ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, August 27, 2013

---လူထုကျန်းမာရေး(ကျောက်ကပ် အားနည်းခြင်း)---

>
**Public Health** -

 ကျောက်ကပ်နှစ်လုံးဟာ ခန္ဓာကိုယ် က အညစ်အကြေး အဆိပ်အတောက်များကို စွန့်ထုတ် ပေးရတယ်။ ကျောက်ကပ်တစ်လုံး ထုတ်လိုက်ရင်လည်း ကျန်နေတဲ့ တစ်လုံးကောင်းမွန်ရင် ဆီးဆိပ် သွေးထဲမှာ များလာမယ်။ ကျန်တစ်လုံး က သုံးပုံတစ်ပုံမှ တစ်ဝက်ခန့် ထုတ် လိုက်ရင်လည်း ဆီးဆိပ်များ ပုံမှန် အတိုင်းရှိနိုင်တယ်။ သွေးထဲမှာ ဆီးဆိပ် များလာရင် အလုပ်လုပ်နိုင်တဲ့ ကျောက်ကပ်ပမာဏ ၃ဝ ရာခိုင်နှုန်းအောက်၊ သုံးလေးဆများရင် အလုပ်လုပ်နိုင်တဲ့ ကျောက်ကပ်ပမာဏ ၁ဝ ရာခိုင်နှုန်းအောက်လို့ ခန့်မှန်းနိုင်တယ်။ ခန္ဓာကိုယ်ထဲမှာ ဆီးဆိပ်များ လာရင် ထုံဆေးနဲ့ ဝမ်းဗိုက်ထဲကို ပိုက်ငယ်တစ်ခု ထည့်ပြီး တပ်ဆင်ဆေးကြော ကုသခြင်း နဲ့ ပုံမှန်ဆေးကြောခြင်း၊ ကျောက်ကပ် တုသွေးသန့်စက်ဖြင့် ဖယ်ရှားသန့်စင် ကုသခြင်းနဲ့ ကျောက်ကပ် အစားထိုး ကုသခြင်းတို့ ပြုလုပ်နိုင်တယ်။ ရေရှည် ကျောက်ကပ် အလုပ်မလုပ်တဲ့ လူနာတွေမှာ ဆီးဆိပ်များပြီး ခန္ဓာကိုယ် အစိတ်အပိုင်းများက တဖြည်းဖြည်းချင်း ပျက်စီးချို့ယွင်းလာတယ်။ ကြာတော့ အသက်ဆုံးရှုံး ရခြင်းဖြစ်ရတယ်။ ကျောက်ကပ် အားနည်းလို့ လူနာဟာ မစားချင်မသောက်ချင် ဖြစ်လာခြင်း၊ ပျို့အန်ခြင်း၊ ကိုယ်လက် မအီမသာဖြစ်ခြင်း၊ မောပန်းခြင်း၊ နေ့အခါ အိပ်ငိုက်ခြင်း၊ မှိန်းခြင်း၊ ကိုယ်လက် ယားယံခြင်း စတဲ့ ခံစားချက်များ ခံစားရရင် ခန္ဓာ ကိုယ်ထဲမှာ ဆီးဆိပ်တွေ ပမာဏ လေး၊ ငါးဆပိုပြီး စုပုံလာလို့ ဖြစ်ပါ တယ်။ အချို့လူနာများမှာ ကျောက်ကပ်ဘေး ဖြစ်စေတဲ့ ဆေးဝါး၊ အစားအစာ (တညင်းသီး စားသုံးခြင်းစသည်) အခြားရောဂါ (ဥပမာ ဝမ်းလျှောများခြင်း၊ သွေးပေါင်ကျခြင်း၊ သွေးပေါင်တက် လွန်းခြင်းများ) ကြောင့် တဖြည်းဖြည်း နာတာရှည် ကျောက်ကပ် အားနည်း သွားကာ ဆီးဆိပ်များ လျင်မြန်စွာ တိုးတက်လာတယ်။ နာတာရှည် ကျောက်ကပ် အလုပ်မလုပ်တဲ့ လူနာတွေမှာ ရေရှည် ဆီးဆိပ် ဖယ်ရှားကုသဖို့နဲ့ သွေးသန့်စင်ဖို့လို ပါတယ်။ ကျောက်ကပ် ဆေးပေးရမယ်။ တစ်ပတ်ကို သုံးကြိမ် အနည်းဆုံး နှစ်ကြိမ် ဆေးပေးလို့မှ ကျောက်ကပ် အလုပ်လုပ်မှု မကောင်းရင် ကျောက်ကပ်လဲလှယ် ကုသသင့်ပါတယ်။

