ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, April 22, 2013

-မျက်ရည် အနယ်ကျ ကျောက်-

>
(၁)။
 လည်ချောင်းဝတွင်ခြောက်ခန်းနာကျဉ်နေခြင်းတို့ဖြင့် အသက်ရှုလို့ မရအောင် သီးနင်လို့နေ၏။ မဟုတ်ဘူး အဲသလိုမဟုတ်ရပါဘူး ဟု ကယောင်ကတမ်း ရေရွတ် မြည်တမ်း နေခဲ့မိသည် ထင်သည်။ အစ်မ အရမ်းပင်ပမ်းနေပြီ၊လူနာကလည်း ခုမှ သတိရတာဆိုတော့ စိတ်အနှောက်အယှက် ဖြစ်လို့မရဘူးလေ၊ အစ်မ အိမ်ပြန် နားလိုက်ပါတော့နော်ဆိုသည့် စကားလုံးနှင့် လက်ဖ၀ါး ဖွဖွအထိက ဆွဲခါလှုပ်ယမ်းပစ်လိုက်သလိုပင်။ ဟုတ်ပါတယ်ဒါဟာ သိပ်ကို ချောက်ချားကြောက်လန့်စရာကောင်းတဲ့ တိုက်ဆိုင်မှုသက်သက်ပါပဲ.. အဖြစ်အပျက်အားလုံးကို အိပ်မက်များလားလို့ သွေးရူးသွေးတမ်းရှိနေမိဆဲဖြစ်၏။ တကယ့်ကိုပဲ သူ့ မျက်ဝန်း တည့်တည့်ရှိရာကို လျှောက်လှမ်း လာပုံကိုက အိပ်မက်ထဲမှာယောင်ယမ်းလမ်းလျှောက်နေသူတစ်ယောက်လို ရှိနေပေလိမ့်မည်။ ကို မေ ပြန်လိုက်ဦးမယ်နော်သူ့လက်ဖ၀ါးတစ်ဖက်ကို ဆုတ်ကိုင်ပြီး ပြောလိုက်တော့ လက်ကို ခပ်ဆတ်ဆတ် ပြန်ရုတ်လိုက်ပြီးသူမကို စူးစူးရဲရဲ စိုက်ကြည့်နေခဲ့သည်။ သူ့ မျက်ဝန်းတွေထဲကအရိပ်တွေက အဓိပ္ပာယ်ဖေါ်မကြည့်ရဲလောက်အောင်ကို တုန်လှုပ်စရာ ကောင်းနေတာပါလား။ အို သူသာအကောင်း ပကတိ အတိုင်းဆိုရင် သူမကို ကိုယ်ထိလက်ရောက် ရိုက်ပုတ် နာကျင်တဲ့အထိ …. ဒါမှမဟုတ်….ဒါ…မှ..မ..ဟုတ်… ဟင့်အင်း….။မဖြစ်နိုင်ပါဘူး……… စူးစူးရွားရွားအော်ဟစ်ပစ်လိုက်မိသည်လား။ မသေချာပါ..။ သေချာသည်ကထိုနေ့မှစပြီး သူမပါ အပြီးတိုင်သေဆုံးသွားခဲ့ခြင်းဖြစ်၏။

 (၂)။
 သူ တကူးတက၀ယ်လာပေးသော အကောင်းစား မျက်မှန်အနက်ရောင်ကို တပ်သင့်ရဲ့လားလို့ ယောင်ယောင် ကန်းကန်းတွေစဉ်းစားနေမိလိုက်သေး၏။ ဒီအချိန်မှာ မျက်ဝန်းတွေကို ကာကွယ်ထားဖို့ မဖြစ်မနေ လိုအပ်လေသည်ပဲ။ နေကာမျက်မှန်တပ်ရမှာကို ရှက်နေတတ်ပြီး အစမ်း တပ်ကြည့်ချိန် လောက်သာ သူမနှင့်သူ့လက်ဆောင်ကို ယှဉ်တွဲမြင်ခွင့်ရခဲ့သည့် သူကရော ဒီအချိန်မှာမှ ဒီမျက်မှန်ကိုတပ်မည်ဆိုတာကိုသိရင် ဘယ်လိုမှတ်ချက်တွေများ ပေးမှာပါလိမ့်။ အိပ်ပျော်နေသောသားငယ်လေး၏ ရင်ဘတ်ပေါ်အထိ စောင်ကိုဆွဲတင်ပေးလိုက်ရင်း နီနီ သမီးကြီးပြန်လာရင် ဟင်းတွေကိုနွေးပြီးမှကျွေးနော် သားငယ်လေးကိုလည်းကြည့ှ်ုဦး စသဖြင့်တွေ စိတ်မချနိုင်အောင်မှာနေမိချိန်မှာသူ့ရုံး က မိန်းကလေးတစ်ယောက်က လွမ်းသူ့ပန်းခြင်းကို ကိုင်ပြီး ကားနားမှာ စောင့်နှင့်နေလေပြီ။ လှလိုက်တာ။ ၀ံ့ကြွားမွေးမြနေလိုက်တဲ့ နှင်းဆီအဖြုတွေ…။ ပန်းတွေထဲကမှနှင်းဆီ ၊ နှင်းဆီတွေထဲကမှ ဒီအဖြူရောင်ကို မေ သေသေချာချာ ရွေးချယ်ခဲ့ တာပေါ့ ကို ရယ်..။ ပန်ုခြင်းအခြေမှာကပ်ထားသည့်စာရွက်ပေါ်က ကွန်ပြူတာ စာလုံးတွေကို ငေးကြောင်ကြောင်ကြီး ဖတ်နေမိလိုက်ပြီး အနည်းငယ်အားတက်လာသလိုခံစားလိုက်ရ၏။ ဟုတ်တာပေါ့..။ ကို့ နာမည်နဲ့ မေ့ နာမည်ကြားမှာ အပေါင်း လက္ခဏာကထင်းထင်းကြီးရှိနေသေးတာပဲ။

(၃) ။ အမှန်အတိုင်းဝန်ခံရလျှင်ဒီဈာပနသို့ လုံးလုံးမသွားချင်ပါ။ ဖြစ်နိုင်လျှင် ဖြစ်နိုင်လျှင်ဆိုသည်ထက် သူကသာအလိုရှိကြည်ဖြူမည်ဆိုလျှင် သူ့မျက်ဝန်း အရွှေ့လက်အရွေ့လေးကိုတောင် အဓိပ္ပာယ်ဖေါ်တတ် ၊ လင်သားကိုမြတ်နိုး ချစ်မက်တတ်လွန်းသော ဇနီးလိမ္မာတစ်ယောက်ပီပီ သူ့ အနားမှာ တစ်စက္ကန့်လေး မလပ် အရိပ်ကြည့်နေမိမည်သာဖြစ်သည်။ သူ.. အခုအချိန်လောက်ဆိုဘာတွေ စဉ်းစားနေမှာပါလိမ့်။ ပြင်းပြင်းထန်ထန်ရရှိထားသည့် ဒဏ်ရာ တွေကြားထဲက ပင်ပမ်းဆင်းရဲလွန်းနေရမည့်စိတ်အခြေအနေကို ဘယ်လိုဖြေသိမ့်ရမည်လဲ ။ ဘာတွေ လုပ်ပေးသင့်သလဲ စသည့် မေးခွန်းများစွာကစိတ်ကို အချိန်တိုင်းနီးပါး ရိုက်ပုတ် ထုထောင်း ညှင်းဆဲ နေကြလွန်းပြီ။ မျက်ရည်များကတော့စိတ် အပူချိန်နှင့် အငွေပျံ ခန်းခြောက် ကုန်ကြပြီထင်ပါရဲ့။ သုသာန်ထဲကို ကားကွေ့ဝင်လာချိန်မှာ ရောက်လာမိခဲ့သည်ကိုအနည်းငယ် နောင်တရချင်သလိုဖြစ်မိ၏။ မျက်ဝန်း တွေကို ကာကွယ်ထားလို့ရပေမယ့် နားတွေကိုပိတ်ထားလို့မှ မရနိုင်သည်ပဲ။ ကုမ္ပဏီဝန်ထမ်းတွေ နောက် နာရေး