ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, May 7, 2013

အလှည်. အပြောင်း မတိမ်းစောင်းစေချင်

>

“ ဒီတောအုပ် မှာ မင်းရဲ. အဘေးလက်ထက်က ကျားအလွန်ပေါဆိုပဲ”
 တောင်အုပ်စိမ်းစိမ်း ကို လက်ညှိုးထိုးပြ၍ အဖိုးပြောခဲ့သည်. စကား။
 “ ဒီချောင်းဆို မိကျောင်းတွေပေါလွန်းလို. ဒုတိယကမ္ဘာစစ်အတွင်း က ဂျပန်စစ်သားတွေ၊ အင်္ဂလိပ် စစ်သားတွေ အရမ်းကြောက်ခဲ့ကြတာလေ။”
တိမ်ကောစပြုနေပြီဖြစ်တဲ့ ချောင်း အစတွင် ရပ်ပြီး အဖိုး ပြောခဲ့သည်.စကား။
 “ ဒီလို ဆောင်းရာသီ လပြည့် ညမျိုး ပင်လယ် လိပ်ကြီးတွေက ကမ်းပေါ်တက် ဥ ဥလေ. ရှိတယ်၊ မင်း (၁၀)နှစ်သားတုန်းက မင်းအဖိုး ယူလာခဲ့တဲ့ လိပ်ဥ (၁၅၀) လောက်တောင်ရှိတာ၊ မင်းမှတ်မိသေးရဲ့ လား။ တကယ်ဆို အဲဒီအချိန်တောင် လိပ်တွေ ကမ်းပေါ်တက် ဥတာ အတော်ရှား ပါးသွားပြီ ။ အမေတို. ငယ်ငယ်တုန်းကဆို သူငယ်ချင်းတစ်သိုက် နှင်. ပင်လယ်လိပ်ကြီးတွေ ကမ်းပေါ်တက်လာချိန် ဆော.ကစားခဲ့ ကြတာ အလွန်ပျော်စရာကောင်းတဲ့ အချိန်ပေါ.။”
“ဒီလို ရာသီမျိုးမှာ ပင်လယ်ပြင်အခြမ်းဘက်ဆီကမိုးတိမ် ခဲပုတ်ငွေရောင်ငါးကြင်းကွက်ပုံစံ ဖြစ်ပေါ်နေ ပုံထောက်တော. ငါးကွင်းချပ်တွေ၊ ငါးသလောက်တွေ လှိုင်လှိုင် ရမဲ့ ပုံပဲ။” ( ပင်လယ်ပြင် အခြမ်းဘက်၌ ဖြစ်ပေါ်နေသော ငွေရောင်နှင်. ခဲရောင်စပ်ထားသော ငါးကြင်းကွက် ပုံသဏ္ဍန်ဖြစ်ပေါ်နေသော မိုးတိမ်ကို ကြည့် ၍ ဒေသခံ များ ရဲ .သဘာဝ မှပေးသော အသိမှ တစ်ဆင်. ခန်.မှန်းချက်များ) “ဟာ… ဟို မှာ ပင်လယ်ပြင်ရဲ. စိမ်းပြာပြာနေရာ မှာ ကွက်ပြီးမည်းနက်နေပုံထောက်တော. ငါးကွန်းညို အုပ်ကြီးနှင်. တူတယ်” လို. ဒေသခံ သူငယ်ချင်းတစ်ဦး၏ အမြင်.တစ်နေရာမှ ကြည်.၍ မြင်ရသည်. မြင်ကွင်းအပေါ် သုံးသပ်ပြောဆို ချက်။
 “ ဇင်ယော် တစ်အုပ် က ငနီတူ အုပ်ကြီးကို မောင်းကစားနေတယ်။ နေကလည်းစောင်းပြီ ၊ ဒီရေလည်းတက်လာလေပြီ၊ အိမ်ပြန်ချိန်မှာ မျက်နှာပန်းပွင်.စေဖို. ရနိုင်သမျှ ရှာဖွေယူသွားရမယ်။ (ဒေသခံ ရခိုင်စကားဖြင်.- အေအချိန်ဂါ နိန်ကလည်းစောင်း ၊ဖျားကလည်း တက်နိန်ရာ ၊အိမ်ပြန်ဂယ် မျက်နှာရဖို. ရသမျှ ကျူံး ယူလားရဖို .ရာယေ။) လူစုပြီး လှေအသင်. ပြင်ထားကြဟေ.။”
