ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, June 16, 2013

-အစုအဖွဲ့များနှင့် သဟဇတမဖြစ်သော မိန်းမ-

>
ဘာလို့ လောကကြီးကို ကျောခိုင်းထားတာလဲလို့ ညီမငယ်တစ်ယောက်က မေးတဲ့အခါ မဟုတ်ပါဘူးလို့ အလျင်အမြန်ငြင်းချက်ထုတ်ချင်ပေမယ့် လောကဆိုတဲ့ အရာကြီးထဲကို လှမ်းဝင်ရမှာ ကြောက်လန့်ကာ မဝံ့မရဲငေးကြည့်နေသူမှာ ကျွန်မဖြစ်ပါတယ်။ လောကကြီးဆိုတဲ့ ပတ်ဝင်းကျင်ကို ခင်မင်တွယ်တာလှပေမယ့် George E-Young ရဲ့Fitting In ဆိုတဲ့ ကဗျာတစ်ပုဒ်ထဲက စာကြောင်းတွေကိုလည်း သတိရမိရဲ့။ သားအတွက်ဆိုပြီး ရေးထားတဲ့ ကဗျာစာအုပ်ထဲကပေါ့။

 It’s human nature to want to fit in, But How low will you have to stoop?
လိုက်လျောညီထွေနေချင်တာ လူ့သဘာဝပဲ ဒါပေမယ့် မင်းဘယ်လောက်ထိနိမ့်အောင် ငုံ့လျှိုးနိုင်မှာလဲ၊ အုပ်စုဖွဲ့နေတတ်တဲ့ သတ္တဝါဖြစ်သော ကျွန်မလည်း အပေါင်းအသင်း၊မိတ်ဆွေများနဲ့ အတူ ရယ်မောပျော်ရွှင်ချင်သူ၊ ကိုယ့်ကို ချစ်တယ်ဆိုတဲ့ လူတွေရဲ့ လက်ကိုတွဲရင်း လုံခြုံမှုရချင်သူပါ။ ဒါပေမယ့် ဖြစ်နိုင်ရဲ့လား။ တစ်ချို့လူမှုအဖွဲ့အစည်းတွေဟာ သူတို့နဲ့ဆက်ဆံတဲ့အခါ နှိမ့်ချသည်းခံမှ အံဝင်ခွင်ကျဖြစ်နိုင်တယ်။ ကဗျာထဲက ပြောသလိုပဲ ကျွန်မ ဘယ်လောက်ထိ ငုံ့လျှိုးဦးညွှတ်နိုင်မှာလဲ။ မာနလေးလက်တစ်ဆစ်နဲ့ အံတုချင်တာ မဟုတ်လည်း ဒီလိုပေးဆပ်ဖို့ တန်ရဲ့လား စဉ်းစားဖြစ်နေဆဲ။ ကဗျာကလည်း ဆက်ပြောတယ်။

