>
(၁)
“ကိုယ့်ကို လေဆိပ်မှာ လာကြိုမှာလား မ .” မောင်က မေးတော့ အားနာတဲ့လေသံတစ်ချို့တစ်ဝက်နဲ့ ကျမပြန်ပြောမိပါတယ်..။ “မောင်ရောက်မယ့်ရက်မှာ ကျမ အားမှာမဟုတ်ဘူးမောင်ရဲ့ .. ခရီးသွားနေမှာ ..။ တကယ်လို့ မသွားဖြစ်ရင်တောင် ရန်ကုန်ထိ တစ်ယောက်တည်း လာကြိုဖို့ အိမ်က ခွင့်ပြုမှာ မဟုတ်ဘူး..။ တခြားအကြောင်းပြပြီး လာဖို့လည်း ကျမက ညာပြောတတ်တဲ့သူမဟုတ်မှန်း မောင်သိတယ်မလား..”
“မေးကြည့်တာပါကွာ.. မ မလာနိုင်ဘူးဆိုတာ ကိုယ်သိပြီးသားပါ” လို့ မောင်က စိတ်ထဲ ဘယ်လိုမှ မခံစားရသလို ပြန်ပြောပါတယ်…။ “ဒါပေမယ့် ရောက်ရောက်ချင်း မြန်မာနိုင်ငံမှာ ပထမဆုံး ကိုယ်မြင်ချင်တဲ့သူက မ ပဲ သိလား” လို့ဆိုတော့ ကျမလဲ စိတ်မကောင်းပါ ..။ တစ်ကယ်လည်း ကျမ အလုပ်မအားသလို အားတယ်ဆိုရင်တောင်မှ နယ်ကနေ ရန်ကုန်ကို တကူးတကသွားဖို့ မိဘတွေဆီက ခွင့်ပြုချက်ရမှာ မဟုတ်ဘူးဆိုတာ ကျမ သိနေပြီးသားလေ..။ မိန်းကလေးတစ်ယောက် စောင့်ထိန်းရမယ့် သိက္ခာတရားတွေ အပြည့်အ၀ စောင့်ထိန်းဖို့ .. အိနြေ္ဒသိက္ခာရှိဖို့.. ဘာသာတရားကိုင်းရှိုင်းဖို့ စသဖြင့် ယခုအရွယ်ထိ သွန်သင်ဆုံးမနေဆဲဖြစ်တဲ့ မိဘနှစ်ပါးထံမှာ သူစိမ်းယောက်ျားလေးတစ်ယောက်ကို အဝေးကြီးထိ သွားတွေ့ဖို့ဆိုတာ ဘယ်လိုမှ တောင်းဆိုဖို့ မဖြစ်နိုင်ပါ..။ “ဘာမှ မထူးဆန်းတဲ့ ကိစ္စပဲလေ မရဲ့ .. ကိုယ်က နိုင်ငံရပ်ခြားအဝေးကြီးကနေ ပြန်လာတယ်..။ အဲဒါကို ချစ်သူတစ်ယောက်အနေနဲ့ မ က လေဆိပ်မှာ နေ့ခင်းကြောင်တောင် ကိုယ့်ကို ခဏလာကြိုတယ်..။ ပြီးတာနဲ့ မ က နယ်ကို ချက်ချင်းပြန်လို့ရတယ်..။ ဒါဟာ ဖြစ်ရိုးဖြစ်စဉ်ထက်တောင်မှ ရိုးစင်းတဲ့ ကိစ္စပါ..။ ဒါပေမယ့် မ မိဘတွေအကြောင်း ကိုယ်သိနေပြီးသားဆိုတော့လည်း သူတို့ မြန်မာဆန်ဆန် ရိုးသားအေးဆေးတယ်ဆိုတာလဲ ရှင်းနေတာပါပဲလေ.. ကိုယ်နားလည်ပေးရမှာပေါ့” လို့ မောင်က ဆိုပြန်တော့ ကျမကို အမြဲနားလည်ပေးတတ်တဲ့ မောင့်ကို အားတုံ့အားနာတော့ ဖြစ်မိပါသည်..။
♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥
(၂)