 ( ငနီတူ ၊ အင်္ဂလိပ် အခေါ် Anchovy မျိုးနွယ်စု၊ ( Scientific Name: Engraulidae)၊ Singpore နှင်. Malaysia တွင် Ikan Bilis ဟုခေါ်သော ငါးကို မြန်မာပြည် အတွင်းကကျွန်တော်တို . ရခိုင်ဒေသတွင် ဖမ်းယူရ ပုံ မြင်ကွင်းကား၊ စိတ်လှုပ်ရှားမှု၊ အားမာန် ပြည်. ၀မှု ၊တက်လီလက်ညီဆောင်ရွက်မှု များ ကား စာပန်းချီခြယ်မှုန်းလို. ပင် ပြည်.စုံမည် မထင်။ ဗဟုသုတ အလို. ငှာ မြင်ကွင်းတစ်ချို .ကို ဖောက်သည် ချ လိုက်ပါသည်။ ငနီတူဖမ်းရာတွင် ဒေသအခေါ် “ ဗူး ပိုက်” လို. ခေါ်သော နိုင်လွန်ဖြင်. ရက်လုပ်ထားသည်. အရှည်ပေ- ၂၀၀ ခန်.ရှိသော ငါးဖမ်းပိုက် ဖြင်. ဖမ်းယူရပါသည်။ ငနီတူ အုပ်ကြီးကား ဒီ ရေတက်ချိန် တွင် ကမ်းစပ်မှ လူတစ်ရပ်နစ် မြှပ်နိုင်သော အကွာ အဝေး ( ပေ ၁၀၀ နှင်. ၁၅၀ အကွာအဝေး)လောက်အရောက် အုပ်စု လိုက် ပျော်မြူးနေစဉ် ကျန်းမာသန်စွမ်းသော ၊ ရေစီးကြောင်းသဘော သဘာဝ၊ ငါးများ၏ သဘော သဘာဝကို ကျွမ်းကျင်သော လူပုဂ္ဂိုလ် ခုနှစ်ဦး က ကိုယ်တိုင် စပ်ဟပ် ထွင်းထားသည်. လှေကို ပြိုင်တူမကာ ညာသံပေး၍ ထမ်းကာ ကမ်းစပ်ချပြီး လှေပေါ်သို.ကတိုက်ကရိုက်ပြေးတက်ကာ ငါးအုပ်ရှိရာသို. လှော်ခတ်သွားရသည်။ ခေါင်းဆောင်အဖြစ်ရွေးထားခြင်း ခံရသူက လှေဦးတွင် မတ်တပ်ရပ်၍ ငါးများ၏ ရွေ. လျားသွားလာနေမှု အခြေ အနေကို ကြည်. ရ၏။ ငါးများရွေ.လျားနေမှု အလိုက် လှေ အထားအသို ပုံစံ အခြေ အနေကို ပြောင်းဖို . ညွှန်ကြားရသည်။ လှေအထား အသို မှန်ကန်သော အနေအထားရောက်သွားအခါ၊ ငါးနီတူအုပ်ကြီး အား မိမိတို. က ဖမ်းယူရနိုင်သည်. ရေအနက် ( လူတစ်ရပ်စာ မမီတမီ အနေအထား၊ ငါးဖမ်းပိုက် (၀ါ) ဗူးပိုက် အုပ်ယူ မိနိုင်သော အနေအထား) ခြောက်လှန်.၊ ဆွဲဆောင် မောင်းနှင် ရပါသည်။ အားလုံး အသင်. အနေ အထား ဖြစ်သော အခါ လှေပေါ်တွင် တင်ထားသော ငါးဖမ်းပိုက်ကို စတင်ချလေတော.သည်။ ငါးဖမ်းပိုက်ချ ရာတွင် ငါးဖမ်းပိုက်အစကို ပထမလူမှကိုင်ကာရေထဲ့သို. အလျင်အမြန် ခုန်ဆင်းရပြီး ၄င်းနောက် တွင် တစ်ယောက်ပြီး တစ်ယောက်၊ အကွာအဝေး ဟန်ချက် ညီညီ ဖြင်. အသီးသီး ခုန်ဆင်းရပါသည်။ လှေပေါ်တွင် ခေါင်းဆောင် တစ်ဦးတည်း ကျန်ကာ ၄င်းက ငနီတူ အုပ်စု ၏ လှုပ်ရှားသွားလာမှု အရ ငါးဖမ်း ပိုက် ထားသို မှု