ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, May 2, 2013

အဖြူရောင်တိမ်တိုက်ပါးပါးလေးထဲက မှင် Tattoo

> မင်းဟာ…ဘယ်တော့မှဖျောက်ဖျက်ပစ်လို့မရနိုင်တဲ့ ကိုယ့်အတွက် မှင်တက်တူးတစ်ခုလိုပါပဲ….။ အချိန်တွေသာ တိုက်စားလို့ တဖြေးဖြေးအငွေ့ပျံကုန်ပေမယ့်…ခုထက်ထိ မရင့်ကျက်တဲ့ စိတ်ကတော့ မင်းကို စွဲလန်းရူးသွပ်နေတုန်းပဲဆို မင်းအပါအ၀င် ဘယ်သူမှမယုံကြဘူးထင်ရဲ့….။ တယ်လီဖုန်းထဲကနေ ဂွတ်နိုက်တို့ ဖရိုင်းကစ်တို့ နှုတ်ဆက်ဖူးခဲ့တဲ့ ညတွေဟာ….ချောင်ထိုးခံထားရတဲ့ ပုံပြင်စာအုပ်ဟောင်းတစ်အုပ် ဖြစ်သွားခဲ့ပြီလားကွယ်……။ ကိုယ့်ကိုပြောနေကြပြီ နေ့အိပ်မက်ကနေ နိုးထပါတော့တဲ့….။ မင်းနဲ့ပတ်သက်ပြီး ကိုယ်နိုးတစ်ဝက်အိပ်တစ်ဝက်နဲ့ အိပ်မက်မက်နေတယ်ဆိုတာ ကိုယ်တိုင်သိသိလျက်နဲ့လည်း …….။ ဟင်းးး အိပ်ချင်ယောင်ဆောင်တဲ့သူဟာ အနှိုးရခက်တယ်ဆိုတာ ဟုတ်မယ်…။ ယောကျာ်းတစ်ယောက်… အထူးသဖြင့် ကိုယ်နှစ်သက်မြတ်နိုးစွဲလန်းလွန်းခဲ့တဲ့ မင်းဆိုတဲ့ ယောကျာ်းတစ်ယောက်ဟာ အလိုလိုနေရင်းနဲ့လည်း ကိုယ့်ကိုပြုစားပိုင်စွမ်းတယ်တဲ့လား…ကိုယ့်နားမှာမရှိဘဲ ကိုယ်နဲ့အဆက်အသွယ်မလုပ်ဘဲနဲ့ ဟိုးးး အဝေးတစ်နေရာကနေလေ(နီးနီးလေးပေမယ့်)။ ကိုယ်ဟာ မင်းအတွက် တကယ် မုန်းစရာ နာကျည်းစရာကောင်းတဲ့ မိန်းမတစ်ယောက်ဖြစ်သွားပြီတဲ့လား….။ မယုံချင်ဘူးကွယ်….။ မင်းနှုတ်က မင်းကိုယ်တိုင်မ၀န်ခံပေမယ့် အခြေအနေအချိန်ခါက သူ့ဟာသူ ၀န်ခံသွားပြီ…။ ကိုယ်ဆိုတာ မင်းနဲ့ဘာမှမသက်ဆိုင်တဲ့ မိန်းမတစ်ယောက်…။ ခုမှမဟုတ်ဘူး ဘယ်တုန်းကမှမသိခဲ့ မပတ်သက်ခဲ့ဖူးတဲ့ မိန်းမတစ်ယောက်လို့များ မင်းမှတ်လိုက်ပြီလား….။ မင်းအတွက်တော့ ဟုတ်မှာပေါ့လေ….။ မင်းနဲ့ကိုယ်တို့ရဲ့ တွေ့ဆုံချိန်တိုတိုလေးဟာ မင်းအတွက်တော့ အပျင်းပြေ သီချင်းတစ်ပုဒ်နားထောင်လိုက်သလို ဂိမ်းတစ်ခုကစားလိုက်ရသလို တခါတလေ ထိတ်လန့်တုန်လှုပ်စရာကောင်းတဲ့ ရုပ်ရှင်တစ်ကားကြည့်လိုက်ရသလောက်ပဲရှိမှာပါ…..