ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, April 28, 2013

-တောရွာကိုပဲ လွမ်းနေမိပါသည်-

> (Photo-နေပြည်တော် (ပျဉ်းမနား) မြို့နယ်ရှိ လမ်းပျဉ်းမနားအရပ်)
ကိုကိုသည် ရန်ကုန်မြို့မှမွေး၍ နေပြည်တော် (ပျဉ်းမနား) မြို့နယ်ရှိ လမ်းပျဉ်းမနားအရပ်၌ ကြီးပြင်းခဲ့သော မြို့တစ်ပိုင်း၊ တောတစ်ပိုင်း ဇာတိသားဖြစ်ပါသည်။ သို့ဖြစ်၍ ဘယ်ရောက်ရောက်၊ ဘယ်ပေါက်ပေါက်နေပါစေ တောရပ်ဒေသကို အလွမ်းစိတ်ဖြစ်တည်နေရပါ၏။

အပိုဒ် ၁။ ။ “မြို့ကြီးပြကြီး xx မနီးတဲ့ xx တောရပ်ဌာနေ xx တောရပ်ဌာနေမှ xx အဲဒီကစ xx လူဖြစ်ရတဲ့ xx ကိုယ့်ဘ၀မှာလေ xx ကိုယ့်အသက်အရွယ် xx ၅နှစ်ကျော် xx ၁၀ နှစ်အတွင်း xx အဖော်တွေများနဲ့ xx ကစားခဲ့ကြပျော်ပျော်ရွှင် xx မမေ့နိုင်ဘူးအစဉ် xx ကိုယ့်ဇာတိမြေ xx တောရပ်ရွာကိုပင် xxx”

အပိုဒ် ၂။ ။ “တစစနဲ့ xx ကိုယ့်ဘ၀မှာလေ xx အရွယ်ရောက်လို့ xx လာပြန်တော့ xx တောရွာမှာ xx ပျော်ပေမယ့်လည်း xx တောရာမှာမနေ xx ပျော်ရာမှာနေရမယ်လို့ xx လုံမေများကို xx တစ်နေ့တစ်ရက်မှ xx မမေ့နိုင်ပါအစဉ် xx မမေ့နိုင်ပါ အစဉ် xx တောမှာဆွေမျိုးသားချင်း xx လယ်ဆင်းကြတဲ့ xx သူတွေပင် xx တောသူလုံမေတစ်သင်း xx သူငယ်ချင်းအပေါင်းအသင်း xx¬ ကိုယ်မမေ့တာယုံစေချင် xx ကိုယ်အခွင့်သာခဲ့ရင် xx တစ်ခေါက်တစ်ခါ xx အရောက်လာဘို့သာပြင် xx ”

 တောရပ်ရွာ နေပြည်တော် ပျဉ်းမနားမြို့ လမ်းပျဉ်းမနားအရပ်ြပူတွင်းကျေးရွာ၌ ကိုကို နံရံလေးဘက်ဘေးတွင် နေရစဉ်က ကွယ်လွန်သွားရသော အမေကြီး ဒေါ်အေးခင်၊ ကိုကို ထိုင်း- မြန်မာနယ်စပ်သို့ ထွက်ပြေးချိန်၌ ကွယ်လွန်သွားရသော မွေးစားမိခင်ဒေါ်သန်း၊ အချစ်ဆုံးညီမငယ်လေး စောသစ္စာလွင်တို့သည် သင်္ချိုင်းမြေတစ်နေရာ၌ ကိုယ်စီကိုယ်ငှရှိနေကြသည်။

ကိုကိုမြန်မာပြည် (၀ါ) တောရပ်ရွာသို့ မပြန်ချင်သော အကြောင်းရပ်တစ်ခုမှာ ကိုကို၏ ဘ၀တွင် အချစ်မြတ်နိုးဆုံးဖြစ်သော ညီမငယ်လေးနှင့် မွေးစားမိခင်၊ အဖွားတို့ကိုသာမက ရန်ကုန်မြို့ သန်လျင်မြို့နယ် သင်္ချိုင်းမြေတစ်နေရာ၌ ရှိသော ကျေးဇူးရှင်ဖခင်ကြီးတို့ကို တသသ လွမ်းနေရမှာ၊ ကြေကွဲနေရမှာ စိုးသောကြောင့်ဖြစ်သည်။ ဘယ်လိုပဲဖြစ်ဖြစ် ၁၀ နှစ်ခန့် ဝေးကွာခဲ့ရသော၊ ထိုင်းနိုင်ငံမဲဆောက်မြို့၏တစ်ဘက်ခြမ်း မြ၀တီမြို့နယ်နှင့် ကောကရိတ်မြို့နယ်ဧရိယာ များသို့ ကိုကိုတစ်ယောက်ရောက်ရှိလေတိုင်း မျက်လုံးထဲဝယ် ပြာကနဲ ပြာကနဲ ဖြစ်ရလေသည့် စိတ်ခံစားချက်အချို့သည် ယနေ့အချိန်မှစ၍ ၁၀ ရက်တာ မြန်မာပြည်ခရီးစဉ်အတွင်း တကွက်ချင်း တချက်ချင်း ကြေကွဲရတော့မည်မှာ သေချာနေပါသည်။

အို.... လွမ်းပါလေတော့ နွေတကျော့

အို.... ပြေပါစေတော့ ကြွေတမော့

 အို.... နေပါစေတော့ လေတနော့ ... ။

 **(ကိုကိုရန်ကုန်တက္ကသိုလ်)**

(Photo-နေပြည်တော် (ပျဉ်းမနား) မြို့နယ်ရှိ လမ်းပျဉ်းမနားအရပ်)

1 comment:

thein said...

“မြို့ကြီးပြကြီး xx မနီးတဲ့ xx တောရပ်ဌာနေ xx တောရပ်ဌာနေမှ xx အဲဒီကစ xx လူဖြစ်ရတဲ့ xx ကိုယ့်ဘ၀မှာလေ xx ကိုယ့်အသက်အရွယ် xx ၅နှစ်ကျော် xx ၁၀ နှစ်အတွင်း xx အဖော်တွေများနဲ့ xx ကစားခဲ့ကြပျော်ပျော်ရွှင် xx မမေ့နိုင်ဘူးအစဉ် xx ကိုယ့်ဇာတိမြေ xx တောရပ်ရွာကိုပင်

သီချင်းခေါင်းစဉ်နဲ့ အဆိုတော်နာမည်လေးပြောပါဦးဗျ

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)