မောင်နဲ့ ကျမက ချစ်သူဖြစ်ပြီးကတည်းက အပြင်မှာ တစ်ခါမှ မတွေ့ဖူးသေး..။ မောင် နိုင်ငံခြားကို မထွက်သွားခင်က သူငယ်ချင်းအဆင့်သာ ခင်မင်ခဲ့ကြပြီး ဟိုရောက်ကတည်းက အဆက်အသွယ်မပြတ်ကြပဲ အမြဲလိုလို ဖုန်းဆက်တတ်ပါသည်..။ မောင်ရောက်ပြီး ၃ လ ခန့်ရှိကတည်းက ကျမကို ချစ်ခွင့်တောင်းခဲ့ပြီး မောင်မြန်မာနိုင်ငံကို ပြန်မလာမီ ၆ လခန့်က မောင့်အချစ်ကို လက်ခံကာ ကျမတို့နှစ်ယောက် ချစ်သူတွေ ဖြစ်ခဲ့ကြသည်..။ ကျမထက် တစ်နှစ်ခန့်ငယ်သော မောင့်ကို ကျမက ‘မောင်’ လို့ ခေါ်ပြီး ကိုယ့်ကိုယ်ကိုတော့ ‘မ’ လို့ မသုံးတတ်သဖြင့် အရင်သုံးနေကျအတိုင်း ‘ကျမ’ ဟုသာ ပြောမြဲပြောဖြစ်ခဲ့သည်..။ ကျမက မောင်ဟုခေါ်သော မောင်ကတော့ သူ့ကိုယ်သူ ‘ကိုယ်’ ဟုသာ သုံးနှုန်းပြီး ကျမကိုတော့ အရင်က နာမည်ခေါ်နေကျဖြစ်သော်လည်း ချစ်သူဖြစ်ပြီးကတည်းက ‘မ’ ဟုပြောင်းလဲခေါ်ဝေါ်ခဲ့ပါသည်..။ “အဲဒီလိုဆိုတော့ ကျမတို့နှစ်ယောက်ကြားမှာ နာမ်စားက လေးလုံးတောင်ရှိတယ်နော်” ဟု ကျမဆိုတော့ မောင်က သဘောတကျ ရယ်မောကာ “ဒီချစ်သူတစ်ယောက်ပဲရှိတာ သုံးချင်တဲ့ နာမ်စားတွေ ကြိုက်သလောက်သာ သုံးစမ်းပါကွာ” ဟု ပြန်ပြောတတ်သေးသည်…။
မောင်သွားခဲ့တဲ့ ၂ နှစ်ခွဲလောက်အတွင်း မောင့်ကို သေချာမမြင်ဖြစ်တော့ ..။ skype က ပြောဖို့လဲ မကောင်းတဲ့ connection နှင့် မအားလပ်သော ကျမတို့နှစ်ယောက်၏ ရှားပါးလှသော အချိန်များကြားမှာ ကျမဖုန်းကို မောင်အားတဲ့အချိန်ဆက်ခြင်းဖြင့်သာ ချစ်သူနှစ်ဦး အချစ်လမ်းကို အဆက်မပြတ် ဆက်လျှောက်နေဖြစ်ခဲ့ကြသည်..။
ပြန်တွေ့ကြတော့မှာဆိုတဲ့ အသိနဲ့ ကျမ တော်တော်စိတ်လှုပ်ရှားနေမိသည်..။ မောင် ဘာတွေများ ပြောင်းလဲသွားပြီလဲ .. ၀ လာသလား ပိန်သွားသလား.. မောင်ပြောတော့ အသားတွေ ပိုဖြူလာသည်တဲ့ ..။ “နေရောင်ရှားပါးတဲ့အရပ်မှာ အကြာကြီးနေလာရတော့လည်း မောင် အသားတွေတော့ ပိုဖြူလာမှာပေါ့” လို့ ကျမဆိုတော့ “မ က တော့ နေပူထဲသွားလာလှုပ်ရှားနေရတာနဲ့ ကုလားမလေးလို မည်းမည်းသဲသဲလေးဖြစ်နေလောက်ပြီ” ဟု မောင်က စလျှင် ကျမက မခံချင်ပါ..။ “sun cream တွေ အမြဲတမ်းသုံးတယ် သိလား” ဟု ပြန်ပြောတော့ “အရင်က အလှအပစိတ်မ၀င်စားပဲနဲ့ ချစ်သူရှိမှ တော်တော်လှချင်လာတယ်ပေါ့” ဟု ကျမရှက်အောင် စနောက်နေတတ်သေးသည်..။
♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥
