ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, April 14, 2013

-ဟိုဘက်ခြမ်းကသင်္ကြန် ဒီဘက်ကမ်းက သင်္ကြန်-

> Photo-JACBA(မြ၀တီမြို့ နယ် အမှတ် ၅ ရပ်ကွက်မှ မြန်မာ့ရိုးရာအကအလှမဏ္ဍပ်)
“သင်္ကြန်” ဆိုတဲ့ ရေသဘင်ပွဲတော်ကို မနွှဲပျော်လိုသူများရှိဦးမလားမဆိုတတ်။ ထိုင်း-မြန်မာနယ်စပ်၊ မဲ့ဆောက်မြို့ နဲ့ မြ၀တီမြို့ ဆိုတာက ဟိုဘက်ခြမ်းနဲ့ ဒီဘက်ကမ်းသဘောမျိုးဖြစ်လေတော့ “သောင်ရင်းမြစ်” ပဲ ခြားပြီး သင်္ကြန်ကျနေကြနေကြတာမဟုတ်ဘူးလားဗျာ။ ဒါကြောင့်လည်း ဟောဒီလို သီချင်းလေးကို ရေးဖွဲ့မိပါလေရဲ့ ဗျို့ ။

“♪♫(ဟိုဘက်ကမ်းသင်္ကြန်♪♫ ဒီဘက်ခြမ်းသင်္ကြန် ♪♫အတာပွဲပုံစံ ♪♫နွှဲပျော်နေတာအမှန်)၂
♪♫ သြော် ♪♫သင်္ကြန် ♪♫အဖော်တစ်သင်းမကျန် ♪♫ဖလား ပိုက် ကိုဆွဲ ♪♫လောင်းကြရလေ ♪♫အုံးတော့ပြန် ♪♫မရှက်ဖူး ♪♫ဆက်မူးလေတဲ့သင်္ကြန် ” ♪♫

(မြ၀တီမြို့နယ် သင်္ကြန်အကျနေ့ မြင်ကွင်း)  

(“မြ၀တီမြို့မှ ကြိုဆိုပါ၏” ဆိုတဲ့ ဆိုင်းဘုတ်အောက်က မဲဆောက်ဒေသ ဧည့်သည်တစ်ဦး)

ဇိုးမောင်မောင်နဲ့ ယမကာလုလင်တွေအတွက်ရေးဖွဲ့ထားတဲ့ သီချင်းမဟုတ်ပါ။ အလို … သောင်ရင်းမြစ်ဆိုတာကလည်း အခုလိုနွေရာသီမှာ တိမ်တိမ်ကလေးမှတကယ့်ကို တိမ်တိမ်လေးရယ်ပါ။ 

 (မက်ပ်ရေဒီယိုက အကျော်အမော်..JACBAဆရာမိုးနဲ့ ဆရာဇော်တို့ကို မဲဆောက်ဒေသသင်္ကြန်အကြိုနေ့ မြင်ကွင်းတစ်ခုမှာ ဒီလိုဒီလို)
ဒူးလောက်ပဲရှိတဲ့ ရေအနက်၊ ခြေသလုံးလောက်ပဲရှိတဲ့ရေအနက်ကနေ အပေါ်ကို လှမ်းကြည့်လိုက်ရင် ထိုင်း-မြန်မာချစ်ကြည်ရေးတံတားကြီးက ခန့်ခန့်ညားညားကြီးလေ။
ထိုင်းနိုင်ငံရောက်ရွှေ့ပြောင်းအလုပ်သမားရယ်လို့ မဲဆောက်ဒေသရောက် မြန်မာအလပ်သမားတွေကို အမည်ကင်ပွန်းတပ်ခဲ့ရင် မြန်မာပြည်ဘက်ခြမ်း (သောင်ရင်းဖြစ်ပဲ ခြားထားတဲ့) မြ၀တီမြို့နယ် ရပ်ကွက်အသီးသီးက ထိုင်းနိုင်ငံထဲဝင်ရောက်အလုပ်လုပ်ကိုင်ဖို့ ကြိုးစားနေကြသူတွေ (MOU ခေါ်စာ စောင့်ဆိုင်းနေကြသူတွေ) ကရော သင်္ကြန်ဆိုတဲ့ အတာရေသဘင်ပွဲတော်အပေါ် လွတ်လွတ်လပ်လပ်ပျော်နိုင်ကြပါရဲ့လား။ 

(ထိုင်း-မြန်မာနယ်စပ်၊ မဲ့ဆောက်မြိုက “သောင်ရင်းမြစ်” ကူး.. ဘောဂိတ် တဲ့ )

ဘယ်လိုပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် သင်္ကြန်ကို ချစ်မြတ်နိုးစိတ်၊ အတာရေသဘင်ပွဲတော်ကို ရင်ခုန်လှုပ်ရှားကြတဲ့ စိတ်ချင်းကတော့ မြန်မာပြည်ဘက်ခြမ်း (မြ၀တီမြို့ဘက်က)ရော၊ ထိုင်းနိုင်ငံဘက်ကမ်း (မဲဆောက်မြို့ဘက်က) ပါ ကိုယ်စီကိုယ်ငှ ရှိနေကြမယ်ထင်ပါရဲ့။ ရွှေ့ပြောင်းအလုပ်သမားစစ်စစ်တွေပဲဖြစ်ဖြစ် ဘ၀အမောနဲ့ သောက အပူတွေကြားက သင်္ကြန်ကိုဖြတ်ကြရတာလေ။ 

သင်္ကြန်ရယ်၊ ပိတောက်ရယ်၊ ငုဝါရယ်၊

 မုန့်လုံးရေပေါ်ရယ်၊ စိတ်နှလုံးအခြေပျော်ရယ်

 ရေပိုက်ကြီးနဲ့ထိုးတဲ့ ကောင်မလေးရယ်

ခွက်စောင်းခုတ်တဲ့ ငမူးငရူး အစုတ်ပလုတ်ရယ်။ 

ဘာပဲဖြစ်ဖြစ်ပေါ့ကွယ်
  ဒါလည်း အချစ်တစ်ချစ်ရော့ဟယ်…  (အယ်……) နွေအိပ်မက်တွေ ဖြစ်နေမလား မသိ။ 

 သောင်ရင်းနဂါး - ခံစားတင်ပြသည်။

(ထိုင်း-မြန်မာချစ်ကြည်ရေးတံတားကြီးအောက်ကသင်္ကြန်)

(ထိုင်း-မြန်မာချစ်ကြည်ရေးတံတားကြီးအောက်ကသင်္ကြန်)

 (မြ၀တီမြို့နယ်၊ ရေပူစမ်းကျေးရွာက နာမည်ကြီးရေပူသင်္ကြန်)
(သောင်ရင်းမြစ်ရေ၊ နွေးနွေးကလေးကို “ရေပူ” ရယ်လို့ သူတို့တတွေရေစိမ်နေကြတယ်လေ)
(မြ၀တီမြို့က အထင်ကရ..ပြည်တော်ဝင် ဘုန်းတော်ကြီးကျောင်းအ၀င်ဝ)
(မြ၀တီမြို့နယ် သင်္ကြန်အကျနေ့ မြင်ကွင်း)  

Photo-JACBA(မြ၀တီမြို့ နယ် အမှတ် ၅ ရပ်ကွက်မှ မြန်မာ့ရိုးရာအကအလှမဏ္ဍပ်)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)