ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, April 16, 2013

-ချစ်ခြင်းနှင့် အလင်းနှစ်ပေါင်း ၂၀ အကွာ-

>
လွဲချော်ခြင်း ဟူသည့် ပြဿနာ၏အစသည် သူ့ကို နှစ်နှစ်ကာကာ ချစ်မိခြင်းမှ စသည်။

*****

ကျွန်မနှင့် သူ့အကြားတွင် ချစ်ခြင်းတစ်ခုသာ ရှိသည်။ ထိုအချင်းအရာသည် တမင်ဖန်တီး၍ ရယူထားသော အရာ မဟုတ်ပါ။ ထိုချစ်ခြငိးမှလွဲ၍ အခြားသော အရာများ လည်း မရှိပါ။ သူနှင့် ကျွန်မတွင် တူညီသော ချစ်ခြင်း တစ်ခုသာ ရှိသည်။ သူနှင့်ကျွန်မ သိကျွမ်းခဲ့သည်မှာ အတော်ပင်ကြာခဲ့သည်။ ထိုအချိန်ကာလများတွင် ချစ်ခြင်းဟူသော စိတ္တဇနာမ်သည် အိပ်စက်အနားယူနေသည်။ သူနှုင့်ကျွန်မ မတွေ့ကြသည့် အချိန်ကာလတစ်ခုသည် အတော်ကြာသည်ဟု ပြောလျှင် ပြောနိုင်ပါသည်။ မတွေ့ကြသည် အချိန်ကာလအတွင်း တစ်ဦးနှင့် တစ်ဦး သတိတရ စာပို့ခြင်း၊ ဖုန်းဆက်ခြင်း အလျဉ်း မရှိခဲ့ပါ။ ရံဖန်ရံခါ တွေ့ကြလျှင်ပင် နှုတ်ဆက်ရုံ၊ ပြုံးပြရုံထက် မပိုပါ။ ထိုကဲ့သို့သောသူ နှစ်ယောက်အကြားတွင် မြတ်နိုးဖွယ်ချစ်ခြင်းတစ်ခု ဖြစ်တည်လာသည်ဆိုသော် ယုံတမ်းစကားတစ်ခု မျှလောက်ပင် ယုံကြည်စရာမရှိ။ သို့သော် ကျွန်မနှင့် သူ့ထံတွင် ထပ်တူညီသော ချစ်ခြင်းတစ်ခု အမှန်တကယ်ပင် ရှိနေခဲ့သည်။ ချစ်ခြင်းသည် မျက်စိတစ်မှိတ်၊ လျပ်တစ်ပြက် အခိုက်တွင် ဖြစ်ထွန်းသွားနိုင်သည်။ “ချစ်ခြင်းမှာ ဘယ်လိုအင်အားတွေ ရှိနေတာပါလိမ့် ..”လို့ ရံဖန်ရံခါ သူက တစ်ယောက်ထဲ ပြောသလိုလိုနှင့် တီးတိုးညည်းတတ်သေးတယ်။ “တကယ်က ချစ်ခြင်းမှာတန်ခိုး မရှိပါဘူးကွယ်၊ ချစ်ခြင်း မေတ္တာ ဆိုတာက နူးညံ့တယ် သိမ်မွေ့တယ်..။ သူက တဖြည်းဖြည်း ကြီးမားလာရင် မာကျော တတ်တာတွေကို ပျော့ပျောင်းစေတယ်..။ အင်အားကြီးတဲ့ မာန်မာနကို ကျရှုံး စေတယ်။ ဒိတော့ ချစ်ခြင်း စစ်စစ်မှာ မာန်မာန မရှိဘူး၊ အရှုံးအမြတ် မရှိဘူး၊ အပြိုင်အဆိုင် မရှိဘူး.. ၊ ခက်ထန်မှုမရှိဘူး..၊ သူနဲ့ရင်ဆိုင်မိတဲ့အရာတိုင်းဟာ ပင်ကိုယ် သတ္တိ ပျောက်ကွယ်ခဲ့ရတယ်..၊ ချစ်ခြင်းဟာ နူးညံ့သိမ်မွေ့တဲ့ အကြည်ဓါတ်လေး တစ်ခုပါ..” ကျွန်မ ထိုကဲ့သို့ ပြန်ပြောလျှင် သူက နှုတ်ခမ်းများကို တင်းတင်းစေ့ကာ ပြုံးရုံကလေး ပြုံးနေဦးမည်။

 * * * *
သူ၏ ကြမ်းရှ၍ အရိုင်းဆန်သော ဆံပင်များကို ကျွန်မချစ်သည်။ ရံဖန်ရံခါ ဆံပင်များကို နောက်ဘက်သို့ ဘီကုတ်အနက်ရောင်ပါးပါးကလေးနှင့် တင်ထားကာ ပန်းချီရပ်ဆွဲနေသော သူ၏ပုံရိပ်သည် ကျွန်မအတွက် နတ်ဘုရား တစ်ပါးကဲ့သို့ပင် ဖြစ်သည်။ “ချစ်လား” ဟူသည့် အမေးကို အတင်းအကျပ် သူမေးလေ့ မရှိသော်လည်း “ချစ်တယ်..” ဟု အဆုံးမရှိ အစမရှိသော နှစ်လုံးတည်းသော စကားကို သူမကြာခဏ ဆိုတတ်သည်။ အမှန်တကယ်တွင် လည်း ကျွန်မတို့ နှစ်ဦးကြားတွင် မေးခွန်းများ မလိုအပ်ပါ။ ဖြေရန်အဖြေလည်း မလိုအပ်ပါ။ သူ၏မေးခွန်းသည် ကျွန်မ၏ မေးခွန်းဖြစ်သကဲ့သို့ ကျွန်မ၏ အဖြေစကားသည် သူ၏ အဖြေစကားပင် ဖြစ်သည်။ “ချစ်တယ်” ဟု ရိုးရှင်းစွာ ဆိုလာတိုင်း ကျွန်မကိုပြောသကဲ့သို့ပင် သူ့ကို ကျွန်မပြောခြင်းဖြစ်သည်။ သူနှုင့် ကျွန်မသည် တစ်စိတ်တစ်သားတည်း မဟုတ်ပါလား။
Power Of Love သီချင်းကို သူမကြာခဏ တီးတိုးညည်းနေတတ်သည်။ You’re my Lady ဆိုသည့် စာကြောင်းနားရောက်လျှင် ကျွန်မရှိရာသို့ ခေါင်းငဲ့ကြည့်ကာ ဆိုတတ်သည်။ မည်မျှ နူးညံ့လှပသော ချစ်ခြင်းတစ်ခု ဖြစ်ပါသနည်း။ ရှည်သွယ်သော သူ၏လက်ချောင်းများသည် ပန်းချီကားများကို ဖန်တီးသကဲ့သို့ ဂီတကိုလည်း ဖန်တီးနိုင်သည်သာ။ သို့သော် သူသည် သူ၏ ခိုင်မာသော မေးရိုးများနှင့် ညီမျှစွာ စိတ်ဓါတ်အင်အား ကောင်းသောသူလည်းဖြစ်သည်။ နားပေါက်မရှိသော ကျွန်မနှင့် နားကပ်ကြိုက်သော သူ့ အကြားတွင် နားကပ် ဝယ်သူမှာ ကျွန်မဖြစ်ပြီး နားကပ်တပ်သူမှာ သူဖြစ်သည့်အကြောင်းသည် တခါတရံတွင် ရယ်မောစရာဖြစ်သေးသည်။ 

