုင်းရင်းသား လူမျိုးများတိုင်းရဲ့ စိတ်အစဉ်နှလုံးသားဝယ် ပိတောက်ရနံ့နှင့်အတူ အတာရေ သဘင်ပွဲတော် ကို လွမ်းဆွတ်တမ်းတ နေကြမည်မှာ အမှန်ပါပဲ ။ အောင်အောင်(ယဉ်မွန်) ရေးသားသည့် အတာတေးနှင့် မန္တလေးသင်္ကြန် စာအုပ်တွင် သင်္ကြန်ပွဲတော်သည် မင်္ဂလာရှိသော နိမိတ်ကောင်းဖြင့် အနှစ်သာရ ပြည့်စုံစွာနဲ့ ဆင်ယင်ကျင်းပသည့်အလျောက် သင်္ကြန်ပွဲတော် မှာ ရှောင်ကြဉ်စရာ ဓလေ့ကိုလည်း ရှေးပညာရှိတို့က မှတ်သားဖွယ်ရာဖြင့် “ အတာသင်္ကြန် အချိန်အခါတွင် ရုဒံ - ငိုကြွေးခြင်းကို သော်လည်းကောင်း၊ မေထုနဉ္စ- မေထုံမှီဝဲခြင်းကိုသော်လည်းကောင်း၊ မံသံ - ဟင်းမျိုး စိမ်းကို ၀ယ်၍ စားခြင်းကိုသော်လည်းကောင်း၊ သူရံ-သေရည်သေရက် သောက်ခြင်းကိုသော် လည်းကောင်း၊ ကောဓောစ- အမျက် ထွက်ခြင်းကိုသော်လည်း၊ ရုဓံ- သွေးထုတ်ခြင်းကိုသော် လည်းကောင်း၊ တေလိကံ - ဆေးဆီ လိမ်းခြင်းကို သော်လည်းကောင်း၊ နကေရ - မပြုရာ၊ မရောင်းအပ်၊ ဣမာနိဒသကမ္မာနိ - ဤသို့ (၁၀)ပါးသော အမှု တို့ကို၊ သက္ကောပိ - သိကြားမင်းသော်လည်းကောင်း၊ ပရိဇ္ဇယေ - ဖဲကြဉ်ရာ၏၊ ဤသို့ဆိုလျှင် ထိုမကြဉ်ရှောင်သော သူတို့ အား နတ်သိကြားမင်းတို့သည် မကောင်းသော ကြည့်ခြင်းဖြင့် ပျက်စီးသေကြေအောင် ကြည့်ရှု့သော ဟူ၏ “ လို့ မှတ်သားဖွယ် ဖော်ထုတ် သွားခဲ့သည်ကို ဖတ်ရှု့ဖူးပါသည်။ ပျို့ကဗျာတွင်လည်း “ မင်္ဂလာစကား၊ လင်္ကာကြားအံ့၊ ကြောင်းကြားစုံစေ၊ သင်္ကြန်နေ့၌ မတွေ့ဝေးစွာ၊ ရှောင်ကုန်ရာသား၊ မသာနှလုံး၊ ညှိုးချုံစိုးရိမ်၊ မငြိမ်ပူဆွေး၊ ငိုကြွေးကုန်ထ၊ ကာမအရာ၊ မေထုနာနှင့် ပါဏာသတ်ပုတ်၊ သောက်ထုတ်ရက်မ၊ မျက်ထွက်မာန၊ ပဋိယ နှင့် ဒေါသ မလွတ်၊ ဆီပွတ်လိမ်းဆင်း၊ သစ်ပင်ခုတ်ပြတ်၊ သတ်ခတ်တုန်ရှောင်၊ အရောင်းအ၀ယ်၊ ဤတစ်ဆယ်ကို၊ လူ့ဝယ် နတ်ခွင်၊ လူလိုစင်ထား၊ မြင်းမိုရ်ဖျားဝယ်၊ သိကြားသော်မှ၊ မပြုရရာ၊ ကျမ်းလာသောအား၊ လင်္ကာကြားသည်၊ ဤ ကား သင်္ကြန်အလိုတည်း ” လို့ စပ်ဆိုထားရာ သင်္ကြန်အခါအတွင်း ရှောင်ကြဉ်စရာများ ကို တွေ့ရှိ ရပေသည်။ နောက်တဖန် သင်္ကြန်ဟုဆိုလိုက်သည်နှင့် ရိုးရာအစဉ်အလာဖြင့် ဆင်ယင်ကျင်းပသည့် အလှရေကစား ယာဉ်များ၊ ရေကစားမဏ္ဍပ်များ၊ ရွှေခြေကျင်းဝတ်များကို ၀တ်ဆင်ကာ အဖွဲ့လိုက် သီဆိုကပြကြသည့် မန္တလေးပျိုဖြူချော ယိမ်းအဖွဲ့ဝင်များဖြင့် ယနေ့တိုင် ဆင်နွှဲနေသည့် မန္တလေးသင်္ကြန် ပုံရိပ်များနှင့် အတူ ငွေငန်းဖြူ နှင့် မြို့မ၀ိုင်းတော်သူ ၀ိုင်းတော် သားများကို ပစ်ပယ်ထားလို့ မရနိုင်ဟု ဆိုချင်ပါသည်။ မန္တလေးသင်္ကြန်နှင့် မော်လမြိုင်သင်္ကြန်တို့သည် မြန်မာ့ရိုးရာ အစဉ်အလာမပျက် ဆင်နွှဲရာမှာ နာမည်ကြီး သည့် မြို့ကြီး (၂) မြို့ဖြစ်ပါသည်။ မန္တလေးသင်္ကြန်သည် ဟိုးယခင်ကတည်းကပင် အစဉ်အလာကြီးကြီးဖြင့် ဆင်နွှဲလာသည့် သင်္ကြန်ပွဲတော်မှာ ယနေ့ ခေတ်သို့တိုင်ပင်ဖြစ်သည်။ အများအယူအဆအရ သင်္ကြန်ပွဲတော်အစ ပုဂံခေတ်ကလို့ အများက ယူဆကြပါသည်။ မဟာရာဇ၀င်၌ ဖော်ပြပါရှိသော နရသီဟပတေ့မင်းလက်ထက်က ကျင်းပသည့် အတာ သင်္ကြန်ပွဲတော်မှာ ဒုတိယ ဖြစ်သော်လည်း မြန်မာပြည် အတွက်ဆိုသော် ရှေးအကျဆုံးတွေ့ရသော အတာ သင်္ကြန်မှတ်တမ်းပင် ဖြစ်လေသည်။ သို့သော် ထို့ထက်စောသော ရေသဘင်ပွဲတော်လည်း ကျမ်းဂန်များ တွင် လေ့လာတွေ့ရှိရပါသည်။ သာသနာဝင် ကျမ်းဂန်များအရ ကပ္ပိလ၀တ်ပြည် သာကီဝင်မျိုးနွယ် တို့ ရေဖျန်းသဘင် ဆင်ယင်ကစားကြခြင်းသည် အတာ သဘင် သမိုင်းစဉ်တွင် ရှေးကျသော မှတ်တမ်း တစ်ရပ်ဖြစ်ပေသည်။ အတာရေနန်းသဘင်ကို ရှေးမြန်မာဘုရင်များလက်ထပ်မှစ ၍ ရတနာပုံခေတ်တိုင်အောင် အဆင့်ဆင့် ထိန်းသိမ်း ကျင်းပ ဆင်နွှဲလာရာမှ ရတနာပုံ နေပြည်တော်ကြီးသည် မန္တလေးမြို့ကြီးအသွင် သို့ ပြောင်းလဲလာသည့်တိုင်အောင် ရှေးမြန်မာလူကြီးများမှ အဆင့်ဆင့် လက်ကမ်းထိန်းသိမ်းလာသည့် ယဉ်ကျေးမှုသင်္ကြန်ပွဲတော်ကြီးကို မန္တလေး မြို့တော်သူ၊ မြို့တော်သားတို့က ရိုးရာမပျက် ကျင်းပလာခဲ့ကြ သည်။ ထို့အတူ အတာတေးသီချင်းတို့သည်လည်း နန်းဆန်သည့် မန္တလေးသင်္ကြန်ကို ဝေဆာစေခဲ့ပါသည်။ ဒုတိယကမ္ဘာစစ်ကြီး ပြီးသည့်နောက် ကာလအတန်ကြာ သည်ထိ သင်္ကြန်အမြှောက်သံကြားမှ စတင်ရေ ကစားသည့် ဓလေ့များ၊ မန္တလေးနေပြည်တော်တွင် သင်္ကြန် အမြောက်ပစ်လို့ စတင်ရေကစားကြပြီဆိုသည့် အသံကြားမှသာ စတင်၍ ရေကစားကြသည့် မန္တလေး၏အနီး ၀န်းကျင်မြို့များမှ အလေ့အထများ၊ သင်္ကြန်ရက်၌ ညနေ (၆)နာရီတိုင်သည်နှင့် ရေကစားခြင်းကို ရပ်ဆိုင်းလိုက်သည့် အလေ့အထ၊ အကြိုနေ့ တစ်နေ့လုံး တစ်ညလုံးနှင့် အတက်နေ့၏ညများ၌လည်း လုံးဝ ရေမပက်သည့် အလေ့ အထများရှိခဲ့ ပါသည်။ သင်္ကြန်မောင်မယ်တို့၏ စနစ်တကျ ဆင်နွှဲကြသော ပင်ကိုယ် ဓလေ့ စရိုက်များမှာ ရှေ့က နည်းပေးလမ်းပြ သင်္ကြန်ပွဲများအတိုင်း လိုက်နာကျင့်သုံးလာရာမှ၊ စည်းကမ်းနှင့် ညီညွတ်သည့် ဓလေ့များကြောင့် မြန်မာ့ရိုးရာ သင်္ကြန်တွင် မန္တလေးသင်္ကြန်သည် ယဉ်ကျေးမှုသင်္ကြန်အဖြစ် ပြယုဂ်တစ်ရပ် တွင်ခဲ့ပေသည် ။ စစ်ကြိုသင်္ကြန်ကာလများက ရေသဘင်အဖွဲ့များသည် အသံချဲ့စက်မပါဘဲ စုပေါင်း၍ သီချင်းဆိုကြ၊ သံချပ် ထိုးကြ သည်က များခဲ့သည်။ “တူးပို့..တူးပို့“ ဟူသည့် သင်္ကြန်ဒိုးတီးကွက်သည် စစ်ပြီးကာလမှ မန္တလေး မြို့မတူရိယာ အဖွဲ့ကြီးမှ ဆရာမြို့မငြိမ်း၊ မြို့မလေးလေးရင်၊ ဦးလှဒင်(ဗုံ)၊ ဦးထွန်းရှိန်နှင့် ဦးထွန်းရင်(အုပ်စုံ) တို့က တာပလာ ခေါ် ကုလားဗုံနှင့် စည်တိုကို တွဲဖက်၍ စည်းချက်ကျကျနှင့် က ၍ကောင်းအောင် သင်္ကြန်နှင့် လိုက်ဖက်သည့် “တူးပို့.. တူးပို့” အသံကို စမ်းသပ်ရှာဖွေ တီထွင်ခဲ့ကြခြင်း ဖြစ်ပါသည် ။ “ ဘေပို .. တူးပို့ ..တူးပို့ ..တူး ..” မြည်သော ဗုံ၏အသံတို့သည် အခြား သင်္ကြန်ဒိုးတီးကွက်အသံများနှင့် မတူ၊ တမူထူး ခြားစွာ မြူးကြွနေသည်ဖြစ်၍ သင်္ကြန်အကနှင့်လည်း ရောင်ပြန်ဟပ်နေသည်ကို တွေ့ရှိရသည်ဖြစ်ရာ မြို့မအဖွဲ့မှ သင်္ကြန်သီချင်းများ တီးမှုတ်ရာ၌ ဒိုးအုပ်သံကို “တူးပို့ .. တူးပို့” တီးလုံးအသံဖြင့်သာ အသုံးများ လာခဲ့ လေသည်။ တစ်ချိန်က မြို့မတူရိယာအဖွဲ့၏ ဂီတပညာရှင်များ စတင်တီထွင်ခဲ့သည့် “တူးပို့ .. တူးပို့” အသံကို ကြားရ သူတိုင်းက သင်္ကြန်သီချင်းဟု သတ်မှတ်၍ အသိအမှတ်ပြုလိုက်ကြသောကြောင့် မန္တလေး “တူးပို့…တူးပို့“ အသံမှာ ယနေ့ မြန်မာ့ သင်္ကြန်တေးသီချင်းတိုင်း၏ “တူးပို့..တူးပို့” အဖြစ်သို့ ကျယ်ပျံ့ စွာ ရောက်ရှိလို့ လာခဲ့ပေသည်။ မန္တလေးအတာရေနန်းသဘင်သည် အစဉ်အလာ ကြီးသည့် မြန်မာ့သင်္ကြန်ကို ညွှန်းဆိုကိုယ်စားပြုခဲ့ပါသည် ။ ကျွန်မတို့ ကမ္ဘာ့နိုင်ငံအသီးသီးမှာ နေထိုင်ကြတဲ့ လူမျိုးစုတိုင်းမှာ ရိုးရာပွဲ ဟူသည် ရှိကြသည့်အလျောက် မည်သည့် နိုင်ငံ၊ မည်သည့် ရိုးရာပွဲမဆို အသွင်ပြောင်း ခေတ်မီဖို့ထက် ရိုးရာအစဉ်အလာ မပျက်အောင် ထိန်းသိမ်းရမည်မှာ အဓိက ဖြစ်ပြီး လူမျိုးစုတိုင်းရဲ့ တာဝန်တစ်ရပ်ဖြစ်ပါပေသည် ။ “ချောင်းရိုး မြောင်းရိုးသာ ကောလေ့ရှိ၏၊ မျိုးရိုးရှိနေသရွေ့ အစဉ်အလာနှင့် ရိုးရာကတော့ ရှိနေပါမည်” ဆိုတဲ့အတိုင်း မြန်မာ့နှစ်ဦးအချိန်အခါ တန်ခူးလရာသီ ရောက်လာလေတိုင်း မြန်မာပြည်တွင်း အနယ်နယ် အရပ်ရပ် မှာ ရောက်ရှိနေထိုင်ကြတဲ့ တိုင်းရင်းသား မြန်မာလူမျိုးအချင်းချင်းစုစည်းပြီး ရိုးရာသင်္ကြန်ပွဲတော် ကို ရင်းနှီးပျော်ရွှင် စွာ ဆင်နွှဲကြသည့် ဓလေ့၊ ပြည်ပရောက် မြန်မာတိုင်းရင်းသား