>
ရေအလျဉ်ကို အလိုက်သင့်လေး စီးမျောနေသော ငါးကန်သေးသေးလေးထဲက ရွှေငါးပေါက်စနလေးတွေ ငေးကြည့်နေမိသည် ။ ရင်ခုန်ခြင်းလား တွေဝေခြင်းလားအမျိုးအမည်မသိသော ဝေဒနာနဲ့အတူ ရင်ထဲမှာလှိုက်မောလွန်းလှပါသည် ။ ကြိုတင်ပြင်ဆင်ခြင်းများစွာနဲ့အတူ အစပြုခဲ့ပေမယ့် တကယ်တမ်း အကောင်အထည်ဖော်ဖို့ပြင်ဆင်တဲ့အခါ အလွဲလွဲအချော်ချော်ဖြစ်မှာကိုလည်းစိုးရိမ်လွန်းလှသလို အမည်မသိသော ဝေဒနာတွေကိုအလူးအလဲခံစားနေရသလိုပါပဲလား ။
မျက်နှာချင်းဆိုင်ထိုင်လိုက်တော့ ကိုယ်နဲ့ချွတ်စွပ်တူတဲ့ မျက်နှာတစ်ခုကို မြင်ရသည် ။ ဒီလူနှစ်ယောက်ဘာလို့ တစ်မျက်နှာတည်းဖြစ်နေကြလဲ လူတိုင်းတအံတဩပြောကြလေ့ရှိသည်။ ပြောတာများလွန်းတော့လည်းထူးခြားဖြစ်စဉ်လို့ကိုမမှတ်တော့သလိုပဲ ။ တခါတခါတော့ ပြန်ပြောတတ်လေသည် ။
''တို့နှစ်ယောက်က ဖူးစာမှန်လို့ ရုပ်တူတာ"
ဆိုပြီးတော့ပေါ့လေ ။ ချွတ်စွပ်တူတဲ့လူနှစ်ယောက် မျက်နှာချင်းဆိုင်ထိုင်ရင်း တစ်ယောက်က စာရွက်လေးတစ်ရွက်ကိုင်လျက် ၊ တစ်ယောက်က ခဲတံလေးတစ်ချောင်းကိုင်လျက်..။ တိတ်ဆိတ်ခြင်းကို ပထမဆုံးဖြိုဖျက်လိုက်တာက ထုံးစံအတိုင်း သူမ ထက်ထက် ရယ်ပဲပေါ့..။
"မောင် နင်နဲ့ငါနဲ့အတူတူနေရင် ဘာလုပ်ကြမှာလဲ"
ထက်ထက်ရဲ့ပထမဆုံး ကပေါက်တိကပေါက်ချာထွက်လာတဲ့စကားကို ရယ်မောရင်းနဲ့ စိုင်းအောင်မြင့်က ပြန်ဖြေလိုက်သည်..။
"နင်နဲ့ငါနဲ့တူတူနေရင်လား..... အတူတူနေရင် အတူတူနေမှာပေါ့ဟာ ..နင်ကလဲ ဘာတွေတွေးနေတာလဲ "
လို့စိုင်းအောင်မြင့်က ပြန်နောက်လိုက်တော့..
"စိုင်းအောင်တင့် နင်ဟာလေ နောက်ပြန်ပြီ ဒီကအကောင်းမေးတာကို "
ထက်ထက်က ဒေါနဲ့မောနဲ့ပြန်ပြောလိုက်သည်။ မထက်ထက်တို့ စိုင်းအောင်မြင့်ကို စိုင်းအောင်တင့်ဟုခေါ်လျင် ဒေါသဒီဂရီအတော်မြင့်နေသည့်သဘောဖြစ်သည် ။
"ထက်ထက်ရယ် နင်ကလည်း ဒေါနချည်းပဲ..."
လို့ပြန်နောက်ဖို့လုပ်ရုံပဲရှိသေးတယ်...မယ်ဒေါသ ထက်ထက်ရဲ့ စကားလုံးတွေနဲ့အရင်ဆုံးတိုးပါတော့သည် ။
"မောင်ရယ် နင်ဟာလေ မိန်းမကလည်းလိုချင်သေးတယ် ၊ အခုထိ မျောက်စိတ်ကလည်းမပျောက်သေး ၊ မြောက်ကြွမြောက်ကြွနဲ့ ၊ ဒီလောက်အရေးကြီးကိတ်စ တိုင်ပင်နေတာကိုနောက်နိုင်အားတယ်နော်.. ငါတအားဝမ်းနည်းတာပဲ........"
