>
ရန်ကုန်မြို့မှာ ကုန်တင်ကုန်ချအလုပ်ကို လုပ်ကိုင်သော လူတစ်ဦးက “ကျုပ်ဘ၀ကတော့ ဠင်းတ (လဒ) ဖြစ်ပါပြီဗျာ။ လဒဖြစ်မယ့်အတူတူ ရန်ကုန်မြို့မှာ မနေတော့ဘူး။ ရန်ကုန်တဖက်ကမ်း ဒလ ဘက်ကို ပြောင်းနေလိုက်ပြီ…။
”
ခိုးဆိုးလုယက်မှုများဖြင့် အင်းစိန်ထောင်အပါအ၀င် နာမည်ကြီး အကျဉ်းထောင်များ၌ နေထိုင်ရပ်တည်ဖူးသော ရာဇ၀င်လူဆိုးတို့ လောကတွင်လည်း ဘ၀ကို ဤသို့ဖွင့်ဆိုကြပြန်ပါသည်။ ရာဇ၀င်လူဆိုးသူခိုးတို့၏ လက်မောင်းတွင်ဖြစ်စေ၊ ရင်ဘတ်တနေရာတွင်ဖြစ်စေ ဤစာတမ်းကို တွေ့ရပြန်ပါသည်။
“၁၁၀ ကို ပုံသေမတွက်နဲ့” တဲ့။မုန်တာပေါ့။၁၀၉-၁၁၀ဆိုတာဘယ်လိုလုပ်ပြီး
ပုံသေတွက်လို့ ရမှာတုန်း။
“ဘ၀” ဟူသော စာသားကို ဆေးမှင်ရေးခြယ်ရာ၌ ပြတ်တောင်း၊ ပြတ်တောင်းဖြစ်နေ၍ ဤအဓိပ္ပါယ်ထွက်ရပါသည်။
ဆရာကြီးတက္ကသိုလ်ဘုန်းနိုင်၏ နာမည်ကြီးဝတ္ထုတစ်ခုဖြစ်သော “သူငယ်ချင်းလို့ ပဲ ဆက်၍ခေါ်မည်ခိုင်” တွင်မူ… ….. ...................................
“ဘ၀ကိုမူ သစ်ရွက်နှင့် ပမာပုံခိုင်းနှိုင်းစတမ်းဆိုပါလျှင် ရိုးတံငယ်လွှာ၊ တစ်ဆယ်မက၊ ကြွယ်လှသည့် စိန်ပန်းရွက်လိုဘ၀မျိုးလည်းရှိသည်။ ရိုးတံငယ်ညှာ တစ်လွှာတွင် တရွက်မည်သော ညောင်ရွက်လို ဘ၀မျိုးလည်းရှိသည်။
ခိုင်နှင့်ကျနော် ဘ၀မှာမူ နှစ်လွှာပေါင်းမှ တစ်ရွက်ဖြစ်ရမည့်ညောင်ရွက်ပမာဖြစ်ခဲ့ရ သည်။ တညှာမှာ ကြွေလွင့်ပြီမို့ တစ်ရွက်မမည်သော အထီးကျန်ဤဘ၀၀ယ်…။”
ဤ၀တ္ထုကိုဖတ်ပြီး စိတ်ပိန်လိုက်တာ လွန်ပါရောဗျို့။ ဖတ်ပြီးခဏမှာပင်စိတ်နှလုံး ညှိုးချိုးပြီးသကာလ၊ ရင်ဘတ်တစ်ခုလုံးမှာ စက်သေနတ်နှင့် အတွဲလိုက်ပစ်ခတ်ခံထားရသည့်ပမာ (အပေါက်တွေချည်းသာ) ဖြစ်ကုန်ပါသည်ဗျို့။
ဟော…ဟိုနားက ကလေးတစ်သိုက်ကလည်း အဆိုကျော်ရင်ဂို၏ “ဘ၀ရထား” သီချင်းကို ဤသို့ဖျက်ဆိုကြတာ ကြားကြရပြန်ပါသည်။
“ဒို့နှစ်ယောက် xx စီးနင်းလာခဲ့ xx ဘ၀ဆိုက္ကားပေါ်ဝယ် xx အူးဝူးဝူး xx ”။
ဘ၀ဆိုက္ကားဆိုသည်မှာ တော်တော်ကြီးစီးလို့ကောင်းမှာ သေချာပါသည်ပရိသတ်။