လူမျိုးတို့မှ လည်း မြန်မာ့ရိုးရာသင်္ကြန်းပွဲတော်ကို မမေ့မလျော့ဘဲ အစဉ်အလာနှင့်အညီ စောင့်ထိန်းကျင်းပကြသည့် ဓလေ့များမှာ ဂုဏ်ယူစရာ ကောင်းသည့် အစဉ် အလာကိုထိန်းသည့် အကျင့်ကောင်းလေးပဲ ဖြစ်ပါသည် ။ အနှစ်သာရ ပြည့်ပြည့်စုံစုံဖြင့် နွှဲပျော်ရသည့် မင်္ဂလာအပေါင်းနှင့်ပြည့်စုံသော အတာသင်္ကြန်ပွဲတော်ဟာ တခြားသော ပွဲတော်များလို ကျင်းပသည့်ပွဲတော်မျိုးမဟုတ်ဘဲ တစ်နိုင်ငံလုံးရှိ တိုင်းသားရင်း မြန်မာလူမျိုး တိုင်းက လွတ်စွာ ကိုယ်တိုင်ပါဝင်ကာ တီး၊ ဆို၊ ကပြ၍ ပျော်ရွှင်ယဉ်ကျေးစွာနှင့် ရေပက်ဖျန်းကစားရသည့် တမူထူးခြားသည့် ရိုးရာ သင်္ကြန်ပွဲတော်ပဲ ဖြစ်ပါသည် ။ ဒီလိုမျိုး ရိုးရာအစဉ်အလာကြီးကြီးဖြင့် ကျင်းပလာသည့် သင်္ကြန်ပွဲတော်ဟာ ဖွံ့ဖြိုးလာသည့် ခေတ်စနစ်နှင့် အညီ လူသားတိုင်း၌ ကိုယ်ပိုင်လွတ်လပ်ခွင့် ရှိသည်ဟု အကြောင်းပြုကာ ရိုးရာပျောက် ၀တ်စားဆင်ယင်၊ ကျင်းပ ဆင်နွှဲ နေကြသည်ကို မြင်ရသည်မှာ မြန်မာလူမျိုးတစ်ယောက်အဖို့ စိတ်မကောင်းခြင်း ကြီးစွာဖြစ်ရ ပါသည် ။ နှစ်ဦးအစ မှာ မင်္ဂလာအတိတ်နမိတ်ဖြင့် ဆင်နွှဲခြင်းမျိုးဖြစ်ပေမယ့်လည်း ယနေ့ခေတ်အရ အစဉ် အလာ မရှိသလောက် ပျောက်ကွယ်နေပြီး ကိုယ့်ရဲ့ ရိုးရာ ယဉ်ကျေးမှုအစား မွေးစားယဉ်ကျေးမှုဖြင့် သီဆို၊ ကပြ ဆင်နွှဲနေကြသည်မှာ မမြင်ချင်၊ မမြင်သင့်သည့် မြင်ကွင်းများပင် ဖြစ်ပါသည် ။ သင်္ကြန်ကာလသည် တန်ခူးလနှင့်အတူ ရွှေဝါရောင်အဆင်းရှိသည့် ပိတောက်ပန်း၊ ဒိုးပတ်သံများဖြင့် ထိုး သည့် သင်္ကြန်သံချပ်သံ၊ ဘယ်ညာကိုယ်စီ ဟန်ချက်ညီညီ ယိမ်းနွဲ့ကပြတဲ့ သင်္ကြန်အကနှင့်အတူ သင်္ကြန် ကာလပုံရိပ်များ ကို ဖော်ညွှန်းထားသည့် သင်္ကြန်ပုံရိပ် သီချင်းများနှင့်သာ ပနံသင့်လှပါတယ် ။ ထို့ပြင် နိုင်ငံခြားသားဧည့်သည်များသည်ပင် ပါဝင်ဆင်နွှဲကြသည့် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် (အတာ သင်္ကြန်ပွဲတော်) ဟာ ဆိုရင်ဖြင့် မြန်မာ့ယဉ်ကျေးမှုစစ်စစ်ဖြင့် ဆင်နွှဲပျော်ပါးရသည့် ပွဲတော်များဖြစ်လိုက် လျှင်ဖြင့် မည်မျှ လောက် မင်္ဂလာရှိသော အတာသင်္ကြန်ပွဲတော် ဖြစ်လိုက်မည်နည်းရှင် ။ **ပန်းအိ** ကိုးကားစာရင်း အတာတေး နှင့် မန္တလေးသင်္ကြန်၊ အောင်အောင် (ယဉ်မွန်) Sunday, 31 March 2013 တွင် http://www.shwedaungtaung.com ရွှေဒေါင်းတောင် အွန်လိုင်း မဂ္ဂဇင်းတွင် ဖော်ပြပြီး ။ Posted by ထရီဆာ Rest of your post
Wednesday, April 10, 2013
-ရာသီစာ “ လတန်ခူး-
>
ရာသီစာ ဆိုတာ ရာသီအလိုက် ပထ၀ီ၊ အာဘော၊ တေဇော၊ ၀ါယော စတဲ့ ဓါတ်ကြီး(၄)ပါးနှင့် တည့် သင့်လျောက် ပတ်အောင် ကျန်းမာရေးနှင့် ညီညွတ်စေပြီး အသက်ရှည်စေသည့် စားသောက်ရသည့် အစား အသောက်မျိုးပင် ဖြစ်ပါသည်။ ကျွန်မတို့ မြန်မာ လူမျိုးတိုင်း ရဲ့ အာသီတကလည်း ရာသီအလိုက် ရာသီစာ များကို သုံးဆောင်ရမှသာ အာသာပြေ ကျန်းမာနေကြသည်လို့ ဆို ချင်ပါသည် ။ ရာသီစာ မစားလိုက်ရသည့် အခါမျိုးမှာ နေ ထိုင် မကောင်း ချင်သလိုလို ဟာတာတာဖြင့် တစ်ခု ခုလို အပ်နေသည့် ခံစားချက်နှင့် နေထိုင်မကောင်းချင်တောင် ဖြစ်ချင်မိပါသည်။ ဆိုခဲ့သည့် အတိုင်း မြန်မာ လူမျိုး များရဲ့ ရိုးရာပွဲတော်များကလည်း ရာသီအလိုက် ဆင်ယင်ကျင်းပလေ့ရှိကြပြီး ရာသီအလိုက် ဆင်နွှဲရတဲ့ ရာသီစာ ပွဲတော်များ၌ ပါဝင်ဆင်နွှဲခြင်း မရှိခဲ့ပါလျှင်မူ “ချဉ်ခြင်းတက်” အာသီသရှိသည့် ဆန္ဒတစ်ခု ကတော့ ရင်တွင်းခိုအောင်းသွားမည်မှာ အမှန်ပင်ဖြစ်ပါသည် ။
