ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, May 8, 2013

-ပျားရည်ရောင် အိပ်မက်-

>
သူမကိုကျွန်တော်သိပ်ချစ်သည်။

 ၁။
 သူမ၏ ပျားရည်ရောင်မျက်ဝန်းတွေကို ကျွန်တော်မက်မောသည်။ တစ်နေကုန် သူမ၏ မျက်ဝန်းများကို ထိုင်ကြည့်နေပါဆိုလျှင် ကျွန်တော် ထိုင်ကြည့်နေနိုင်သည်။ ထိုမျှပင် မြတ်နိုးလှသည်။ ပြီး..တန်ဖိုးထားသည်။ သူမ၏ မျက်ဝန်းများတွင် ငွေ့ရည်ဖွဲ့စေသူကို ကျွန်တော်မုန်းသည်။ ကြည်လင်တောက်ပ နေသော ကောင်းကင်တစ်ခု သူမ၏ မျက်ဝန်းထဲတွင် အမြဲမြင်ချင်သည်။ တဖြတ်ဖြတ် လက်နေသော ကြယ်ကလေးသည် သူမ၏ မျက်ဝန်းထဲတွင် ရှိသည်။ သူမသည် ကျွန်တော် ဘာပြောပြော ပြုံးနေတတ်သည်။ ရံဖန်ရံခါ ပြန်ပြောလျှင်လည်း တိုးဖွ လွန်းသည်။ နည်းပါးလွန်းသည်။ သူမ၏ တေးသံများတွင် ကျွန်တော် နှစ်နှစ်ခြိုက်ခြိုက် အိမ်မက်လိုသည်။ ဤသည်မှာလည်း အိပ်မက်သာဖြစ်သည်။ သူမ ကျွန်တော့ကို ချစ်သလား ဟု ကျွန်တော် မည်သည့်အခါကမျှ မမေးပါ။ သူမမျက်ဝန်း များတွင် ကျွန်တော် ချစ်ခြင်းတစ်ခုကို တွေ့ရှိပြီးဖြစ်သည်။ သူမ၏ မျက်တောင်တစ်ခတ်တွင် ကျွန်တော့်ရင်တွင်း၌ ချစ်ခြင်းနှင့် မြတ်နိုးခြင်းဟူသည့် ပန်းများ ထပ်တလဲလဲ ပွင့်သည်။ သူမသည် ကျွန်တော့်ပန်းဥယျာဉ်လေး၏ တစ်ခုတည်းသော ရေသောက်မြစ်ဖြစ်သည်။ သူမနှင့် ဘဝတစ်ခု ဆောက်တည်ခွင့်ကို အိပ်မက်ခဲ့သော ရက်များသည် ရှည်လျားခဲ့သည်။ သူမသည် ကျွန်တော့်၏ ထာဝရကောင်းကင်ဖြစ်သည်။ သူမသည် ကျွန်တော့်အတွက် ပရိယာယ်ကင်းသည့် တစ်စင်းတည်းသောမြစ်လည်း ဖြစ်သည်။ သူမ၏ ခေါင်းတစ်ချက်အညိတ်သည် ကျွန်တော့၏ ကမ္ဘာကို ပန်ရနံ့များ သင်းထုံစေသည်။ သူမကို ကျွန်တော် သိပ်ချစ်သည်။

၂။
သူမ၏ ရေခဲငုံထားသော နှုတ်ခမ်းကလေး ကျွန်တော့်မျက်ခွံများပေါ် အေးစက်စွာ ကျရောက်လာလျှင် အိပ်ရာမှ ခုန်ထရသည်သာ။ ထိုရေခဲအနမ်းလေးသည် ကျွန်တော်၏ နှိုးစက်ကလေးဖြစ်သကဲ့သို့ ထိုအေးစက်မှုကလေး ကျွန်တော့်မျက်ခွံပေါ် ရောက်မလာ မချင်း အိပ်ရာမှ ကျွန်တော် နိုးမထနိုင်ပါ။ သူမသည် ကျွန်တော့်၏ နွေးထွေးလှသော ရေခဲတုံးကလေးလည်းဖြစ်သည်။ သူမကိုကျွန်တော် သိပ်ချစ်သည်။