အံမယ်…အံမယ်။ လွန်ခဲ့တဲ့ အနှစ် (၃၅၊ ၄၀) လောက်ကတည်းက လူကြိုက်များခဲ့တဲ့ ရုပ်ရှင်သရပ်ဆောင်နဲ့ အဆိုတော် စိုးရွှေရဲ့ “အခက်အခဲဟူသည်” သီချင်းကတော့ နိုးကြားတက်ကြွလာပြန်တော့ တာပဲဗျို့။
“(ကိုယ့်ဘ၀မှာ xx အခက်အခဲများနဲ့ xx တွေ့ကြုံတိုင်းသည် xx ၀မ်းနည်း xx တုန်လှုပ်စရာ xx မလိုပြီ xx ကျော်လွှားရုန်းကန် xx စွန့် စားကြစေခြင်းငှာ xx ဘ၀ရဲ့ပျော်စရာ xx ပမာပုံညီ xx စွဲမှတ်ယုံကြည်မိပါသည်။)2 ”
အဲသည်မှာပဲ အဆိုတော် အောင်နိုင်က ဒီလိုဒီလိုဆိုချခဲ့တာကိုလည်းမှတ်မိနေပြန်ပါသည်။
“ကိုယ့်ဘ၀ xx ပန်းခင်းမှာ xx လန်းဆန်းသင်းပျံ့တဲ့ xx ပန်းများပွင့်ခဲ့ပြီ xx လှမ်းခဲ့ပါ xx နှစ်သက်မယ့်ဖဲမွေ့ ယာ xx မရှိတဲ့ဒို့ဘ၀မှာ xx နှလုံးသွေးများက xx မင်းအတွက် xx မှေးစက်ရာ xx ”
“ဘ၀ကန္တာရ ခရီးကြမ်း xx လမ်းကို xx ချဲ့တွင်ကာ xx ရှင်းလင်းပြီးတော့ xx ဒို့အိမ်ရာသစ် xx တည်ဆောက်ကြမယ် xx အခု xx ဆိုရင် xx စိမ်းလန်းခဲ့ပြီ xx ဖိတ်ခေါ်တယ် xx လှမ်းခဲ့တော့ xx အသက်ရေ xx ဒို့ဒီမှာပဲ xx ရုန်းကန်လှုပ်ရှားကြမယ် xx နော် xx ”
အဆိုတော်အောင်နိုင် ဆိုချလိုက်ခါမှ ဘ၀ဟာ ကန္တာရအလား ခြောက်သွေ့သလားမမေးနဲ့။ သွေ့ခြောက်သလား ရှုစားကွဲ့ရယ်လို့ မိမိဘ၀ကိုမိမိပြန်လည်ဆန်းစစ် မိကြသည်။ (အခုလောလောဆယ်တော့ နေပူပူမှာ ပုဆိုးဝတ်ထားစဉ်တခဏ ခြောက်သွေ့မနေပဲ စိုစွတ်မှုတွေက ဟိုတစ်ကွက်၊ ဒီတစ်ကွက်ထနေပါသည်။ ဘာမှတော့ မဟုတ်ပါ။ ရေခဏခဏချိုးဖြစ်ပြီး ခန္ဓာကိုယ်အောက်ပိုင်း ရေမသုတ်မိ၍ ဖြစ်ရပါသည်တမုံ့။)
အလဲ့… ဟိုဘက်တိုက်တန်းက ကောင်လေးတွေက မြန်မာမှု၊ မြန်မာ့နယ် သီချင်းတွေကို မယ်တင့်လင်တွေ၊ ဂီတာတွေနဲ့ ဆိုကြ၊ ဟဲကြ၊ ဟစ်နေကြပါလား ဟရို့။
အို… ဘာတဲ့တုန်း။ နားစွင့်ကြည့်လိုက်စမ်းမယ်။
“(မည်သူမဆို xx ကူညီသည်ဖြစ်စေ xx မည်သူမဆို xx မကူညီဖြစ်စေ xx ကိုယ်ထူကိုယ်ထ xx ကိုယ့်ဘ၀အခြေအနေ xx ကိုယ့်အားကိုယ်ကိုးမှ xx ကိုယ်သာလျှင် xx အရှင်ဖြစ်ပေ xx ၀န် xx ထမ်း xx ရွှင်လန်း xx ပန်းတိုင်ကိုအရောက် xx လျှောက်နိုင်ဖို့မသွေ xxလုလင်ငယ်သွေး xx အားမာန် xx မွေးရမလေ xx )၂