ဒီလို ရာသီစာ ပွဲတော်များအနက်မှ မည်သည့်နေရာဒေသ မှာမဆို ရောက်ရှိနေကြတဲ့ မြန်မာတိုင်းရင်းသား လူမျိုး အားလုံး ပါဝင်ဆင်နွှဲကြတဲ့ မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ဟာဆိုရင် တမူထူးခြားတဲ့ နှစ်ဟောင်း မှ နှစ်သစ်သို့ ကူးပြောင်းသည့် မြန်မာနှစ်ကူးလအစ တန်ခူးလမှာ ကျင်းပတဲ့ ရိုးရာပွဲတော်ကြီးပဲ ဖြစ်ပါသည် ။
တန်ခူးလ ကို ပုဂံခေတ်ကျောက်စာရေးထုံး၌ “တန်” မှာ ပါဠိဘာသာဖြင့် “ထန်း” လို့ အဓိပ္ပါယ်ရသည်ဟုဆိုရာ “တန်ခူးလသည် ထန်းသီးများ ဆွတ်ခူးသောလ၊ ထန်းခူးသောလ” ဟု ရေးထုံးဖွဲ့ကြသည်။ မြန်မာစာပေ ထွန်း ကားသည့် အင်းဝ ခေတ်ရောက်သော် “တန်ခူးလ” ဟု ရေးသားခဲ့ကြသည်။ ထို့နည်းတူ ရှေးစာဆိုများ ကလည်း “အတာကူးသောလ” ဟူ၍လည်းကောင်း၊
ဝေါဟာရ လိနန္တဒီပနီကျမ်းတွင် မိန်ရာသီမှ မိဿရာ သီသို့ တနင်္ဂနွေဂြိုလ် သင်္ကြန်အတာ ကူးပြောင်းသောကြောင့် “အတာကူးသောလ” ဟုလည်းကောင်း ဖော်ပြ ကြသည်။ ထို့ကြောင့် တန်ခူးလသည် “နှစ်ကူးလ၊ နှစ်ဆန်းလ၊ နှစ်ဟောင်း လွန်မြောက်၍ နှစ်သစ်သို့ ကူးပြောင်းသောလ” ဟု ဖွင့်ဆိုကြ ပါသည်။ တဖန် သင်္ကြန်ဆိုသည်မှာလည်း ပါဠိဘာသာ သင်္ကန္တ၊ သက္ကဋ ဘာသာ “သင်္ကြန္တ “ မှ လာသည်ဟု ပညာရှိ များက အဓိပ္ပါယ် ဖွင့်ဆိုကြရာ “ ကူးပြောင်းခြင်း၊ ပြောင်း လဲခြင်း၊ နှစ်ဟောင်းမှ နှစ်သစ်သို့ ရောက်ရှိခြင်း” ဟု သင်္ကြန် နှင့်သက်ဆိုင်သော မြန်မာ့အယူအဆနှင့် အဓိပ္ပါယ်ဖွင့်ဆိုချက်များကို ဖတ်မှတ်ခဲ့ဖူးပါသည် ။
မြန်မာလူမျိုးတို့ရဲ့ (၁၂)လ ရာသီပွဲတော်များအနက် တန်ခူးလမှာ ဆင်ယင်ကျင်းပသည့် သင်္ကြန်ပွဲတော်သည် အနှစ်သာရ ပြည့်စုံတဲ့ ရည်ရွယ်ချက်၊ အဓိပ္ပါယ်များနှင့် ကလေး၊ လူငယ်၊ လူကြီး အရွယ်စုံ အားလုံးသော သူများ ပျော်ရွှင်စွာ ဆင်နွှဲကြတဲ့ အချင်းအချင်း အပြန်အလှန် ရေပက်ဖျန်းတဲ့ မဟာသင်္ကြန်ပွဲတော် (အတာရေ သဘင် ပွဲတော်) တစ်ခုပဲ ဖြစ်ပါသည် ။ ရှေးအစဉ်အဆက်ကတည်းက အစဉ်အလာဖြင့် ဆင်ယင် ကျင်းပလာသည့် ပွဲတော်မို့ တစ်နှစ်တစ်ခါ နိမိတ်ကောက်ယူ ကျင်းပသည့် မြန်မာ့နှစ်ဦး လတန်ခူး၏ ကျက် သရေ မင်္ဂလာရှိသော အတာ ရေသဘင်ပွဲတော်ကြီးဟုလည်း ဆိုနိုင်ပါသည်။ တဖန် မြန်မာပြက္ခဒိန်မှာ တန်ခူးလဟာ နှစ်ဦးအစ ပထမလ ဖြစ်တာ ကြောင့် နှစ်ဟောင်းမှ အညစ်အကြေးများ၊ မကောင်းခြင်း သဘောဆောင်သည့် နိမိတ်များ၊ မကောင်းသည့်ကံများ ကို အတာရေလို့ခေါ်တဲ့ သင်္ကြန်ရေစင်ဖြင့် တစ်ဦးကိုတစ်ဦး ပက်ဖျန်း ကြခြင်းဖြင့် နှစ်ဦးအစမှာ မင်္ဂလာယူတဲ့ ကောင်းသော နိမိတ်သဘောမျိုးဖြင့် ဆင်ယင်ကျင်းပတဲ့ မင်္ဂလာအပေါင်းကို သယ်ဆောင်လာတဲ့ ရိုးရာပွဲတော်ပဲ ဖြစ် ပါသည် ။
ထို့အပြင် ထေရဝါဒဗုဒ္ဓဘာသာ မြန်မာလူမျိုးများဖြစ်သည့်အားလျော်စွာ သင်္ကြန်အခါရက်များအတွင်း တရား ရိပ် သာဝင်ခြင်း၊ ဥပုသ်သီတင်းစောင့်တည်ကာ ဘာဝနာပွားများခြင်း အစရှိသည့် ဘာသာရေးကုသိုလ် များကိုလည်း တရားဝင် အစိုးရရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးထားသည့် ရုံးပိတ်ရက်ရှည်ကာလမှာ တရားဘာသနာ ကုသိုလ် ယူသူများ၊ အယုတ်အလတ် အမြတ် မရွေး အလွှာအစုံစုံမှ သင်္ကြန်ရေကစားသူတို့ အားလည်းကောင်း၊ ရိပ်သာဝင်၍ တရား ဘာဝနာပွားများသောသူများ အားလည်းကောင်း စတုဒီသာ အကျွေးအမွေးဖြင့် ဒါနကုသိုလ် ယူခြင်း၊ ဝေယျာ ၀စ္စ အလုပ်များ ပြုလုပ်ခြင်းဖြင့် လုပ်အားကုသိုလ်ယူခြင်း အစရှိသည့် မြန်မာ့ရိုးရာ ဓလေ့၏ ရက်ကောင်း ရက်မြတ် အခါသမယလည်း ဖြစ်ပါသည် ။
တန်ခူးလ (ဧပြီလ) တွင်သာ ဖူးပွင့်ဝေဆာကြသည့် ရနံ့ထုံသင်း ၀င်းဝါတဲ့ ပွင့်ဖတ်သေးသေးဖြင့် ဖူးပွင့်သည့် ပန်းပိတောက်၊ အခိုင်လိုက် ဖူးပွင့်ဝေဆာကာ ရွှေဝါရောင် အစင်းရှိတဲ့ ငုဝါနဲ့ မထိတထိ ညှင်းသွဲ့သွဲ့ ပုတ်ခတ် တိုက်ခတ်တဲ့ နွေလေပူနှင့်အတူ လွမ်းလွမ်းဆွတ်ဆွတ် တွန်ကျုး တတ်တဲ့ ဥသြငှက်တို့ဟာလည်း နွေပြ ယုဂ် နှင့် အတူ တန်ခူးလရာသီရဲ့အလှကို ထပ်ဆင့်ဖော်ဆောင်လို့နေပါတယ်။ သို့ပါသောကြောင့် တန်ခူးလ(ဧပြီလ) ရောက်လာသည်နှင့်တပြိုင်နက် အကြောင်းအမျိုးမျိုးဖြင့် ပြည်ပသို့ရောက်ရှိ နေထိုင်ကြ သည့် မြန်မာတိုင်းရင်းသား လူမျိုးများတိုင်းရဲ့ စိတ်အစဉ်နှလုံးသားဝယ် ပိတောက်ရနံ့နှင့်အတူ အတာရေ သဘင်ပွဲတော် ကို လွမ်းဆွတ်တမ်းတ နေကြမည်မှာ အမှန်ပါပဲ ။