အနေအထားကို နှုတ် မှ တတွက်တွက် ညွှန်ကြားပြီး၊ တစ်ဖက်ကလည်း ငါးများ ထွက်မသွားစေဖို. မောင်းနှင်ပေးရပြန်သည်။ ငါးဖမ်းပိုက်က ငါးကို ၀န်းရံပြီးသော တစ်ဖြည်းဖြည်း နှင်. ကမ်းစမ်းဆီသို. ဆွဲတင်ရန် ကြိုးစားရ ပြန်သည်။ ငနီတူအုပ်ကြီးမှာ များပြားလှသဖြင်. ကမ်းပေါ်ဆွဲတင်ရန် လူအင်အား မလောက်င သဖြင်. ကမ်းစပ်ရှိ ရေဆော.ကစားနေသူများ၊ အခြား ငါးဖမ်းနေသူများ၊ ညနေချိန်ရောက်၍ နွားကျောင်း၊ထင်းခွေ ပြန်လာသူများ ကို ကူကြဖို. တစ်ကြော်ဟစ်သံများဖြင်. ပွတ်လောညံနေတော.သည်။ တစ်ခါတစ်ရံ ငနီတူ အုပ်ကြီး မှာ များပြားလွန်းလှသဖြင်. ၊ ငါးဖမ်းပိုက် ကြီးပင် ပေါက်ထွက်သွားရသည်. အဖြစ်မျိုး။ တစ်ချို. ပါးနပ်သော ဦးစီးဦးဆောင်သူ က မိမိ ငါးဖမ်းပိုက် ခံနိုင်သည်. ငါးအုပ်ကိုသာ ရွေးချယ် ၀န်းရံပြီး ၊ ကျန်သည်. ငါးပမာဏ ကို ပိုက်ကို ဟ ၍ မောင်းထုတ် ဖွင့်ဟ ပေးလိုက်သည်မျိုး လည်း ရှိကြသည်။ ငနီတူ ကမ်းပေါ်ရောက်ပြီးသည်.အချိန် တွင်လည်း လှုပ်ရှားရုန်းကန်ရသော မြင်ကွင်းများ ၊ ၀မ်းစာ အတွက် သိုမှီးမှုများ၊ ၀င်ရောက် ကူညီသူများကို ငါးများပေးဝေမျ မှုများ နှင်. အပြန်အလှန် ကူညီကြပုံ မြင်ကွင်း များကို အခွင့် သာလျင် ရေးသားဝေမျှသွားချင်ပါသေးသည်။) နေတိုင်းပဲငါးစားနေရတာ ငြီးငွေ့ လှပြီ ၊ အပြောင်းအလဲ ကလေး ဖြစ်သွားအောင် ဂုံး၊ ယောက်သွား၊ မုတ်ကောင် တစ်ခုခု သွားရှာမှထင်တယ်။ ဒီ နေ လဆုတ်ရက်မှာ သန္တာကျောက်တန်းတွေ ပေါ်အောင် ( မြင်သာအောင်) အထိ ဒီရေကျ မှာ။ ယောက်မတို့ ရေ....တူ နှင့် ဆောက် ကောင်းကောင်းသာ ယူလာခဲ့။ "
 " သူငယ်ချင်းတို့ ... ဟဟ... အောက်က ကျောက်အိုင်က ကျောက်တုံးတွေကြား ကာလာစုံ ပုစွန်တုတ်ကြီတွေပါလား၊ ဖမ်းပြီး မီဖုတ်စားလိုက်ရ... ကြာပါတယ်လေ၊ လာလေရော့...ဗွမ်း။"
“တောင်ရဲ့ ဟိုဘက်ဆီက ခရုလည်းပေါ့၊ မြော့လည်းပေါတဲ့ မောင်ဟန် ရဲ့  လယ်တွေပေါ့၊ သူ. ရဲ. လယ်တွေအသိမ်းခံရပြီးကတည်း က သူလည်းစိတ်ထောင်း ကိုယ်ကြေဖြစ်သွား ပြီး ၊ဆုံးပါးသွားခဲ့ရလေတယ်။ လယ်တွေကို " အုတ်" ( မီးခံအုတ်) ဖုတ်ဖို့  ဖျက်ချလိုက်တော့၊ တွင်းတွေ၊ ချိုင့်တွေနှင့် မြင်ရတာစိတ်မကောင်း လိုက်တာ ဟယ်။” "အဲဒီ လယ်တော နောက်ဆ်ီက တောင်ကို " တောင်ပုချေ" ( မြန်မာ အခေါ် - တောင်ပုကလေး) လို့ ခေါ်တဲ့ တောင်ကုန်းလေးပေါ့။ သစ်ခွတ်ပွင်ချိန် မှာ ပင်လုံးကျွတ်လှိုင်လှိုင် ပွင့် ကြတော့တာပဲ။” ( သစ်ခွတ်ပွင့်ကို နေလှန်းအခြောက်ခံ၊ ၄င်း အခြောက်ကို ရေနွေးဖြင့် ပြုတ်ပါ။ အခါးရသာပျောက် အောင်ရေညစ် ပြီး အသုတ် လုပ်စားကြပါသည်။ အထူးသဖြင့် " သနပ်သုပ်" လို့  လူသိများသည့် အသုပ်စုံ ကား ရခိုင်ဒေသက အ လှူပွဲများတွင်လူကြိုက်များပြီး ပွဲတင့်တယ်လှသော ဟင်းလျာမျိုးဖြစ်သည်။ " သနပ်သုပ်" ၏အဓိက အမယ်ကား သခွတ်ပွင့်ခြောက်ပင် ဖြစ်ပါသည်။) “ဟေး....နှင်းတွေကျနေတာ ဘာမှသဲသဲ ကွဲကွဲ မမြင်ရဘူး၊ တို့ နွားတွေ ကို ဒီတောင် အကျော် လောက်မှာလွတ်ထားပြီးရင် ဒီတောင်ကုန်း ဟိုအထက်ဆီမှာ တောင်ပို့ မှို တွေ ပေါက်နေကျ နေရာ ရှိတယ်၊ သတိတော့ထား အဲဒီ မှိုပေါက်တဲ့ နေရာမှာ မြွေတွေလာ တက်တယ်။” (ယခင်တုန်းက ကျနော်ဒေသမှ တောသူတောင်သားများကား စပါးရိတ်သိမ်းချိန်ပြီးလျင် မိမိပိုင်သောနွားများကို တောတောင်တွင် လွတ်ထားခဲ့ကြပြီး ညနေစောင်းမှ ပြန်ရှာပြီးအိမ်သို. မောင်းနှင်ခဲ့ကြသည်။ ယခုစားကျက်မြေလည်း မရှိတော.၍ နွားမွေးမြူသူ အလွန်ရှားပါးခဲ့လေပြီ။) "ေ.ရှဆီက ‘ကာရီ’ ( လယ်မြေများအတွက်ရေလွဲပေါက် လုပ်ထားတဲ့ ချောင်းစ နေရာ ကို ဒေသအခေါ် စကား) အစမှာ ဍ ရင်ကောက် (ဒေသအခေါ် ကောက်ကောက်ညွန့်) ပင်တွေရှိတယ်၊ ဆီခန်းရေခမ်း လေး စားချင်ရင် တစ်နပ်စာ လောက်ခူးခဲ့ပေါ့။” သဘာဝ ဂေဟ စနစ်၏ အထောက် အပံ့ဖြင့် ကြီးပြင်း ခဲ့ ရသော ကျနော် နှင့်ကျနော်တို့  ရဲ့ ဒေသ ကဘ၀ရှင်သန်မှု ၊ နေစဉ်လှုပ်ရှားမှု မြင်ကွင်းများအခြေအနေ။ ကျနော် အနေဖြင်. မြင်ယောင်၊ ကြားယောင်ဆဲ။ နှစ်ကာလ အတော်အတန်ကြာခဲ့လေပြီ။ ကျနော်မိမိဒေသသို့  အခြေ အနေ အကြောင်းကြောင်း ကြောင့် မရောက်ခဲ့ သည်မှာ ဆယ် စုနှစ် (၂) ခု ပင် ရှိခဲ့ပါပြီ။ သို့ သော် မိတ်ဆွေ၊ဆွေမျိုး သားချင်းတို့  အား အမြဲ တစ် စေပြောင်းလဲ တိုးတက်မှုအခြေအနေများကိုအစဉ် တစ်စိုက်မေး မိပါသည်။ သတင်းများ၊ ဒေသခံတို့ ၏ ရင်ဖွင့် သံများ၊ စီးပွားရေး ပြောင်းလဲစေ ဖို့ စက်ရုံ အလုပ်ရုံ များ၊ သဘာဝ သယံဇာတတူးဖော်မှု များ နှင့်ဒေသခံတို့ ခွဲဝေ ရယူနိုင်မှု၊ အခွင့် အလမ်းပွင့်လင်းလာမှုများ အခြေအနေများတို.