ရှင်မိသားစု ဘယ်သူက ဘယ်လိုစကားများနှင့်ကြိုဆို၊ ဘယ်လို မျက်ဝန်းများနှင့် ဧည့်ခံကြမည်ကို မမှန်းဆတတ်သလို ကိုယ့်မျက်နှာပေးအတွက်ကိုယ်လည်းအဆင်သင့် မဖြစ်နိုင်သေးခဲ့။ အားလုံးအကောင်းဆုံးချည်း စီမံပံ့ပိုးပေးထားသည့် အစီအမံကြောင့် ထည့်ထားသည့် ခေါင်းတလားနှင့်ရုပ်အလောင်း ကို ပြင်ဆင်ထားသည်မှအစ အသုဘပို့ယာဉ်တွေအဆုံး ၊ နောက် ကရုဏာကြေး..၊ လိုတာထက်တောင်ပိုနေတာပဲ ဆို သည့် အတွေးကို အလန့်တကြား ခေါင်းယမ်း ခါထုတ်ပစ်လိုက်ရ၏။ မမ ပန်းခြင်းကိုကြည်ပြာသွားထားပေးရမလားလို့ မေးလာတော့မှ ရတယ်ညီမဟု ခပ်တိမ်တိမ်အသံထွက်ဖြစ်၏။ နှင်းဆီအဖြူတွေကို နေသားတကျဖြစ်အောင် ပြုပြင်နေမိသေးသည့် အပြုအမှုကရော လိုတာထက်များပို သွားသေးလား။ ရုပ်အလောင်းရှိရာကို လျှောက်လာတော့ လူတွေ ရှဲသွားကြသလို အသံတွေတိတ်သွားကြသလိုပဲဟုထင်ယောင်ထင်မှား ရှိသွားမိလိုက်သေးသည်။ အို…နှင်းဆီဖြူတွေကြားထဲမှာနတ်သမီးလေးတစ်ပါး အိပ်စက်နေသလိုပါပဲလား၊ ၂၆နှစ်တဲ့ သူမထက် ၁၅နှစ်နီးပါး ငယ်ရွယ်နုပျိုတဲ့။ခေတ်ဆန်လှပတဲ့၊ ချက်ချာသွက်လက်ရဲတင်းတဲ့ ၊ လိမ္မာထက်မြက်တဲ့ ၊ အင်္ဂလိပ်စာ အရမ်း ကောင်းတဲ့ အိုးးး မဆုံးနိုင်တဲ့ ဂုဏ်ပုဒ်တွေနဲ့ သူ့အတွင်းရေးမှူးလေး..။ အတွင်းရေးမှူးမလေးဟုတ်တယ် ကို့ရဲ့အတွင်းရေးမှူး မလေး လောက်ပါလေ.။ ဒီအမျိုးသမီးငယ်လေးကဒီလို နိဂုံးမျိုးနဲ့ ဘယ်လိုများထိုက်တန်မှာတဲ့လဲ…။ ကစားပွဲတစ်ခုခုမှာ အနိုင်ပိုင်းသွားသလိုပဲ ဟု မဆီမဆိုင်တွေးမိလိုက်သေးသည်။ သတိလစ်လုမတတ် ငိုကြွေး ပူလောင်နေတာ သူ့အမေပဲဖြစ်မှာပါ..။သမီး…တစ်ယောက်အတွက် အမေရဲ့ သောက ကိုယ်ချင်းစာ စိတ်နှင့် ငါ့သမီး၊ ငါ့ညီမလေးသာဆိုရင်ဆိုသည့်အတွေး က ဟုန်းကနဲ့ ပူလောင်သွားစေသလို မျက်ရည်စက်တို့ကို မျက်မှန်အောက်ဘက်က ပါးပြင်ပေါ်အထိစီးကျလာစေခဲ့၏။ သူမရဲ့အလှုပ်အရွေ့တိုင်းကို စိတ်ဝင်တစား စောင့်ကြည့်နိုင်သော တစ်ချို့တစ်လေ အတွက်တော့ MDကတော်မျက်ရည်ကျ တယ် ဆိုသည့်သတင်းက အငြင်း