အောင်အောင်(ယဉ်မွန်) ရေးသားသည့် အတာတေးနှင့် မန္တလေးသင်္ကြန် စာအုပ်တွင် သင်္ကြန်ပွဲတော်သည် မင်္ဂလာရှိသော နိမိတ်ကောင်းဖြင့် အနှစ်သာရ ပြည့်စုံစွာနဲ့ ဆင်ယင်ကျင်းပသည့်အလျောက် သင်္ကြန်ပွဲတော် မှာ ရှောင်ကြဉ်စရာ ဓလေ့ကိုလည်း ရှေးပညာရှိတို့က မှတ်သားဖွယ်ရာဖြင့် “ အတာသင်္ကြန် အချိန်အခါတွင် ရုဒံ - ငိုကြွေးခြင်းကို သော်လည်းကောင်း၊ မေထုနဉ္စ- မေထုံမှီဝဲခြင်းကိုသော်လည်းကောင်း၊ မံသံ - ဟင်းမျိုး စိမ်းကို ၀ယ်၍ စားခြင်းကိုသော်လည်းကောင်း၊ သူရံ-သေရည်သေရက် သောက်ခြင်းကိုသော် လည်းကောင်း၊ ကောဓောစ- အမျက် ထွက်ခြင်းကိုသော်လည်း၊ ရုဓံ- သွေးထုတ်ခြင်းကိုသော် လည်းကောင်း၊ တေလိကံ - ဆေးဆီ လိမ်းခြင်းကို သော်လည်းကောင်း၊ နကေရ - မပြုရာ၊ မရောင်းအပ်၊ ဣမာနိဒသကမ္မာနိ - ဤသို့ (၁၀)ပါးသော အမှု တို့ကို၊ သက္ကောပိ - သိကြားမင်းသော်လည်းကောင်း၊ ပရိဇ္ဇယေ - ဖဲကြဉ်ရာ၏၊ ဤသို့ဆိုလျှင် ထိုမကြဉ်ရှောင်သော သူတို့ အား နတ်သိကြားမင်းတို့သည် မကောင်းသော ကြည့်ခြင်းဖြင့် ပျက်စီးသေကြေအောင် ကြည့်ရှု့သော ဟူ၏ “ လို့ မှတ်သားဖွယ် ဖော်ထုတ် သွားခဲ့သည်ကို ဖတ်ရှု့ဖူးပါသည်။ ပျို့ကဗျာတွင်လည်း “ မင်္ဂလာစကား၊ လင်္ကာကြားအံ့၊ ကြောင်းကြားစုံစေ၊ သင်္ကြန်နေ့၌ မတွေ့ဝေးစွာ၊ ရှောင်ကုန်ရာသား၊ မသာနှလုံး၊ ညှိုးချုံစိုးရိမ်၊ မငြိမ်ပူဆွေး၊ ငိုကြွေးကုန်ထ၊ ကာမအရာ၊ မေထုနာနှင့် ပါဏာသတ်ပုတ်၊ သောက်ထုတ်ရက်မ၊ မျက်ထွက်မာန၊ ပဋိယ နှင့် ဒေါသ မလွတ်၊ ဆီပွတ်လိမ်းဆင်း၊ သစ်ပင်ခုတ်ပြတ်၊ သတ်ခတ်တုန်ရှောင်၊ အရောင်းအ၀ယ်၊ ဤတစ်ဆယ်ကို၊ လူ့ဝယ် နတ်ခွင်၊ လူလိုစင်ထား၊ မြင်းမိုရ်ဖျားဝယ်၊ သိကြားသော်မှ၊ မပြုရရာ၊ ကျမ်းလာသောအား၊ လင်္ကာကြားသည်၊ ဤ ကား သင်္ကြန်အလိုတည်း ” လို့ စပ်ဆိုထားရာ သင်္ကြန်အခါအတွင်း ရှောင်ကြဉ်စရာများ ကို တွေ့ရှိ ရပေသည်။
နောက်တဖန် သင်္ကြန်ဟုဆိုလိုက်သည်နှင့် ရိုးရာအစဉ်အလာဖြင့် ဆင်ယင်ကျင်းပသည့် အလှရေကစား ယာဉ်များ၊ ရေကစားမဏ္ဍပ်များ၊ ရွှေခြေကျင်းဝတ်များကို ၀တ်ဆင်ကာ အဖွဲ့လိုက် သီဆိုကပြကြသည့် မန္တလေးပျိုဖြူချော ယိမ်းအဖွဲ့ဝင်များဖြင့် ယနေ့တိုင် ဆင်နွှဲနေသည့် မန္တလေးသင်္ကြန် ပုံရိပ်များနှင့် အတူ ငွေငန်းဖြူ နှင့် မြို့မ၀ိုင်းတော်သူ ၀ိုင်းတော် သားများကို ပစ်ပယ်ထားလို့ မရနိုင်ဟု ဆိုချင်ပါသည်။ မန္တလေးသင်္ကြန်နှင့် မော်လမြိုင်သင်္ကြန်တို့သည် မြန်မာ့ရိုးရာ အစဉ်အလာမပျက် ဆင်နွှဲရာမှာ နာမည်ကြီး သည့် မြို့ကြီး (၂) မြို့ဖြစ်ပါသည်။
မန္တလေးသင်္ကြန်သည် ဟိုးယခင်ကတည်းကပင် အစဉ်အလာကြီးကြီးဖြင့် ဆင်နွှဲလာသည့် သင်္ကြန်ပွဲတော်မှာ ယနေ့ ခေတ်သို့တိုင်ပင်ဖြစ်သည်။ အများအယူအဆအရ သင်္ကြန်ပွဲတော်အစ ပုဂံခေတ်ကလို့ အများက ယူဆကြပါသည်။ မဟာရာဇ၀င်၌ ဖော်ပြပါရှိသော နရသီဟပတေ့မင်းလက်ထက်က ကျင်းပသည့် အတာ သင်္ကြန်ပွဲတော်မှာ ဒုတိယ ဖြစ်သော်လည်း မြန်မာပြည် အတွက်ဆိုသော် ရှေးအကျဆုံးတွေ့ရသော အတာ သင်္ကြန်မှတ်တမ်းပင် ဖြစ်လေသည်။ သို့သော် ထို့ထက်စောသော ရေသဘင်ပွဲတော်လည်း ကျမ်းဂန်များ တွင် လေ့လာတွေ့ရှိရပါသည်။ သာသနာဝင် ကျမ်းဂန်များအရ ကပ္ပိလ၀တ်ပြည် သာကီဝင်မျိုးနွယ် တို့ ရေဖျန်းသဘင် ဆင်ယင်ကစားကြခြင်းသည် အတာ သဘင် သမိုင်းစဉ်တွင် ရှေးကျသော မှတ်တမ်း တစ်ရပ်ဖြစ်ပေသည်။
