ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, July 26, 2013

--ထိုင်းရှေ့နေရုံး ၆ လပတ် လုပ်ငန်းပြန်လည်သုံးသပ်ပွဲ.. မဲဆောက် မှာ ကျင်းပ--

>

 (ဇူလိုင်လ ၂၆ ရက်၊ ၂၀၁၃၊ သောင်ရင်းနဂါး)

ထိုင်း- မြန်မာနယ်စပ် မဲဆောက်မြို့နှင့် တာ့ခ်ခရိုင် ၉ မြို့နယ်အတွင်း လူကုန်ကူးမှုတိုက်ဖျက်ရေးနှင့် ရွှေ့ပြောင်းအလုပ်သမားများအတွင်း ထိုင်းဥပဒေပညာပေးရန် လုပ်ပိုင်ခွင့်ရရှိထားသော ထိုင်းရှေ့နေများကောင်စီ၊ ဥပဒေအထောက်အကူပြုအဖွဲ့ (LLC) မှ ၆ လပတ်လုပ်ငန်း ပြန်လည်သုံးသပ်ပွဲနှင့် မြ၀တီမြို့နယ်ရှိ MOU စခန်းအချို့ ကွင်းဆင်းလေ့လာပွဲကို ဇူလိုင်လ ၂၆ ရက်နှင့် ဇူလိုင်လ ၂၇ ရက်နေ့မှာ ကျင်းပကြသည်။

ဤသို့ လုပ်ငန်းပြန်လည်သုံးသပ်ပွဲကို ယနေ့ကျင်းပခဲ့ရာ၌ LLC နှင့် လူထုအခြေပြုအဖွဲ့အစည်းများ၏ ဆက်ဆံရေးအခြေအနေ၊ LLC နှင့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ ဆက်ဆံရေးအခြေအနေ၊ လူထုအခြေပြုအဖွဲ့အစည်းများမှ တင်ပြသော မဲဆောက်အပါအ၀င်တာ့ခ်ခရိုင် ၉ မြို့နယ်အတွင်း မြန်မာအလုပ်သမားများ၏ အခြေအနေနှင့် အခြားအထွေထွေသုံးသပ်ချက်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။ ထို့အပြင် ယာယီပတ်စ်ဖို့ ကိုင်ဆောင်ထားသော မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် ၂ နိုင်ငံနားလည်မှုစာချွန်လွှာ (MOU) စနစ်ဖြင့် အလုပ်လုပ်ကိုင်ကြသော မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ အခြေအနေအရပ်ရပ်ကိုပါ ဆွေးနွေးခဲ့ကြသည်။

ယနေ့သုံးသပ်ဆွေးနွေးပွဲသို့ ထိုင်းလူ့အခွင့်အရေး ကာကွယ်မြှင့်တင်မှုအဖွဲ့(HRDF)မှ အမှတ် ၆ တိုင်းတရားရုံး၊ ရုံးအုပ်ဟောင်းဖြစ်သည့် ရှေ့နေ မှ ကြီးမှူးပြီး LLC အမှုဆောင်ကော်မတီမှ ရှေ့နေခွန်ထနူးအေကချွတ်နှင့် ရှေ့နေများ၊ JACBA၊ ရောင်ခြည်ဦး၊ ပန်းကံ့ကော်၊ AWU၊ FTUM စသည့် မြန်မာအလုပ်သမားအကျိုးဆောင်အဖွဲ့များမှ ကိုယ်စားလှယ်(၂၀)ခန့် တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

ထိုင်းရှေ့နေများကောင်စီ ဥပဒေအထောက်အကူပြုဌာန(LLC) သည် ဇူလိုင်လ ၂၈ ရက်နေ့တွင် ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ် မြ၀တီမြို့နယ်မှ Labour Asia Service Co,Ltd အမည်ရှိ MOU စုဆောင်းရေးစခန်းသို့ ကွင်းဆင်းလေ့လာကြမည်ဖြစ်ကြောင်း သိရသည်။

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)