အခုန်တွေဖြစ်ကောင်းဖြစ်သွားလိမ့်မည်ထင်ပါသည်။ ယူကျုံးမရစိတ်များနှင့်အသက်ရှုမ၀တော့သည်မို့ ၀ိုင်းအုံနေသောမိသားစုကြားထဲက တိုးထွက်လာချိန်မှာ ကြည်ပြာက လက်မောင်းကိုဖေးမပေးထား၏။ အဲဒါ သူဌေးကတော်လေ ဆိုသည့်အသံကိုကြားလိုက်ရတော့ အနည်းငယ်တန့် သွားမိပြီး နောက်ဆက်တွဲပြောမည့် စကားလုံးတွေကို အသိမှတ်မဲ့နားစွင့်နေမိသေး၏။ ကြည်ပြာစီစဉ်ထားသည့်ထိုင်ခုံတစ်ခုံမှာ အသာအယာဝင်ထိုင်နေလိုက်ချိန်မှာ လူက မောလျလွန်းနေပြီ။ အလိုလို နေရင်းအပြစ်ရှိသူလို အနေကျုံ့နေမိသော အဖြစ်က မဟုတ်သေးဘူးပဲ။ ဘာဆိုင်လို့လဲ…။ တကယ် ဆိုရင်..။ဟုတ်တာပေါ့ တကယ်ဆိုရင် ကိုယ်ကတောင်…။ အတွေးစကိုဖြတ်ချ မျက်လုံးတွေကို ခဏမှိတ်ထားရင်းအသက်ကို ပုံမှန်ုဖြစ်အောင် ရှုရှိုက်နေလိုက်၏။ မမ ဒါ နှင်းဆီဖြူရဲ့ ဖေဖေပါဆိုသည့်အသံကြောင့် ဆတ်ကနဲတုန်သွားပြီးမတ်တပ်ထရပ်မိရက်သားရှိသွား၏။ ဘယ်လို စကားစရမည်မသိပဲ ကျွန်မ ကျွန်မ စိတ်မကောင်းလိုက်တာလို့ရှိုက်ငင်သံတစ်ဝက်နဲ့ ဗလုံးဗထွေး စတင် လိုက်မိ၏။ ဆရာကတော်ရယ် ရောက်လာတာ ကျေးဇူးတင်လိုက်တာ။ ဆရာရောသက်သာရဲ့လား..။ကျွန်တော်ကတော့ သမီးလေး ကုသိုလ်ကံကြောင့် ဒီလိုဖြစ်သွားရတာလို့ ဖြေပါတယ်ဆရာကတော်ရယ်။ဆရာကတော်တို့ဘက်က အရမ်းကို တာဝန်ကျေကြတော့ ကျွန်တော်တို့အားလည်းနာ အရမ်း ကျေးဇူးတင်ပါတယ်ဗျာ။ ရိုးသားအေးချမ်းသည့် သွင်ပြင်ပေါ်နေသော ဒီအမျိုးသားကြီး၊ ဒီဖခင်ကြီး၏ မျက်နှာပေါ်က ကြေကွဲ ပူဆွေးရိပ်တို့ကမကြည့်ရက် မမြင်ရက် နိုင်လောက်အောင်ပင်။ ချက်ချင်း ဘာပြန်ပြောရမယ်မှန်းမသိပဲ မျက်မှန်ကိုယောင်ရမ်း ချွတ် လိုက်မိသည်။ သူမရဲ့ မျက်လုံးတွေကို နှင်းဆီဖြူရဲ့ ဖေဖေက သေသေချာချာမြင်တွေ့သွားလေမည်ပေါ့။ ကိုယ်တိုင် ဘယ်လို အရိပ်အငွေ့တွေ စွန်းနေမယ်မှန်းမသိတဲ့ မျက်ဝန်းတွေ..။ မျက်မှန်ကိုအလျင်စလို ပြန်တပ်လိုက်မိရင်း ဟုတ်ကဲ့ သက်သာပါတယ်.