အတာရေနန်းသဘင်ကို ရှေးမြန်မာဘုရင်များလက်ထပ်မှစ ၍ ရတနာပုံခေတ်တိုင်အောင် အဆင့်ဆင့် ထိန်းသိမ်း ကျင်းပ ဆင်နွှဲလာရာမှ ရတနာပုံ နေပြည်တော်ကြီးသည် မန္တလေးမြို့ကြီးအသွင် သို့ ပြောင်းလဲလာသည့်တိုင်အောင် ရှေးမြန်မာလူကြီးများမှ အဆင့်ဆင့် လက်ကမ်းထိန်းသိမ်းလာသည့် ယဉ်ကျေးမှုသင်္ကြန်ပွဲတော်ကြီးကို မန္တလေး မြို့တော်သူ၊ မြို့တော်သားတို့က ရိုးရာမပျက် ကျင်းပလာခဲ့ကြ သည်။ ထို့အတူ အတာတေးသီချင်းတို့သည်လည်း နန်းဆန်သည့် မန္တလေးသင်္ကြန်ကို ဝေဆာစေခဲ့ပါသည်။ ဒုတိယကမ္ဘာစစ်ကြီး ပြီးသည့်နောက် ကာလအတန်ကြာ သည်ထိ သင်္ကြန်အမြှောက်သံကြားမှ စတင်ရေ ကစားသည့် ဓလေ့များ၊ မန္တလေးနေပြည်တော်တွင် သင်္ကြန် အမြောက်ပစ်လို့ စတင်ရေကစားကြပြီဆိုသည့် အသံကြားမှသာ စတင်၍ ရေကစားကြသည့် မန္တလေး၏အနီး ၀န်းကျင်မြို့များမှ အလေ့အထများ၊ သင်္ကြန်ရက်၌ ညနေ (၆)နာရီတိုင်သည်နှင့် ရေကစားခြင်းကို ရပ်ဆိုင်းလိုက်သည့် အလေ့အထ၊ အကြိုနေ့ တစ်နေ့လုံး တစ်ညလုံးနှင့် အတက်နေ့၏ညများ၌လည်း လုံးဝ ရေမပက်သည့် အလေ့ အထများရှိခဲ့ ပါသည်။ သင်္ကြန်မောင်မယ်တို့၏ စနစ်တကျ ဆင်နွှဲကြသော ပင်ကိုယ် ဓလေ့ စရိုက်များမှာ ရှေ့က နည်းပေးလမ်းပြ သင်္ကြန်ပွဲများအတိုင်း လိုက်နာကျင့်သုံးလာရာမှ၊ စည်းကမ်းနှင့် ညီညွတ်သည့် ဓလေ့များကြောင့် မြန်မာ့ရိုးရာ သင်္ကြန်တွင် မန္တလေးသင်္ကြန်သည် ယဉ်ကျေးမှုသင်္ကြန်အဖြစ် ပြယုဂ်တစ်ရပ် တွင်ခဲ့ပေသည် ။
စစ်ကြိုသင်္ကြန်ကာလများက ရေသဘင်အဖွဲ့များသည် အသံချဲ့စက်မပါဘဲ စုပေါင်း၍ သီချင်းဆိုကြ၊ သံချပ် ထိုးကြ သည်က များခဲ့သည်။ “တူးပို့..တူးပို့“ ဟူသည့် သင်္ကြန်ဒိုးတီးကွက်သည် စစ်ပြီးကာလမှ မန္တလေး မြို့မတူရိယာ အဖွဲ့ကြီးမှ ဆရာမြို့မငြိမ်း၊ မြို့မလေးလေးရင်၊ ဦးလှဒင်(ဗုံ)၊ ဦးထွန်းရှိန်နှင့် ဦးထွန်းရင်(အုပ်စုံ) တို့က တာပလာ ခေါ် ကုလားဗုံနှင့် စည်တိုကို တွဲဖက်၍ စည်းချက်ကျကျနှင့် က ၍ကောင်းအောင် သင်္ကြန်နှင့် လိုက်ဖက်သည့် “တူးပို့.. တူးပို့” အသံကို စမ်းသပ်ရှာဖွေ တီထွင်ခဲ့ကြခြင်း ဖြစ်ပါသည် ။
“ ဘေပို .. တူးပို့ ..တူးပို့ ..တူး ..” မြည်သော ဗုံ၏အသံတို့သည် အခြား သင်္ကြန်ဒိုးတီးကွက်အသံများနှင့် မတူ၊ တမူထူး ခြားစွာ မြူးကြွနေသည်ဖြစ်၍ သင်္ကြန်အကနှင့်လည်း ရောင်ပြန်ဟပ်နေသည်ကို တွေ့ရှိရသည်ဖြစ်ရာ မြို့မအဖွဲ့မှ သင်္ကြန်သီချင်းများ တီးမှုတ်ရာ၌ ဒိုးအုပ်သံကို “တူးပို့ .. တူးပို့” တီးလုံးအသံဖြင့်သာ အသုံးများ လာခဲ့ လေသည်။ တစ်ချိန်က မြို့မတူရိယာအဖွဲ့၏ ဂီတပညာရှင်များ စတင်တီထွင်ခဲ့သည့် “တူးပို့ .. တူးပို့” အသံကို ကြားရ သူတိုင်းက သင်္ကြန်သီချင်းဟု သတ်မှတ်၍ အသိအမှတ်ပြုလိုက်ကြသောကြောင့် မန္တလေး “တူးပို့…တူးပို့“ အသံမှာ ယနေ့ မြန်မာ့ သင်္ကြန်တေးသီချင်းတိုင်း၏ “တူးပို့..တူးပို့” အဖြစ်သို့ ကျယ်ပျံ့ စွာ ရောက်ရှိလို့ လာခဲ့ပေသည်။
မန္တလေးအတာရေနန်းသဘင်သည် အစဉ်အလာ ကြီးသည့် မြန်မာ့သင်္ကြန်ကို ညွှန်းဆိုကိုယ်စားပြုခဲ့ပါသည် ။
ကျွန်မတို့ ကမ္ဘာ့နိုင်ငံအသီးသီးမှာ နေထိုင်ကြတဲ့ လူမျိုးစုတိုင်းမှာ ရိုးရာပွဲ ဟူသည် ရှိကြသည့်အလျောက် မည်သည့် နိုင်ငံ၊ မည်သည့် ရိုးရာပွဲမဆို အသွင်ပြောင်း ခေတ်မီဖို့ထက် ရိုးရာအစဉ်အလာ မပျက်အောင် ထိန်းသိမ်းရမည်မှာ အဓိက ဖြစ်ပြီး လူမျိုးစုတိုင်းရဲ့ တာဝန်တစ်ရပ်ဖြစ်ပါပေသည် ။