What is the price of fitting in? How important is the group?
 ဒီသဟဇာတဖြစ်ခြင်းရဲ့ တန်ဖိုးက ဘာလဲ။ ဒီအစုအဖွဲ့က ဘယ်လောက်အရေးပါသလဲ။ အံ့သြစရာပဲ၊ ကဗျာဆရာမေးတဲ့ မေးခွန်းတွေဟာ ကျွန်မအမြဲမေးနေတဲ့ မေးခွန်းတွေသာရယ်။ သူတပါးအခြေပျက်မှ ကိုယ်အနေလှမယ်ဆိုပြီး ခြေထိုးခံတတ်သူများအသင်း၊ လူသိရှင်ကြားချစ်မိတ်ဆွေရင်းတွေပါ ဆိုပြီး နောက်ကျောကို ဓားနှင့်ထိုးတတ်သူများအစု၊ ကြည်ညိုချစ်ခင်လှချည့်ရဲ့လို့ လူမြင်ကွင်းမှာ ပြောပြီး မျက်ကွယ်မှာ ကဲ့ရဲ့အတင်းဆိုသူများအဖွဲ့၊ သူတပါးအပြစ်ကို လက်ညှိုးထိုးကဲ့ရဲ့ပြီး ကိုယ်ကြီးကျယ်မြင့်မြတ်ကြောင်း လက်မထောင်ဝံ့ကြွားသူများ အစုအဝေး၊... ကျွန်မ ကြောက်လှပါတယ်။ချို့ယွင်းအားနည်းသူပါ။ ငုံ့လျှိုးမနေနိုင်သူပါ။ ကိုယ်ပေါင်းစိတ်ခွာ မပေါင်းသင်းတတ်သူပါ။ ကျွမ်းဝင်မိတဲ့အခါ ကိုယ်ရောစိတ်ပါ လှိုက်လှိုက်လှဲလှဲ ချစ်ခင်တတ်သူမို့ နာကျင်ဒဏ်ရာများကို ခံနိုင်ရည်မရှိတော့လို့ပါ။ နောက်ဆုံးတော့ လူရာမဝင်သူတဲ့လား။ အပေါင်းအသင်းကောင်းမှ ကံကောင်းမယ်ဆိုပြီး လူတော်တွေကို ရွေးချယ်စုစည်းပေါင်းသင်းကာ လူပေါ်လူဇော်လုပ်ရင်း အောင်မြင်ကျော်ကြားနေကျသူတွေကိုလည်း အားမကျချင်ပါ။ သူတပါးမျက်ခုံးမွှေးပေါ် စင်္ကြံလျှောက်အလုပ်နဲ့ ကျွန်မ မဆီလျော်ပါဘူး။ တစ်ယောက်ဆို လူသေ၊ နှစ်ယောက်ဆို လူရှင်လို့ ဆိုကြတဲ့အခါ အပေါင်းအဖော်မဲ့ ကျွန်မက တစ်ကိုယ်တည်း တစ်ကောင်ကြွက်မို့ သေလူလား။ ခက်တာက တစ်ချို့သူတွေဟာ ကိုယ်သေမှန်း ရှင်မှန်း ကွဲကွဲပြားပြားမသိကြပါဘူး။ ဥပမာ ကျွန်မ ။ ဒါဆို နာနာဘာဝလို့ ခေါ်နိုင်သလားတော့ မပြောတတ်ပါ။ လူဆိုတဲ့ ဖောက်ပြန်သူ မဟုတ်တာတော့ အသေအချာရယ်။
တစ်ခါတစ်လေတော့လည်း အစုဖွဲ့ ပျော်ပါးနိုင်တဲ့လူတွေကို အလွန်အားကျသူပါ။ သူတို့လို ရယ်ချင်။ ပျော်ချင် ။ ချစ်သူတွေ ပိုင်ဆိုင်ချင်။ ဒါပေမယ့် နောက်ဆုံးတော့ လူအရေခွံမဲ့သူမို့ အကောင်အထည်မရှိ အခြေအနေမှာ ငိုရပြီ။ အငိုလျော့ရင်တော့ စိတ်ပြေလက်ပျောက် ဖြစ်ကာ လူတောထဲ တိုးချင်ပြန်။ ဘဝချင်းခြားနေပြီလို့ သိပေမယ့် လူ့အသိုင်းအဝိုင်းနား ရပ်ချင်သေးတာ။ အတော်ရယ်စရာကောင်းတဲ့သတ္တဝါပေပဲ။ ................................................................................................. 
ဆက်ဆံရေးစစ်ပွဲမှာ 
ဘယ်အခါမှ နလံမထူနိုင်သူလေ
 နားလည်မှုတစလည်း မတောင်းဆိုဝံ့ဘူး။
 “နေကောင်းလား”.... နှုတ်ခွန်းဆက်သ
 မှုန်မှိုင်းစကားစပင် ထုံထိုင်းစည်းကွယ်နေမို့ 
အသင်တို့ ရှုခင်းမှာ ဆူးဖြစ်ခဲ့ရင်
 တောင်းပန်ချင်လည်း … အဆုံးမှာ
 အေးခဲခြင်းဆီသာ ပျံပြေးတတ်သူမို့
 လူမဆန်ဘူးဆိုလည်း ရှိစေ။ ။ 

.................................................................................................

 နောင်တမရလိုပေမယ့် အဖွဲ့အစည်းရဲ့ အရှိန်ဟပ်ပြီးလည်း မညစ်နွမ်းချင်ပါ။ တစ်ယောက်တည်းနေ တစ်စိတ်တည်းထားတဲ့ ဘုရားဟောကို ကိုးကားကာ ရဲဝံ့ဟန်ဆောင်ပါဦးမယ်။ ကိုယ်ပြုသောကံ ကိုယ့်ထံပြန် ဆိုလား။ ကျွန်မရဲ့အသုဘမှာ လူမစည်နိုင်တဲ့အခါ အသေမလှဘူးလို့ ကဲ့ရဲ့ချင်ပါသလား။ ကိစ္စမရှိပါ။ လိပ်ပြာသန့်စွာကျွန်မ သေဆုံးပါဦးမယ်။ ။ 

 **မယ့်ကိုး** 
(ညီမငယ် ခင်သန္တာအောင်သို့ အမှတ်တရ)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)