။ ကိုယ့်အတွက်တော့ မင်းဟာ…linkin park ရဲ့ဝုန်းဒိုင်းကျဲ ပေါက်ကွဲနေတဲ့ heavy rock သီချင်းတစ်ပုဒ်လို……. ခတ်ရွတ်ရွတ်နဲ့နှုတ်ကတတွတ်တွတ်ဆိုတဲ့ နီကီမီနာ့ဂ်ျရဲ့ Hip Hop ဂီတလို ငြိမ့်ငြိမ့်ညောင်းညောင်း ဘီယွန်းစေးရဲ့ R&Bတေးသွားလေးလို….. စီးမျောနစ်ဝင်သွားလောက်အောင် စိတ်ညွှတ်နူးဖွယ်ရာကောင်းတဲ့ Letters to Juliet ရိုမန့်စ်အချစ်ဇာတ်ကားလေးတစ်ကားလို…. ဘယ်တော့မှသောက်လို့မကုန်နိုင်တဲ့ ခါးဆိမ့်နေတဲ့ ကော်ဖီတစ်ခွက်လို….စွဲလန်းနှစ်သက်စရာကောင်းလှပါတယ်…။ ကိုယ်မင်းကို သံယောဇဉ်ကြီးသလို…. သူတို့တွေလည်း ကိုယ့်မင်းအကြောင်းလာဖတ်ရင်း မင်းကိုမမြင်ဖူးဘဲနဲ့ မင်းကိုခင်တွယ်ရစ်နှောင်နေတတ်ကြပြီလေ….။ ဟုတ်တယ်… ကိုယ်တစ်ခုခုပြောလိုက်မိတာတို့ တစ်ခုခုလုပ်မှာတို့ဆို မင်းအတွက်လားလို့ပဲမေးမေးနေတတ်ကြတော့တယ်….။ တကယ်တမ်း မင်းနဲ့ကိုယ်ဆိုတာ ကိုယ်ရေးတဲ့ အက်ဆေးလေးတွေထဲမှာ အိန်ဂျယ်စာစုတွေထဲမှာပဲ ရှင်သန်သက်ဝင်နေကြတာပါ………။ တကယ့် အပြင်လက်တွေ့မှာတော့ အသက်မရှိတော့တဲ့ ပြာမှုန်တွေအဖြစ်ကိုရောက်နေသူတွေလောက်တောင် အဓိပ္ပါယ်မရှိလှပါဘူး…..။ ဘာပဲဖြစ်ဖြစ်ပေါ့ ကိုယ့်လက်ချောင်းတွေနဲ့ ကိုယ့်နှလုံးသားနဲ့ မင်းကိုဘယ်ချိန်ထိ ကိုယ်အသက်သွင်းပုံဖော်နေဦးမလဲဆိုတာကိုလည်း သူတို့က စိတ်ဝင်စားနေကြဦးမှာပါ…..။ တကယ်တော့ လက်တွေ့မဆန်လှတဲ့ ကိုယ်ဘ၀မှာ မင်းဟာ ကိုယ့်ကောင်းကင်ကိုခုချိန်ထိတိုင် အုပ်မိုးပေးနေသေးတဲ့ တိမ်တိုက်ပါးပါးလေးတစ်ခုပါ….ဟုတ်တယ် ဘယ်တော့မှလွင့်ပြယ်ပျောက်ဆုံး မသွားမယ့် တိမ်လွှာဖြူဖြူလေးတွေလေ….။ Happy Belated Birthday Angel....:) မိုးငွေ့ Posted by မိုးငွေ့........ at 02:41 No comments: Labels: အက်ဆေး