“ချောင်းရိုး မြောင်းရိုးသာ ကောလေ့ရှိ၏၊ မျိုးရိုးရှိနေသရွေ့ အစဉ်အလာနှင့် ရိုးရာကတော့ ရှိနေပါမည်” ဆိုတဲ့အတိုင်း မြန်မာ့နှစ်ဦးအချိန်အခါ တန်ခူးလရာသီ ရောက်လာလေတိုင်း မြန်မာပြည်တွင်း အနယ်နယ် အရပ်ရပ် မှာ ရောက်ရှိနေထိုင်ကြတဲ့ တိုင်းရင်းသား မြန်မာလူမျိုးအချင်းချင်းစုစည်းပြီး ရိုးရာသင်္ကြန်ပွဲတော် ကို ရင်းနှီးပျော်ရွှင် စွာ ဆင်နွှဲကြသည့် ဓလေ့၊ ပြည်ပရောက် မြန်မာတိုင်းရင်းသား လူမျိုးတို့မှ လည်း မြန်မာ့ရိုးရာသင်္ကြန်းပွဲတော်ကို မမေ့မလျော့ဘဲ အစဉ်အလာနှင့်အညီ စောင့်ထိန်းကျင်းပကြသည့် ဓလေ့များမှာ ဂုဏ်ယူစရာ ကောင်းသည့် အစဉ် အလာကိုထိန်းသည့် အကျင့်ကောင်းလေးပဲ ဖြစ်ပါသည် ။
အနှစ်သာရ ပြည့်ပြည့်စုံစုံဖြင့် နွှဲပျော်ရသည့် မင်္ဂလာအပေါင်းနှင့်ပြည့်စုံသော အတာသင်္ကြန်ပွဲတော်ဟာ တခြားသော ပွဲတော်များလို ကျင်းပသည့်ပွဲတော်မျိုးမဟုတ်ဘဲ တစ်နိုင်ငံလုံးရှိ တိုင်းသားရင်း မြန်မာလူမျိုး တိုင်းက လွတ်စွာ ကိုယ်တိုင်ပါဝင်ကာ တီး၊ ဆို၊ ကပြ၍ ပျော်ရွှင်ယဉ်ကျေးစွာနှင့် ရေပက်ဖျန်းကစားရသည့် တမူထူးခြားသည့် ရိုးရာ သင်္ကြန်ပွဲတော်ပဲ ဖြစ်ပါသည် ။
ဒီလိုမျိုး ရိုးရာအစဉ်အလာကြီးကြီးဖြင့် ကျင်းပလာသည့် သင်္ကြန်ပွဲတော်ဟာ ဖွံ့ဖြိုးလာသည့် ခေတ်စနစ်နှင့် အညီ လူသားတိုင်း၌ ကိုယ်ပိုင်လွတ်လပ်ခွင့် ရှိသည်ဟု အကြောင်းပြုကာ ရိုးရာပျောက် ၀တ်စားဆင်ယင်၊ ကျင်းပ ဆင်နွှဲ နေကြသည်ကို မြင်ရသည်မှာ မြန်မာလူမျိုးတစ်ယောက်အဖို့ စိတ်မကောင်းခြင်း ကြီးစွာဖြစ်ရ ပါသည် ။ နှစ်ဦးအစ မှာ မင်္ဂလာအတိတ်နမိတ်ဖြင့် ဆင်နွှဲခြင်းမျိုးဖြစ်ပေမယ့်လည်း ယနေ့ခေတ်အရ အစဉ် အလာ မရှိသလောက် ပျောက်ကွယ်နေပြီး ကိုယ့်ရဲ့ ရိုးရာ ယဉ်ကျေးမှုအစား မွေးစားယဉ်ကျေးမှုဖြင့် သီဆို၊ ကပြ ဆင်နွှဲနေကြသည်မှာ မမြင်ချင်၊ မမြင်သင့်သည့် မြင်ကွင်းများပင် ဖြစ်ပါသည် ။
သင်္ကြန်ကာလသည် တန်ခူးလနှင့်အတူ ရွှေဝါရောင်အဆင်းရှိသည့် ပိတောက်ပန်း၊ ဒိုးပတ်သံများဖြင့် ထိုး သည့် သင်္ကြန်သံချပ်သံ၊ ဘယ်ညာကိုယ်စီ ဟန်ချက်ညီညီ ယိမ်းနွဲ့ကပြတဲ့ သင်္ကြန်အကနှင့်အတူ သင်္ကြန် ကာလပုံရိပ်များ ကို ဖော်ညွှန်းထားသည့် သင်္ကြန်ပုံရိပ် သီချင်းများနှင့်သာ ပနံသင့်လှပါတယ် ။
ထို့ပြင် နိုင်ငံခြားသားဧည့်သည်များသည်ပင် ပါဝင်ဆင်နွှဲကြသည့် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် (အတာ သင်္ကြန်ပွဲတော်) ဟာ ဆိုရင်ဖြင့် မြန်မာ့ယဉ်ကျေးမှုစစ်စစ်ဖြင့် ဆင်နွှဲပျော်ပါးရသည့် ပွဲတော်များဖြစ်လိုက် လျှင်ဖြင့် မည်မျှ လောက် မင်္ဂလာရှိသော အတာသင်္ကြန်ပွဲတော် ဖြစ်လိုက်မည်နည်းရှင် ။
**ပန်းအိ**
ကိုးကားစာရင်း
အတာတေး နှင့် မန္တလေးသင်္ကြန်၊ အောင်အောင် (ယဉ်မွန်)
Sunday, 31 March 2013 တွင် http://www.shwedaungtaung.com ရွှေဒေါင်းတောင် အွန်လိုင်း မဂ္ဂဇင်းတွင် ဖော်ပြပြီး ။
Posted by ထရီဆာ
Rest of your post
Subscribe to:
Post Comments (Atom)
Total Pageviews
Labels
ပညာပေး
(1488)
ကာတွန်းဟာသ
(1343)
ဟာသ
(899)
ဆောင်းပါး
(822)
ကဗျာ
(777)
သတင်း
(533)
.ဆောင်းပါး
(512)
အက်ဆေး/၀တ္ထုတို
(504)
ကြော်ငြာ
(432)
နိုင်ငံတကာထူးခြားသတင်း
(388)
ပညာပေး...
(326)
နိုင်ငံတကာ ထူးခြားသတင်း
(321)
ကဗျာ
(279)
နိုင်ငံတကာအခြားသတင်း..
(253)
ကဗျာ…
(228)
ပုံပြင်
(220)
ဆောင်းပါး….
(203)
အက်ဆေး
(191)
ဘောလုံးဟာသ...။
(156)
သဘောထားအမြင်
(149)
Cartoon
(145)
သတင်း....
(139)
ကဗျာ...
(136)
ကဗျာ.....
(132)
ပညာပေး..
(131)
နိုင်ငံတကာ အခြားသတင်း..
(123)
ပြည်တွင်းသတင်း
(118)
သတင်း..။
(114)
သတင်းတို
(111)
သရော်စာ…
(106)
ဝတ္ထုတို
(105)
ဝတ္ထုတို
(95)
ဓါတ်ပုံသတင်း
(81)
သတင်း..
(79)
ပေးစာ
(79)
ဘာသာပြန် ဝတ္ထုတို
(75)
ဓာတ်ပုံသတင်း
(72)
ကာတွန်း
(64)
ဓာတ်ပုံသတင်း..။
(64)
သရော်စာ
(64)
နိုင်ငံတကာ အခြားသတင်း
(60)
ဓာတ်ပုံသတင်း..
