ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, May 14, 2013

-မရှိတော့တဲ့နောက်-

>
မောင်ရယ် လှိုက်ကာကြားကနေ မျက်နှာပေါ်ကိုထိုးကျလာတဲ့ မနက်ခင်းအလင်းနုနုကြောင့် မေနိုးလာခဲ့တယ် ။ နှစ်ညတာမနိုးတမ်းအိပ်စက်ခဲ့ပေမယ့် မေ့ခန္စကိုယ်ဟာ အရင်ရက်တွေကထက် နုံးချိလေးလံနေသလိုပဲ မောင်ရယ်. ........ပြီးတော့ မေ့ခေါင်းတစ်ခုလုံး တူတစ်လက်နဲ့မနားတမ်းထုရိုက်ထားသလို နာကျင်ကိုက်ခဲလေးလံနေတယ်မောင် ။ ခါတိုင်းမေမြင်နေကျ မြင်ကွင်းမဟုတ်တာကို သတိထားလိုက်မိတော့မှ မေ ၊ မောင်နဲ့မေရဲ့ အိမ်ကလေးကိုရောက်နေမှန်း သတိရမိတော့တယ်မောင်ရယ်..။ မေ ဒီအိမ်လေးထဲကိုရောက်နေတာ နှစ်ရက်ရှိပြီမောင် ။ မေတစ်ယောက်ထဲရှိနေတဲ့ ပန်းနုရောင်အိပ်ရာပေါ်ကနေထလိုက်ပြီး အိမ်ရှေ့ဝရန်တာဘက်ကို ထွက်လာလိုက်တယ် ။ ၀ရန်တာလက်ရန်းနားမှာ မောင်ချစ်တဲ့ငှက်ကလေးတွေ နားနေကြတယ် မောင်...စိုးစီ စိုးစီအသံတွေနဲ့ မေ့ကိုနှုတ်ဆက်နေကြတယ်။ မောင်သာရှိနေခဲ့ရင် ဟောဒီမနက်ခင်းတိုင်းမောင်နဲ့
အတူတူ နိုးထပြီး ၀ရန်တာလက်တန်းလေးမှာ မှီပြီးစကားတွေပြောမယ် ။ မနက်စာအတူတူစားပြီး လုပ်ငန်းခွင်ထဲဝင်ကြမယ်။ ပိတ်ရက်ကလေးအားရင် မောင်စားချင်တာလေးတွေဖွယ်ဖွယ်ရာရာချက်ကျွေးမယ် ။ အိမ်ထောင်သက်ကလေးရလာရင် မောင့်နဲ့တူတဲ့သမီးကလေးတစ်ယောက်ယူမယ် ဆိုပြီး မောင်နဲ့မေ စိတ်ကူးတွေယဉ်ပြီးအတူတူပျော်ရွှင်ကြည်နူးခဲ့ကြတယ်နော်။ ဘုရားသွားလည်းအတူတူ ကျောင်းတက်လည်းအတူတူ ဆံဖြူသွားကျိုးတဲ့အချိန်ထိ တစ်ယောက်နားမှာ တစ်ယောက်မခွဲဘဲအတူနေကြမယ်လို့လည်း ကတိကိုယ်စီရှိခဲ့ကြဖူးနော် မောင် ။ ပြီးခဲ့တဲ့နှစ်တွေကနေစပြီး နှစ်ဘက်မိဘသဘောတူညီချက်နဲ့အတူ မောင်နဲ့မေတို့နှစ်ယောက်တစ်ဘ၀အတွက် အတူတူပျော်ပျော်ပါးပါး ပြင်ဆင်ခဲ့ကြတယ်နော် မောင် ။ မောင့်လက်ကိုမေတွဲရင်း ရန်ကုန်မြို့အနှံ့အိမ်လိုက်ရှာကြတာ နောက်ဆုံး ဒီတစ်ထပ်တိုက်ကလေးကိုတွေ့ခဲ့တယ်နော် ။ မေကတော့ မြင်မြင်ချင်းဒီအိမ်လေးကိုသဘောကျလိုက်တာမောင်ရယ်။ ဈေးတောင်မဆစ်ဘဲမေတို့တွေဝယ်ခဲ့ကြတယ်နော်။ အိမ်တွင်းအပြင်အဆင်ကိုလည်း မေကိုယ်တိုင်အချိန်ယူပြင်ဆင်ခဲ့တယ်။ မေပင်ပန်းတယ်လို့မမှတ်ယူခဲ့ဘူး ။ မေ့အတွက် မောင်ဟာအရာရာတိုင်းပါကွယ် ။ မေတို့နှစ်ယောက်မင်္ဂလာဆောင်မယ့်ရက်ကိုသတ်မှတ်ပြီးတဲ့နောက်မှာ ဟိုတယ်မှာ မင်္ဂလာခန်းမ booking လုပ်တယ် ။ ဖိတ်စာရိုက်တယ်။ သတို့သမီးသတို့သား ၊ အရံ အ၀တ်အစားတွေ ပြင်ဆင်ကြတယ် ။ မေ့ရဲ့ချစ်လှစွာသော မောင်က