***** 
“ကိုယ့်ညာဘက်မှာ ကိုယ့်အနုပညာ ရှိပြီး ကိုယ့် ဘယ်ဘက်မှာ မင်းရှိရင် ကိုယ့်အတွက် အရာရာ ပြည့်စုံတယ်.. ကိုယ်က လောဘ အရမ်းမကြီးပါဘူး..” လို့လည်း ရံဖန်ရံခါ ကျွန်မကြားသာရုံကလေး တီးတိုးပြောတတ်သေးသည်။ ကျွန်မသူ့ကို ချစ်သည်ဟု မပြောဖူးပါ။ ပြောရန်လည်း လိုအပ်မည် မဟုတ်ပါ။ သူကျွန်မကို ချစ်သကဲ့သို့ သူ့ကို ကျွန်မ ချစ်ကြောင်း သူ သိရှိပြီး ဖြစ်သည်။ ကျွန်မတို့နှစ်ယောက်တွင် ကတိစကားများ မလိုပါ။ တစ်ဦးနှင့် တစ်ဦး အတင်းအကျပ် ချုပ်နှောင်ထားခြင်း မရှိပါ။ မေးခွန်းများ မရှိပါ။ ဖြေရှင်းချက်များ မလိုပါ။ ပြောပြခြင်းမရှိဘဲ တစ်ဦး၏ လွမ်းဆွတ်မှုကို တစ်ဦးက ကောင်းကောင်း နားလည်သည်။ ထိုမျှ ညံ့သက်သော ချစ်ခြင်းကို ကျွန်မတို့ ကံကောင်းခြင်းကြီးစွာ ပိုင်ဆိုင်ခဲ့သည်။ Mississippi မြစ်ကမ်းနဘေး သူထိုင်ငေးကြည့်နေစဉ် ကျွန်မလည်း Shorncliffe ကမ်းခြေရှိထိုင်ခုံကလေးတစ်ခုတွင်ထိုင်ကာ မရိုးနိုင်သော မြင်ကွင်များကို ငေးကြည့် နေကောင်း ကြည့်နေမည်။ ထိုသို့ ငေးကြည့်နေကြခြင်းတွင် လွမ်းဆွတ်ခြင်းမှ အပ မည်သည့်အကြောင်းအရာမှ မပါဝင်..။ နှောင်တည်းသမျှသော ကြိုးတို့တွင် ချစ်ခြင်း တစ်ခုတည်းဖြင့် နှောင်တည်းခြင်းသည် မည်မျှ ရင်ခုန် ညွှတ်နူးဖွယ် ကောင်းလိုက်ပါသနည်း။ 