(၃)
ဒီလိုနဲ့ပဲ ခုတော့ မောင် မြန်မာပြည်ကို ပြန်ရောက်လာတော့မည်..။ မောင်ရောက်တဲ့နေ့မှာ ကျမက လေဆိပ်မှာ သွားမကြိုနိုင်ရုံမက ဖုန်းဆက်နိုင်မည့်နေရာမျိုးမှာတောင် ရှိနေမှာမဟုတ်..။ အလုပ်ကိစ္စနဲ့ တောကျသည့် ရွာလေးတွေဘက် ကျမရောက်နေမှာ..။ လူမမြင်ရရင်တောင် အသံလေးတစ်ချက် ချက်ချင်းကြားစေအောင် မောင့်အတွက် ကျမ ဖန်တီးမပေးနိုင်သဖြင့် စိတ်တော့ မကောင်းလှပါ..။ ကျမကို မောင်နားလည်ပေးပေါင်းများပြီမှန်း ကျမ သေချာသိပါသည်..။ တစ်ယောက်နဲ့တစ်ယောက် ကမ္ဘာ့ကြီး၏ အရှေ့နှင့်အနောက်ဝေးနေစဉ်ကလဲ ဖုန်းဖြင့်သာ ဆက်သွယ်နေစဉ် မောင်ဖုန်းဆက်တိုင်း အေးအေးဆေးဆေးပြောဖြစ်သော အချိန်က နည်းသည်..။ ကျမ၏ အလုပ်တာဝန်တွေကြားမှာ တခါတလေ မောင်ဖုန်းဆက်နေတာကို မသိကျိုးကျွန်ပြုမိတာတွေရှိသလို အင်တာနက်ဆိုင်သွားပြီးလည်း vzo ဆိုတာတွေလည်း မပြောဖြစ်ခဲ့..။ အဲဒီလို အခြေအနေတွေကြားမှာ အဆက်အသွယ်မပြတ်စေပဲ အချစ်တွေ ရှင်သန်လာအောင် အမြဲကြိုးစားတတ်တဲ့ မောင့်ကို ကျေးဇူးတင်ကြောင်းတော့ ပြောချင်လှပါသည်..။
♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥
(၄)
“ဒီရွာလေးမှာ ဖုန်းလိုင်းမိတဲ့ တနေရာရှိတယ် မမရဲ့ .. အဲဒီနေရာကိုသွားပြီးတော့ စိတ်ရှည်ရှည်သုံးရင် သုံးလို့ရတယ်” ဟု ဂျူနီယာမောင်လေးတစ်ယောက်ကပြောတော့လည်း တာဝန်က တစ်ဖက်ဖို့ ကျမ မကြိုးစားမိပြန်..။ ဒီလိုနဲ့ပဲ မောင် မြန်မာပြည်ကို ပြန်ရောက်နေတာ တစ်ပတ်ပြည့်ချိန်ထိ ကျမတို့နှစ်ယောက် ဖုန်းနဲ့တောင် စကားမပြောဖြစ်ကြသေး..။
တစ်ရက်တော့ ရေအမြန်ချိုးကာ ထမင်းမစားသေးပဲ ဖုန်းလိုင်းမိသည်ဆိုသည့် ထိုနေရာလေးသို့ မျှော်လင့်ချက်တစ်ပွေ့တစ်ပိုက်ဖြင့် ကျမသွားဖြစ်ခဲ့သည်..။ ကြက်ခြေခတ်ပုံပြလိုက် .. ဖုန်းလိုင်းသေးသေးလေး မိလာလိုက် စသည့် connection ကြားမှာ ၅ ခါလောက်ခေါ်တော့ ကံကောင်းထောက်မစွာဖြင့် မောင့်ဖုန်းကို ခေါ်လို့ရသွားပါသည်…။ “ကိုယ်ဝမ်းသာလိုက်တာကွာ.. ခုတော့ မ နဲ့ဆက်သွယ်လို့ရပြီ..။ ရောက်ကတည်းက မ ဖုန်းကို နေ့တိုင်းခေါ်တယ် .. ဖုန်းပိတ်ထားတယ်ချည်းပဲ ပြောနေတာ..