မဲဆောက်မြေမှာလည်း အခြေအနေပေးလို့ မေဒေးနေ့ကို အောက်ပါအတိုင်း ကျင်းပခဲ့ကြပါသည်။ ခရသက္ကရာဇ် (၁၈၉၀) ခုနှစ်မှစ၍ နှစ်စဉ်မပျက် ကျင်းပလာခဲ့ရာ ယခု (၂၀၁၃) ခုနှစ်ဆိုပါက (၁၂၃) နှစ်တိုင်တိုင် ရှိခဲ့ပေပြီ။ မဲဆာက်မြို့ရွှေ့ပြောင်းအလုပ်သမားများ၏ အရေးကို ကူညီဆောင်ရွက်ပေးနေသော မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) နှင့် မက်ဖေါင်ဒေးရှင်းတို့၏ ညှိုနှိုင်းစီစဉ်မှုတို့ဖြင့် ဘန့်ဆောင်ခွဲရပ်ကွက်အလုပ်သမားတန်းလျားရှေ့တွင် ယနေ့ မေလ ၁ ရက် ညနေ (၃း၃၀) နာရီတွင် ကျင်းပပါသည်။ ဖော်ပြပါအခမ်းအနားကို (JACBA) မှ တာဝန်ရှိသူများ၊ မက်ဖေါင်ဒေးရှင်းမှ တာဝန်ရှိသူများနှင့်အတူ ကနေဒါနိုင်ငံမှ မဲဆောက်တွင် လာရောက်၍ ရွှေ့ပြောင်းအလုပ်သမားတို့၏ အကျိုးကို ဆောင်ရွက်နေသော Mr. စတီဗင် (ခေါ်) ကိုစိုးစံ လည်းတက်ရောက်ပါသည်။ အနီးပတ်ဝန်းကျင်ရှိ စက်ရုံအလုပ်ရုံများမှ အလုပ်သမား (၂၀၀) ခန့် ပျော်ပျော်ပါးပါးတက်ရောက်ခဲ့ကြပါသည်။ ဧည့်ခံကျွေးမွေးခြင်းအစီအစဉ်၌ ကြာဇံဟင်းခါး၊ ကျွေးမွေး၍ အလုပ်သမားများပျော်ပျော်ပါးပါး စားသောက်ကြပြီး ဉာဏ်စမ်းပဟေ¬ဠိများလည်း ပြောဆိုကာ ဆုရရှိသူများကို ဆုပစ္စည်းများချီးမြှင့်ပေးအပ်ခဲ့ပါသည်။ ညနေ (၅) နာရီ၌ အခမ်းအနားအား (၈ နာရီလုပ်မယ်၊ ၈ နာရီပျော်မယ်၊ ၈ နာရီနားမယ်) ကြွေးကြော်သံများဖြင့် အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။
(ဘန့်ဆောင်ခွဲရပ်ကွက်မှ ရွာသူကြီးမှ အဖွင့်အမှာစကားပြောကြားနေစဉ် )
(ကိုစိုးစံမှ အဖွင့်အမှာစကားပြောကြားနေစဉ်)
(ဂျက်ဘာအဖွဲ့ မှ ဆရာ ဦးမောင်ကြည်မှ အဖွင့်အမှာစကား ပြောကြားနေစဉ် )
သတင်းဓာတ်ပုံ- ရဲရင့် (မြန်မာပြည်သား)
(၁-၅-၂၀၁၃)
မဲဆောက်မြေမှာလည်း အခြေအနေပေးလို့ မေဒေးနေ့ကို အောက်ပါအတိုင်း ကျင်းပခဲ့ကြပါသည်။ ခရသက္ကရာဇ် (၁၈၉၀) ခုနှစ်မှစ၍ နှစ်စဉ်မပျက် ကျင်းပလာခဲ့ရာ ယခု (၂၀၁၃) ခုနှစ်ဆိုပါက (၁၂၃) နှစ်တိုင်တိုင် ရှိခဲ့ပေပြီ။ မဲဆာက်မြို့ရွှေ့ပြောင်းအလုပ်သမားများ၏ အရေးကို ကူညီဆောင်ရွက်ပေးနေသော မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) နှင့် မက်ဖေါင်ဒေးရှင်းတို့၏ ညှိုနှိုင်းစီစဉ်မှုတို့ဖြင့် ဘန့်ဆောင်ခွဲရပ်ကွက်အလုပ်သမားတန်းလျားရှေ့တွင် ယနေ့ မေလ ၁ ရက် ညနေ (၃း၃၀) နာရီတွင် ကျင်းပပါသည်။
ဖော်ပြပါအခမ်းအနားကို (JACBA) မှ တာဝန်ရှိသူများ၊ မက်ဖေါင်ဒေးရှင်းမှ တာဝန်ရှိသူများနှင့်အတူ ကနေဒါနိုင်ငံမှ မဲဆောက်တွင် လာရောက်၍ ရွှေ့ပြောင်းအလုပ်သမားတို့၏ အကျိုးကို ဆောင်ရွက်နေသော Mr. စတီဗင် (ခေါ်) ကိုစိုးစံ လည်းတက်ရောက်ပါသည်။ အနီးပတ်ဝန်းကျင်ရှိ စက်ရုံအလုပ်ရုံများမှ အလုပ်သမား (၂၀၀) ခန့် ပျော်ပျော်ပါးပါးတက်ရောက်ခဲ့ကြပါသည်။
ဧည့်ခံကျွေးမွေးခြင်းအစီအစဉ်၌ ကြာဇံဟင်းခါး၊ ကျွေးမွေး၍ အလုပ်သမားများပျော်ပျော်ပါးပါး စားသောက်ကြပြီး ဉာဏ်စမ်းပဟေ¬ဠိများလည်း ပြောဆိုကာ ဆုရရှိသူများကို ဆုပစ္စည်းများချီးမြှင့်ပေးအပ်ခဲ့ပါသည်။
ညနေ (၅) နာရီ၌ အခမ်းအနားအား (၈ နာရီလုပ်မယ်၊ ၈ နာရီပျော်မယ်၊ ၈ နာရီနားမယ်) ကြွေးကြော်သံများဖြင့် အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။
(ဘန့်ဆောင်ခွဲရပ်ကွက်မှ ရွာသူကြီးမှ အဖွင့်အမှာစကားပြောကြားနေစဉ်
)
(ကိုစိုးစံမှ အဖွင့်အမှာစကားပြောကြားနေစဉ်)
(ဂျက်ဘာအဖွဲ့ မှ ဆရာ ဦးမောင်ကြည်မှ အဖွင့်အမှာစကား ပြောကြားနေစဉ် )
သတင်းဓာတ်ပုံ- ရဲရင့် (မြန်မာပြည်သား)
No comments:
Post a Comment