 ကျောက်ကပ် ခေတ္တ အလုပ်မလုပ်တဲ့ ရောဂါကို ကျောက်ကပ်ဆေးခြင်းဖြင့် ပြန်ကောင်းမွန် လာစေပြီး ရေရှည် ကျောက်ကပ် အလုပ်မလုပ်ရင် ဆီးအညစ်အကြေးများကြောင့် ဦးနှောက်၊ နှလုံးသွေး၊ အစာလမ်းကြောင်း၊ အရိုး စတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းများ တဖြည်းဖြည်း ယိုယွင်းပျက်စီးလာပြီး အသက်ဆုံးရှုံးနိုင်တယ်။ တစ်ခါတစ်ရံ ပြန်ကောင်း သလိုရှိပြီး ပြန်လည်ယို ယွင်း ပျက်စီးနိုင်တယ်။ ကျောက်ကပ် တဖြည်းဖြည်း ပျက်စီးလာရင် နောက်ထပ် ကောင်းမွန်လာအောင် မလုပ်နိုင်ပါဘူး။ ဆေးဝါးများနဲ့ အတိုင်းအတာ တစ်ခုအထိသာ ဆောင်ရွက်နိုင်တယ်။ ဆီးချို၊ သွေးတိုး၊ ဖောရောင်ခြင်း၊ မောပန်းခြင်း၊ ဆီးသွားလျှင် လိုသည်ထက် ပို၍ အမြှုပ်ထခြင်း၊ ဆီးစစ်ကြည့်လျှင် ဆီးထဲ၌အသားဓာတ် ပါခြင်း၊ ကျောက်ကပ် အလုပ်လုပ်တဲ့ ပမာဏကို သာမန် သွေးစစ်ခြင်းမျိုး မဟုတ်ဘဲ ပိုမိုတိကျတဲ့ နည်းများနဲ့ တိုင်းတာခြင်း စသည်ဖြင့် ကျောက်ကပ် စတင်ပျက်စီးခြင်းကို စောစီးစွာသိရှိပြီး ထိရောက်တဲ့ ကုသမှုပေးနိုင်ဖို့ အရေးကြီးပါတယ်။ ကျောက်ကပ်ရောဂါ မဖြစ်အောင် ဆီးလမ်းကြောင်း ပိုးဝင်ရောဂါဖြစ်ရင် သေချာတိကျတဲ့ ဆေးညွှန်းအတိုင်း ကုသပြီး ဆေးသောက်ပါ။ ငယ်ငယ်က ကျောက်ကပ်ရောင် ရောဂါဖြစ်ရင် ရာသီ ဥတုဒဏ်မခံနိုင်လို့ စွန့်စားတဲ့အလုပ်၊ ပင်ပန်းတဲ့ အလုပ်တွေကိုရှောင်။ သောက်ဆေး စတီးရွိုက်ကို နေ့စဉ် အညွှန်းအတိုင်း သောက်ပါ။ ကိုယ့်သဘောနဲ့ ဆေးဖြတ်ခြင်းမလုပ်သင့်ပါ။ ဆီးကို သွားချင်တဲ့ ဆန္ဒရှိရင် သွားပေးပါ။ အောင့်မထားပါနဲ့။ တစ်ကိုယ်ရေသန့် ရှင်းရေးကို ဂရုစိုက်ပါ။ ကျောက်ကပ် ကျောက်တည်ခြင်း ဆီးလမ်းကြောင်း ကျောက်တည်ခြင်းတို့ကို သေချာစွာ ကုသရန် လိုအပ်ပါသည်။ 

Written by စကားဝါ

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)