ပန်းရောင်ကြိုက်တဲ့မေ့ကိုအလိုလိုက်ပြီး သတို့သမီးဝတ်စုံပန်းရောင်လေးကိုဝတ်စေခဲ့တယ်နော် ။ ပန်းအလှပြင်ဆင်စရာတွေ ၊ ဖိတ်စာဝေစရာတွေ ၊ မင်္ဂလာအခမ်းအနားကိစ္စတွေကို မောင်နဲ့မေတို့ မောရမှန်းမသိအောင် အတူတူပြင်ဆင်ခဲ့ကြတယ် ။ မင်္ဂလာဆောင်လာတဲ့သူတွေအတွက် လက်ဆောင်ပြန်ကမ်းပေးမယ့် အမွှေးဖယောင်းတိုင်လေးတွေကိုတောင် မေ့လက်နဲ့လုပ်ခဲ့သေးတယ်နော် ။ မေပင်ပန်းမှာစိုးတဲ့မောင်က ဖယောင်းတိုင်အော်ဒါမှာစေချင်ပေမယ့် handmade လေးပေးချင်တဲ့ မေ့အလိုကိုလိုက်ပြီး ၀င်ကူခဲ့သေးတယ်။
မင်္ဂလာဦးဆွမ်းကျွေးမယ့်နှင်းဆီကုန်းဘိုးဘွားရိပ်သာမှာလည်းမေတို့ booking ချိတ်ထားပြီးပြီ။ မောင့်ဖေဖေသူငယ်ချင်းတရားသူကြီးရှေ့မှာ လက်မှတ်ထိုးဖို့မေတို့စီစဉ်ထားပြီးပြီနော် ။ မောင်ရယ်........... အသွားမတော်တစ်လှမ်းတဲ့ ၊ အစစအရာရာစီစဉ်ထားပြီးသားအချိန်အခါကျမှ ဆိုဒ်ထဲမှာ accident ကြောင့် die on the spot ဆိုတဲ့စကားတစ်ခွန်းဟာ နောက်တစ်ပတ်တိတိနေရင်လက်မှတ်ထိုးပြီး ရှစ်ရက်မြောက်နေ့မှာ မင်္ဂလာဆောင် ၊ ကိုးရက်မြောက်နေ့မှာမင်္ဂလာဦးဆွမ်းကျွေးမယ့် သတို့သမီးလောင်းကို ကျောက်ရုပ်တစ်ရုပ်ပမာ shock ရသွားစေတယ် ။ ကံကြမ္မာဆိုတာကြီးကို မေသာကြိုသိနိုင်ခဲ့မယ်ဆိုရင် accident ဖြစ်မယ့်အချိန် မောင့်ကိုမေ ဘယ်သွားခိုင်းမလဲ ။ မောင်ရယ် safty first တဲ့ ။ ကားစီးရင် ခါးပတ်ကြိုးမတပ်ချင်တဲ့မောင် ၊ ဦးထုပ်ဆောင်းရင် ကြိုးတပ်ရမှာကို မနှစ်သက်တဲ့မောင် ၊ ဆိုဒ်ထဲသွားရင် safty shoes မစီးချင်တဲ့မောင် ..တကယ်လို့နောက်ဘ၀ဆိုတာရှိခဲ့လို့ မောင်ခုလိုအင်ဂျင်နီယာကြီးဖြစ်ခဲ့မယ်ဆိုရင် safty halmet လေးကို ကြိုးတပ်ပါမောင်ရယ်။ လွန်ခဲ့တဲ့နှစ်ရက် တိတိကျကျပြောရရင် မောင်ရက်လည်နေ့ ၊ မေတို့လက်မှတ်ထိုးမယ့်နေ့မှာ မေဒီအိမ်ကလေးကိုရောက်လာခဲ့တယ် ။ မောင့်မိဘတွေရော ၊ မေ့မိဘတွေပါ မေ့ကိုဝိုင်းဂရုစိုက်ကြပါတယ် မောင်ရယ် ။သူတို့ရင်ထဲက ပူလောင်သောကထက် မေ့ရင်ထဲက ပူပင်သောကကို သူတို့ပိုပြီးနားလည်စိုးရိမ်ခံစားကြတယ် ။ မေ့ကိုသူတို့မျက်စိအောက်ကအပျောက်မခံကြဘူး ။ ဒါပေမယ့် သူတို့သဘောမတူတဲ့ကြားကနေ မေ ဟာ မောင်နဲ့အတူတူနေမယ့်ဒီအိမ်ကိုလာခဲ့တယ် ။ အိမ်ကအမေကတော့ မေနဲ့အတူတူလိုက်အိပ်မယ်ပြောပေမယ့် မေတစ်ယောက်တည်းနေချင်လို့