အစချီ မထက်ထက်ရဲ့ ဒေါသဓါတ်ပြားဟောင်းကြီးက ထပ်တလဲလဲ ဖွင့်လျက် ။ ထက်ထ်နဲ့သူ့အကြောင်းကိုစဉ်းစားလိုက်ရင် သူတို့နှစ်ယောက်ရဲ့ ချစ်သူသက်တမ်းက နှစ်ပေါင်းမနည်းတော့ဘူး ။ တစ်ဦးအပေါ်တစ်ဦး ချစ်ခြင်းနားလည်ခြင်းဆိုတာထက်ကို သူတို့နှစ်ယောက်ရဲ့သံယောဇဉ်က အဆပေါင်းမြောက်မြားစွာပိုပါသေးသည် ။ ရင်ခုန်တတ်စအရွယ် ဆယ်တန်းကျောင်းသားဘဝထဲက မြဲမြဲတွဲလာခဲ့တဲ့လက်နှစ်ဖက်မှာ အသက် နှစ်ဆယ်ကိုကျော်လို့ သုံးဆယ်နားကိုယွန်းတဲ့အထိ နှစ်ပတ်လည်များစွာကို ဖြတ်ကျော်လို့လာခဲ့ပြီးပြီလေ ။ ထက်ထက်အကြောင်းကို သူ အလုံးစုံနားလည်သလို သူ့အကြောင်းကိုလည်း ထက်ထက်တစ်ယောက် သူ့ထက်နီးပါးကိုပိုသိရ်ျနေလေတော့သည် ။
"စိုင်းအောင်တင့် ... ဟေ့ စိုင်းအောင်တင့်........ဟယ် နင်ကလည်း ငါဒီလောက်နင့်ကိုပြောနေတာတောင်အတွေးလွန်နေသေးတယ်..စိတ်ညစ်လိုက်တာနော်..."
ထက်ထက်ရဲ့ အော်သံကြောင့် သူအတွေးလွန်နေရာမှရုတ်တရက် သတိဝင်လာမိသည် ။ခါတိုင်းဝင်းဝင်းစက်စက်ကလေးလှတတ်သော မိထက်မျက်နှာသည် လငပုတ်ဖမ်းတော့မည့် လမင်းကြီးလို မည်းတူးနေသည်..။ မကြာခင်စိတ်ကောက်တော့မည် ။
" မိထက်...ညီမလေး..မောင့်ကိုစိတ်မကောက်နဲ့နော်.... မောင်က ညီမလေးနဲ့ မောင့်အကြောင်းကိုတွေးနေလို့ပါ...တို့နှစ်ယောက်အတူတူနေရင်လေ....မောင်က ညတိုင်းညတိုင်းသီချင်းဆိုပြမှာဗျာ..... ညီမလေးကြိုက်တဲ့ ဆံပင်ဖွာလန်ကြဲနဲ့ တေလာဆွိသီချင်းတွေကိုလည်းတီးပြမယ်လေ...ညီမလေးလိုက်ဆိုပေါ့နော်... ပြီးတော့ညီမလေးကို ဒီထက်ပိုပြီးလည်းချစ်ဦးမှာ...စိတ်မကောက်နဲ့တော့နော်...."
စိုင်းအောင်တင့်ပဲလေ...အဲဟုတ်ပါဘူး စိုင်းအောင်မြင့်ပဲလေ နှစ်ခါတောင်မချော့လိုက်ရ..သဘောဖြူမအူစင်းကလေးစိတ်ကောက်ပြေသွားပါပြီ ။ ဘာကြောင့်မှန်းမသိ သူ့ထက်လအနည်းငယ် ကြီးချင်တဲ့ ထက်ထက်တစ်ယောက် သူ့ကို ညီမလေးကိုခေါ်ရင် ဘယ်လိုလုပ်ကြိုက်မှန်းမသိ..။ ဟိုး ရည်းစားဖြစ်စတုန်းကဆိုရင် ညီမလေးလို့ခေါ်လိုက်တိုင်း သွားကြီးအဖြီးသားနဲ့ကျေနပ်နေလိုက်တာ ။
သူ့နာမည် စိုင်းအောင်မြင့်ကနေ စိုင်းအောင်တင့်လို့ဖြစ်ရခြင်းကလည်း မိထက် ပယောဂမကင်း ။ ကိုးတန်းတုန်းက မိန်းကလေးမော်နီတာဖြစ်သော ထက်ထက်က ဘုံကထိန်အတွက် ပိုက်ဆံစာရင်းကောက်ရပါသည်။ သူက ကျောင်းသားသစ်ဆိုတော့ သူ့နာမည်ကို အတန်းကလူတွေကလည်းသေချာမမှတ်မိကြ ။ မော်နီတာ မမ မထက်ထက်ကနာမည်လာမေးတော့ သူဖြေလိုက်တာ စိုင်းအောင်မြင့် ဒါပေမယ့် ထက်ထက်နားထဲကြားသွားတာကတော့ မြန်မာကားထဲက သူများသားပျိုသမီးပျိုလေးတွေကိုဖျက်ဆီးတတ်သော...လူကြမ်းမင်းသား စိုင်းအောင်တင့်ရယ်လေ..။ အလှူငွေစာရင်းကို ဆရာမက ပြန်စစ်ပြီး..တစ်တန်းလုံးရှေ့မှာကြေငြာပါသည် ။ တစ်ယောက်ပြီးတစ်ယောက်ခေါ်ရင်းနဲ့... သူ့အလှည့်ကျတော့... ...
" စိုင်းအောင်တင့် ...အလှူငွေတစ်ရာကျပ်."