မင်းဟာ…ဘယ်တော့မှဖျောက်ဖျက်ပစ်လို့မရနိုင်တဲ့ ကိုယ့်အတွက် မှင်တက်တူးတစ်ခုလိုပါပဲ….။ အချိန်တွေသာ တိုက်စားလို့ တဖြေးဖြေးအငွေ့ပျံကုန်ပေမယ့်…ခုထက်ထိ မရင့်ကျက်တဲ့ စိတ်ကတော့ မင်းကို စွဲလန်းရူးသွပ်နေတုန်းပဲဆို မင်းအပါအ၀င် ဘယ်သူမှမယုံကြဘူးထင်ရဲ့….။ တယ်လီဖုန်းထဲကနေ ဂွတ်နိုက်တို့ ဖရိုင်းကစ်တို့ နှုတ်ဆက်ဖူးခဲ့တဲ့ ညတွေဟာ….ချောင်ထိုးခံထားရတဲ့ ပုံပြင်စာအုပ်ဟောင်းတစ်အုပ် ဖြစ်သွားခဲ့ပြီလားကွယ်……။ ကိုယ့်ကိုပြောနေကြပြီ နေ့အိပ်မက်ကနေ နိုးထပါတော့တဲ့….။ မင်းနဲ့ပတ်သက်ပြီး ကိုယ်နိုးတစ်ဝက်အိပ်တစ်ဝက်နဲ့ အိပ်မက်မက်နေတယ်ဆိုတာ ကိုယ်တိုင်သိသိလျက်နဲ့လည်း …….။ ဟင်းးး အိပ်ချင်ယောင်ဆောင်တဲ့သူဟာ အနှိုးရခက်တယ်ဆိုတာ ဟုတ်မယ်…။ ယောကျာ်းတစ်ယောက်… အထူးသဖြင့် ကိုယ်နှစ်သက်မြတ်နိုးစွဲလန်းလွန်းခဲ့တဲ့ မင်းဆိုတဲ့ ယောကျာ်းတစ်ယောက်ဟာ အလိုလိုနေရင်းနဲ့လည်း ကိုယ့်ကိုပြုစားပိုင်စွမ်းတယ်တဲ့လား…ကိုယ့်နားမှာမရှိဘဲ ကိုယ်နဲ့အဆက်အသွယ်မလုပ်ဘဲနဲ့ ဟိုးးး အဝေးတစ်နေရာကနေလေ(နီးနီးလေးပေမယ့်)။ ကိုယ်ဟာ မင်းအတွက် တကယ် မုန်းစရာ နာကျည်းစရာကောင်းတဲ့ မိန်းမတစ်ယောက်ဖြစ်သွားပြီတဲ့လား….။ မယုံချင်ဘူးကွယ်….။ မင်းနှုတ်က မင်းကိုယ်တိုင်မ၀န်ခံပေမယ့် အခြေအနေအချိန်ခါက သူ့ဟာသူ ၀န်ခံသွားပြီ…။ ကိုယ်ဆိုတာ မင်းနဲ့ဘာမှမသက်ဆိုင်တဲ့ မိန်းမတစ်ယောက်…။ ခုမှမဟုတ်ဘူး ဘယ်တုန်းကမှမသိခဲ့ မပတ်သက်ခဲ့ဖူးတဲ့ မိန်းမတစ်ယောက်လို့များ မင်းမှတ်လိုက်ပြီလား….။ မင်းအတွက်တော့ ဟုတ်မှာပေါ့လေ….။ မင်းနဲ့ကိုယ်တို့ရဲ့ တွေ့ဆုံချိန်တိုတိုလေးဟာ မင်းအတွက်တော့ အပျင်းပြေ သီချင်းတစ်ပုဒ်နားထောင်လိုက်သလို ဂိမ်းတစ်ခုကစားလိုက်ရသလို တခါတလေ ထိတ်လန့်တုန်လှုပ်စရာကောင်းတဲ့ ရုပ်ရှင်တစ်ကားကြည့်လိုက်ရသလောက်ပဲရှိမှာပါ…..