 မောင့်အရိပ်တွေထင်ကျန်နေတဲ့ဒီအိမ်ကလေးကိုလာခဲ့တာပါ မောင်ရယ် ။ ထင်တဲ့အတိုင်းပါပဲမောင်ရယ် ခြံလေးထဲကိုမေ့ကားလေးဝင်လိုက်တာနဲ့ မောင်နဲ့မေ အတူတူစိုက်ခဲ့ကြတဲ့ မေချစ်တဲ့နှင်းဆီပန်းပင်လေးတွေ......ရေလောင်းမယ့်သူမရှိတဲ့ ရက်သတ်တ တစ်ပတ်အတွင်းမှာ ညှိုးနွမ်းနေကြတယ်မောင် ။ မေတို့နောက်ဆုံးအိမ်ကလေးကိုလာခဲ့တုန်းက မောင်နဲ့မေ သောက်ခဲ့တဲ့အအေးခွက်ကလေးတွေ ၀ရန်တာက ခုံလေးပေါ်မှာတင်လျက်ပဲမောင် ။ မောင်ဘန်ကောက်သွားတုန်းက၀ယ်လာခဲ့တဲ့ မစ်ကီ ၊ မီနီ စုံတွဲခွက်ကလေးမှာ ခုတော့ မီနီတစ်ယောက်အဖော်မဲ့ပြီမောင် ။ မောင်နှုတ်ခမ်းနဲ့နောက်ဆုံးထိခဲ့တဲ့ ခွက်ကလေးကို မေ လက်နဲ့ပွတ်သပ်နေမိတယ် ။ မောင့်ကိုယ်သင်းနံ့လေးတောင်ရလာသလိုပါပဲလား မောင်ရယ် ။ ပန်းနုရောင်လွှမ်းနေတဲ့မင်္ဂလာဦးအိပ်ရာထဲမှာ ခုတော့ မေတစ်ယောက်တည်းပဲမောင် ။ မေနဲ့မောင်စိတ်ကြိုက်ရွေးချယ်ထားတဲ့ပန်းရောင်အပြင်အဆင်နဲ့အခန်းထဲမှာ မေလေ.
.မေတစ်ယောက်တည်းပါလား မောင်ရယ်...။ မှန်တင်ခုံပေါ်မှာ မောင်ကြိုက်တဲ့ wonderstruck ခရမ်းရောင်ရေမွှေးပုလင်းလေး ။ မောင်ရယ် ဘယ်လိုအင်အားမျိုးနဲ့ ဟောဒီလောကကြီးထဲမှာ မေကျန်နေခဲ့ရမှာလဲဟင် ။ ပန်းနုရောင်အိပ်ရာပေါ်မှာ မေတသိမ့်သိမ့်ရှိုက်ငိုရင်း မှောက်လှဲနေမိတယ် မောင်ရယ်.....။
မနက်ဖြန်တွေကိုမေဘယ်လိုရှေ့ဆက်ရမှာလဲ ။ အားပေးစကားသံ ၊ နှစ်သိမ့်တဲ့စကားတွေကို မေမကြားချင်ဘူးမောင်ရယ်.......ခုချိန်မေ အိပ်ပျော်လိုက်ချင်တယ် အိပ်မက်ကလေးထဲ မောင်လာမှာလားဟင် ။ လှိုက်ကာကြားကနေ မျက်နှာပေါ်ကိုထိုးကျလာတဲ့အလင်းနုနုကြောင့် မေ ဒီမနက်နိုးလာခဲ့တယ် မောင် ။ ဖုန်းကိုအသံပိတ်ပြီး နှစ်ညတိတိမေအိပ်ပျော်ခဲ့တယ် ။ မောင်မရှိတော့တဲ့နေ့ကနေ မောင်ရက်လည်တဲ့နေ့အထိ မေတစ်မှေးကလေးမှအိပ်မပျော်ခဲ့ဘူး ။ ငိုရလွန်းလို့ မောင်ချစ်တဲ့မေ့မျက်လုံးတွေ မို့ဖောင်းနေတယ် ။ ဗူးသီးလက်သည်းဆိတ်လေးလို့ မောင်ရှိရင်စဦးမယ်ထင်တယ် ။ ၀ရန်တာကိုထွက်ရင်း မောင်သောက်ခဲ့တဲ့ရေခွက်ကလေးမှာ ရေဖြည့်ရင်း မေ တစ်နေ့က၀ယ်လာခဲ့တဲ့ ဆေးလုံးလေးတွေ တစ်ထုတ်လုံးကို မေမျိုချလိုက်တယ် ။ လည်ချောင်းတစ်ခုလုံးပူလောင်အက်ကွဲတဲ့ဝေဒနာတွေစခံစားရတယ် မောင် ။ လည်ချောင်းကနေ ဆေးလုံးလေးတွေဆင်းသွားလိုက်တာ..မီးခဲကြီးမျိုချလိုက်ရသလိုပဲ မောင်ရယ်...
 ပြောရင်းဆိုရင်းအူလမ်းကြောင်းတောက်လျှောက်ပူလာပြီမောင်.........မောင်ရဲ့.......။ ခပ်ဝေးဝေးမှာဝိုးတိုးဝါးတားနဲ့ မောင့်ပုံကို မေမြင်ရတယ်...........မောင်....မောင်... မေ မောင့်ဆီကို
လိုက်လာခဲ့ပြီ........ မောင်ရယ်..........ရိုမီယို ဂျူးလိယက်ကိုအားကျလို့မဟုတ်ဘူး မောင့်ရဲ့မေဟာ အချစ်သူရဲကောင်းမကြီးလည်းမဟုတ်ရပါဘူး ။