။ ထင်တောင်မထင်မိဘူး.. မ ဖုန်းဆက်လာလိမ့်မယ်ဆိုတာကို” လို့ မောင်ပြောတော့ ကျမ ၀မ်းနည်းမိပါသည်..။ ကျမက ဘာကြောင့် ဒီလို အလုပ်တာဝန်တွေ.. လေ့လာစရာတွေနဲ့ အမြဲ မအားမလပ်ဖြစ်နေရတာလဲ .. အလှအပဆိုတာကို စိတ်ကူးထဲမထည့်မိအောင် မိန်းကလေးတန်မဲ့ ကိုယ့်ကိုယ်ကို လှအောင်ပြင်ဆင်ဖို့ အချိန်မပေးချင်တတ်တဲ့သူတစ်ယောက်ဖြစ်နေရတာလဲ..။
ချစ်သူအပေါ်ကို အချိန်ပေးပြီး ခရာတာတာတွေပြောဖို့ .. ကြင်ကြင်နာနာစကားတွေပြောဖို့ အချိန်တွေရှားပါးနေရတာလဲလို့ ကိုယ့်ကိုယ်ကို ပြန်မေးခွန်းထုတ်မိတော့ ရိုးရိုးရှင်းရှင်းပဲ ပြောရလျှင် ဒါကို လောဘဟုခေါင်းစဉ်တပ်နိုင်ပါလိမ့်မည်..။ ဟုတ်တယ်.. အောင်မြင်ချင်တဲ့ လောဘ.. အစိုးမရတဲ့ လောကကြီးထဲမှာ ကိုယ်တိုင်ရပ်တည်ချင်တဲ့လောဘ.. မိဘတွေဂုဏ်ယူနိုင်အောင် အရာရှိတစ်ယောက် ပညာတတ်မိန်းမတစ်ယောက်ဖြစ်ချင်တဲ့ လောဘတွေပဲလေ..။ ကံကောင်းစွာဖြင့် ဒီလောဘတွေကို နားလည်ပေးနိုင်သည့် ချစ်သူတစ်ယောက်ကို ခုချိန်ထိ ပိုင်ဆိုင်ထားတဲ့အတွက် ကံတရားမျက်နှာသာပေးမှုကိုတော့ ကျေးဇူးတင်မိပါသည်..။
“အဲဒီနေရာကို မောင်လိုက်လာမယ်ကွာ.. ဘယ်လိုလာရမယ်ဆိုတာသာပြောတော့.. ။ ကိုယ် မ ကို အရမ်းတွေ့ချင်နေပြီကွ” လို့မောင်ပြောတော့.. “အရမ်းခေါင်တယ် မောင်ရဲ့. ဒီကိုလာဖို့ ကားလည်း မရှိဘူး.. ကျမတို့တောင်မှပဲ လမ်းကြမ်းကြမ်းကြီးကို ဆိုင်ကယ်တွေနဲ့ လာရတာ.. ။ မောင် မလာနေနဲ့နော်.. ကျမ အိမ်ပြန်ရောက်မှ ကျမမြို့ကိုသာ မောင် လာခဲ့သိလား. ကျမ ပြန်တော့မှာပါ” လို့ နှစ်သိမ့်စကားဆိုတော့ မောင်က တွေ့ချင်စိတ်ကို မျိုသိပ်ထားရတဲ့ ခံစားချက်နဲ့ စိတ်မကောင်းသလို သက်ပြင်းတစ်ချက်ချပြန်တယ်..။ ဖွင့်မပြောဖြစ်လို့ပါမောင်.. ကျမကလည်း မောင့်ကို အရမ်းတွေ့ချင်ပြီး မျက်နှာချင်းဆိုင်လို့ စကားတွေ အများကြီး ပြောချင်နေမိသူပါ.. ပျက်ကွက်တဲ့သူတစ်ယောက်အနေနဲ့ ကျမက ပိုခံစားရသူပါ..။ ချစ်တယ်ဆိုတဲ့ စကားလုံးကို အမြဲတမ်းမပြောဖြစ်ပေမယ့် … ကျမရင်ထဲမှာ တစ်ယောက်တည်းသော လေးလေးနက်နက်ချစ်မိသူဟာ မောင်ပါ .. တနေ့တော့ မောင့်ကို ကျမ ဘယ်လောက်ထိချစ်ကြောင်း ပြောပြဖို့ သတ္တိတွေ အပြည့်ရှိလာပါလိမ့်မည်ဟု ကျမဘာသာ နှစ်သိမ့်နေမိပြန်သည်..။
♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥
(၅)
“ကိုယ်ရောက်မယ့် ကားဂိတ်မှာ ကြိုစောင့်နေနော်.. တခါမှမရောက်ဖူးတော့ ကိုယ်တစ်ယောက်တည်း သွားတတ်မှာမဟုတ်ဘူး” လို့ ရန်ကုန်ကနေ ကားစထွက်တော့ မောင်က ဖုန်းဆက်လာသည်..။ ဒီမြို့သေးသေးလေးကို မောင်အလည်လာမည်ဆိုတော့ ကြည်နူးမှုနှင့်အတူ စိတ်လှုပ်ရှားရင်ခုန်နေပြန်ပါသည်..။ ချစ်သူဖြစ်ပြီးသည့်နောက် ပထမဆုံးတွေ့ကြ စကားတွေပြောကြမည့်အချိန်မှာ ကျမ တော်တော်ရှက်နေလေမလား.. စကားတောင် ပြောရဲပါ့မလား စသဖြင့်လည်း စိုးရိမ်နေမိပြန်သည်…။ စာအုပ်တွေအများကြီးမထည့်ချင်တာနဲ့ပဲ ကိုင်နေကျ Tab ထဲမှာ E-book တွေပြောင်းထည့်ရင်း မောင့်ကိုစောင့်နေချိန် အကျိုးရှိအောင် ဖတ်ဖို့စာတွေ စီစဉ်နေမိသည်..။ အ၀တ်အစားကို ဘယ်လိုလှလှလေးဝတ်သွားရမလဲ စဉ်းစားမိတော့ မဖြစ်စဖူး ဒီတစ်ကြိမ်တော့ မိန်းကလေးပီပီလှချင်လာတာ အချစ်ကြောင့်ပဲဖြစ်နေလေမလား။ မိန်းကလေးဆန်ဆန်လှလှပပအ၀တ်အစားမျိုးတွေမရှိသဖြင့် ညီမလေးဆီမှ ယူဝတ်ကြည့်သော်လည်း ၀တ်နေကျမဟုတ်သဖြင့် မနေတတ်ပြန်..။ ဒါနဲ့ပဲ နောက်ဆုံးတော့ အမြဲဝတ်နေကျပုံစံအတိုင်း ဂျင်းဘောင်းဘီအပြာဖျောဖျော့တစ်ထည်နှင့် ရှေ့ဘက်မှာ ကာတွန်းရုပ်လေးများပါသော အစိမ်းရောင် တီရှပ်တစ်ထည်သာ..။ ဘေးလွယ်အိတ်သေးသေးတစ်လုံးထဲမှာ tab တစ်ခု ပိုက်ဆံအိတ်တစ်လုံး နားကြပ်တစ်ခု ထည့်ကာ ဆိုင်ကယ်တစ်စီးဖြင့် မောင်ရောက်လာမည့် ကားဂိတ်သို့ တစ်ယောက်တည်း ထွက်လာခဲ့သည်…။
ကားဂိတ်မှာ အသိတစ်ယောက်နှင့်တွေ့တော့ ချစ်သူကို လာကြိုတာဖြစ်သဖြင့် ဘာမှမမေးပဲနှင့် ကျမ အနည်းငယ်ရှက်ရွံ့နေမိပြန်သည်…။ ဘ၀မှာ ဒါပထမဆုံးအတွေ့အကြုံပဲ ….။ သူစိမ်းယောက်ျားလေးတစ်ယောက်ကို ချစ်သည်ဟု အဖြေပေးကာ ဘ၀ထဲကို ၀င်လာဖို့ ခွင့်ပြုခဲ့သလို အဲဒီနေ့ကစလို့ ကျမဘ၀ရဲ့ နေ့ရက်တွေတိုင်းမှာ မောင် ပါဝင်လာခဲ့တာပဲ….။ ကျမရဲ့အလုပ်တွေကို မောင့်ကို တခါတလေ ဖွင့်ဟပြောဆိုမိတိုင်း ပိုကောင်းဖို့အကြံညဏ်တွေပေးတတ်တာ.. သတ္တိတွေပိုရှိလာစေဖို့ စိတ်ဓါတ်မကျဖို့ စကားလုံးတွေနဲ့ ခွန်အားတွေပေးဖြစ်ခဲ့ပေမယ့် ကျမကတော့ မောင့်ကို သိပ်ဂရုမစိုက်ဖြစ်ခဲ့…။