”
ကောင်းတာတော့ သိပ်ကောင်းတဲ့ သီချင်းပါပဲ။ ဒါပေမယ့် ဒီသီချင်းကို သက်ဆိုင်ရာ ရဲစခန်းရှေ့မှာ … မဆိုမိဖို့ကို ဦးလေးဆန်းတာ က ကြားထဲက တောင်းပန်ပါတယ် ဘာညာနဲ့ တော်တော်ကြီး ရှင်းပြရသေးသည်။ ဟုတ်ပေတာပေါ့။ ဦးလေးဆန်တာက အကျိုးအကြောင်းပြ ပြီးမှ မတားရင် ဒီလူငယ်တွေ အချုပ်ခန်းထဲဝင်ရမှာသေချာပြီလေ။ သက်ဆိုင်ရာ ရဲစခန်းတွေက အများပြည်သူကို “ ကူညီပါရစေ” “ ကူညီပါရစေ” လို့ ကြွေးကြော်သံပေး နေချိန်မှာ ဒီသူငယ်တွေက “မည်သူမဆို ကူညီသည်ဖြစ်စေ မည်သူမဆို မကူညီသည်ဖြစ်စေ” ရယ်လို့ သွားလုပ်ရင် ရပမလား ပရိသတ်။ ကောင်းပမလားအရပ်ကတို့။
သာဟာတွေကြောင့် အီဖေကိုယ်ဦးလေးဆန်တာပြောနေရတာပေါ့။ ဘ၀ဆိုတာ ဘကုန်းနဲ့ ၀နဲ့ က ဒိုးတူဘောင်ဖက်၊ အကျိုးတူ ဆောင်ရွက်ကြရင်းနဲ့မှ “ဘ၀” ဖြစ်လာရတာမဟုတ်လားဗျ။
အလိုလေးလေး… ဟောဟိုရပ်ကွက်ထိပ်ဘုန်းကြီးကျောင်းက ကိုရွှေကပ္ပိယကတော့ “ဘ၀သံသရာ” ကို ဂလို၊ ဂလို ဆိုညည်းလိုက်ပြန်ပြီပရိသတ်။
“ဘ၀ကြံသကာ xx ချိုသလား xx ချဉ်သလား xx အရှင်ဘုရား xx တစ်ပြားလောက် xxစားကြည့်ပါ xx အရီးလေးထိုင် xx အရှင်ဘုရား xx သူ့အား xx အချိုပြား တစ်ပြားလောက်ခွန့်လိုက်ပါ xx
”
သြော်… ဘ၀၊ ဘ၀၊ ဘ၀…………………။
.
...........................................
**ဆန်တာကလော့ခ် (ခေတ္တ - အင်္ဂပူ)**

Wednesday, April 3, 2013
Subscribe to:
Post Comments (Atom)
Total Pageviews
Labels
ပညာပေး
(1488)
ကာတွန်းဟာသ
(1343)
ဟာသ
(899)
ဆောင်းပါး
(822)
ကဗျာ
(777)
သတင်း
(533)
.ဆောင်းပါး
(512)
အက်ဆေး/၀တ္ထုတို
(504)
ကြော်ငြာ
(432)
နိုင်ငံတကာထူးခြားသတင်း
(388)
ပညာပေး...
(326)
နိုင်ငံတကာ ထူးခြားသတင်း
(321)
ကဗျာ
(279)
နိုင်ငံတကာအခြားသတင်း..
(253)
ကဗျာ…
(228)
ပုံပြင်
(220)
ဆောင်းပါး….