။ ဘာမှ အားနာစရာ ကျေးဇူးတင်စရာတွေမလိုပါဘူးရှင်။ ကျွန်မတို့ အလုပ် အတွက် ခရီးသွား ရင်းဖြစ်သွားခဲ့ရတာမို့ ကျွန်မတို့မှာတာဝန်ရှိတာပေါ့။ ဦးတို့လို့ခေါ်ပြီးမှ အကိုလို့ ချက်ချင်းပြင်ပြီး အကိုကြီးတို့ နောက်ပိုင်း လိုအပ်တာ ရှိရင်လည်းအချိန်မရွေး ဆက်သွယ် နိုင်ပါတယ်။ ထင်တာထက်ချောချော မွေ့မွေ့ ပြောထွက်သွားတာအတွက် စိတ်သက်သာရာရသွားမိသည်။ အမျိုးသား ကြီး ကျေးဇူးစကားကိုတဖွဖွ ဆိုနေတာကတော့ အနေရတော်တော်ကြပ်စေခဲ့၏။ နှင်းဆီဖြုရဲ့မီးခိုးငွေ့တွေ ကောင်းကင်ထဲတိုးဝင်ပြီး တိမ်သားတွေနဲ့ ရောနှောပျောက်ကွယ်သွားသည်အထိငေးမော ကြည့်နေမိခဲ့သည်။ နှင်းဆီဖြူကမီးခိုးလေးတွေတောင် လှနေသလိုပါပဲ ကိုရယ်။

 (၄)။
ဘယ်သူနှင့်မှမတွေ့ချင်ဆိုသည့် သူ့ အဖြေစကားကြောင့် အခန်းအပြင်က ခုံမှာ ခြေပစ်လက်ပစ်ထိုင် နေမိသည်။ ထူးထူးထွေထွေတော့ပိုပြီးဝမ်းနည်းမနေမိတော့သလိုပင်။ စိတ်တစ်ခုလုံးက နာကျင်မှုတွေနဲ့ ထုံအကုန်ကြပြီ ထင်ပါသည်။ဖြောင့်ဖျနှစ်သိမ့်ပေးကြသော မိသားစုတွေကိုလည်း ခပ်ယဲ့ယဲ့လောက် ပြန်လည်ပြုံးပြနိုင်ယုံသာ။ သူ အိပ်နေချိန်လောက်သာ အခန်းတွင်းကိုဝင်ပြီးလိုအပ်မယ်ထင်သမျှတွေကို စီစဉ်ဆောင်ရွက်ပေး နေတာကိုတော့ ရိပ် မိနေမှာ အသေအချာပင်။
တကယ်တော့လမ်းပြန်လျှောက်နိုင်ဖို့ အချိန်ယူဖို့လိုဦးမည်ဆိုသည့် ဆရာဝန်ကြီးတွေရဲ့ အဖြေက ဘယ်အပူမှထပ်မတိုးနိုင်တော့သည့် ရင်ဝထဲက မီးကျည်းမီးခဲများသာဖြစ်၏။ ဖြစ်မှဖြစ်ရလေ.. ကိုရယ်။ဖြစ်မှဖြစ်ရလေ…။ ။ အောင်မြင်သော၊တက်ကြွသော၊ နုပျိုဖျတ်လတ်သော၊ စီးပွားရေးမှာ ကွက်ကျော်မြင်တတ်သည်ဆိုသော၊ လုပ်ငန်းရှင်တစ်ဦး ၊ အနာဂါတ် တစ်ရက်ချင်း အတွက် စီမံကိန်းချပြီးမှ ဆောင်ရွက်တတ်သော သူတစ်ယောက်အနေနဲ့သူ့ မနက်ဖန်တွေအတွက် ဘယ်လောက် သွေးပျက်ထိခိုက်နေမည်ဆိုသည်ကို စဉ်းစားလို့ပင် မကြည့်ရဲနိုင်ခဲ့။ မေ့ အပြစ်တွေ..ပါ။မေ့ အပြစ်တွေပါ။ ထိုနေ့ကနေဒီနေ့အထိ ဒီစကားတွေကိုချည်း အဆက်မပြတ် ရေရွတ် နေခဲ့မိသည်။ဘယ်နေ့အထိ ဒီလိုငြီးတွားနေရဦးမည်လဲ မသချောပါ။ ရုတ်တရက်ကြီး ဆွဲကွှေ့ ချလိုက်သလို…ကံကြမ္မာအလှည့်အပြောင်းထဲမှာ သူမဆိုသည်က အလိုအလျှောက်ပျောက် ရှသွားခဲ့ပြီးလည်း ဖြစ်၏။ ကျိန်စာစကားလုံးတွေကဆိုးရွာသည့် ကံကြမ္မာကို တိတိကျကျ သယ်ဆောင်လာတတ်သည်ဆိုလျှင်လည်း သူမဆီကိုသာ တန်ပြန်စူးရှ လိုက်ပါတော့လား.