အတန်းပိုင်ဆရာမ ခွိခနဲတစ်ချက်ရယ်ပြီး ခပ်တည်တည်နေလိုက်ပေမယ် တစ်တန်းလုံးက တဝါးဝါးနဲ့ပွဲကျသွားသည် ။ သူ့နာမည်က စိုင်းအောင်မြင့်ပါ ဆရာမဆိုပြီး တစ်ယောက်တစ်ပေါက်နဲ့ ဝိုင်းအော်ကြတော့ ပိုက်ဆံစာရင်းကောက်တဲ့မိထက်က မျက်နှာငယ်လေးနဲ့..
"သမီးက စိုင်းအောင်တင့်လို့ကြားလို့ပါ ဆရာမ..."
ဆိုပြီး ပြောရှာပါသည် ။ အဲဒီကနေအစပြုပြီး သူ့နာမည်သည် အထက်တန်းကျောင်းပြီးလို့ တက်ကသိုလ်တက်တဲ့အချိန်ထိ စိုင်းအောင်တင့်ဆိုပြီးနာမည်တွင်သွားပါတော့သည်..။ ဘာပဲပြောပြော မိထက်ထက်သည်လည်း မကြာခင်စိုင်းအောင်တင့်ကတော်ဖြစ်လာတော့မှာပဲလေ..။ စိုင်းအောင်တင့်လေသံနဲ့ပဲ ညှင်းညှင်းညှင်းလို့ရယ်လိုက်ရရင် ကောင်းမလားပဲ ။
သူကိုင်ထားသောစာရွက်နဲ့ ထက်ထက်ကိုင်ထားသော ခဲတံတို့မှာ အခုမှပဲပေါင်းဆုံဖြစ်ပြီး စာရင်းစလုပ်ကြသည် ။ တစ်သက်မှာတစ်ခါသော မင်္ဂလာဆောင်ခြင်းဖြစ်ပေမယ့် ထက်ထက်ကတော့ဇကာမချဲ့ရှာ ။ နှစ်ဘက်သောမိဘများသဘောအရ နေ့သင့်နံသက် ရက်ရာဇာ ရက်ကလေးတစ်ရက်မှာ ရုံးတက်လက်မှတ်ထိုးပြီး နောက်ရက်မှာ ချမ်းမြေ့ရိပ်သာမှာ မင်္ဂလာဦးဆွမ်းကျွေးပြီးရင် နှစ်ယောက်သား အခန်းလေးတစ်ခန်းငှားပြီး အတူတူနေကြမည်လို့ပဲ နှစ်ဦးသဘောတူစီစဉ်ထားကြသည်။
မိထက် မိဘတွေကတော့ တစ်ဦးတည်းသော သမီးလေးအတွက်ဇာချဲ့ချင်ပေမယ့် မင်းမနိုင်
မိထက်ကတော့ သူ့အစီစဉ်နဲ့သူ ဘယ်သူ့သဘောမှမနာခံ ။ သူကလည်း မိထက်ကလေးသဘောဆိုတော့ နှစ်ယောက်သားဟုတ်နေကြတော့တာပါပဲ။
(၁)အခန်း (အဲကွန်းနဲ့)
(၂)အိပ်ခန်းသုံးပစ်စည်း (မွေ့ရာ ၊ စောင် ၊ ခေါင်းအုံး ၊ ခြင်ထောင် ၊ အဝတ်ဗီရို ၊ မှန်တင်ခုံ စသည်...)
(၃)ကုတင် ၊ စာဖတ်ခုံ ၊ ခွေးခြေလေး နှစ်လုံး
(၄)ဆိုဖာ (+အခင်း) ၊ ခုံ
(၅)တီဗွီ ၊ ဒီဗွီဒီ ၊ စလောင်း (ဘောလုံးပွဲကြည့်ရန်)၊ စကိုင်းနတ် (မိထက်အတွက်)
(၆)ထမင်းစားစားပွဲနဲ့ ခုံ
(ရ)မီးဖိုချောင်သုံးပစ်စည်းမျိုးစုံ
(၈)ရေချိုးခန်းအိမ်သာသုံးပစ်စည်းမျိုးစုံ
ဟူးခနဲ သူသက်ပြင်းတစ်ချက်ချမိသည် ။မိန်းမတစ်ယောက်ယူဖို့အရေးမလွယ်ကူလှပါလား ။ ဒါတောင်သူတို့နှစ်ယောက် နှစ်ရှည်လများစုလာခဲ့တာ...။ ဒီကြားထဲ..မိထက်က အရွန်းဖောက်သေးသည်။
".မောင် နင်နဲ့ငါနဲ့ယူပြီးရင် နင်လည်းနင့်မိဘအိမ်မှာနေ ငါလည်းငါ့မိဘအိမ်မှာနေမယ်လေဟယ်...ဒါဆို ငါတို့တွေပိုက်ဆံမကုန်တော့ဘူးပေါ့ ဟုတ်ဖူးလား...."