မောင်နဲ့တွေ့မှ မောင့်မျက်လုံးတွေထဲက အချစ်တွေကို ဖတ်ကြည့်ရဦးမည်ဟု တွေးရင်း ရသည့်အချိန်လေးအတွင်းမှာ ကားဂိတ်ထဲ စာဖတ်နေခဲ့တာ ကျမပဲလေ..။ ဘေးပတ်ဝန်းကျင်မှ သွားလာလှုပ်ရှားနေတဲ့အသံတွေ ဈေးသည်လေးတွေရဲ့ တစာစာအော်ရောင်းနေသံတွေကို ဂရုမပြုမိပဲ စာထဲပဲ အာရုံရောက်နေဆဲ ကျမခေါင်းပေါ်သို့ လက်တစ်ဖက်ရောက်လာခဲ့သည်…။ မောင်ရောက်လာလို့ မောင့်ကိုမြင်တာနဲ့ ချက်ချင်းပြေးသွားကာ အပြုံးတွေနဲ့ မောင့်လက်တစ်ဖက်ကို ဆွဲကိုင်လို့ ဆီးကြိုမည်ဟု တွေးထားမိသမျှ စာထဲ စိတ်ရောက်နေသဖြင့် မောင်ရောက်နေတာ သတိမထားမိလိုက်…။
♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥
(၆)
“ဒီပုံစံဟာ မ ပဲလေ. အမြဲလိုလို စာဖတ်နေတတ်တယ်.. ကိုယ်လုပ်နေတဲ့အလုပ်မှာပဲ အာရုံစိုက်ပြီး ဘေးပတ်ဝန်းကျင်ကိုမသိ .. တစ်ကမ္ဘာလုံးမှာ ကိုယ်တစ်ယောက်တည်း ရှိနေသလို ထင်နေတတ်တာ ကိုယ့်ချစ်သူပဲပေါ့ ..” လို့ မောင်က ကျမခေါင်းကို ခပ်ဖွဖွထုရင်း ပြောလာတော့ အသားတွေပိုဖြူလာပြီး အရင်ထက် ပိုချောလာတဲ့မောင့်ကို တအံ့တသြငေးကြည့်နေမိပြန်တယ်..။ “လာ.. သွားမယ်” ဆိုပြီး မောင်က ခေါ်လိုက်မှ လက်ရှိအချိန်ထဲ အသိပြန်ဝင်လာ ကျမ မောင့်ကို ကြည့်ရင်း “ပျော်လိုက်တာ” လို့ ပြောမိတယ်…။
ဟုတ်တယ်… တကယ်ပါ.. အကြာကြီးဝေးနေကြတဲ့ ချစ်သူနှစ်ယောက် ပြန်ဆုံတွေ့ကြတဲ့တစ်နေ့ဆိုတာ ချစ်သက်တမ်းတစ်လျှောက်မှာတော့ ဘယ်လိုမှ မေ့မရတဲ့ နေ့စွဲတစ်ခုပဲပေါ့….။ အကွာအဝေးကို လျစ်လျူရှုပြီး ဝေးနေချိန်တွေမှာ အချစ်တွေကို ရှင်သန်နေအောင် အမြဲဖန်တီးပေးတတ်တဲ့ မောင့်လို ချစ်သူတစ်ယောက်ကို မျက်နှာချင်းဆိုင်လို့ “အရမ်းချစ်တယ်” ဆိုတဲ့ စကားကို ရင်ထဲက လှိုက်လှိုက်လှဲလှဲပြောဖို့ ကျမ နှုတ်က ဆွံ့အမနေသင့်ဘူးလေ…။
♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥ ♥
Posted by Sweety Snow

Friday, April 19, 2013
Subscribe to:
Post Comments (Atom)
Total Pageviews
Labels
ပညာပေး
(1488)
ကာတွန်းဟာသ
(1343)
ဟာသ
(899)
ဆောင်းပါး
(822)
ကဗျာ
(777)
သတင်း
(533)
.ဆောင်းပါး
(512)
အက်ဆေး/၀တ္ထုတို
(504)
ကြော်ငြာ
(432)
နိုင်ငံတကာထူးခြားသတင်း
(388)
ပညာပေး...