**** 

 “အိမ်အပြင် ထွက်ကြည့်လိုက်စမ်းပါ .. မင်းအတွက် ကိုယ် တိမ်တွေနဲ့ အတူ အနမ်းလေးတစ်ပွင့် ထည့်ပေးလိုက်တယ်..”ဟုလည်း သူက ဆိုတတ်သေးသည်။ မည်မျှ လှပ သော အတွေးလေးဖြစ်သနည်း။ လှပသော တိမ်လွှာတွေ ကောင်းကင်ပြာအောက်တွင် ငြိမ့်ငြိမ့်ကလေး လွင့်ပါးနေချိန်တွင် သူ့ကို အလွန်အမင်း တွေ့မြင်ချင်မိသည်။ သူနှင့် ကျွန်မ အကြားတွင် အလွန်ရှည်လျားသော အကွာအဝေးတစ်ခု ရှိနေသည် မဟုတ်ပါလား။ မည်ကဲ့သို့ဖြစ်စေ ကျွန်မတို့ အနီးမှာ ရှိနေသကဲ့သို့ပင် ဖြစ်သည်။ ခရီးအကွာအဝေး သည် ကျွန်မတို့၏ စိတ်ကို ဝေးကွာစေရန် ခြားထားနိုင်ခြင်း မရှိပါ။ “ဟေး .. မင်းအတွက် ကိုယ် နုတ်စ် အသစ်တွေ ထုတ်ပေးထားတယ်.. ကောင်းကောင်း လေ့ကျင့်ဦး ..” ဟုဆိုကာ ကျွန်မနှင့် လိုက်ဖက်သော ကျွန်မ နှစ်သက်သော တေးဂီတ အမျိုးအစားတို့ကို သူက ဖန်တီးပေးတတ်သေးသည်။ သူသည် ကျွန်မအတွက် တုယှဉ်နှိုင်းရန်မရှိသော Music Composer တစ်ယောက်လည်းဖြစ်သည်။ တစ်ခါတရံ ကျွန်မ ပျင်းရိနေတာတွေ့လျှင် “ဒီလို ပျင်းရိနေရင် Pianist တစ်ယောက် ဘယ်လိုဖြစ်လာနိုင်မှာလဲ..။ ခုချက်ချင်း မကျေညက်တာတွေကို Practice ချက်ချင်းလုပ်ပါ၊ ဒီတေးသွားတွေကို အိပ်မက်ထဲ အထိ သိနေရမှာကွ..” ဟုဆိုကာ ချက်ချင်း လေ့ကျင့်ခိုင်းလေ့ရှိသည်။ ဗီသိုဗင်၏ အတွေးအခေါ် အယူအဆများကိုလည်း သူက မကြာခဏ ပြောလေ့ရှိသေးသည်။ “မင်းအတွက်မို့ ဒီလို Soft Music တွေကို ကိုယ် ဖန်တီးတာကွ..” ဟုပြောတိုင်း ကျေနပ်ခဲ့ရသည်သာ။ သူသည် သူ၏ အနုပညာနှုင့် ပတ်သက်လျှင် အစွန်းရောက်အောင် မာထန်ပြတ်သားသူ ဖြစ်သည်။ “အနုပညာ ကို အပျော်အနေနဲ့ လေ့လာလိုက်စားဖို့ ရောက်လာတဲ့ သူတွေအတွက် ငါ့ကျောင်းမှာ နေရာမရှိဘူး”ဟု ပြတ်ပြတ်သားသား ပြောကာ သင်တန်းမှ ထုတ်ပယ် လိုက်သော သင်တန်းသား၊ သင်တန်းသူများလည်း မနည်းတော့ပေ။ ထို့ကြောင့် သူ၏ သင်တန်းတွင် သင်တန်းသား အနည်းငယ်သာရှိပြီး ထိုသင်တန်းသားတို့သည် သူ့ ကဲ့သို့ပင် အနုပညာကို ရူးသွပ်စွာ ခုံမင်ကြသူများ ဖြစ်ကြသည်။ 

*****

 ကျွန်မတို့သည် ကမ္ဘာမြေ၏ အရှေ့ခြမ်းနှင့် အနောက်ခြမ်းတွင် နေထိုင်ကြသည်။ ကျွန်မနေထိုင်ရာနေရာတွင် နေဝင်လျှင် သူနေထိုင်ရာနေရာတွင် အရုဏ်ကျင်းပြီ ဖြစ်သည်။ တစ်ယောက်မျက်နှာ ကို တစ်ယောက် မြင်တွေ့ခွင့် ရနိုင်ရေးသည် ကျွန်မတို့အတွက် ခက်ခဲလွန်းလှသည်။ တစ်ဦးကို တစ်ဦး ငေးကြည့်ကာ နွားနို့ ပူပူကို အတူတူ သောက်ခွင့် တစ်ကြိမ်တစ်ခါလောက် ရရှိချင်သော်လည်း တကယ့်လက်တွေ့တွင် အကောင်အထည်မပေါ်လာနိုင်သေးသည့်အတွက် တစ်ခါတရံတွင် နှစ်ဦးလုံး တိတ်ဆိတ်စွာ ဆို့နင့်နေတတ်ကြသေးသည်။ ဆိတ်ငြိမ်သော ချစ်ခြင်း၏ အသံကို ကြားနေရသေးသည့်အတွက်သာ နေ့ရက်တို့ကို ကျွန်မတို့ ကျော်ဖြတ်နိုင်ခြင်း ဖြစ်သည်။ ချစ်သူကို ဝမ်းသာ ပျော်ရွှင်မှုတစ်ခုလောက် လက်ဆောင်ပေးလိုသည်။ ထိုကြောင့် ဆုံဖြတ်ချက်တစ်ခုကို ကျွန်မချခဲ့သည်။ ကျွန်မ ဝင်ရောက်ယှဉ်ပြိုင်ရမည့် ဂီတ ပြိုင်ပွဲ ဆု တစ်ခု ရရှိအောင် ကျွန်မ ကြိုးစားခဲ့သည်။ ထိုဆုကလေးသည် ကျွန်မ၏ ချစ်သူကို ပေးလိုသော ကျွန်မ၏ လက်ဆောင်လည်း ဖြစ်သည်။ 