တဲ့ ။ သူ မိထက်ခေါင်းကိုတစ်ချက်ခေါက်ခနဲခေါက်လိုက်ပြီး
."မဦးမချွတ်မင်္ဂလာဦးမှာဘာလို့ခွဲနေမှာတုန်း...နင်မလိုက်ချင်နေ ငါတခြားတစ်ယောက်နဲ့တူတူနေလိုက်မယ်လေ "
သူ့ရဲ့ ပြန်နောက်တဲ့စကားကို မိထက်တို့က ဘာမှခံစားရပုံမပေါ်... သူ့ဘာသာသူတစ်ယောက်တည်းပြောနေလေတော့သည်..။
"ငါကလွဲရင် နင့်လိုလန်ဘားကိုယူမယ့်သူမရှိပါဘူး စိုင်းအောင်တင့်ရယ် ... ။"
ဆိုင်တွေကိုဖုန်းခေါ်လိုက် ၊ ဈေးတွေမှတ်လိုက် နဲ့ နှစ်ယောက်သားခေါင်းချင်းဆိုင်တိုင်ပင်ရင်း အချိန်လည်းတော်တော်လင့်နေပြီ ။ ဒီဆိုင်ကိုသူတို့နှစ်ယောက်ရောက်နေတာ ဟိုး မနက်အစောကြီးတည်းကနေ ၊ မနက်စာမုန့်ဟင်းခါး စားပြီးတည်းက ထိုင်ပြီးတိုင်ပင်နေကြတာ နေ့လည်စာလည်းဒီမှာပဲစားပြီး ခုညစာတောင်မှာစားဖို့လုပ်နေပြီ ။ မိထက်နဲ့သူနဲ့ဒီလိုအေးအေးဆေးဆေးလည်းမတွေ့ဖြစ်တာလည်းတော်တော်ကြာနေပြီ ။ သမီးရည်းစားသဘာဝ ကယုကယင်အချိန်တွေကလည်းကုန်တာကြာလှပြီ ၊ တစ်ယောက်အပေါ်တစ်ယောက် နားလည်ခြင်း ၊ လိုက်လျောခြင်းတွေနဲ့ပဲ ရှေ့ဆက်လာခဲ့ကြတာလေ။ ဆိုင်ရဲ့မီးတွေကလည်းလင်းလာပြီး ဖြစ်သလို ငါးကန်လေးထဲက ငါးတွေကလည်း မမောနိုင်မပန်းနိုင်ရေအလျဉ်မှာ မျောနေကြဆဲ ။ မေးလက်စ လုပ်လက်စတွေအကုန်အပြီးသတ်ပြီး သူနဲ့ မိထက်တို့ညစာစားဖို့ရွေးကြသည် ။
" မောင် နင်မာလာဟင်းစားမလား..ငါလည်းစားချင်တယ်..အစပ်လျော့မယ်လေဟယ်..နော်...။ ပြီးတော့ ထိုင်းကြက်သားသုပ်မှာမယ်.. နင်ဘာစားချင်သေးလဲ..."
အစပ်စားရင်ဗိုက်အောင့်တတ်လွန်းတဲ့ မိထက်ကို အစပ်စားခွင့်ပိတ်ထားခဲ့တာကြာလှပြီ ၊ ဒါပေမယ့်အိမ်မှာမိထက် ခိုးခိုးစားနေပုံရသည် ။ အခုတော့မစားရမှာစိုးလို့ မိထက်တစ်ယောက်မျက်နှာချိုသွေးရှာနေပြီ ။
."မာလာဟင်း နဲ့ ထိုင်းကြက်သားသုပ်မှာမယ် ၊ အစပ်လုံးဝလျော့မယ်နော်..။ ဆေးဘဲဥသုပ်တစ်ပွဲ ၊ ကြာဆံဟင်းခါးတစ်ပွဲ မှာမယ်..နင်ဘာသောက်မှာလဲ ... ရေပဲလား ..."
အမှန်က မိထက်က အအေးတွေဘာတွေသောက်တတ်ပေမယ့် သူနဲ့အတူနေတာကြာတော့ သူ့ဆီကအကျင့်တွေကူးပြီး အအေးကိုမသောက်တော့ဘဲ ရေကိုပဲ မက်မက်စက်စက်သောက်တတ်သွားခဲ့သည်။ သူက အအေးထက် ရေကိုပဲပိုကြိုက်သည်။ ဒီလိုပါပဲလေ အတူတူနေလာတာကြာတဲ့သူတိုင်း တစ်ယောက်ဆီက အကျင့်တွေ တစ်ယောက်ကိုကူးမြဲ ။ မိထက်ဆီက ကူးလာတဲ့အကျင့်တွေလည်းသူ့ဆီမှာ အမြောက်အမြား ၊ အားတိုင်းရေနွေးကြမ်းသောက်တတ်တဲ့မိထက်ကြောင့် ရေနွေးကြမ်းကို ကိုယ်နဲ့မဆိုင်သလိုခံယူထားတဲ့သူလည်း ရေနွေးကြမ်းသောက်တတ်လာခဲ့တယ် ။ ငါးမစားတတ်တဲ့သူ မိထက်ကြောင့် ငါးဟင်းတွေစားတတ်လာခဲ့သည် ။
နှစ်ယောက်သား ဟင်းတွေမှာပြီးနောက်မှာ မိထက်ဆီက စကားထွက်လာခဲ့သည် ။
".မောင် ငါဟင်းကောင်းကောင်းမချက်တတ်ဘူးနော်...."