။ အို...ဖြစ်နိုင်ခဲ့ရင် အစက ပြန်ရစ်ကျော့ပြီး ကံကြမ္မာဆိုးအားလုံးကိုလွှဲပြောင်း ယူပစ်ဖို့ နည်းနည်းလေးမှ ၀န်မလေး ကြောင်း သူ ရော နှင်းဆီဖြူကို ယုံကြည်အောင်သက်သေ ပြလိုက် ချင်ပါသည်။ အခုတော့လည်းအပြစ်ဆိုသည့် စကားလုံးက သူမ တစ်ဦးတည်းအတွက် ရည်ရွယ်ဖန်တီးထားသလို ရှိနေ၏။ ဘာဖြစ်လို့များ အဲဒီ့နေ့မှာ မေ ဟာ ထုံးစံအတိုင်း ခံစားချက်တွေကို မျိုသိပ်ဖုံးကွယ်နိုင်ပြီးသဘောထားကြီး သယောင် ရှိတဲ့ ထုံထုံအေးအေး မိန်းမ တစ်ယောက် မဖြစ်နိုင်ခဲ့ရတာလဲ.. ထိုနေ့ကဒီနေ့လိုပဲ သောကြာနေ့တစ်နေ့ဖြစ်ခဲ့သည်။ တနည်းဆိုရလျှင် ထိုနေ့က ဘ၀နှစ်ခု မိသားစုနှစ်စုကိုကံကြမ္မာက ချုံခိုတိုက်ခိုက်လိုက်သောနေ့လည်းဖြစ်ပါသည်။ ရက်ဆက်အဖျားမကျတော့ပဲ သွေးလွန်တုန်ကွေးဆန်ဆန်ဖြစ်နေသည့် သားငယ်လေးကို ဆေးရုံတင်ဖို့ မိသားစုဆရာဝန်က အရေးပေါ်ညွှန်ကြားချက် ပေးခဲ့သောနေ့လည်းဖြစ်သည်။ ထိုနေ့ကဟော်တယ်အသစ်ဆောက်ဖို့ကိစ္စနှင့် ခရီးမဖြစ်မနေထွက်မည်ဆိုသော သူ့ကို အတင်းတားမြစ်နေမိခဲ့သည်။ ထိုနေ့ကသူ့ကားနောက်ခန်းတွင်ပါလာသော နှင်းဆီဖြူကို တွေ့လိုက်ပြီး မျိုသိပ် ထားခဲ့ရ သမျှတွေအစွမ်းကုန် ဖွင့်ဟ ဖောက်ခွဲမိခဲ့သည်။ သူက မင်းမဟုတ်တာတွေမပြောနဲ့၊ပေါက်ကရတွေစွတ်စွဲမနေနဲ့ အကုန်ချိန်းထားပြီးသား နိုင်ငံခြားက ဧည့်သည်တွေ ကိုပါ ဖိတ်ထားတာနားလည်လားဆိုပြီး ဆိုဖာဆက်တီပေါ်ကို ကိုယ်ထိလက်ရောက် ဆောင့်တွန်းချပစ်ခဲ့သောနေ့ လည်းဖြစ်သည်။ ကျွန်မမသိဘူးထင်နေလား ကျွန်မကို အိမ်ထဲမှာနေ ကလေးထိုင်မွေးယုံသိတဲ့ အအ နန တောသူမပဲ ထင်နေလား ၊ ကျွန်မနားထဲမှာ လျှံနေပြီ။ သားလေး ဒီလောက်ဖြစ်နေတာတောင် ရှင်က မယားငယ်နဲ့ အလေလိုက်ချင် နေသေးတယ်ပေါ့ ဟုတ်လားလို့ သူမက အသံကုန်ခြစ်အော်ပြီး သူက သူမမျက်နှာကို ဖြတ်ရိုက်ချလိုက်သောနေ့လည်းဖြစ်ခဲ့ သည်။ ထို့နောက်… ထို့နောက်တော့ အတိတ်နမိတ်တွေကိုယုံကြည်တတ် အယူသည်းတတ်သူ ကို ရော ကားထဲမှာထိုင်နေသော နှင်းဆီဖြူပါ ကြားအောင် မျက်ရည်တွေကြားထဲကနာနာကျည်းကျည်း အော်ဟစ် ကျိန်စာ တိုက်လိုက်သောနေ့လည်းဖြစ်ခဲ့၏။ 