(54)
မေတ္တာစာ
(54)
အောက်မေ့ဘွယ်စာလွှာ
(53)
သတင်း.
(47)
ဘာသာပြန်အက်ဆေး
(46)
်ပုံပြင်
(45)
ကာတွန်းဟာသ-
(44)
ဘောလုံးဟာသ...
(44)
နိုင်ငံတကာအခြားသတင်း
(43)
-ကာတွန်းဟာသ
(40)
နိင်ငံတကာ အခြားသတင်း
(39)
ကဗျာ.
(37)
သတင်းဆောင်းပါး
(36)
News
(35)
ကာတွန်း ဟာသ
(34)
ပညာပေး)
(33)
ကဗျာ(ဟာသ)
(32)
ဟာသကဗျာ
(32)
အောင်မြင်ရေးဒဿန
(30)
xပညာပေး)
(29)
ကြေညာချက်
(28)
ရုပ်သံ သတင်း
(25)
ဂျာနယ်
(24)
TV
(23)
နိုင်ငံတကာ အခြားသတင်း.
(23)
ဘာသာပြန်ဆောင်းပါး
(20)
ရင်ဖွင့်သံ
(19)
သရဲဇာတ်လမ်း
(19)
်ပုံင်္ပြင်
(18)
ထုတ်ပြန်ချက်
(14)
ဓာတ်ပုံ
(13)
ဘာသာပြန်ပုံပြင်
(13)
ဓာတ်ပုံသတင်း
(12)
သတင်းဓါတ်ပုံ
(12)
သီချင်း
(12)
အင်တာဗျူး
(12)
အတွေးအမြင်
(12)
ဓာတ်ပုံသတင်း.
(11)
ပုံင်္ပြင်
(11)
အယ်ဒီတာ့ထံပေးစာ
(11)
ဥာဏ်စမ်း
(11)
Photo News
(10)
poem
(10)
ဂျာနယ်
(10)
ဟာသအက်ဆေး
(10)
(ကျန်းမာရေး ပညာပေး)
(9)
.
(9)
x ပညာပေး)
(9)
ဘာသာပြန်
(9)
The Article
(8)
ခရီးသွား.ဆောင်းပါး
(8)
နိုင်ငံတကာအခြားသတင်း
(8)
ဘာသာရေးဆောင်းပါး
(8)
သတင်း.ဆောင်းပါး
(8)
ဗေဒင်
(8)
သတင်းတို.
(7)
ဟာသ ဝတ္ထုတို
(7)
တဘောင်
(6)
ကှဗျာ
(5)
နိုင်ငံထူးခြားသတင်း
(5)
ဘာသာရေး၊ဓမ္မပုံပြင်
(5)
မိန့်ခွန်း
(5)
သမိုင်းစကား၊ ပန်းစကား
(5)
ဟာသ ဓာတ်ပုံ
(5)
အားကစားသတင်း
(5)
song
(4)
ကာတွန်းဟာသ
(4)
စကားပုံ
(4)
ထူးခြားသတင်း
(4)
ပညာပေ;
(4)
သတင်း.တို.
(4)
သရော်စာ
(4)
ဟာသ-
(4)
်ဆောင်းပါး
(4)
-ကာတွန်းဟာသ-
(3)
interview
(3)
ထုပ်ပြန်ချက်
(3)
ဓမ္မဒါန
(3)
ဓါတ်ပုံအက်ဆေး
(3)
ဓာတ်ပုံအက်ဆေး
(3)
ပညာပေ
(3)
ဖိတ်စာ
(3)
ရုပ်သံ
(3)
သတင်း.တို.။
(3)
ဟာသ အင်တာဗျူး
(3)
ဟာသ.
(3)
အင်တာဗျူးး
(3)
အတိုဆုံးဝတ္ထုတို
(3)
အယ်ဒီတာ့အာဘော်
(3)
ဘောလုံးဟာသ.
(3)
(ဟာသ)
(2)
By....meepyatite
(2)
Statement
(2)
Story
(2)
With Best Regards
(2)
aဆာင်းပါ
(2)
ကန်တော့ချိုး
(2)
ကျန်းမာရေး ပညာပေး
(2)
ဇာတ်လမ်းတို
(2)
ပန်းချီ
(2)
ပုံပြင်
(2)
ဘာသာပြန်ကဗျာ
(2)
ရုပ်ပုံအတွေး
(2)
ဟာသပုံပြင်
(2)
အစီရင်ခံစာ
(2)
အမှတ်တရ
(2)
အတွေး
(2)
ဦးဦး မှော်ဆရာ
(2)
ဆောင်းပါ
(2)
ပြဇာတ်
(2)
(xပညာပေး)
(1)
(ပညာပေး)
(1)
)
(1)
....
(1)
2010 at 11:22pm
(1)
=နိုင်ငံတကာ အားကစားသတင်းများ
(1)
Announce
(1)
By: Sara Yin (ကျန်းမာရေး ပညာပေး)
(1)
By; Silver Moon အင်တာဗျူး
(1)
General Knowledge
(1)
Joke
(1)
Photo Essay
(1)
Thanks
(1)
aဆာင်းပါး
(1)
khana.na155 ကဗျာ
(1)
minkonaing
(1)
ကဗျာ(
(1)
ကဗျာ… By..Blue gyee
(1)
ကာတွန်းဟာသ <br /> <br />
(1)
ကိုယ်တိုင်ရေးကဗျာ သီဟသူ
(1)
ခရီးသွားဆာင်းပါး
(1)
ခရီးသွားဆောင်းပါး
(1)
စကား
(1)
စကားပုံ
(1)
စာစု
(1)
စိုးမိုးကျော် (ဟာသ)
(1)
ဆက်သွယ်ရန်
(1)
ဓါတ်ပုံအက်ဆေး
(1)
ဓာတ်ပုံအက်ဆေး
(1)
ဓာတ်ပုံအတွေး
(1)
နူတ်ခွန်းဆက်လွှာ
(1)
ပ
(1)
ပညာပေ;း
(1)
မိန့်ခွန်း
(1)
ရုပ်ရှင်
(1)
သတင်း နှင့်ဟာသ
(1)
သတင်း.တို
(1)
သတင်းကဗျာ
(1)
သတင်းသီချင်း
(1)
သရော်ကဗျာ
(1)
ဟသ
(1)
ဟာသအင်တာဗျူး
(1)
ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း
(1)
အဆိုအမိန့်
(1)
အထ္ထုပ္ပတ္တိ)
(1)
အားကစားသတင်းများ
(1)
အခြားသတင်း
(1)
ဦးဦး မှော်ဆရာ ပညာပေး..
(1)
ုပုံပြင်
(1)
ဆောင်းပါ;
(1)
ပေးပို့ သူ .. စိုးမိုးကျော် ဟာသ
(1)
ပေးပို့ သူ...သက်နိုင် ကဗျာ…
(1)
ပေးပို့ သူ…greenleave
(1)
်ပုံပြင်
(1)
ွ
(1)
ရုပ်သံ
(1)
• Posted by thant zin htwe on နိုဝင်ဘာ 19
(1)
….
(1)



No comments:
Post a Comment