ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, May 19, 2013

-မိန်းမနှစ်ယောက်ရဲ့ ချစ်ခြင်း-

>
ချစ်ခြင်းဆိုတာ ကံကြမ္မာလား၊ ဝဋ်ကြွေးလားလို့ ကြံစည်နေခိုက်မှာပဲ အချစ်ဆိုတာ ယုံကြည်မှုလို့ အမျိုးသမီးနှစ်ဦးက ဆိုလာပါတယ်။ သူတို့နှစ်ဦးမှာ ကိုရီးယားဇာတ်လမ်းတွဲမှ ဇာတ်ကောင်များဖြစ်ပါတယ်။ ပထမအမျိုးသမီးမှာ Nice Guy (The innocent Man) ထဲက ဇာတ်ကောင်မင်းသမီးဖြစ်ပြီး ဒုတိယအမျိုးသမီးမှာ Queen in hyun’s Man ဇာတ်ကားမှ ဇာတ်ကောင်မင်းသမီးဖြစ်ပါတယ်။ ကျွန်မကို သူတို့နှစ်ဦးထံ နစ်ကျွံပြိုလဲစေတဲ့အကြောင်းမှာ သူတို့ရဲ့ အံ့သြတုန်လှုပ်ဖွယ်ကောင်းသော တဇွတ်ထိုးနိုင်မှုနဲ့ သူမတို့ရဲ့အချစ်ကို အရဲကိုးလွန်းမှုကြောင့် ဖြစ်ပါတယ်။ မိန်းမတွေဟာ ချစ်မိတဲ့အခါ သတ္တိရှိလာတယ်ဆိုတာ အမှန်ပဲလား။ ပထမဇာတ်ကောင်အမျိုးသမီး(Sun Eun Gi)ကို ကျွန်မစွဲလမ်းရခြင်းအကြောင်းမှာ ဘာပဲဖြစ်ဖြစ်ဆိုကာ ချစ်တဲ့သူဆီ ဇွတ်တိုးသွားပေမယ့် ထိုသူကငြင်းလိုက်တဲ့အခါ ရှက်စိတ်မွှန်ပြီး သူသေ၊ကိုယ်သေကားနဲ့တိုက်လိုက်တဲ့အထိ ပြင်းထန်သောအချစ်၊အမုန်းပိုင်ဆိုင်မှုကြောင့် ဖြစ်ပါတယ်။ သူမဟာ ဂလဲ့စားချေလိုစိတ်ဖြင့် မရိုးမသားချဉ်းကပ်တယ်လို့ ထင်ရတဲ့ ချစ်သူကို ခြွင်းချက်မရှိယုံကြည်ခဲ့သူ ဖြစ်ပါတယ်။ ဘယ်လောက်ရူးသွပ်မိုက်မဲလိုက်တဲ့ မိန်းမပါလဲလို့ စာနာကရုဏာသက်မိတာ။ မိန်းမတွေဟာ ချစ်မိတဲ့အခါ သည်းခံနိုင်စွမ်းကြီးမားတယ်ဆိုတာ တကယ်ပဲလား။

