**Public Health**
ကွန်ပျူတာဖြင့် အလုပ်လုပ်ရ ခြင်းကြောင့် မျက်စိတွေ ကျိန်းနေပါ သလား။ ဒါဆိုရင် ပရိုအန်သို ဆိုင်ယန်နင်း ပါဝင်တဲ့ စပျစ်သီးစေ့ အဆီအနှစ်ကို စမ်းကြည့်ပါ။ အဲဒီ ပစ္စည်းမှာ မျက်လုံးထဲက သွေးကြော အပါအဝင် ခန္ဓာ ကိုယ် တစ်ခုလုံး ပေါ်က သေးငယ်တဲ့ သွေးကြော လေးအပေါ် အကျိုးဖြစ် ထွန်းစေတဲ့ အာနိသင် ကောင်းကောင်း သက်ရောက် စေတယ်လို့ တွေ့ရှိထား ပါတယ်။ အဲဒီ ပစ္စည်းဟာ သွေးမျှင် ကြော နံရံများကို ကြံ့ခိုင် စေပါတယ်။ မျက်စိ ကျိန်းခြင်း၊ မျက်စိ ပူခြင်းကို သက်သာစေပြီး မျက်စိမှန်ဘီလူး(lens) ပျက်စီး နိုင်ခြေ၊ အတွင်းတိမ် ရောဂါ ခံစားရ နိုင်ခြေ၊ မျက်ကြည်လွှာ ထိခိုက်မှု ကြောင့် အမြင်အာရုံ ဆုံးရှုံးနိုင်ခြေ စသည့် အခွင့်အလမ်း များကို လျော့ နည်း စေပါတယ်။ မျက်လုံး ပတ်ဝန်း ကျင်မှာရှိတဲ့ အရေပြားတွင် အရေး အကြောင်း ဖြစ်ပေါ်လာမှုကို လျှော့ချ နိုင်တယ်။ အသက်ကြီး လာသည့်အခါ အမြင်အာရုံ ကြည်လင် စေရန်လည်း အထောက်အကူ ပြုစေနိုင်ပါတယ်။
http://yoyarlay.com/health/therapy/34922-2013-03-30-09-16-02
Ref-Health Digest
Posted by Mr.7Cho

No comments:
Post a Comment