ဟိုးအရင်တည်းကနေ သူမိထက်ဟင်းကောင်းကောင်းကန်းကန်းမချက်တတ်တာကိုသိပါသည် ။ ဒါပေမယ့်လည်း သူချစ်တဲ့မိထက်ကလေးကို ဟင်းမချက်တတ်တဲ့အတွက်အပြစ်တင်စရာမှမရှိတာ..။
".မောင်သိတာပေါ့ ညီမလေးရ....ဟင်းမချက်တတ်လည်းဘာဖြစ်လဲ အဆင်ပြေသလိုဝယ်စားကြတာပေါ့.."
မိထက်ကလေး ခဏလောက်စိတ်သက်သာဟန်ရသွားပုံရသည် ။ ပြီးတော့ မျက်နှာချိုလေးသွေးရင်း
".မောင် ငါကလေ...ယောကျာ်းတွေကိုဘယ်လိုပြုစုရမလဲ ဘယ်လိုအကြိုက်ဆောင်ရမလဲမသိဘူး ။ ငါကြားဖူးတာတော့ အရမ်းတော်တဲ့မိန်းမတွေက အပြင်မှာအလုပ်လုပ်ရင်လည်းကျော့လို့ ၊အိမ်မှာနေရင်လည်း ကျွန်တစ်ယောက်လို..မရိုမသေဟယ်..အိပ်ရာထဲရောက်ရင်လည်း ပြည်တန်ဆာတစ်ယောက်လို
ပြုစုတတ်ကြတယ်တဲ့..။ ငါအဲလိုတော်မယ်မထင်ဘူးဟယ်...။ ပြီးတော့ ငါက ငါ့ရုံးအလုပ်ကလည်းများသေးတယ်... ။နင်မြင်တဲ့အတိုင်းပဲ ငါနင့်ကိုပြုစုနိုင်ဖို့နေနေသာသာ ငါ့မှာ မနက်မနက်အိပ်ရာက လူးလှီမ့်ထပြီး ခေါင်းတောင်သေချာမဖြီးနိုင်ဘဲ ရုံးသွားသွားနေတာ နင်မြင်တဲ့အတိုင်းပဲလေ..။ ဒါပေမယ့်ဟယ်..ငါ အတတ်နိုင်ဆုံးနင့်ကိုတာဝန်ကျေအောင်ပြုစုပါ့မယ်... ငါအပြုအစုမတတ်လို့ နင်ငါ့ကိုပစ်သွားမှာလားဟင်......"
မိထက်ရဲ့စကားအရှည်ကြီးပြောပြီး မျက်စိမျက်နှာတွေပျက်ကာ သူ့လက်ကိုတင်းတင်းဆုပ်ကိုင်ပြီး သူ့ကိုပဲစိုက်ကြည့်နေပါတော့သည်။ မိထက်ကလေးတစ်ယောက်စိုးရိမ်ရှာနေပြီ...။ မပူပါနဲ့ညီမလေးရဲ့...။
"မိထက်...ငါပြောတာသေချာနားထောင်နော်...နင်နဲ့ငါဟာ ဆယ်တန်းတည်းကနေ တွဲလာခဲ့တဲ့သူတွေ ချစ်လာခဲ့ကြတဲ့ငယ်ချစ်တွေလေဟယ်...နင့်အကြောင်းကိုလည်းငါကောင်းကောင်းသိတယ် ၊ ငါ့အကြောင်းကိုလည်းနင်သိတယ် ။ နင်ဆယ်တန်းကျောင်းသူ ဘဝနဲ့မပြင်မဆင်ဘဲနေခဲ့တဲ့ပုံစံထဲကနေ အခုလို အပျိုကြီးဖားဖားဖြစ်လာတဲ့အထိ ငါ့မျက်စိအောက်မှာပဲနင်ရှိခဲ့တာ..ပြောရရင် နင် ငါ့ရှေ့မှာပဲကြီးလာခဲ့တာ...နင့်ရဲ့ ကောင်းသောအကျင့်ဆိုးသောအကျင့်ဟူသမျှကို အရင်တည်းကနေ ငါခံယူနိုင်ခဲ့တယ် နောက်လည်းခံယူဖို့အဆင်သင့်ပဲ.... အဲဒါကိုသေချာသဘောပေါက် ...."
သူ့စကားအဆုံးမှာ မိထက်ရဲ့ မျက်လုံးလေးတွေ အပြုံးတွေနဲ့လက်ခနဲတောက်ပသွားပါတော့သည်...။
"ဒါနင်တကယ်ပြောတာလား......."
မယုံသလိုလိုနဲ့ မမထက်ထက်တစ်ယောက် သူ့ကိုစစ်ဆေးနေပြန်ပါသေးသည်။
"ဒါပေါ့ ထက်ထက်ရဲ့ မောင့်ကိုအားကိုးလိုက်စမ်းပါ..."