........ မောင်မရှိတဲ့မနက်ဖြန်တွေမှာ မေတစ်ယောက်တည်းရှေ့ဆက်ရပ်တည်ဖို့ အင်အားမရှိတော့လို့ပါမောင်ရယ်.......။ မောင်မပါတဲ့ဘ၀ခရီးကိုတစ်ယောက်တည်းလျှောက်ဖို့
မဖြစ်နိုင်လို့ပါ ။ မောင်မရှိတဲ့ ကမ္ဘာလောကကြီးထဲမှာ အသက်ရှင်ဖို့ မ၀ံရဲလို့ပါ ။ မောင်မရှိဘဲ လောကအလယ်မှာ တစ်ယောက်တည်းရပ်ကျန်ခဲ့ဖို့ခွန်အားမရှိလို့ပါ ။ မောင်သေရင် မေလိုက်သေမှာလို့ပြောတတ်တဲ့ မေ့ကို အရူးမလေးဆိုပြီးခေါင်းခေါက်ဦးမလားမောင်..................။

 မေ့ရင်တွေအရမ်းပူတယ် မောင်ရယ် ......။ မေ့ကိုရေအေးအေးလေးတိုက်ပြီး

 ထွေးဖက်ပေးပါဦးနော်...မောင် ။ ။

 Posted by ဆုမြတ်မိုး

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)