ကို အစဉ်တစိုက်နားထောင်မိသော အခါ စိုးရိမ်စိတ် ကလေး ၀င်လာမိသည်ကား အမှန်ပါ။ သဘာဝသံယံဇာတလည်း ပျက်စီး၊ စီးပွားရေး နှင့် လူနေမှု ဘဝလည်း မတက်လာဘဲ နောင်မျိုးဆက်သစ်များ အတွက်လည်း ဘာမှမချန်၊ ဘာမှမကျန် တော့မည် အခြေအနေများကို တွေးမိပူပန်မိခြင်း ဖြစ်ပါသည်။ တောင်တွေက တောင်ကတုံးဖြစ်ရုံမက ၊မိုင်းဖေါက်ခွဲခံရကာ ပျောက်ကုန်ကြလေပြီ။ ရေအောက်သတ္တ၀ါ မှီခိုရာ သန္တာ ကျောက်တန်းများပင်အဆစ်ပါမိုင်းခွဲခံရ၍ ရှာပါးရေသတ္တဝါတို.လည်း မျိုးတုန်းပျောက်ကွယ်လုနီး ပါးဖြစ်ခဲ့ လေပြီ။ ၊ သက်ဆိုင်သည်. ဥပဒေထိန်းသိမ်းရေးအဖွဲ့ များ ( Law Enforcement Agencies ) နှင့် စီပွားရေးလုပ်ငန်းရှင်များ၊ ကုမ္ပဏီ များ၊ တစ်သီးပုဂ္ဂလ လုပ်ငန်းရှင်များ အကြား လိုသလို ညှို နှိုင်းပြီး ဖြစ်ပေါ်လာသည့် ဆိုးကျိုးများ၊ သဘာဝဘေးအန္တရာယ် ကျရောက်မှုဖြစ်စေသော ဂေဟစနစ်ပျက်စီးယိုယွင်းခြင်းကို ထည့်တွင်းတွက်ဆမှု မပြုဘဲ လက်တလောရရှိလာသည်. အကျိုးအမြတ်ကိုသာ မျှော်ကိုးခြင်းကြောင်. ရှားပါးသတ္တ၀ါများ၊ သဘာဝပန်းမန်မျိုးစိတ်များ တို. မှာလည်း မျိုးတုန်းလုနီးပါးဖြစ်ခဲ့လေပြီ။ စနစ်ဆိုးတစ်ခု၏ နှိပ်စက်မှုကြောင်. မူလကတည်းကပင် အသိပညာကို ဆည်းပူးခွင့် ဆုံးရှုံးခဲ့ရသော ဒေသခံတောသူတောင်သားများမှာ ဓါးစာခံ များအဖြစ်သို့  သက်ဆင်းရလျက်ရှိနေသည့် အခြေ အနေ။ ချောင်းများလည်းတိမ်ကော၊ သစ်တောလည်းပြုန်း၊တောင်က ကတုံး ဖြစ်ခဲ့လေပြီ။ ကတုံးတောင်ပင် နေ.မြင်ညပျောက် ။ လယ်မြေမှာလည်း ချိုင့် ကဋေကဋာ။ သန္တာကျောက်တန်းများလည်းအစိတ်စိတ်အမွှာမွှာကွဲကြေသွားခဲ့လေသောကြောင်. မှီခိုရာမဲ့ ငါးများလည်း မျိုးတုန်းပျောက်ကွယ် လောက်ပြီ။ စိမ်းပြာပြာပင်လယ်ပြင်မှာ စည်းကမ်းမဲ့ စွန်.ပစ်မှုတွေနှင်. မဲနယ်ပြာအရောင်ပြောင်းခဲ့ရလေပြီ။ ဖိုးရွှေလိပ်တို့  ပျော်မြူးရာ သဲသောင်ဝင်းဝင်းမှာ ပလက်စတစ်၊ အဝတ်စုတ်နှင့် ဆီချေးတဝင်းဝင်းဖြင့် မည်းနက်လေသောကြောင် ညီစို့ စို့ လိပ်ဥ စားရဖို . မဆိုထားဘိ၊ ဖိုးရွေလိပ် တို့ ဖြင့် ကမ်းစပ်မှာပျော်ရွှင်မြူးတူးကြသည်မှာ ပုံပြင်ပမာသာ ဖြစ်နေတော့သည်။ ဒေသခံ လူများ၏ ညည်းညူသံ၊ ဆင်းရဲတွင်းနက်သံ များ ကြားရသည်. အခါ သဘာဝ ဂေဟစနစ် (Ecology)လည်းပျက်စီး၊ စီးပွားရေးစနစ် ( Economy) လည်း ဘာမှ မယ်မယ်ရရ ဖြစ်ထွန်းလာခြင်းမရှိ. ရသည်. အကြောင်း မညီညွက်ခြင်းကို အဖြေရှာဖို. လိုအပ်လာပြီဟု တွေးမိပါသည်။ စီးပွားရေး အကြောင်းကို တစ်ဖက်မှ ပြန်စဉ်းစားမိပါသည်။ နိုင်ငံတစ်နိုင်၏ စီးပွားရေး ဖွ.ံ ဖြိုးတိုးတက်မှု နှင်. လူနေမှု အဆင်.အတန်း၊ ပညာရေး အခြေအနေတို. မှာ တိုက်ရိုက် အချိုး ကျ ပါသည်။ အသိပညာ၊ အတက်ပညာ ချို . ယွင်း မှု ကြောင်. စီးပွားရေး ဖွံ့ ဖြိုးတိုးတက်မှု နှေးကွေးသလို ၊ စီးပွားရေး ချွက်ချူံ ကျ ခြင်းကြောင်. အသိဥာဏ်ပွင်.ထွက်လာမှု ပိတ်ဆို.နေရတက်ပေသည်။ စီးပွားရေးသမားများ ကား နယ်စည်းမခြားပါ။ အမြတ်အစွန်း ရမည် ဆိုပါက ကမ္ဘာ ကြီး၏ မည်သည်.နေရာပင် မဆို၊ မည်သူနှင်.ပင် မဆို စီးပွားရေး လုပ်ကိုင်ကြဖို. ၀န်မလေးသူများသာ။ ၄င်းတို. အတွက် ပထ၀ီ နယ်မြေ မကောင်း၊ ခေတ်မကောင်း၊ စနစ် မကောင်း သော ကြောင်. စီပွားရေး မလုပ်လိုတော.ပြီ ခြွင်းချက်မျိုး မရှိပါ။ ဒီဂျယ်တယ်စနစ် တိုးတက်ပြောင်းလဲလာသည် နှင်. အမျှ စီးပွားရေးသမားများ၏ နယ်ပယ် ကား ကျယ်ဝန်းလာ ပေသည်။ ကမ္ဘာ ကြီးသည်ပင် သူတို. ၏ ကစားကွင်း သဖွယ်ဖြစ်လာရသည်။ သို.သော် ကျနော်တို. ဆင်ခြင်တွေးတောနိုင်ရန်ကား “ ကမ္ဘာ ကြီး က ကစားကွင်းဖြစ်သွားပြီ ဆိုတိုင်း သူပြိုင်ကိုယ်ပြိုင် အခြေ အနေတစ်ခု ဟု ထင်မြင်ကာ မိမိ၏ ကစားသမား များ၏ နည်းဗျူဟာ ကျွမ်းကျင်မှု၊ အရည်အသွေး၊ သက်လုံကောင်းမှု အစရှိသော အခြေ အနေများကို ထည်. မတွက်ဘဲ စနစ်တကျ စုစည်းကာ ကစားပွဲပေါင်းများစွာ ကစားထား၍ ပွဲရည် ၀နေသော ၊ ပွဲပေါင်း မြောက်များစွာ အောင်မြင်မှု သရဖူ ရယူထားသော ကစားသမားများနှင်. နည်းဗျူဟာ ကျွမ်းကျင်သူများ ပါဝင်ဖွဲ. စည်းထားသော အသင်းများနှင်. ကစားပါက ၄င်းတို.