သူ့ရဲ့ မြူးမြူးကြွကြွပုံစံကိုကြည့်ပြီး မိထက်တစ်ယောက် ပျော်သွားပေမယ့် ထပ်မေးလိုက်ပြန်ပါသေးသည် ။
".နေဦး ရှိသေးတယ်..ယောကျာ်းတွေက ယူပြီးနှစ်နှစ်နေရင် ရိုးသွားပြီတဲ့... နင်ငါ့ကိုယူပြီး နှစ်နှစ်နေရင်ရိုးသွားမှာလားပြော..."
ဒီကောင်မလေးကတော့ တော်တော်လေးကိုတွေးနိုင်လွန်းသည်..။ ဘယ်သူဘယ်ဝါတွေသွေးထိုးထားလဲမသိ...။ ရှင်းနိုင်မှတော်ကာကျပေမည်။
" ရိုးချင်ရင်...မယူခင်တည်းကနေရိုးလို့ရတယ်မိထက်ရ..နင်နဲ့ငါနဲ့တွဲလာတာ နှစ်ချို့နေပြီနော်..ရိုးသွားရင်
..ငယ်ငယ်ချောချောအလန်းလေးတွေ ယူမှာပေါ့..နင့်ကိုယူမလား "
သူ့ရဲ့အပြောကိုမိထက်တစ်ယောက် ဝမ်းသာကျေနပ်သွားရှာပါသည်။ တကယ်ပါ ချစ်ရတဲ့သူရယ်...ဘယ်သောအခါမှမရိုးသောချစ်ခြင်းတွေနဲ့ချစ်နေမှာပါ...။
"ငါအန်တီကြီးဖြစ်ပြီး ကလေးတွေမွေးလို့ ဝတုတ်ကြီးဖြစ်လာရင်နင်ချစ်ဦးမှာလား......"
အလှပျက်ရင်မချစ်တော့မှာကို မိထက်တစ်ယောက် စိုးရိမ်နေရှာသည် ။ ခုတောင်အန်တီအရွယ်ရောက်ပြီး ခပ်ပြည့်ပြည့်ဖြစ် နေပြီလို့ပြောလိုက်ရင် ဘယ်လောက်များစိတ်ဆိုးမလဲမသိ။
"ငါနင့်ကိုအမြဲထာဝရချစ်မယ်..နင်မကြားဖူးဘူးလား..... ကိုင်ဇာသီချင်းလေဟာ... ဘာတဲ့.... အများသူငါမမြင်အောင်စာတွေခိုးခိုးပေးကြမယ်..အဘိုးကြီးငါ့ကိုအဖွားကြီးမင်းက မောင်တွေ
ဘာတွေခေါ်ပါဦး.....။ အဲသီချင်းလိုပဲလေ အဖိုးကြီးနဲ့အဖွားကြီးဖြစ်တဲ့အထိ ရိုးမြေကျချစ်မယ်ဗျာ......"
အလွန်အမင်းကျေနပ်သောမျက်နှာနဲ့ မိထက်တစ်ယောက် ဖြူဖွေးသောသွားများအပြင်..သဘာဝလောကကြီးက သူများထက်ပိုလှအောင်အပိုပေးလိုက်သော သွားတက်ကလေးများပေါ်ပြီး ပါးချိုင့်လေးတွေခွက်နေအောင် ပျော်ရွှင်ရယ်မောနေပါတော့သည်။ နှစ်ယောက်သား မှာထားသော စားစရာများကိုပျော်ရွှင်စွာစားကြပြီး တစ်ယောက်လက်တစ်ယောက်တွဲက ဆိုင်ကနေပြန်ထွက်လာကြသည် ။ ဆိုင်က စားပွဲထိုးလေးတွေလည်း မနက်တည်းကနေ တနေကုန်တနေခမ်းထိုင်ပြီး စကားပြောနေကြတဲ့ သူတို့နှစ်ယောက်ကို တအံ့တဩကြည့်လို့.။ ဒါပေမယ့် အမြင်မကတ်လောက်ဘူးလို့တော့ထင်ရပါသည်။ သူတို့နှစ်ယောက် စားပွဲပေါ်မှာ Tips Money လေးထားခဲ့ကြပါသည်။ အပြန်လမ်းမှာ မိထက်တစ်ယောက် သူ့ပခုံးပေါ်ကိုမှီရင်း ချွဲချွဲနွဲ့နွဲ့လေးပြောလိုက်သည်..။
".မောင် နင့်ကိုငါလက်ထပ်မယ်သိလား....."
အခုမှအရေးလုပ်ပြောသော မိထက်ကိုသူတအံ့တဩပြောလိုက်မိသည်..။ သူမကလေးသည် သူ့ကိုလက်ထပ်ပါမည်ဟု....လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုစာမတိုင်ခင်တည်းက ကတိစကားပြုထားပြီးသားလေ ။
".ဟောဗျာ...အခုမှလား......ညည်းယူမယ်ပြောထားတာဖြင့်ကြာလှပြီလေ ။ အခုတောင်လက်မှတ်ထိုးဖို့အကုန်ပြင်ဆင်ထားပြီးပြီ..အဲတော့မှ လက်ထပ်မယ်လို့ဆုံးဖြတ်တာလား..."
