မိုးတွင်းကာလမှာ မလွဲမသွေ ဖြစ်ပေါ်နိုင်တဲ့ ရောဂါများဟာ မိုးရေစိုခြင်းနဲ့ မိုးမိခြင်းကြောင့် ဖြစ်တတ်ကြတယ်။ ကလေးတွေမှာ ခြင်ကြောင့် သွေးလွန်တုပ်ကွေး ရောဂါ ဖြစ်ရတယ်။ ယင်နားစာ၊ မိုးရေ၊ အမှည့်လွန် သစ်သီးများကြောင့် ဝမ်းပျက်ဝမ်းလျှော ရောဂါ ခံစားကြရတယ်။ အဲဒီလို ကျန်းမာရေး ပြဿနာတွေကို ဖြေရှင်းဖို့ ကျန်းမာရေး ဝန်ကြီးဌာနနဲ့ ဒေသခံ အုပ်ချုပ်ရေးမှူးများ၊ ကော်မတီများနဲ့ ရပ်ကွက်၊ မြို့နယ်၊ ကျောင်းများအလိုက် ခြင်ကျား အန္တရာယ် ကာကွယ်ဖို့ ရေဆိုးရေညစ်တွေကို ဖို့ပစ်ခြင်း၊ စီးဆင်းအောင် လုပ်ခြင်း၊ ရေမျက်နှာပြင်ကို ရေနံဆီ လောင်းထည့်ပြီး ခြင်မပေါက်ပွားအောင် ထားခြင်း၊ ရေဟောင်းများ သွန်ခြင်း၊ ဖုံးအုပ်ခြင်း၊ လဲပေးခြင်း၊ ရေစစ်နဲ့ စစ်ခပ်ထုတ်ပစ်ခြင်းဖြင့်လောက်လမ်း မပေါက်ပွားနိုင်အောင် ဆောင်ရွက်ရပါမယ်။ ခြင်မကိုက်အောင် ခြင်ဆေး ဖျန်းထားခြင်း၊ ခြင်စားငါး၊ ဒေါင်းငါးမွေးတာတွေ လုပ်ရမယ်။ အစာမသန့်၊ ရေမသန့်လို့ ဖြစ်ရတဲ့ ဝမ်းပျက်ဝမ်းလျှော ရောဂါ၊ အူရောင်ငန်းဖျား ရောဂါနဲ့ သွေးလွန် တုပ်ကွေးရောဂါ ကာကွယ်ရေး စီမံချက်များကို အခြေခံပညာအဆင့် ကျောင်းများမှာ တစ်ပြိုင်နက်တည်း အကောင်အထည် ဖော်ရမှာ ဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ လျော်ညီအောင်၊ နေထိုင်စားသောက် တတ်အောင် ညွှန်ပြပေးရမယ်။ ဟောပြော ပို့ချပေးရမယ်။
ကျောင်းကျန်းမာရေး အဖွဲ့အနေနဲ့ ကျောင်းများကို သွားရောက် စစ်ဆေးပေးရင် သွားဆရာဝန်က သွားကျန်းမာရေး စစ်ဆေးပေး၊ နုတ်ပေးပြီး ကျောင်းသားတိုင်းကို သံချဆေးကျွေးခြင်း၊ မျက်စိအားကောင်းအောင် ရတီနော့ တိုက်ကျွေးခြင်းနဲ့ တစ်ကိုယ်ရေ သန့်ရှင်းရေးအတွက် အင်္ကျီ၊ လုံချည်၊ ဘောင်းဘီတို့ကို သန့်ရှင်း သပ်ရပ်စွာ ဝတ်ဆင်ရေး၊ ခြေသည်း၊ လက်သည်းများ ညှပ်ခြင်း၊ ကြေးညှော်များ တိုက်ချွတ်ခြင်းနဲ့ အုပ်စုလိုက် ရေနဲ့ ဆပ်ပြာသုံး၍ လက်ဆေးခြင်း၊ အဖျားအနာများ ကုသပေးခြင်းတို့ကို ဆောင်ရွက်ရပါမယ်။ ဆရာ၊ ဆရာမတွေက တစ်ဆင့် ကျောင်းသားမိဘများပါမိုးရာသီတွင်သာမက အခြားသော ရာသီများမှာပါ ကျန်းမာရေး ကောင်းမွန်အောင် နေထိုင်ပြုမူနည်းများကို ဆွေးနွေး ပေးသင့်တယ်။ ရောဂါဖြစ်မှ ကုသခြင်းထက် ရောဂါမဖြစ်မီ ကြိုတင် ကာကွယ်ခြင်းက ပိုကောင်းတယ်ဆိုတာလို ရောဂါကြိုတင် ကာကွယ်ရေး လုပ်ငန်းများကို စုပေါင်း လုပ်ဆောင်ရမယ်။ ဒါမှသာ ကျောင်းသား၊ ကျောင်းသူများ ကျန်းမာရေး အခြေခံကောင်းများ ခံစား၊ စံစားနိုင်မယ်။
• Written by စကားဝါ
