ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, April 19, 2013

-ပျော်ရွှင်ခြင်းအက်ဆေး-

>
(၁)

 လေထဲမှာပျံသန်းဖို့ဆိုတဲ့ ကျွန်မအတွေးတွေကို သူကဝေဖန်တယ်။ “ မင်းဟာက မဟုတ်တရုတ်တွေစဉ်းစားနေတာပဲ”.. “ မဟုတ်တရုတ်မဟုတ်ဘူး..” လို့ကျွန်မအေးအေးဆေးဆေး ပြန်ဖြေပါတယ်။ သူကဆက်ပြောတယ် “ ဒါကစိတ်စွဲလန်းမှုတစ်ခုပါ..ချစ်ရယ်.. မင်းအနေနဲ့ စိတ်တွေမလွတ်လပ်လို့ ထွက်ပေါက်ရှာချင်တာမျိုးပါ…” ပင်လယ်ကမ်းစပ်မှာလဲလျောင်းနေရင်း ပင်လယ်စင်ရော်တွေကို..မြင်နေရတယ်..။ လေဟုန်စီးလိုက် ၊ ထိုးစိုက်ချလိုက်၊ ပျံဝဲလိုက် ၊ ကွေ့ပတ်လိုက်..နဲ့..။ ကျွန်မသာ.. ပင်လယ်စင်ရော်တစ်ကောင်ဖြစ်ခဲ့ရင်…။ “မင်းက လေထဲပျံသန်းနိုင်ပြီဆိုရင်တောင်.. ငါးတစ်ကောင်လို.. ပင်လယ်နက်ထဲမှာ.. မင်းရေကူးချင်အုံးမှာ..” သူကပြောပြန်တယ်။ “ မဟုတ်ပါဘူး.. ကျွန်မက လေထဲပျံသန်းဖို့ပဲ ပိုစိတ်ဝင်စားတာပါ”.. သူကျွန်မမျက်နှာကိုလှည့်ကြည့်ပြီးပြောတယ်.” မင်းက သိပ်လောဘကြီးတာပဲ… မင်းကိုပျော်ပျော်ရွှင်ရွှင် ဘယ်တော့များမှ တွေ့ရမှာလဲ”… ကျွန်မပြန်ဖြေခဲ့တယ်..” လေထဲမှာသာ ပျံသန်းနိုင်မယ်ဆိုရင်.. ကျွန်မသိပ်ပျော်မှာပါ..”

( ၂ )

“မင်းငိုနေတာလား..” သူကမေးတယ်။ “ မဟုတ်ပါဘူး..” “ ဘာဖြစ်လို့ငိုတာလဲ ငါသိတယ်.. မင်းအမေကို သတိရလို့လား..” “ မဟုတ်ပါဘူး.. “.. “ ဘာလို့မဟုတ်ရမှာလဲ…”…” မဟုတ်ပါဘူး ဆို..” “ဒါဆိုမင်းလေထဲမှာမပျံသန်းနိုင်လို့..မဟုတ်လား.”.. .. “ ကျွန်မငိုနေတာမဟုတ်ဘူး..” လို့.. ပြန်ဖြေလိုက်တယ်။

 (၃)

ကျွန်မအတွက်ယူလာတဲ့ ကော်ဖီပန်းကန်ကို ငေးစိုက်ကြည့်နေမိတယ်။ “နေမကောင်းဘူးလား” လို့..သူကမေးတယ်။ “ ကောင်းပါတယ်” .. “ ဒါဆို.. ဘာလို့ မလှုပ်မယှက်ကော်ဖီပန်းကန်ကို စိုက်ကြည့်နေတာလဲ..” “ ကျွန်မ ကော်ဖီမသောက်ချင်ဘူး..” သူကျွန်မကို စိတ်ပျက်သလို တစ်ချက်ကြည့်တယ်။ “ လေထဲပျံသန်းဖို့ စဉ်းစားနေပြန်ပြီ.. ဟုတ်လား..” “ မဟုတ်ပါဘူး.” “ ဘာကို မဟုတ်ပါဘူးလဲ.. ငါသေချာပြောရဲတယ်။ မင်းဟာက ဒီလေထဲပျံဖို့လောက် တစ်ချိန်လုံးစဉ်းစားနေတယ်ဆိုတာ ငါအမြဲတမ်းသိတယ်နော်။ တစ်ဆိတ်အဲဒါကို ရပ်လိုက်ပါတော့.” “ အင်းပါ..” ခဏကြာတော့ သူထပ်ပြောပြန်တယ်..။
“မင်းအဲဒိကိစ္စကို စဉ်းစားနေပြန်ပြီလား.. ကိုယ့်ကို ရိုးရိုးသားသားပြော..” “မဟုတ်ပါဘူး.. မစဉ်းစားပါဘူး” “ ကိုယ့်ကိုဂတိပေး.. ဘယ်တော့မှ အဲဒိအကြောင်းတွေ မတွေးတော့ဘူးလို့..” “ အင်းပါ.. ဂတိပေးတယ်..”