သူ့ရဲ့စကားကိုမိထက်တစ်ယောက် ရှက်ပြုံးလေးနဲ့ပြန်ပြောလိုက်သည်...။
".မောင်နဲ့ချစ်တာလည်းကြာခဲ့ပြီ..လက်ထပ်မယ်လို့စဉ်းစားထားတာလည်းကြာလှပြီ...ဒါပေမယ့်ခုမှပို
လက်ထပ်ချင်စိတ်ပေါက်လာလို့တဲ့.....။"
ပရိတ်သတ်ကြီးရယ်.. ကျနော့်ရဲ့မိထက်ကလေးမှာ ဒီလိုကြောင်တောင်တောင်အတွေးလေးတွေလည်းရှိတတ်သေးတယ်ဗျ ။
Posted by ဆုမြတ်မိုး

Thursday, May 30, 2013
Subscribe to:
Post Comments (Atom)
Total Pageviews
Labels
ပညာပေး
(1488)
ကာတွန်းဟာသ
(1343)
ဟာသ
(899)
ဆောင်းပါး
(822)
ကဗျာ
(777)
သတင်း
(533)
.ဆောင်းပါး
(512)
အက်ဆေး/၀တ္ထုတို
(504)
ကြော်ငြာ
(432)
နိုင်ငံတကာထူးခြားသတင်း
(388)
ပညာပေး...
(326)
နိုင်ငံတကာ ထူးခြားသတင်း
(321)
ကဗျာ
(279)
နိုင်ငံတကာအခြားသတင်း..
(253)
ကဗျာ…
(228)
ပုံပြင်
(220)
ဆောင်းပါး….
(203)
အက်ဆေး
(191)
ဘောလုံးဟာသ...။
(156)
သဘောထားအမြင်
(149)
Cartoon
(145)
သတင်း....
(139)
ကဗျာ...
(136)
ကဗျာ.....
(132)
ပညာပေး..
(131)
နိုင်ငံတကာ အခြားသတင်း..
(123)
ပြည်တွင်းသတင်း
(118)
သတင်း..။
(114)
သတင်းတို
(111)
သရော်စာ…
(106)
ဝတ္ထုတို
(105)
ဝတ္ထုတို
(95)
ဓါတ်ပုံသတင်း
(81)
သတင်း..
(79)
ပေးစာ
(79)
ဘာသာပြန် ဝတ္ထုတို
(75)
ဓာတ်ပုံသတင်း
(72)
ကာတွန်း
(64)
ဓာတ်ပုံသတင်း..။
(64)
သရော်စာ
(64)
နိုင်ငံတကာ အခြားသတင်း
(60)
ဓာတ်ပုံသတင်း..
(54)
မေတ္တာစာ
(54)
အောက်မေ့ဘွယ်စာလွှာ
(53)
သတင်း.
(47)
ဘာသာပြန်အက်ဆေး
(46)
်ပုံပြင်
(45)
ကာတွန်းဟာသ-
(44)
ဘောလုံးဟာသ...
(44)
နိုင်ငံတကာအခြားသတင်း
(43)
-ကာတွန်းဟာသ
(40)
နိင်ငံတကာ အခြားသတင်း
(39)
ကဗျာ.
(37)
သတင်းဆောင်းပါး
(36)
News
(35)
ကာတွန်း ဟာသ
(34)
ပညာပေး)
(33)
ကဗျာ(ဟာသ)
(32)
ဟာသကဗျာ
(32)
အောင်မြင်ရေးဒဿန
(30)
xပညာပေး)
(29)
ကြေညာချက်
(28)
ရုပ်သံ သတင်း
(25)
ဂျာနယ်
(24)
TV
(23)
နိုင်ငံတကာ အခြားသတင်း.
(23)
ဘာသာပြန်ဆောင်းပါး
(20)
ရင်ဖွင့်သံ
(19)
သရဲဇာတ်လမ်း
(19)
်ပုံင်္ပြင်
(18)
ထုတ်ပြန်ချက်
(14)
ဓာတ်ပုံ
(13)
ဘာသာပြန်ပုံပြင်
(13)
ဓာတ်ပုံသတင်း
(12)
သတင်းဓါတ်ပုံ
(12)
သီချင်း
(12)
အင်တာဗျူး
(12)
အတွေးအမြင်
(12)
ဓာတ်ပုံသတင်း.
(11)
ပုံင်္ပြင်
(11)
အယ်ဒီတာ့ထံပေးစာ
(11)
ဥာဏ်စမ်း
(11)
Photo News
(10)
poem
(10)
ဂျာနယ်
(10)
ဟာသအက်ဆေး
(10)
(ကျန်းမာရေး ပညာပေး)
(9)
.