 ၃။

သူမ၏ မျက်ဝန်းများ အရောင်ဖျော့လာသည်။ ကျွန်တော့်မျက်ရည်များကို သူမက အသာသိမ်းပေးသည်။ ဒီတစ်ခါ ပြုံးသော သူမ၏အပြုံးသည် ငြိမ်းချမ်းလှသည်။ မျက်ဝန်း များနှင့် ခေါင်းခါပြရင်း လက်ကို တင်းတင်းဆုတ်ကိုင်ထားသည်။ ဖျော့လျော့၍နေသည့် လက်အားတွင် နွေးထွေးမှုများ ရှိနေသေးသည်။ သို့သော် မျက်ဝန်းတို့သည် ဖြည်းညင်းစွာ စင်းကျသွားခဲ့သည်။ သူမအနားတွင် ဆရာဝန်ကြီးများနှင့် ပညာရှင်များဝိုင်းရံနေသည်။ ခြေရင်းဘက်ထောင့်တွင် ခိုရပ်ရင်း အံကိုတင်းတင်းကြိတ်ထားခဲ့သည်။ နံရံတွင်မျက်နှာကပ်ရင်း ကိုက်ထားမိသော နှုတ်ခမ်းမှ သွေးတို့ စီးကျလာတာ မြင်ရသည်။ နာကျင်မှုကို မခံစားရပါ။ ထိုထက် အဆ ပေါင်းများစွာ ပြင်းထန်သောနာကျင်မှုသည် ကျွန်တော့်နှလုံးသားတွင် ဖြစ်ပေါ်နေသည်။ သူမ၏ တိုးညင်းလှသောစကားသံကလေးကို ကျွန်တော်ကြားလိုက်ရသည်။ “သူဖြစ်ချင်တာကို ဆောင်ရွက်ပေးဖို့ ဆရာတို့ကို မေတ္တာရပ်ခံပါတယ်ရှင်..” ဟူသော စကားသံကို နှလုံးသားနှင့်ပါကြားလိုက်ရသည်။ ကျွန်တော့်ရင်ထဲတွင် မည်ကဲ့သို့ ဆန္ဒ ရှိနေသည်ကို သူမ သိနေသည်တဲ့လား။ မယုံကြည်နိုင်လောက်သော ချစ်ခြင်းတစ်ခုကို မြင်တွေ့ ရချိန်တွင် သူမသည် အဝေးသို့ထွက်သွားပြီ ဖြစ်သည်။ သွေးဆိပ်သင့်သည် ဆိုခြင်းကို သေသေချာချာ နားလည်ခဲ့လျှင် သမီးကလေးတစ်ယောက် ကို သူမဆီမှ ကျွန်တော် မည်သို့သော အကြောင်းနှင့်မျှ တောင်းယူမိမည်မဟုတ်ပါ။ သူမသည် ကျွန်တော့်၏တောင်းဆိုမှု ကို ချစ်ခြင်းများဖြင့် ဖြည့်ဆည်းခဲ့သည်။ ဆရာဝန်၏ တာမြစ်ခြင်းကို သူမ ကွယ်ဝှက် ခဲ့သည်။ မြင်နေသမျှ ကာလတစ်လျောက်လုံး နောင်တ တရားကို သူမထံတွင် မတွေ့ရပါ။ ထိုနောင်တတရားတို့သည် ကျွန်တော့်ထံတွင်သာ ထာဝရ ဖွဲ့တည်နေပေတော့မည်။ ကျွန်တော့် ကိုယ် ကျွန်တော် မုန်းမိသည်။ ကျွန်တော့် ကောင်းကင်သည် တိတ်တဆိတ် ပြိုကျ ပျောက်ကွယ်ခဲ့သည်။