။ ကိုယ့်အတွက်တော့ မင်းဟာ…linkin park ရဲ့ဝုန်းဒိုင်းကျဲ ပေါက်ကွဲနေတဲ့ heavy rock သီချင်းတစ်ပုဒ်လို……. ခတ်ရွတ်ရွတ်နဲ့နှုတ်ကတတွတ်တွတ်ဆိုတဲ့ နီကီမီနာ့ဂ်ျရဲ့ Hip Hop ဂီတလို ငြိမ့်ငြိမ့်ညောင်းညောင်း ဘီယွန်းစေးရဲ့ R&Bတေးသွားလေးလို….. စီးမျောနစ်ဝင်သွားလောက်အောင် စိတ်ညွှတ်နူးဖွယ်ရာကောင်းတဲ့ Letters to Juliet ရိုမန့်စ်အချစ်ဇာတ်ကားလေးတစ်ကားလို…. ဘယ်တော့မှသောက်လို့မကုန်နိုင်တဲ့ ခါးဆိမ့်နေတဲ့ ကော်ဖီတစ်ခွက်လို….စွဲလန်းနှစ်သက်စရာကောင်းလှပါတယ်…။ ကိုယ်မင်းကို သံယောဇဉ်ကြီးသလို…. သူတို့တွေလည်း ကိုယ့်မင်းအကြောင်းလာဖတ်ရင်း မင်းကိုမမြင်ဖူးဘဲနဲ့ မင်းကိုခင်တွယ်ရစ်နှောင်နေတတ်ကြပြီလေ….။ ဟုတ်တယ်… ကိုယ်တစ်ခုခုပြောလိုက်မိတာတို့ တစ်ခုခုလုပ်မှာတို့ဆို မင်းအတွက်လားလို့ပဲမေးမေးနေတတ်ကြတော့တယ်….။ တကယ်တမ်း မင်းနဲ့ကိုယ်ဆိုတာ ကိုယ်ရေးတဲ့ အက်ဆေးလေးတွေထဲမှာ အိန်ဂျယ်စာစုတွေထဲမှာပဲ ရှင်သန်သက်ဝင်နေကြတာပါ………။ တကယ့် အပြင်လက်တွေ့မှာတော့ အသက်မရှိတော့တဲ့ ပြာမှုန်တွေအဖြစ်ကိုရောက်နေသူတွေလောက်တောင် အဓိပ္ပါယ်မရှိလှပါဘူး…..။ ဘာပဲဖြစ်ဖြစ်ပေါ့ ကိုယ့်လက်ချောင်းတွေနဲ့ ကိုယ့်နှလုံးသားနဲ့ မင်းကိုဘယ်ချိန်ထိ ကိုယ်အသက်သွင်းပုံဖော်နေဦးမလဲဆိုတာကိုလည်း သူတို့က စိတ်ဝင်စားနေကြဦးမှာပါ…..။ တကယ်တော့ လက်တွေ့မဆန်လှတဲ့ ကိုယ်ဘ၀မှာ မင်းဟာ ကိုယ့်ကောင်းကင်ကိုခုချိန်ထိတိုင် အုပ်မိုးပေးနေသေးတဲ့ တိမ်တိုက်ပါးပါးလေးတစ်ခုပါ….ဟုတ်တယ် ဘယ်တော့မှလွင့်ပြယ်ပျောက်ဆုံး မသွားမယ့် တိမ်လွှာဖြူဖြူလေးတွေလေ….။ Happy Belated Birthday Angel....:) မိုးငွေ့ Posted by မိုးငွေ့........ at 02:41 No comments: Labels: အက်ဆေး

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)