၏ ကစားကွက်အောက် အလူးအလဲ ခံရမည်သာ ဖြစ်ပါသည်။” တစ်ခါတစ်ရံ သူနိုင်ကိုယ်နိုင် အပြိုင်ကြဲနေသည်. ပွဲလား၊ ညစ်တီးညစ်ပတ် ကစားကွက် မျိုးဖြင်. ကစားနေသလား ဆိုသည်ကား နည်းဗျူဟာ ကို စနစ်တကျ ပိုင်ပိုင်နိုင်နိုင် လေ့လာထားမှသာ သိ ရှိနိုင်ပါသည်။ “ ကမ္ဘာ ပြားပြီ” ( The World is Flat by Thomas L. Friedman၊ ဆရာကျော်ဝင်း ဘာသာပြန် ) ကို ဖတ်ရှူရခဲ့ သော အခါ ဖွံဖြိုးတိုးတက်သည်. နိုင်ငံများ၏ အံ့ဖွယ်ဘနန်း ပြောင်းလဲတိုးတက်မှုများ၊ နည်းပညာဖွံ့  ဖြိုးတိုးတက်မှု များက ကမ္ဘာကြီးကို ကျူံသွားစေပြီး ကစားကွင်းများပမာ ပြိုင်ဆိုင်နေကြသော သူများအကြောင်း သိရှိရသော အခါ ၀မ်းမြောက်ဝမ်းသာဖြစ်မိသည်။ ကမ္ဘာ ကြီး ပြားစေသည် ဟု ညွှန်းဆိုဖွဲ.ဆို ပြသော ရိုက်ချက်များ အကြောင်းကို ဖတ်ရှူရသော အခါ အော်… ဒီလို အဆင်.ဆင်. ပြောင်းလဲတိုးတက်မှုကြောင်. ကမ္ဘာ ပြားရခြင်း လို. ညွန်းဆို ရလေ သကိုး တွေးပြီး သဘောကျ မိပြန်သည်။ သို.သော် ကမ္ဘာကြီးသည် လုံးနေသည် ဟု အများပြောမှသိရပြီး၊ စနစ်တကျ ဖြင်. အဆင်.ဆင်. ပြောင်းလဲစေ သောရိုက်ချက်များ မရှိဘဲ ၊ ရုတ်တရတ် လုံးရာ မှ ပြားစေ ပြီ၊ “ဂလိုဘေ လိုင်ဇေရှင်း” (Globalization) အခင်းအကျင်းကို ၀င်ရောက် ကစားရမည်ဆိုလျင် ကမောက်ကမ ဖြစ် သွားနိုင်သည်.ကျနော်တို. ဒေသခံများအတွက် စိုးရိမ်စိတ်ဝင်လာ မိပါသည်။ အများက ကမ္ဘာလုံးကြောင်း ပြော၍ လုံးရသည်။ ယခုလည်း အများက ကမ္ဘာပြားပြီလို. ညွှန်းလေသောကြောင်. ပြားရလေသည် ဟု ရောယောင်မလိုက်ဘဲ မိမိတို. ရဲ့ နေရာကား အမှန်တကယ်ပင် စံချိန်စံညွှန်းအမီ အပြည့် အ၀ တိုးတက်နေသည်. အများက ညွှန်းဆိုထားသော ပြားနေသော ကမ္ဘာမျိုးလား။ မိမိပတ်ဝန်းကျင် လူတွေကကော “ ကမ္ဘာပြားပြီ” လို. ညွှန်းဆိုမှုကို အမှန်တကယ် လက်ခံသဘောပေါက်နားလည် ကြသလားကို ထည်.သွင်းစဉ်စားရန် လိုအပ်မည် ဟု ထင်မြင်မိပါသည်။ လက်တလော အခြေအနေ၏ ငွေကြေး ၊အလုပ်အကိုင်အခွင်.အလမ်းများ အဆင်ပြေနေမှု များကို ကြည်.၍ ဖွ.ံ ဖြိုးတိုးတက်နေပါသည် ဟု ဆုံးဖြတ်၍ မရနိုင်ပါ။နောင်အနာဂတ်ကာလ တွင် မိမိ၏ ရင်သွေးများ၊ နောင်လာ နောက်သားများက လက်ရှိအခြေအနေကြောင်. ပေးဆပ်ရမည်. တန်ဖိုးများကို ထည်.သွင်းစဉ်းစားရန် လိုအပ်ပါသည်။ ကမ္ဘာ. အနှံ. အပြားတွင် စီးပွားရေးချဲထွင်မှုကြောင်. သဘာဝ သယံဇာတများ အရင်းအမြစ် ပျက်စီးဆုံးရှုံးမှုများ ရင်ဆိုင် ကြုံတွေ. ရလျက်ရှိနေဆဲ။ အတိတ်ကာလက အမှားများစွာကြောင်.” အတိတ်ကို သတိရလို. လွမ်းရတဲ. အခါခါ ၊ နောင်ထပ်မမှားစေဖို.