******
 ပြိုင်ပွဲနေ့အပြီးတွင် မျှော်လင့်ထားသည့်အတိုင်း ဆုတစ်ခုတော့ ရခဲ့သည်။ ထိုဆုမှာ ပထမ၊ ဒုတိယ ဆိုသည့် ဆုမျိုး မဟုတ်ပဲ ပရိတ်သတ်၏ အနှစ်သက်ဆုံးဂီတ ဆုပင်ဖြစ်သည်။ ဆုကလေးကို မြတ်နိုးစွာကိုင်တွယ်ရင်း စီစဉ်ထားသည့်အတိုင်း တပါတည်း ယူလာသော အဝတ်အိတ်ကို ယူကာ လေယာဉ်ကွင်းသို့ အပြေး အရောက် သွားခဲ့သည်။ လေယာဉ်သည် လေထုကို ထိုးခွဲကာကောင်းကင်ယံသို့ ပျံတက်သွားချိန်တွင် ကျွန်မသည် အိပ်မက်ထဲတွင် ချစ်သူကို ဆုအဖြစ်ရရှိလာသည့် အရုပ်ကလေး ပေးကာ သူနှင့်အတူ Mississippi မြစ်ကမ်းတွင် နွားနို့ပူပူလေးသောက်ပြီး ချစ်သူ့လက်မောင်းကို တွဲခိုလျက် လမ်းလျောက်နေပြီ ဖြစ်သည်။ 

***** 
 Ontario သို့ ရောက်ခဲ့ပြီ။ မကြာမီတွင် ချစ်ရသော သူ့ကို တွေ့မြင်ရတော့ပေမည်။ သူ မည်မျှ စိတ်လှုပ်ရှားသွားမည်ကို ကျွန်မ သိလိုလှသည်။ ထို့ကြောင့် လက်ကိုင်ဖုန်းကို ဖွင့်ကာ သူ့ကို ခေါ်မည် ပြင်လိုက်စဉ် ကျွန်မ၏ ဖုန်းမှ ညင်သာသော တီးလုံးသံကလေး ပေါ်ထွက်လာသည်။ “ ဟေး.. မင်း ဆုရတာ ကိုယ်သိတယ်ကွ။ ရမယ်ဆိုတာလည်း ကိုယ်ယုံကြည်ထားတယ်လေ..။ ကိုယ် မင်းကို အနမ်းကလေးနဲ့ ဂုဏ်ပြုချင်လွန်းလို့ မနေ့ကတည်းက ကိုယ် ထွက်လာတာ။ မင်းမအံ့သြဘူးလားဟင်..။ မင်းဆီကို ကိုယ် နောက် မိနစ် ၂၀ ဆို ရောက်မယ် ချစ်သူလေး..။ ကိုယ့်ကို မင်း ဘယ်လိုများ ကြိုဆို မှာလဲလို့ ကိုယ် ရင်တွေခုန်လိုက်တာ ….” ချစ်သူရဲ့ စကားသံ အဆုံးမှာ မျက်ရည်တို့ တာတမံ ကျိုးသလို ကျဆင်းလာခဲ့တယ်။ တကယ်တော့ ကျွန်မတို့နှစ်ယောက်မှာ တူညီတဲ့ ချစ်ခြင်းနဲ့ စိတ်ကူးဝိဉာဉ် ရှိနေတယ် ဆိုတဲ့အကြောင်းကို သူရော ကျွန်မပါ မေ့လျော့နေခဲ့တာကိုး… ။

 ***** 

လွဲချော်ခြင်း၏ အရင်အမြစ်သည် သူနှင့် ကျွန်မ၌ ထပ်တူညီမျှသော ချစ်ခြင်းတစ်ခု ရှိနေခြင်း ပင် ဖြစ်သည်။ 

**ပျိုးယုဝသုန်**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)