ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, August 29, 2013

---လူထုကျန်းမာရေး(သွားမကြာ ခဏ ကိုက်တတ်သူများ အတွက်)---

>
**Public Health**
 မေး။ ။ ဒေါက်တာစွမ်းရှင့် ကျွန်မက သွားမကြာခဏ ကိုက်တတ်ပါတယ်။ သွားကိုက်တိုင်းလည်း မျက်နှာ တစ်ခုလုံး ရောင်ရမ်းပြီး ဆိုးဝါးစွာ ကိုက်ခဲနာကျင် နေတတ်ပါတယ်။ ဒါကြောင့် သွား မကြာခဏ မကိုက် အောင်နဲ့ အရမ်း သွားကိုက်လာပြီ ဆိုလျှင် ဘယ်လိုလုပ်ရမလဲလို့ ပြောပြပေးပါ ဆရာ။ (ကျွန်မက ပုံမှန် သွား တိုက်လေ့တော့ ရှိပါတယ်။) မအိခင် (စမ်းချောင်း)

 ဖြေ။ ။ မအိခင် ကြုံနေရတဲ့ ပြဿနာကတော့  ကနေ့မြို့နေလူထုမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ သမားရိုးကျ ပြဿနာပါ။ ကနေ့ခေတ် အစားအစာတွေမှာကိုက အချိုကဲတာ များနေတတ်တာကြောင့် မြို့နေ လူတန်းစား ရဲ့သွားပြဿနာဟာ ထူးခြားလှတယ်တော့ မဟုတ်တော့ပါဘူး။ ဒါကြောင့် ဖြစ်လည်းဖြစ်နိုင်၊ ခက်လည်း မခက်ခဲတဲ့ Care လုပ်နည်းလေးတွေ ပေးလိုပါတယ်။ သွား မကြာခဏ မကိုက်ဖို့ သွားတွေကို ဂရုစိုက်ဖို့ လိုပါတယ်။

 (၁) အစာစားပြီးတိုင်း ပလုတ်ကျင်းတဲ့ အကျင့် လုပ်ပါ။ ဒါမှသာ အချဉ်ဓာတ်က ရေထဲပါသွားပြီး ပါးစပ်ထဲမှာ သန့်ရှင်းနေမှာပါ။

 (၂) အအေးသောက်တဲ့အခါ ကျဉ်တဲ့သွားရှိလျှင် သွားဆေးခန်းသွားပြီး အမြန်ဆုံးဖာပါ။

(၃) သွားတိုက်တဲ့အခါ ကန့်လန့်ဖြတ် သွားတိုက်နည်းထက် စနစ်ကျသော အပေါ်အောက် တိုက်နည်းကို လေ့ကျင့်ပါ။ စနစ်တကျ သွားတိုက်နည်း ဆိုတာကတော့ သွားတိုက်ဆေးကို သွားအတွင်း အနှံ့အပြား ရောက်တဲ့အထိ (၃/၄) မိနစ်လောက် အပေါ်အောက် အကုန်တိုက်ပါ။ ပြီး ခေတ္တ စောင့်ပါ။ အဲဒီလို စောင့်ပြီးမှ သွား ပြန်တိုက်လျှင် သွားထဲမှာ ရှိတဲ့ အညစ်အကြေးတွေ အလွယ်တကူနှင့် မြန်မြန် ထွက်သွားနိုင်ပါတယ်။

 (၄) သွားအခြေကို သွားတိုက်ရင်း သွေးထွက်လာခဲ့မယ် ဆိုရင်တော့ သွားဆေးခန်းကို အမြနါသွားရောက် ပြသ ပါ။ သွေးထွက်ခြင်းဟာ သွားအခြေမှာရှိတဲ့ ကျောက်ကြောင့်ပါ။

(၅) အစာကို ကျေညက်စွာ ဝါးစားပါ။ အလောတကြီးနဲ့ ကျေညက်အောင် မဝါးစားလျှင် သွားမသန့်ဘဲ ဗိုက်နာ ဗိုက်အောင့်ခြင်းတွေ ဖြစ်ပွားတတ်ပါတယ်။
(၆) အိပ်ရာဝင် အိပ်ရာထ ပုံမှန် သွားတိုက်ပေးပါ။ သွား ခိုင်ခံ့စေဖို့ ဗီတာမင်ဒီနှင့် ထုံးဓာတ်ပါတဲ့ ငါးကလေးများ စားသုံးပြီး နွားနို့ သောက်ပေးပါ။

 သွား အရမ်းကိုက်လာရင်တော့ ...
(၁) ပူလွန်း၊ အေးလွန်းတဲ့ အစားအစာတွေကို ရှောင်ပါ။ (၂) ဆားရည်နေါးနွေးနဲ့ ပလုတ်ကျင်းပါ။
(၃) သွားအပေါက်ကြောင့် နာကျင်ခြင်း ဖြစ်ပါက အပေါက်ထဲ ကို လေးညှင်းဆီထည့်ပါ။ (နီးစပ်ရာ မြန်မာ ဆေးဆိုင်များတွင် ရရှိနိုင်ပါတယ်။) (၄) ပါရာစီတမောကဲ့သို့ အကိုက်အခဲပျောက် ဆေးများ သောက်ပေးပါ။