 ၄။
ရက်တွေ၊ လတွေ၊ နှစ်တွေ အခါခါ ကျော်လွန်ခဲ့ပြီ။ သူမနှစ်သက်သော စကားပန်းတို့ အကြိမ်ကြိမ်ပွင့်ဖူးခဲ့သည်မှာ ၄ ခါပင် ရှိပြီ။ မှန်ထဲတွင် မြင်နေရသော ပုံရိပ်သည် နာကျင်မှုအပေါင်းတို့မှ တစ်ခဏ ဝေးကွားစေသည်။ သူမသည် ကျွန်တော်နှင့် တစ်သားတည်း ရှိနေခဲ့ပြီးဖြစ်သည်။ မြင်ရရုံကလေးနှင့်ပင် နွေးထွေးမှုတို့ကို ရဆဲဖြစ်သည်။ ထို့အတွက် အရာရာကို ကျေးဇူးတင်မိသည်။ သူမကို ကျွန်တော် ချစ်မြတ်နိုးနေဆဲပင်..။ မှန်တွင်းမှ ပျားရည်ရောင် မျက်ဝန်းတစ်စုံသည် ကျွန်တော့ကို ငေးကြည့်နေသည်။ ကျွန်တော်ကလည်း ထိုမျက်ဝန်းများကို ပြန်လည်ငေးကြည့်နေမိသည်။ ထိုအခိုက်တွင်ပင် အေးမြသော အငွေ့အသက်ကလေးတစ်ခုကို ကျွန်တော့်မျက်ခွံထက်တွင် ခံစား လိုက်ရသည်။ ကျေနပ်စွာပြုံးမိသည်။ ကျွန်တော့်၏မျက်ကြည်လွှာနေရာတွင် သူမ၏ မျက်ကြည်လွှာကလေး ဝင်ရောက်နေရာယူခဲ့ပြီ မဟုတ်ပါလား။ “ဖေကြီး တစ်ယောက်ထဲ မှန်ကြည့်ပြီး ကြုံးနေကြန်ပီ ..ကြည့်ရှမ်း..” ဟူသည့် အသံလေး ကြောင့် နဘေးကို ငုံ့ကြည့်လိုက်စဉ် သူမ၏ လက်ဆောင်ကလေးသည် ကျွန်တော့်အား ချစ်ခင်အားကိုးသော အပြုံးများနှင့် စနောက်နေသည်။ သူမ၏ လက်ဆောင်ကလေးတွင် သူမကဲ့သို့ ပျားရည်ရောင် မျက်ဝန်းများရှိနေသည်မှာ ကျွန်တော့် အတွက် တန်ဖိုး မဖြတ်နိုင်သော ရတနာကလေးပင်..။ ကျိုးနေသော သွားကလေးများနှင့် ရယ်မောနေသော ချစ်စရာ သမီးကလေးကို ကောက်ချီယူလိုက်ကာ မှန်ရှေ့တွင် သားအဖ နှစ်ယောက် ရပ်နေလိုက်သည်။

 “ဖေကြီးနဲ့ ကျမီးနဲ့ တူတယ်နော်..” “ဟုတ်လား.. ဘာတူတာတုန်း ကွ..” “ညက်လုံး ကအရောင်လေးက တူတူပဲလေ ဖေကြီးရ..” “အဲ့ဒါ မင့် မေကြီး လက်ဆောင်ပေါ့…” “ဖေကြီး ညက်လုံးကရော…” “မင့်မေကြီး လက်ဆောင်ပဲ..” “ကျမီး ညက်လုံးကရော …” “ဒါလည်း မင့် မေကြီး လက်ဆောင်ပဲ ကွ..” “ဒါဆို ကျမီး ကရော..လို့…” “သမီးကလေးကတော့ ဖေကြီးအတွက် မင့် မေကြီး ပေးခဲ့တဲ့ လက်ဆောင်ပေါ့ကွာ..” သမီးကလေးကတော့ ကျွနတော့်အဖြေကို သဘောကျ ကျေနပ်စွာ ပြုံးရယ်နေသည်။ သမီးကလေးကို တင်းတင်းဖက်ရင်း ကျွန်တော်သည် သူမလက်ဆောင်ကလေး၏ ကောင်းကင်တစ်ခု အဖြစ်ရပ်တည်နိုင်ရမည်ဖြစ်ကြောင်း ကောင်းကောင်းနားလည်ခဲ့ပြီ။ သူမသည် ကျေနပ်စွာနှင့် ကျွန်တော်တို့ သားအဖကို ကြည့်ကောင်းကြည့်နေပေမည်။ မျက်လုံးများကို မှိတ်လိုက်သောအချိန်တွင် သူမသည် ပျားရည်ရောင် မျက်ဝန်းများဖြင့် ပြုံးကာ ကြည့်နေသည်။ တစ်ချိန်တည်းမှာပင် သူမနှင့်ကျွန်တော်သည် တစ်သားတည်းပင် ဖြစ်သွားတော့သည်။

**ပျိုးယုဝသုန်**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)