**Public Health**မိုးတွင်းကာလမှာ မလွဲမသွေ ဖြစ်ပေါ်နိုင်တဲ့ ရောဂါများဟာ မိုးရေစိုခြင်းနဲ့ မိုးမိခြင်းကြောင့် ဖြစ်တတ်ကြတယ်။ ကလေးတွေမှာ ခြင်ကြောင့် သွေးလွန်တုပ်ကွေး ရောဂါ ဖြစ်ရတယ်။ ယင်နားစာ၊ မိုးရေ၊ အမှည့်လွန် သစ်သီးများကြောင့် ဝမ်းပျက်ဝမ်းလျှော ရောဂါ ခံစားကြရတယ်။ အဲဒီလို ကျန်းမာရေး ပြဿနာတွေကို ဖြေရှင်းဖို့ ကျန်းမာရေး ဝန်ကြီးဌာနနဲ့ ဒေသခံ အုပ်ချုပ်ရေးမှူးများ၊ ကော်မတီများနဲ့ ရပ်ကွက်၊ မြို့နယ်၊ ကျောင်းများအလိုက် ခြင်ကျား အန္တရာယ် ကာကွယ်ဖို့ ရေဆိုးရေညစ်တွေကို ဖို့ပစ်ခြင်း၊ စီးဆင်းအောင် လုပ်ခြင်း၊ ရေမျက်နှာပြင်ကို ရေနံဆီ လောင်းထည့်ပြီး ခြင်မပေါက်ပွားအောင် ထားခြင်း၊ ရေဟောင်းများ သွန်ခြင်း၊ ဖုံးအုပ်ခြင်း၊ လဲပေးခြင်း၊ ရေစစ်နဲ့ စစ်ခပ်ထုတ်ပစ်ခြင်းဖြင့်လောက်လမ်း မပေါက်ပွားနိုင်အောင် ဆောင်ရွက်ရပါမယ်။ ခြင်မကိုက်အောင် ခြင်ဆေး ဖျန်းထားခြင်း၊ ခြင်စားငါး၊ ဒေါင်းငါးမွေးတာတွေ လုပ်ရမယ်။ အစာမသန့်၊ ရေမသန့်လို့ ဖြစ်ရတဲ့ ဝမ်းပျက်ဝမ်းလျှော ရောဂါ၊ အူရောင်ငန်းဖျား ရောဂါနဲ့ သွေးလွန် တုပ်ကွေးရောဂါ ကာကွယ်ရေး စီမံချက်များကို အခြေခံပညာအဆင့် ကျောင်းများမှာ တစ်ပြိုင်နက်တည်း အကောင်အထည် ဖော်ရမှာ ဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ လျော်ညီအောင်၊ နေထိုင်စားသောက် တတ်အောင် ညွှန်ပြပေးရမယ်။ ဟောပြော ပို့ချပေးရမယ်။
ကျောင်းကျန်းမာရေး အဖွဲ့အနေနဲ့ ကျောင်းများကို သွားရောက် စစ်ဆေးပေးရင် သွားဆရာဝန်က သွားကျန်းမာရေး စစ်ဆေးပေး၊ နုတ်ပေးပြီး ကျောင်းသားတိုင်းကို သံချဆေးကျွေးခြင်း၊ မျက်စိအားကောင်းအောင် ရတီနော့ တိုက်ကျွေးခြင်းနဲ့ တစ်ကိုယ်ရေ သန့်ရှင်းရေးအတွက် အင်္ကျီ၊ လုံချည်၊ ဘောင်းဘီတို့ကို သန့်ရှင်း သပ်ရပ်စွာ ဝတ်ဆင်ရေး၊ ခြေသည်း၊ လက်သည်းများ ညှပ်ခြင်း၊ ကြေးညှော်များ တိုက်ချွတ်ခြင်းနဲ့ အုပ်စုလိုက် ရေနဲ့ ဆပ်ပြာသုံး၍ လက်ဆေးခြင်း၊ အဖျားအနာများ ကုသပေးခြင်းတို့ကို ဆောင်ရွက်ရပါမယ်။ ဆရာ၊ ဆရာမတွေက တစ်ဆင့် ကျောင်းသားမိဘများပါမိုးရာသီတွင်သာမက အခြားသော ရာသီများမှာပါ ကျန်းမာရေး ကောင်းမွန်အောင် နေထိုင်ပြုမူနည်းများကို ဆွေးနွေး ပေးသင့်တယ်။ ရောဂါဖြစ်မှ ကုသခြင်းထက် ရောဂါမဖြစ်မီ ကြိုတင် ကာကွယ်ခြင်းက ပိုကောင်းတယ်ဆိုတာလို ရောဂါကြိုတင် ကာကွယ်ရေး လုပ်ငန်းများကို စုပေါင်း လုပ်ဆောင်ရမယ်။ ဒါမှသာ ကျောင်းသား၊ ကျောင်းသူများ ကျန်းမာရေး အခြေခံကောင်းများ ခံစား၊ စံစားနိုင်မယ်။
• Written by စကားဝါ

No comments:
Post a Comment