ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, April 10, 2013

-သွားနှင့်တော့ သံမဏိမယ်ရေ-

>
ဗြိတိန်ရဲ့ တဦးတည်းသော အမျိုးသမီး ၀န်ကြီးချုပ်ဖြစ်ပြီး ဟုတ်တိုင်းမှန်ရာ ပွင့်ပွင့်လင်းလင်း ပြောတတ်တဲ့ သံမဏိမယ်အဖြစ် ကဘာ့နိုင်ငံရေးလောကမှာတင်စားရတဲ့ မာဂရက်သက်ချာဟာ ဧပြီ၈ရက်နေ့က ကွယ်လွန် သွားပါပြီ။ အသက် ၈၇နှစ်ရှိပြီ ဖြစ်တဲ့ ဗြိတိန် ၀န်ကြီးချုပ်ဟောင်း မာဂရက်သက်ချာဟာ လေဖြတ်အပြီး သေဆုံး ခဲ့တာလို့ မိသားစု ပြောခွင့်ရသူ က ပြောပါတယ်။ အင်္ဂလန် အလယ်ပိုင်းကကုန်စုံဆိုင်ရှင်ရဲ့ သမီး ဖြစ်သူ မာဂရက်သက်ချာ ဟာ ကျောင်းမှာ ကျောင်းသားခေါင်းဆောင်ဖြစ်ပြီး သဘာဝသိပ်ပံ ဘာသာနဲ့ အောက် စဖို့ တကသိုလ်ကနေ ဘွဲ့ရခဲ့တာပါ။ အသက်၂၂နှစ်အရွယ် ဘွဲ့မရခင်မှာ ကွန်ဆာဗေးတစ်ပါတီဝင် ဖြစ်လာ ပြီး အသက် ၃၄နှစ်မှာတော့ ပညာရေး ၀န်ကြီး ဖြစ်လာခဲ့ ပါတယ်။ အသက် ၅၀မှာတော့ ပါတီ ခေါင်းဆောင် ဖြစ်လာပြီး အသက် ၅၄နှစ် အရွယ်မှာ ၀န်ကြီးချုပ် ဖြစ်လာခဲ့ပါတယ်။ ဗြိတိန်ရဲ့ ပထမဆုံး အမျိုးသမီး ၀န်ကြီးချုပ် ဖြစ်လာအပြီးမှာတော့ လူမှုရေးနဲ့စီးပွားရေး ဆိုင်ရာ ပြုပြင်ပြောင်းလဲမှု အစီအစဉ်တွေကို ချက်ချင်း ဆောင်ရွက်ပါတော့တယ်။ ဘဏ္ဍာရေး တင်းကြပ်မှုနဲ့ ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်သလို အရှုံးပေါ်နေတဲ့ အစိုးရ လက်ဝါးကြီးအုပ် လုပ်ငန်းတွေကို ပုဂလိက လက်ကို လွှဲပေးခဲ့တာပါ။ သူရဲ့ လုပ်နည်းကိုင်နည်းကို သက်ချာဝါဒလို့ ခေါ်ဝေါ် သုံးနှုံးခဲ့ရပေမယ့် ၁၉ ၈၀ ပြည့်လွန် နှစ်တွေမှာ ဗြိတိန်ရဲ့ အလုပ်လက်မဲ့နှုံးက ၂ဆ ဖြစ်လာပြီး လုပ်သားအင်အားထုရဲ့ ၁၂% အထိ အလုပ်လက်မဲ့ ဖြစ်ခဲ့ရပါတယ်။ ၁၉ ၈၁ ခုနှစ်က ကောက်ခံတဲ့ ထင်မြင်ချက် စစ်တမ်းမှာတော့ ၀န်ကြီးချုပ် သက်ချာဟာ ဗြိတိန်သမိုင်းမှာ လူမကြိုက်ဆုံး ၀န်ကြီးအဖြစ် အဆင့်သတ်မှတ် ခံခဲ့ရတာပါ။ ဒါပေမယ့် ၁၉ ၈၃ ဖော့ကလန်ကျွန်းကို အာဂျင်တီးနား