(9)
x ပညာပေး)
(9)
ဘာသာပြန်
(9)
The Article
(8)
ခရီးသွား.ဆောင်းပါး
(8)
နိုင်ငံတကာအခြားသတင်း
(8)
ဘာသာရေးဆောင်းပါး
(8)
သတင်း.ဆောင်းပါး
(8)
ဗေဒင်
(8)
သတင်းတို.
(7)
ဟာသ ဝတ္ထုတို
(7)
တဘောင်
(6)
ကှဗျာ
(5)
နိုင်ငံထူးခြားသတင်း
(5)
ဘာသာရေး၊ဓမ္မပုံပြင်
(5)
မိန့်ခွန်း
(5)
သမိုင်းစကား၊ ပန်းစကား
(5)
ဟာသ ဓာတ်ပုံ
(5)
အားကစားသတင်း
(5)
song
(4)
ကာတွန်းဟာသ
(4)
စကားပုံ
(4)
ထူးခြားသတင်း
(4)
ပညာပေ;
(4)
သတင်း.တို.
(4)
သရော်စာ
(4)
ဟာသ-
(4)
်ဆောင်းပါး
(4)
-ကာတွန်းဟာသ-
(3)
interview
(3)
ထုပ်ပြန်ချက်
(3)
ဓမ္မဒါန
(3)
ဓါတ်ပုံအက်ဆေး
(3)
ဓာတ်ပုံအက်ဆေး
(3)
ပညာပေ
(3)
ဖိတ်စာ
(3)
ရုပ်သံ
(3)
သတင်း.တို.။
(3)
ဟာသ အင်တာဗျူး
(3)
ဟာသ.
(3)
အင်တာဗျူးး
(3)
အတိုဆုံးဝတ္ထုတို
(3)
အယ်ဒီတာ့အာဘော်
(3)
ဘောလုံးဟာသ.
(3)
(ဟာသ)
(2)
By....meepyatite
(2)
Statement
(2)
Story
(2)
With Best Regards
(2)
aဆာင်းပါ
(2)
ကန်တော့ချိုး
(2)
ကျန်းမာရေး ပညာပေး
(2)
ဇာတ်လမ်းတို
(2)
ပန်းချီ
(2)
ပုံပြင်
(2)
ဘာသာပြန်ကဗျာ
(2)
ရုပ်ပုံအတွေး
(2)
ဟာသပုံပြင်
(2)
အစီရင်ခံစာ
(2)
အမှတ်တရ
(2)
အတွေး
(2)
ဦးဦး မှော်ဆရာ
(2)
ဆောင်းပါ
(2)
ပြဇာတ်
(2)
(xပညာပေး)
(1)
(ပညာပေး)
(1)
)
(1)
....
(1)
2010 at 11:22pm
(1)
=နိုင်ငံတကာ အားကစားသတင်းများ
(1)
Announce
(1)
By: Sara Yin (ကျန်းမာရေး ပညာပေး)
(1)
By; Silver Moon အင်တာဗျူး
(1)
General Knowledge
(1)
Joke
(1)
Photo Essay
(1)
Thanks
(1)
aဆာင်းပါး
(1)
khana.na155 ကဗျာ
(1)
minkonaing
(1)
ကဗျာ(
(1)
ကဗျာ… By..Blue gyee
(1)
ကာတွန်းဟာသ <br /> <br />
(1)
ကိုယ်တိုင်ရေးကဗျာ သီဟသူ
(1)
ခရီးသွားဆာင်းပါး
(1)
ခရီးသွားဆောင်းပါး
(1)
စကား
(1)
စကားပုံ
(1)
စာစု
(1)
စိုးမိုးကျော် (ဟာသ)
(1)
ဆက်သွယ်ရန်
(1)
ဓါတ်ပုံအက်ဆေး
(1)
ဓာတ်ပုံအက်ဆေး
(1)
ဓာတ်ပုံအတွေး
(1)
နူတ်ခွန်းဆက်လွှာ
(1)
ပ
(1)
ပညာပေ;း
(1)
မိန့်ခွန်း
(1)
ရုပ်ရှင်
(1)
သတင်း နှင့်ဟာသ
(1)
သတင်း.တို
(1)
သတင်းကဗျာ
(1)
သတင်းသီချင်း
(1)
သရော်ကဗျာ
(1)
ဟသ
(1)
ဟာသအင်တာဗျူး
(1)
ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း
(1)
အဆိုအမိန့်
(1)
အထ္ထုပ္ပတ္တိ)
(1)
အားကစားသတင်းများ
(1)
အခြားသတင်း
(1)
ဦးဦး မှော်ဆရာ ပညာပေး..
(1)
ုပုံပြင်
(1)
ဆောင်းပါ;
(1)
ပေးပို့ သူ .. စိုးမိုးကျော် ဟာသ
(1)
ပေးပို့ သူ...သက်နိုင် ကဗျာ…
(1)
ပေးပို့ သူ…greenleave
(1)
်ပုံပြင်
(1)
ွ
(1)
ရုပ်သံ
(1)
• Posted by thant zin htwe on နိုဝင်ဘာ 19
(1)
….
(1)

No comments:
Post a Comment