(203)
အက်ဆေး
(191)
ဘောလုံးဟာသ...။
(156)
သဘောထားအမြင်
(149)
Cartoon
(145)
သတင်း....
(139)
ကဗျာ...
(136)
ကဗျာ.....
(132)
ပညာပေး..
(131)
နိုင်ငံတကာ အခြားသတင်း..
(123)
ပြည်တွင်းသတင်း
(118)
သတင်း..။
(114)
သတင်းတို
(111)
သရော်စာ…
(106)
ဝတ္ထုတို
(105)
ဝတ္ထုတို
(95)
ဓါတ်ပုံသတင်း
(81)
သတင်း..
(79)
ပေးစာ
(79)
ဘာသာပြန် ဝတ္ထုတို
(75)
ဓာတ်ပုံသတင်း
(72)
ကာတွန်း
(64)
ဓာတ်ပုံသတင်း..။
(64)
သရော်စာ
(64)
နိုင်ငံတကာ အခြားသတင်း
(60)
ဓာတ်ပုံသတင်း..
(54)
မေတ္တာစာ
(54)
အောက်မေ့ဘွယ်စာလွှာ
(53)
သတင်း.
(47)
ဘာသာပြန်အက်ဆေး
(46)
်ပုံပြင်
(45)
ကာတွန်းဟာသ-
(44)
ဘောလုံးဟာသ...
(44)
နိုင်ငံတကာအခြားသတင်း
(43)
-ကာတွန်းဟာသ
(40)
နိင်ငံတကာ အခြားသတင်း
(39)
ကဗျာ.
(37)
သတင်းဆောင်းပါး
(36)
News
(35)
ကာတွန်း ဟာသ
(34)
ပညာပေး)
(33)
ကဗျာ(ဟာသ)
(32)
ဟာသကဗျာ
(32)
အောင်မြင်ရေးဒဿန
(30)
xပညာပေး)
(29)
ကြေညာချက်
(28)
ရုပ်သံ သတင်း
(25)
ဂျာနယ်
(24)
TV
(23)
နိုင်ငံတကာ အခြားသတင်း.
(23)
ဘာသာပြန်ဆောင်းပါး
(20)
ရင်ဖွင့်သံ
(19)
သရဲဇာတ်လမ်း
(19)
်ပုံင်္ပြင်
(18)
ထုတ်ပြန်ချက်
(14)
ဓာတ်ပုံ
(13)
ဘာသာပြန်ပုံပြင်
(13)
ဓာတ်ပုံသတင်း
(12)
သတင်းဓါတ်ပုံ
(12)
သီချင်း
(12)
အင်တာဗျူး
(12)
အတွေးအမြင်
(12)
ဓာတ်ပုံသတင်း.
(11)
ပုံင်္ပြင်
(11)
အယ်ဒီတာ့ထံပေးစာ
(11)
ဥာဏ်စမ်း
(11)
Photo News
(10)
poem
(10)
ဂျာနယ်
(10)
ဟာသအက်ဆေး
(10)
(ကျန်းမာရေး ပညာပေး)
(9)
.
(9)
x ပညာပေး)
(9)
ဘာသာပြန်
(9)
The Article
(8)
ခရီးသွား.ဆောင်းပါး
(8)
နိုင်ငံတကာအခြားသတင်း
(8)
ဘာသာရေးဆောင်းပါး
(8)
သတင်း.ဆောင်းပါး
(8)
ဗေဒင်
(8)
သတင်းတို.
(7)
ဟာသ ဝတ္ထုတို
(7)
တဘောင်
(6)
ကှဗျာ
(5)
နိုင်ငံထူးခြားသတင်း
(5)
ဘာသာရေး၊ဓမ္မပုံပြင်
(5)
မိန့်ခွန်း
(5)
သမိုင်းစကား၊ ပန်းစကား
(5)
ဟာသ ဓာတ်ပုံ
(5)
အားကစားသတင်း
(5)
song
(4)
ကာတွန်းဟာသ
(4)
စကားပုံ
(4)
ထူးခြားသတင်း
(4)
ပညာပေ;
(4)
သတင်း.တို.