ကျူးကျော်သူတွေ လက်ကနေ ပြန်ရအောင် ရေတပ်တွေကို လွှတ်ခဲ့အပြီး မှာတော့ သူရဲကောင်းဝါဒီနဲ့ အတူ သြဇာ ပိုကြီး လာပြန်ပါတယ်။ ဗြိတိန်နိုင်ငံရေးမှာ ၁၁ နှစ်ကြာ ၀န်ကြီးချုပ် ဖြစ်ခဲ့တဲ့ သက်ချာဟာ သဘောထား ကွဲလွဲမှုတွေကို သည်းမခံနိုင် မှုနဲ့ ပိုင်စိုးပိုင်နင်းဆန်တဲ့ အပြုအမူတွေကြောင့် တဖြည်းဖြည်း အကျပိုင်းကို ရောက်လာခဲ့ပါတယ်။ ၁၉ ၉ ၀ နိုဝင်ဘာ ၂၈ မှာတော့ တရားဝင် ၀န်ကြီးချုပ် အိမ်ယာဖြစ်တဲ့ အမှတ်တဆယ် ဒေါင်းနင်းလမ်းကို နောက်ဆုံး အကြိမ် စွန့်ခွာ ခဲ့ပါတော့တယ်။ နိုင်ငံရေး သြဇာ မရှိတော့ပေမယ့် လွှမ်းမိုးမှုတွေ ရှိဆဲ ဖြစ်ပြီး ထောက်ခံမှုတွေ ရဆဲ ဖြစ်တဲ့ မာဂရက် သက်ချာဟာ ဥရောပ လူ့အဖွဲ့အစည်းနဲ့ နီးကပ်တဲ့ ဆက်ဆံရေး ရပ်တည်ချက်ကို ရခဲ့ပြန်ပါတယ်။ သူ့ရဲ့အသက်၇၀ပြည့် မွေးနေ့အထိမ်းအမှတ် အထူးဧည့်ခံပွဲမှာ သူ့ကို ဆက်ခံသူ ၀န်ကြီးချုပ် နဲ့ အဲလိဇဘက်တူး ဘုရင်မကြီးတို့ တက်ရောက်ကြပါတယ်။ ၀ါရှင်တန် ဒီစီမှာ လုပ်တဲ့ မွေးနေ့ပွဲမှာ အမေရိ ကန် သမတကတော် နန်စီရေဂင် အပါအ၀င် ရာနဲ့ချီတဲ့နိုင်ငံရေးသမားတွေ ငွေကြယ်ပွင့် တွေ တက်ရောက်ခဲ့ တာပါ။ ၁၉ ၉ ၅ ခုနှစ်မှာတော့ မာဂရက် သက်ချာဟာဗြိတိန်ရဲ့ ရှေးအကျဆုံးနဲ့ အမြင့်ဆုံး ဘွဲ့တံဆိပ်ဖြစ်တဲ့ အလယ်ခေတ်ရဲ့သူရဲကောင်းလို့ အဓိပာယ် ရတဲ့ Order of the Garter ဘွဲ့ကို ရခဲ့တာပါ။ ဒီဘွဲ့ဟာ ထူးချွန်ပြောင်မြောက်တဲ့ လူထု ၀န်ဆောင်မှုနဲ့ စွမ်းဆောင်ရည်တွေ ကို အသိအမှတ်ပြုတဲ့ အနေနဲ့ချီးမြှင့်တဲ့ ဘွဲ့တံဆိပ်လဲ ဖြစ်ပါတယ်။ ချီလီခေါင်းဆောင်ဟောင်း ပီနိုချေးကို သူ့အုပ်ချုပ်မှုအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် လန်ဒန်မှာ ဖမ်းဆီးပြီး နေအိမ် အကျယ်ချုပ် ချထားစဉ်မှာတော့ မာဂရက်သက်ချာက သွားရောက် တွေ့ဆုံခဲ့ပါသေးတယ်။ ဗြိတိန်ရဲ့ ၁၉ ၈၂ ဖော့ကလန် ကျွန်းတွေ ပြန်ရရေး လှုပ်၇ှားစဉ်က ပီနိုချေးရဲ့ ထောက်ပံ့မှုကို