(326)
နိုင်ငံတကာ ထူးခြားသတင်း
(321)
ကဗျာ
(279)
နိုင်ငံတကာအခြားသတင်း..
(253)
ကဗျာ…
(228)
ပုံပြင်
(220)
ဆောင်းပါး….
(203)
အက်ဆေး
(191)
ဘောလုံးဟာသ...။
(156)
သဘောထားအမြင်
(149)
Cartoon
(145)
သတင်း....
(139)
ကဗျာ...
(136)
ကဗျာ.....
(132)
ပညာပေး..
(131)
နိုင်ငံတကာ အခြားသတင်း..
(123)
ပြည်တွင်းသတင်း
(118)
သတင်း..။
(114)
သတင်းတို
(111)
သရော်စာ…
(106)
ဝတ္ထုတို
(105)
ဝတ္ထုတို
(95)
ဓါတ်ပုံသတင်း
(81)
သတင်း..
(79)
ပေးစာ
(79)
ဘာသာပြန် ဝတ္ထုတို
(75)
ဓာတ်ပုံသတင်း
(72)
ကာတွန်း
(64)
ဓာတ်ပုံသတင်း..။
(64)
သရော်စာ
(64)
နိုင်ငံတကာ အခြားသတင်း
(60)
ဓာတ်ပုံသတင်း..
(54)
မေတ္တာစာ
(54)
အောက်မေ့ဘွယ်စာလွှာ
(53)
သတင်း.
(47)
ဘာသာပြန်အက်ဆေး
(46)
်ပုံပြင်
(45)
ကာတွန်းဟာသ-
(44)
ဘောလုံးဟာသ...
(44)
နိုင်ငံတကာအခြားသတင်း
(43)
-ကာတွန်းဟာသ
(40)
နိင်ငံတကာ အခြားသတင်း
(39)
ကဗျာ.
(37)
သတင်းဆောင်းပါး
(36)
News
(35)
ကာတွန်း ဟာသ
(34)
ပညာပေး)
(33)
ကဗျာ(ဟာသ)
(32)
ဟာသကဗျာ
(32)
အောင်မြင်ရေးဒဿန
(30)
xပညာပေး)
(29)
ကြေညာချက်
(28)
ရုပ်သံ သတင်း
(25)
ဂျာနယ်
(24)
TV
(23)
နိုင်ငံတကာ အခြားသတင်း.
(23)
ဘာသာပြန်ဆောင်းပါး
(20)
ရင်ဖွင့်သံ
(19)
သရဲဇာတ်လမ်း
(19)
်ပုံင်္ပြင်
(18)
ထုတ်ပြန်ချက်
(14)
ဓာတ်ပုံ
(13)
ဘာသာပြန်ပုံပြင်
(13)
ဓာတ်ပုံသတင်း
(12)
သတင်းဓါတ်ပုံ
(12)
သီချင်း
(12)
အင်တာဗျူး
(12)
အတွေးအမြင်
(12)
ဓာတ်ပုံသတင်း.
(11)
ပုံင်္ပြင်
(11)
အယ်ဒီတာ့ထံပေးစာ
(11)
ဥာဏ်စမ်း
(11)
Photo News
(10)
poem
(10)
ဂျာနယ်
(10)
ဟာသအက်ဆေး
(10)
(ကျန်းမာရေး ပညာပေး)
(9)
.
(9)
x ပညာပေး)
(9)
ဘာသာပြန်
(9)
The Article
(8)
ခရီးသွား.ဆောင်းပါး
(8)
နိုင်ငံတကာအခြားသတင်း
(8)
ဘာသာရေးဆောင်းပါး
(8)
သတင်း.ဆောင်းပါး
(8)
ဗေဒင်
(8)
သတင်းတို.
(7)
ဟာသ ဝတ္ထုတို
(7)
တဘောင်
(6)
ကှဗျာ
(5)
နိုင်ငံထူးခြားသတင်း
(5)
ဘာသာရေး၊ဓမ္မပုံပြင်
(5)
မိန့်ခွန်း
(5)
သမိုင်းစကား၊ ပန်းစကား
(5)
ဟာသ ဓာတ်ပုံ
(5)
အားကစားသတင်း
(5)
song
(4)
ကာတွန်းဟာသ
(4)
စကားပုံ
(4)
ထူးခြားသတင်း
(4)
ပညာပေ;
(4)
သတင်း.တို.