(၅) အရည်အသွေး ကောင်းတဲ့သွား တိုက်ဆေး သုံးပါ။ အရေးကြီးဆုံး အခြားအချက် များကတော့ အိပ်ရာထ၊ အိပ်ရာဝင် စနစ်ကျစွာ သွား တိုက်ဖို့ပါ။ နှစ်လ၊ သုံးလတစ်ခါ သွားပွတ်တံ လဲပေးပါ။ သွားကြို၊ သွားကြား သန့်ရှင်းဖို့ ကြိုး (သို့) တိပ်သုံးပါ။ သွားတိုက်တဲ့ အခါ သွားပွတ်တံ နုနုနဲ့ သွားခြေရှိ သွားဖုံးသား နေရာကို သေချာစွာ တိုက်ပါ။ စားကြွင်းစားကျန်တွေ သွားထဲမကျန်ဖို့ နေ့စဉ်ကြိုးသုံးပြီး သွားကြားထိုးပါ သမီးရေ လို့ ဖြေကြားရင်း သမီး မအိခင် မကြာခဏ သွားမကိုက်ဖို့ သွားပုလဲသွယ် ရောဂါမကြွယ်ဖို့ ဖြေကြား ပေး လိုက်ပါတယ် ခင်ဗျာ။ ။

 မေး။ ။ ဒေါက်တာခင်ဗျာ၊ ကျွန်တော်က ဝမ်းမကြာခဏ ချုပ်တတ်ပါတယ်။ ဝမ်းမချုပ်တဲ့ ဆေးကောင်းများ ရှိရင် သိချင်ပါတယ် ဆရာ။ ကိုနေလင်းထွန်း (စမ်းချောင်း)

 ဖြေ။ ။ ဝမ်းချုပ်ခြင်းမှာ ရောဂါကြောင့် ဝမ်းချုပ်ခြင်းနဲ့ အနေအထိုင် အစားသောက်ကြောင့် ဝမ်းချုပ်ခြင်းဆိုပြီး နှစ်မျိုး ရှိပါတယ်။ အူလမ်းကြောင်းဆိုင်ရာ၊ အာရုံကြောဆိုင်ရာ ရောဂါဝေဒနာ တွေရဲ့ ဘေးထွက်ဆိုးကျိုး ကြောင့် ဝမ်း ချုပ်တတ် ပါတယ်။ ရောဂါကြောင့် ဝမ်းချုပ်တာ ဆိုရင်တော့ မူလရောဂါရဲ့ လက္ခဏာတွေကိုပါ တွေ့ရပါတယ်။ (ဝမ်းထဲမှာ သွေးပါလာခြင်းမျိုး စသဖြင့်) ထိုသို့ ဝမ်းချုပ်ခြင်း ဆိုလျှင်တော့ သက်ဆိုင်ရာ ဆရာဝန်နှင့် အမြန်ဆုံး ကုသရပါမယ်။

အနေအထိုင် အစားအသောက်ကြောင့် ဝမ်းချုပ်ခြင်း ကတော့.......

 (၁) စားသောက်မှု ပုံစံ မမှန်ကန်ခြင်း၊ (၂) ခန္ဓာကိုယ် လှုပ်ရှားမှု နည်းခြင်း၊ (၃) စိတ်ဖိစီးမှု ရှိခြင်း၊ (၄) ဆေးဝါး မှီဝဲနေခြင်း တို့ကြောင့် ဖြစ်ပါတယ်။
စားသောက်မှု ပုံစံ မမှန်ကန်ခြင်း ဆိုတာဟာ စားသင့်တဲ့ အစားအစာတွေထဲမှာ ဝမ်း သွားစေတဲ့ Fibre (အမျှင်ဓာတ်) မပါဝင်ခြင်းကြောင်ပါ။ အမျှင်ဓာတ်ပါတဲ့ အသီးအရွက်တွေ စားရင် ဝမ်းချုပ်မှာ မဟုတ်ပါဘူး။ ရေများများ သောက်ပေးပါ။ ခန္ဓာကိုယ် လှုပ်ရှားမှု မနည်းအောင် ပုံမှန် သွားလာလှုပ်ရှား ပေးပါ။ စိတ်ဖိစီး မှုကြောင့် ဝမ်းမချုပ်ဖို့ အကောင်းမြင် စိတ်ဓာတ်နဲ့ လောကဒဏ်ကို ခုခံပါ။ ဆေးဝါးကြောင့် ဝမ်းချုပ်ခြင်းဆိုတာ က သွေးအား နည်းသူတွေ၊ ကိုယ်ဝန်ဆောင်တွေ မမှီဝဲရတဲ့ သံဓာတ် အားဆေးကြောင့် ဝမ်းချုပ်ရခြင်းကို ဆိုလိုပါတယ်။ သံဓာတ် အားဆေးကြောင့် ဝမ်းချုပ်ရင် အစိမ်းရောင် အသီးအနှံ တွေကို များများစားပေးပါ။ မိမိ ပြသသော ဆရာဝန်အား မိမိသောက်သုံးသော ဆေးဝါးမှာ ဝမ်းချုပ်ခြင်း Side effect ရှိ၊ မရှိ သေချာ မေးမြန်းသင့်ပါတယ်။

Written by ရွှေတည်

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)