ကျေးဇူးတင်ကြောင်းပြောရင်း သူ့ကို ဖမ်းဆီးမှုဟာ လူမဆန်ဘူး လို့ ပြောခဲ့တာပါ။ ၂၀၀၂ အစောပိုင်းက စပြီး ကျန်းမာရေး ချို့တဲ့လာတဲ့ မာဂရက်သက်ချာဟာ အသေးစား လေဖြတ်မှု အတော် များများကို ခံစားခဲ့ရပါတယ် ဒါကြောင့် ဆရာဝန်တွေရဲ့ အကြံပေးချက် အတိုင်း လူထုရှေ့ စကားပြောတာတွေကို အနားယူမယ် လို့ ကြေညာခဲ့ပါတယ်။ ၂၀၀၇ စက်တင်ဘာမှာတော့ ဗြိတိန် လေဘာပါတီရဲ့ ၀န်ကြီးချုပ် ဂေါ်ဒွင်ဘရောင်းရဲ့ ဖိတ်ကြားချက်နဲ့ မာဂရက် သက်ချာဟာ ၀န်ကြီးချုပ် အိမ်တော်ကို တခေါက် အလည်ရောက်ခဲ့ပါတယ်။ ၂၀၁၀ ဇွန်လမှာတော့ ၀န်ကြီးချုပ် ဒေးဗစ် ကင်မရွန်းရဲ့ ဖိတ်ကြားချက်နဲ့ ၀န်ကြီးချုပ် အိမ်တော်ကို နောက်တကြိမ် အလည်ရောက်ခဲ့ပါတယ်။ ပုပ်ရဟန်းမင်းကြိး ဘဲနဲဒစ် ဆစ်က်တဲင်း ဗြိတိန်ကို နိုင်ငံတော် ခရီးစဉ်နဲ့ လာရောက် လည်ပတ်စဉ်ကလဲ မာဂရက် သက်ချာက ကဘာတလွှား နို်ငငံရေး စီးပွားရေး ယဉ်ကျေးမှုနဲ့ ဘာသာရေး အသိုင်းအ၀ိုင်းတွေက ဂုဏ်သရေရှိ ပရိသတ် ရာပေါင်းများစွာနဲ့ အတူ ဧည့်ခံနိုင်ခဲ့တဲ့ အထိ ကျန်းမာနေခဲ့ ပါသေးတယ်။ လတ်တလောနှစ်တွေမှာတော့ ကျန်းမာရေး တနေ့တခြား ချို့တဲ့ လာတဲ့ မာဂရက်သက်ချာ ဟာ ဧပြီ ၈ရက်နေ့မှာ ကွယ်လွန်ခဲ့ ပါပြီ။ ဗြိတိန် တရားဝင် ၀န်ကြီးချုပ် အိမ်တော် မှာတော့ သူသေဆုံးတဲ့ အတွက် ၀မ်းနည်းကြောင်း အထိမ်းအမှတ်အနေနဲ့ အလံကို တိုင်ဝက် လွှင့်ထူထားပါတယ်။ ကဘာတလွှား နိုင်ငံ့ခေါင်းဆောင်တွေကလဲ သူကွယ်လွန်မှုကို ၀မ်းနည်းကြောင်း ဖော်ထုတ် ပြောဆို ကြ သလို ကဘာတလွှား သတင်းဌာနတွေကလဲ သူ့ရဲ့ သတင်းကို ခေါင်းကြီးပိုင်း ကနေ ဖော်ပြ ကြေညာနေကြ ပါတယ်။ ရွေးကောက်ပွဲ ၃ကြိမ် အနိုင်ရခဲ့တဲ့ ဗြိတိန်ရဲ့သက်တမ်းအရှည်ဆုံး ၀န်ကြီးချုပ်ဟောင်း မာဂရက်သက်ချာရဲ့ဈာပန ကျင်းပမယ့် နေ့ရက်ကိုတော့ မကြေညာ သေးပါဘူးရှင်။

by Thiri Htetsan (Notes) -- 

Posted By Blogger လူဗိုလ်

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)