ဒုတိယ ဇာတ်ကောင်အမျိုးသမီး (Choi Hee-jin) မှာ ကျွန်မ စွဲလမ်းရခြင်းအကြောင်းမှာ ချစ်သူကိုကြည့်သော သူမရဲ့မျက်ဝန်း၊အပြုံးတို့မှာ မေတ္တာရိပ်များလျှံပြီး အလွန်တရာ ချစ်စရာကောင်းသောကြောင့်ဖြစ်ပါတယ်။ သူမက နှစ်ပေါင်းသုံးရာကျော်ဝေးတဲ့အရပ်က ချစ်သူကို ယုံယုံကြည်ကြည်ချစ်ရင်း စောင့်နေသူဖြစ်ပါတယ်။ ဘယ်လောက်နုံအညံ့ဖျင်းလိုက်တဲ့ မိန်းမပါလဲလို့ မချင့်မရဲသနားကြင်နာမိတာ။ ဒီမိန်းမတွေဟာ စာမဖတ်ဘူး။ ဒီလိုပဲ ဆိုးရွားပြင်းထန်စွာ မှတ်ချက်ချချင်တယ်။ အထူးသဖြင့် သူမတို့က "He's Just Not That into You" ဆိုတဲ့ Greg Behrendt နဲ့ Liz Tuccillo တို့ ရေးတဲ့စာအုပ်ကို မဖတ်ဖူးဘူးလား မသိ။ ဟုတ်တယ်။ သူမတို့ အဲဒီစာအုပ်ကို ဖတ်မိမယ်ဆိုရင် ဒီလောက်ရဲရင့်နိုင်ပါဦးမလား။ စာအုပ်ထဲမှာ ယောက်ျားတွေက ကိုယ့်ကိုမချစ်ဘူးဆိုတာ ဘယ်လိုသိနိုင်လဲဆိုတဲ့ အချက် ၁၂ ချက်ထဲက ပထမဆုံးအချက်ကို မြင်ရုံနဲ့တင် သူမတို့နောက်ဆုတ်ဖို့သင့်တာ။"He’s Just Not That Into You If He’s Not Asking You Out" တဲ့လေ။ ဇာတ်ကားနှစ်ကားစလုံးမှာ ယောက်ျားလေးတွေက သူတို့နဲ့တွဲဖို့ စတင်ကမ်းလှမ်းခြင်းမျိုး မလုပ်ခဲ့ပါဘူး။ ယောက်ျားလေးတွေဟာ မိန်းကလေးတွေ စိတ်ကူးယဉ်သလို မရှုပ်ထွေးဘဲ သိပ်ရိုးရှင်းတဲ့ သတ္တဝါတွေရယ်လေ။ သူတို့ချစ်ရင် ဘယ်လိုအကြောင်းတွေက ခက်ခဲတားဆီးနေလည်း သူတို့ကိုယ်ထဲက အမဲလိုက်ဗီဇသွေးရဲလာပြီး နီးစပ်ဖို့ကြိုးစားမယ့်သူတွေသာ။ ဒါကြောင့် အကြောင်းပြချက်အမျိုးမျိုးနဲ့ ရှေ့လှမ်းမလာတဲ့သူတို့ကို သူမတို့ မျှော်လင့်ချစ်နေမသင့်ဘူး။ ကိုယ့်ကိုမေတ္တာရှိမှန်းမသေချာတဲ့သူတို့ရဲ့အချစ်ကို လက်ဝယ်ရရှိဖို့ သူမတို့စွမ်းစွမ်းတမံ မကြိုးစားသင့်ဘူး မဟုတ်လား။ ဒီလိုပြောတဲ့အခါ သူမတို့က ကျွန်မကို လှောင်တယ်။ စာအုပ်ကြီးသမားကျွန်မ မှားတယ်တဲ့။ သူမတို့ရဲ့ ခိုင်မြဲယုံကြည်မှုကြောင့်သာ နောက်ဆုံးမှာ စစ်မှန်လှပတဲ့အချစ်ကို သူမတို့ပိုင်ဆိုင်ရသတဲ့လေ။ ဟုတ်ပါလိမ့်မယ်။ ဒါဟာ ရုပ်ရှင်ပြဇာတ်ထဲက ဖန်တီးထားတဲ့ စိတ်ကူးယဉ်ဇာတ်လမ်းတွေမို့ရယ်လေ။ ခေါင်းမာတဲ့ကျွန်မက ဒီလိုပဲဆိုဦးမှာဖြစ်ပေမယ့် သတ္တိရှိတဲ့ သူမတို့ကို လေးစားချစ်ခင်ဆဲဖြစ်ပါတယ်။
ဝန်ခံပါတယ်။ အမှားကင်းဖို့ မစွန့်စားရဲတာဟာ အနာကျင်နည်းသလို ပျော်ရွှင်မှုလည်း ချို့တဲ့တယ်ဆိုတာ။ နောက်ဆုံးတော့ သွေးကြောင်သူက ကျရှုံးပြီး ရဲရင့်သူသာ အောင်ပွဲခံနိုင်တာ မဟုတ်လား။ သူမတို့ကို အားကျပေမယ့် သီအိုရီတွေကို လွှင့်ပစ်ရလောက်အောင် ကျွန်မ မိုက်ရူးရဲမဆန်နိုင်သေးပါ။ ဘယ်လိုလဲ။ အထီးကျန်ခြင်းတောင်ထိပ်ကို စွန့်ပြီး ချောက်တစ်ဘက်ကမ်းက ပျော်ရွှင်မှုအိပ်မက်ဆီ ခုန်ကူးမလား။ ဟင့်အင်း။ နေပါစေတော့။ ချောက်နက်ကိုပဲကြည့်ကာ ကြောက်အားပိုနေသူမှာ နောက်တစ်လှမ်းဆုတ်ကာ လက်ပိုက်ရပ်နေဆဲ။ ဟုတ်တယ်။ ဘဝဟာ စိတ်ကူးယဉ်ရုပ်ရှင်၊ ပျော်ရွှင်ဖွယ်နတ်သမီးပုံပြင်လို ဘယ်တော့မှ ကြည့်ပျော်ရှုပျော် မဖြစ်နိုင်ဘူး။ ကျေးဇူးပြုပြီး နှစ်သိမ့်ပေးပါ။ ပညာရှိသူဟာ မိုက်ရူးရဲမဆန်သင့်ဘူးလို့။ တစိမ့်စိမ့်ကြေကွဲမှုအမှောင်က ကြည်နူးခြင်းတွေခမ်းအောင် ဖမ်းစားလည်း ဘေးကင်းတယ်လို့။...ပြီးတော့ ဒီလိုပဲ လုပ်ကြံစိတ်ဖြေသင့်တယ်ရယ်လို့။ ။

**မယ့်ကိုး**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)