(4)
သရော်စာ
(4)
ဟာသ-
(4)
်ဆောင်းပါး
(4)
-ကာတွန်းဟာသ-
(3)
interview
(3)
ထုပ်ပြန်ချက်
(3)
ဓမ္မဒါန
(3)
ဓါတ်ပုံအက်ဆေး
(3)
ဓာတ်ပုံအက်ဆေး
(3)
ပညာပေ
(3)
ဖိတ်စာ
(3)
ရုပ်သံ
(3)
သတင်း.တို.။
(3)
ဟာသ အင်တာဗျူး
(3)
ဟာသ.
(3)
အင်တာဗျူးး
(3)
အတိုဆုံးဝတ္ထုတို
(3)
အယ်ဒီတာ့အာဘော်
(3)
ဘောလုံးဟာသ.
(3)
(ဟာသ)
(2)
By....meepyatite
(2)
Statement
(2)
Story
(2)
With Best Regards
(2)
aဆာင်းပါ
(2)
ကန်တော့ချိုး
(2)
ကျန်းမာရေး ပညာပေး
(2)
ဇာတ်လမ်းတို
(2)
ပန်းချီ
(2)
ပုံပြင်
(2)
ဘာသာပြန်ကဗျာ
(2)
ရုပ်ပုံအတွေး
(2)
ဟာသပုံပြင်
(2)
အစီရင်ခံစာ
(2)
အမှတ်တရ
(2)
အတွေး
(2)
ဦးဦး မှော်ဆရာ
(2)
ဆောင်းပါ
(2)
ပြဇာတ်
(2)
(xပညာပေး)
(1)
(ပညာပေး)
(1)
)
(1)
....
(1)
2010 at 11:22pm
(1)
=နိုင်ငံတကာ အားကစားသတင်းများ
(1)
Announce
(1)
By: Sara Yin (ကျန်းမာရေး ပညာပေး)
(1)
By; Silver Moon အင်တာဗျူး
(1)
General Knowledge
(1)
Joke
(1)
Photo Essay
(1)
Thanks
(1)
aဆာင်းပါး
(1)
khana.na155 ကဗျာ
(1)
minkonaing
(1)
ကဗျာ(
(1)
ကဗျာ… By..Blue gyee
(1)
ကာတွန်းဟာသ <br /> <br />
(1)
ကိုယ်တိုင်ရေးကဗျာ သီဟသူ
(1)
ခရီးသွားဆာင်းပါး
(1)
ခရီးသွားဆောင်းပါး
(1)
စကား
(1)
စကားပုံ
(1)
စာစု
(1)
စိုးမိုးကျော် (ဟာသ)
(1)
ဆက်သွယ်ရန်
(1)
ဓါတ်ပုံအက်ဆေး
(1)
ဓာတ်ပုံအက်ဆေး
(1)
ဓာတ်ပုံအတွေး
(1)
နူတ်ခွန်းဆက်လွှာ
(1)
ပ
(1)
ပညာပေ;း
(1)
မိန့်ခွန်း
(1)
ရုပ်ရှင်
(1)
သတင်း နှင့်ဟာသ
(1)
သတင်း.တို
(1)
သတင်းကဗျာ
(1)
သတင်းသီချင်း
(1)
သရော်ကဗျာ
(1)
ဟသ
(1)
ဟာသအင်တာဗျူး
(1)
ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း
(1)
အဆိုအမိန့်
(1)
အထ္ထုပ္ပတ္တိ)
(1)
အားကစားသတင်းများ
(1)
အခြားသတင်း
(1)
ဦးဦး မှော်ဆရာ ပညာပေး..
(1)
ုပုံပြင်
(1)
ဆောင်းပါ;
(1)
ပေးပို့ သူ .. စိုးမိုးကျော် ဟာသ
(1)
ပေးပို့ သူ...သက်နိုင် ကဗျာ…
(1)
ပေးပို့ သူ…greenleave
(1)
်ပုံပြင်
(1)
ွ
(1)
ရုပ်သံ
(1)
• Posted by thant zin htwe on နိုဝင်ဘာ 19
(1)
….
(1)
No comments:
Post a Comment