(၅)

 ခြံဝမှာတင်ကားကိုရပ်လိုက်တော့ သူက ဒရိုင်ဘာကို လှမ်းငေါက်ငမ်းလိုက်သည်။ မေ ရပ်ခိုင်းထားတာပါ ကိုဆိုတော့ သုန်သုန်မုန်မုန် တစ်ချက် လှည့်ကြည့်၏။ ဘီးတပ်ကုလားထိုင်လေးပေါ်ကိုကိုကို့ကို တင်ပြီး ခြံထဲကို သူမ တွန်းလာခဲ့လိုက်တော့လည်း သူက စကားမဆိုပဲ အလိုက်သင့်ပါလာခဲ့သည်။ ဟင်…နှင်းဆီအဖြူတွေ…နှင်းဆီဖြူတွေ… မျှော်လင့်ထားသလိုသူ့ အသံက အံအားသင့်ခြင်းတို့ဖြင့် လှုပ်ခတ်လို့နေသည်။ ခြံတစ်ခြံလုံးကတော့ဖြူလွှသော နှင်းဆီအမျိုးအစားစုံတို့၏ ရနံ့နဲ့ ထုံအီသင့်ပျံ့လို့…။ အဖြူရောင် လိပ်ပြာလေးတွေပင်ပျံဝဲနေသေးသည်ပဲ..။ သူက သူမကိုမော်ကြည့်လိုက်သည်။ သူ့မျက်ဝန်းထဲမှာ စူးရဲစိမ်းတောက်မှုတို့ ရှိမနေတော့ပဲ အနည်းငယ်ရီဝေနေမှုနှင့် တဖျတ်ဖျတ်လင်းလဲ့လို့နေခဲ့၏။သူက ကုလားထိုင်လက်တန်းကိုကိုင်ပြီး ထရပ်တော့မလိုကိုယ်ကို အားယူထား လိုက် သေးသည်။ သူ ပထမဆုံးအကြိမ်သူမကို ပြန်လည်ပြောဆိုလာသောစကားစုက “ နှင်းဆီဖြူတွေကို မင်းစိုက်ထားတာလား မေ” ဆိုသည့်မေးခွန်းဖြစ်ပါသည်။ ဟုတ်တာပေါ့ကိုရဲ့ဟု မည်သည့် အရိပ်အငွေ့မျိုးမျိုးသဲ့သဲ့မှ ထင်မနေအောင် အချိုသာဆုံးပြုံးပြဖို့တင်ကြို လေ့ကျင့် ထားခဲ့ပြီးဖြစ်သည်ပဲ။ နောင်အချိန်တွေမှာနှင်းဆီဖြူခင်းထဲ ကို တစ်ယောက်တည်း နေချင်ပါသည်လို့ တောင်းဆိုလာခဲ့လျှင်လည်း ဘီးတပ်ကုလား ထိုင်လေးကို ငြင်ငြင်သာသာ တွန်းလာပေးမည်။ သူု သက်တောင့် သက်သာရှိနိုင်မည့် တစ်နေရာရာလေးကိုလေးကို သေသေချာချာ စီစဉ်ထားပေးဦးမည်။ နောက်ပြီးတော့မှဟိုး…ခပ်ဝေးဝေး သူ မမြင်နိုင်လောက်တဲ့ တစ်နေရာရာကနေ သူ့ ကို ငေးမျှော်စောင့်ကြည့် နေလိုက်မည်။ 

**အိန္ဒြာ**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)