( ၄ ) 

“ ဒါကဘာကြီးလဲ” ကျွန်မဘေးနားမှာလာထိုင်ရင်း သူမေးတယ်။ “ ဒါက ရေပန့်..လေ” “ ဟင်.. သူ့မှာ အတောင်ပံတွေနဲ့ပါလား..” “ မဟုတ်ပါဘူး.. ဒါက ရေဒလက်တွေပါ.. ရေတွေကိုမတင်ဖို့လေ.. “ “ ကိုယ်ထင်တာတော့ ဒါပျံသန်းဖို့ကိစ္စနဲ့ပက်သက်ရမယ်.. ထင်တယ်..မင်းကျိန်ပြောရဲလား” “ ဒါရေပန့်ပါ.. ကျွန်မကိုယုံပါ.” “ ထားလိုက်ပါတော့.. ဘာပဲဖြစ်ဖြစ်ပေါ့.. ညနေစာစားလို့ရပြီ.. လာ..” 

( ၅ ) 

အချိန်အတော်ကြာတဲ့အထိ ပျံသန်းဖို့ကိစ္စကို ကျွန်မတို့နှစ်ယောက်စလုံးမပြောဖြစ်ခဲ့ကြတော့ပါဘူး။ တစ်ည.သူနဲ့ကျွန်မ ပန်းကန်တွေအတူတူဆေးနေကြတုန်း.. အဲဒိကိစ္စကို သူအစဖော်ပြန်တယ်။ “ မင်းပြောတဲ့..ပျံသန်းဖို့ဆိုတဲ့.. ကိစ္စနဲ့တစ်ခုခုကိုများ.. တည်ဆောက်ပြီးပြီလား..” “ အင်းပြီးပြီ.” ကျွန်မ ပြုံပြီး.. ပြန်ဖြေလိုက်တယ်။ “ ဒါဆို..မင်းဟာက လူဘယ်နှစ်ယောက်လောက် သယ်သွားနိုင်လဲ..” “ကျွန်မတို့ ၂ ယောက်စလုံးကိုပေါ့… “ “ တစ်ကယ် ငါတို့ ၂ ယောက်လုံးကိုသယ်သွားနိုင်တယ်ပေါ့..” “ ဟုတ်ပါ့ရှင်.. “.. သူ့မျက်နှာက.. ပျော်သွားပုံရတယ်။ ရုတ်တရက်.. သူကျွန်မပုခုံးကို.. လှမ်းပြီးဖက်ထားတယ်။ ဆပ်ပြာတွေပေနေတဲ့ လက်နဲ့ သူ့ခါးကို ကျွန်မပြန်ဖက်ထားလိုက်တယ်။ “ မင်းအဲဒါကြီးဆောက်ပြီးပြီဆိုရင်.. ငါ့ခွေးလေးအတွက်ရော. နေရာရှိပါ့မလားကွာ.” “ ဘာလို့မရှိရမှာလဲ.. ရှင့်ခွေးအတွက်ဘာမှ စိတ်မပူနဲ့” “ မင်းက တစ်ကယ်တော်တယ်..” လို့..သူကပြုံးရင်းပြောတယ်။

 ( ၆ )

 ညက ကြယ်တွေအစုံအလင်နဲ့ ခမ်းနားနေပါတယ်။ “ ကဲ..ပြော.. ဘယ်နေရာကို သွားချင်လဲ..” လို့ကျွန်မမေးလိုက်တယ်။ သူက သူ့ရဲ ဦးထုပ်ကိုကောက်တပ်လိုက်ပြီး ခွေးကိုဆွဲခေါ်လိုက်တယ်။ “ ကိုယ်မသိဘူး..မင်းက ဘယ်နေရာကိုသွားချင်တာလဲ..” “ဒီကမ္ဘာကြီးပေါ်က ရှင်သွားချင်တဲ့ ဘယ်နေရာဖြစ်ဖြစ်ပေါ့..”သူက ကျေနပ်စွာပြုံးရင်း.. “ကိုယ်တစ်ကိုကောင်းဆန်သလိုဖြစ်နေမှာပေါ့.. မင်းကဘယ်ကိုသွားချင်လဲပြော… “ သူ့မျက်ဝန်းတွေကို စိုက်ကြည့်ရင်း ကျွန်မပြောလိုက်တယ်..။ “ ရှင်နဲ့မခွဲရဘူးဆိုရင်.. ရှင်သွားချင်တဲ့ဘယ်နေရာဖြစ်ဖြစ် .ကျွန်မသွားချင်တယ်..” သူက တစ်ချက်ရယ်ရင်း.. “ အင်း.. ဒါဆို.. ကိုယ်အမြဲတမ်းသွားချင်နေတဲ့နေရာက.. ဘိုနီယို ကျွန်းလေးဆီကိုပဲ.. “ “အိုခေ”.. ကျွန်မပြန်ဖြေလိုက်တယ်။ ကျွန်မကောင်းကင်ကြီးဆီကိုမော့ကြည့်လိုက်တယ်။ ပျံသန်းဖို့ရာအတွက် သိပ်ကောင်းတဲ့ညတစ်ညပဲ.။ 

**ခေါင်ခေါင် **

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)