(4)
သရော်စာ
(4)
ဟာသ-
(4)
်ဆောင်းပါး
(4)
-ကာတွန်းဟာသ-
(3)
interview
(3)
ထုပ်ပြန်ချက်
(3)
ဓမ္မဒါန
(3)
ဓါတ်ပုံအက်ဆေး
(3)
ဓာတ်ပုံအက်ဆေး
(3)
ပညာပေ
(3)
ဖိတ်စာ
(3)
ရုပ်သံ
(3)
သတင်း.တို.။
(3)
ဟာသ အင်တာဗျူး
(3)
ဟာသ.
(3)
အင်တာဗျူးး
(3)
အတိုဆုံးဝတ္ထုတို
(3)
အယ်ဒီတာ့အာဘော်
(3)
ဘောလုံးဟာသ.
(3)
(ဟာသ)
(2)
By....meepyatite
(2)
Statement
(2)
Story
(2)
With Best Regards
(2)
aဆာင်းပါ
(2)
ကန်တော့ချိုး
(2)
ကျန်းမာရေး ပညာပေး
(2)
ဇာတ်လမ်းတို
(2)
ပန်းချီ
(2)
ပုံပြင်
(2)
ဘာသာပြန်ကဗျာ
(2)
ရုပ်ပုံအတွေး
(2)
ဟာသပုံပြင်
(2)
အစီရင်ခံစာ
(2)
အမှတ်တရ
(2)
အတွေး
(2)
ဦးဦး မှော်ဆရာ
(2)
ဆောင်းပါ
(2)
ပြဇာတ်
(2)
(xပညာပေး)
(1)
(ပညာပေး)
(1)
)
(1)
....
(1)
2010 at 11:22pm
(1)
=နိုင်ငံတကာ အားကစားသတင်းများ
(1)
Announce
(1)
By: Sara Yin (ကျန်းမာရေး ပညာပေး)
(1)
By; Silver Moon အင်တာဗျူး
(1)
General Knowledge
(1)
Joke
(1)
Photo Essay
(1)
Thanks
(1)
aဆာင်းပါး
(1)
khana.na155 ကဗျာ
(1)
minkonaing
(1)
ကဗျာ(
(1)
ကဗျာ… By..Blue gyee
(1)
ကာတွန်းဟာသ <br /> <br />
(1)
ကိုယ်တိုင်ရေးကဗျာ သီဟသူ
(1)
ခရီးသွားဆာင်းပါး
(1)
ခရီးသွားဆောင်းပါး
(1)
စကား
(1)
စကားပုံ
(1)
စာစု
(1)
စိုးမိုးကျော် (ဟာသ)
(1)
ဆက်သွယ်ရန်
(1)
ဓါတ်ပုံအက်ဆေး
(1)
ဓာတ်ပုံအက်ဆေး
(1)
ဓာတ်ပုံအတွေး
(1)
နူတ်ခွန်းဆက်လွှာ
(1)
ပ
(1)
ပညာပေ;း
(1)
မိန့်ခွန်း
(1)
ရုပ်ရှင်
(1)
သတင်း နှင့်ဟာသ
(1)
သတင်း.တို
(1)
သတင်းကဗျာ
(1)
သတင်းသီချင်း
(1)
သရော်ကဗျာ
(1)
ဟသ
(1)
ဟာသအင်တာဗျူး
(1)
ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း
(1)
အဆိုအမိန့်
(1)
အထ္ထုပ္ပတ္တိ)
(1)
အားကစားသတင်းများ
(1)
အခြားသတင်း
(1)
ဦးဦး မှော်ဆရာ ပညာပေး..
(1)
ုပုံပြင်
(1)
ဆောင်းပါ;
(1)
ပေးပို့ သူ .. စိုးမိုးကျော် ဟာသ
(1)
ပေးပို့ သူ...သက်နိုင် ကဗျာ…
(1)
ပေးပို့ သူ…greenleave
(1)
်ပုံပြင်
(1)
ွ
(1)
ရုပ်သံ
(1)
• Posted by thant zin htwe on နိုဝင်ဘာ 19
(1)
….
(1)

No comments:
Post a Comment