ရာ မျိုးဆက်သစ်တွေက သယံဇာတတွေကို တန်ဖိုးထားထိန်းသိမ်းတက်စေဖို.” အတွေး အသိအမြင် များစွာဖြင်. အမှားများအတွက် ပြန်လည်ပေးဆပ်ရန် ကြိုးပမ်းဆောင်ရွက်နေသော နိုင်ငံများကို ကြည်.တက် မြင်တက်က သံဝေဂ ရယူနိုင်ပါသည်။ အခြားတစ်ဖတ်တွင်လည်း ဓနဥစ္စာကြွယ်ဝပြီး ကမ္ဘာအလယ်တွင် တင်.တယ်နေသော နိုင်ငံများကား မိမိ၏ နိုင်ငံရှိ သယံဇာတများကို မပျောက်မပျက် အောင် ထိန်းသိမ်းကာ အခြားသောနိုင်ငံများ၏ သယံဇာတကို ၀ယ်ယူဇိမ်ကျမှုများလည်း တွေ.မြင်နိုင်ပေသည်။ ၄င်းနိုင်ငံများကပင် ကမ္ဘာမြေ စိမ်းလမ်းစိုပြေရေး၊ စက်ရုံ အလုပ်ရုံမှ ထုတ်လွင်.သော စွန်.ပစ်ပစ္စည်းများ၊ဘေးထွက်ပစ္စည်းများက လေထုညစ်ညမ်းမှု ဖြစ်ကာ ကမ္ဘာကြီး ပူနွေးလာခြင်းအခြေအနေ၊ ဂေဟစနစ်ပျက်စီး ဆုံးရှုံးမှုများကြောင်. မျိုးတုန်းပျောက်ကွယ်သွားရသည်. အပင်မျိုးနွယ်များ၊ သဘာဝတောရိုင်းတိရိစ္ဆာန်များ၊ သဘာဝဘေးအန္တရာယ်ကျရောက်မှု များ တို.ကို ကျယ်ကျယ်ပြန်.ပြန်. ပညာပေး လုပ်ဆောင်ကာ လှုံဆော်လျက်ရှိကြပြန်၏။ ခေတ်မီဖွံ.ဖြိုးသောနိုင်ငံ များကလူ.ဘောင်အသိုက်အ၀န်းများ၏ နိုင်ငံရေး၊ လူမှုရေး မျက်နှာစာတွင် ကမ္ဘာကြီးပူနွေးလာမှု၊ ကမ္ဘာမြေ စိန်းလမ်းစိုပြေရေး အစရှိသော ခေါင်းစဉ်အကြောင်းအရာများကာ လူတိုင်းပါးစပ်ဖျားတွင်ရေပန်းစားလှသည်။
ဆင်းရဲတွင်း နက်လှပြီး အသိပညာ၊ အတက်ပညာများ ဆည်းပူးခွင့် မရသော၊ ကမ္ဘာကြီး၏ တိုးတက်ပြောင်းလဲမှု ဖြစ်စဉ်များကို ကျယ်ကျယ်ပြန်.ပြန်. လေလာစပ်စုခွင်. မရရှိကြသော တောသူတောင်သားများ၊ ကျနော်တို.၏ ဒေသကရှေးရိုးစွဲ များ (၀ါ) မပြားသေးသော ကမ္ဘာမှ လူများကား သမုဒ္ဒရာ ၀မ်းတစ်ထွာ အတွက် စီးပွားရေး လုပ်ငန်းရှင်များ အပေါ် မှီခို ရပ်တည်နေရဆဲပင်။
တစ်ရက်ဝင်ငွေ ကား တစ်ရက်ဝမ်းစာအဖြစ် ရှင်သန်ရပ်တည်ရင်းဖြင်. ဘ၀အခြေအနေတစ်ဆင်.မြင်.အောင် ပညာဆည်းပူးသင်ကြားခွင့်အခွင်.အလမ်းပင် မရရှိသော အခြေအနေမျိုးလည်းရှိနေဆဲ။ နာဂစ်ကာလ တုန်းက အဖြစ်အပျက်လေးတစ်ခုအား သတိရမိပါသည်- “ကျနော်သည် ကျေးရွာတစ်ရွာ ကို ကူညီကယ်ဆယ်ရေးလုပ ... [Message clipped] View entire message

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)