ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Saturday, August 31, 2013

---လူထုကျန်းမာရေး(ဆေးဖက်ဝင် ကင်ပွန်းချဉ်)--

>
**Public Health**

ပူပြင်း ခြောက်သွေ့သော နွေကာလနှင့် လိုက်ဖက်သော အစာလည်းဆေး၊ ဆေးလည်း အစာ တစ်မျိုးမှာ ကင်ပွန်းချဉ် ဖြစ်သည်။ ကျန်းမာသူ အတွက် အာဟာရဖြစ်ပြီး မကျန်းမာသူ အတွက် ဆေးဝါးဓာတ်စာ ဖြစ်သည့် ကင်ပွန်းချဉ်ကို အဖိုးနည်းဝန်ပါ သူသူငါငါ လွယ်ကူစွာ စားသုံး နိုင်သည်။ ကင်ပွန်းချဉ်ပင်သည် နွယ်ယောင်ပင်ယောင် ချုံပင်မျိုး ဖြစ်သည်။ ပျော့ပျောင်းသော ပင်စည်နှင့် အရွက်တံတို့တွင် ဆူးရှိသည်။ အခက်စိမ်းများ၌ နီမှိုင်းမှိုင်း အရောင်အဆင်း ရှိသည်။ အရွက် သေး ငယ်ပြီး ရွက်ထိပ် ဝိုင်းသည်။ အသီးမှာ သီးတောင့်ရှည် မျိုးပြား၍ ဖြောင့်သည်။ အစေ့များ ကြားတွင် အဆစ်များ ဖြစ်ကာ ချိုင့်ဝင်နေသည်။ မြန်မာနိုင်ငံ အနှံ့အပြား သဘာဝ အလျောက် အလေ့ကျ ပေါက်သော စားသုံးပင် ဖြစ်သည်။ ကင်ပွန်းချဉ်သည် အသည်းအတွက် အစွမ်းထက် အသုံးဝင်သည်။ ကင်ပွန်းချဉ်ကို ဟင်းချို ချက်သောက်ခြင်း၊ အချဉ်ချက်ပြုတ် စားခြင်း၊ ကြော်စားခြင်း၊ မီးကင်စားခြင်းများ ပြုနိုင်သည်။ အရွက်နုကို ငရုတ်ကောင်း အရည်တွင် စိမ်၍ ဆား၊ မန်းကျည်းသီး၊ ငရုတ်သီးနှင့် ရောထောင်းပြီး တိုက်ကျွေးလျှင် အသည်းရောင်အသား ဝါရောဂါ၊ သည်းခြေ ရောဂါတို့ကို သက်သာ စေသည်။ အရွက်နုကို ကြိတ်ပြီး အသည်းရောင်သည့် နေရာကို စိတ်ရှည် လက်ရှည် လိမ်းပေးပါက ရောဂါ သက်သာသည်။ အရွက်နုကို ညက်အောင်ထောင်း တစ်ညသိပ်ပြီး သကြား အနည်းငယ် ထည့်၍ ရေကျက် အေးနှင့် နေ့စဉ်မှန်မှန် သောက်ပေးလျှင် အဖျဉ်းရောဂါ ပျောက်သည်။ ကိုယ်ဖော ကိုယ်ရောင် အူရောင် မြင်းသရိုက် လေနာမြစ် ခြောက်နာ စသည် တို့ကိုလည်း နိုင်သည်။ ကင်ပွန်းချဉ်ရွက်ကို ရေနွေးဖျောပြီး သောက်က ဝမ်းချုပ်လေချုပ် ပျောက်ကင်း၍ ဝမ်းပျော့ ဝမ်းမှန် စေသည်။ ဝမ်းဗိုက်လေပွ လေထခြင်းကို တန့်စေသည်။ လေနာ လေအောင့်လေထိုး လေစူး သက်သာသည်။ ကင်ပွန်းရွက် ဟင်းချိုသည် လူနှင့် အခါခပ်သိမ်း တည့်သည်။ ကိုယ်တွင်း အပူကို ငြိမ်းစေသည်။ ကျောက်ကပ်ကို အားပေးသဖြင့် ဆီးရွှင်သည်။ ဆီးပူဆီး အောင့်ညောင်းကျ ပန်းသေ ပန်းညှိုးမှ အစကောင်းမွန်သည်။ သွေးသားကို သန့်စင်စေသဖြင့် ရုပ်ဆင်းအင်္ဂါ နုပျိုကြည်လင်ကာ အဆီကျ ပေါ့ပါး စေပါသည်။ ငှက်ဖျားရောဂါ၊ အစာအိမ်ရောဂါ၊ သွေးနှင့် ဆိုင်သော ရောဂါ၊ အဖြူကွက်ထ ရောဂါရှိသူတို့ အနေဖြင့် ကင်ပွန်းချဉ် အမြဲစားသုံး သင့်သည်။ နှလုံးရောဂါ ရှိသူအား ကင်ပွန်းချဉ် ငါးကျပ်သား၊ ထန်းလျက် ၁ဝ ကျပ်သား၊ ဆားအသင့်အတင့်နှင့် ကျို၍ တစ်နေ့သုံးကြိမ် မှီဝဲ စေသင့်သည်။
နာလန်ထစ လူမမာအား ကင်ပွန်းရွက် ဟင်းချိုနှင့် ထမင်းပူပူတွင် နှပ်ထားသော ငါးပုပ်ခြောက်တို့ အတူ ကျွေးပါက စားရသူ လူမမာ အလွန်အဆင် ပြေသည်။ ကင်ပွန်းရွက်ကို အသားငါး တစ်မျိုးမျိုးနှင့် ရောနှော၍ ကြော်စားလျှင် ထမင်းမြိန်ပါသည်။ အစာလမ်းကြောင်း မကောင်းသူများ၊ အစာမကြေ ရောဂါ ရှိသူများနှင့် အူရောင်ရောဂါ ရှိသူများ အတွက် ကင်ပွန်းချဉ်ကို အချဉ်ချက်ပြုတ် စားပေးရန် လိုသည်။ ကင်ပွန်းရွက်နုကို အမှုန့်ရအောင် လှီးပြီး ကြက်သွန်ဖြူ၊ ဆိတ်ဖူး၊ နနွင်း၊ ဆား၊ ငါးပိ၊ ပုစွန် ခြောက်မှုန့်၊ သီဟိုဠ်စေ့ သင့်ရုံထည့်၍ ဆီဖြင့် နှံ့အောင်နယ်ပါ။ ဂျုံမှုန့်နှင့် အနေတော် ဆုပ်နယ်၍ မီးပြထားသော ရဲယိုရွက်နှင့် ထုပ်ပါ။ ငှက်ပျောရွက်ဖြင့် ထပ်မံ ထုပ်ပြီးနောက် ညှပ်ဖြင့် အထက်အောက်လှန် မီးကင်လျှင် အနံ့သင်းသင်း ကင်ပွန်းရွက်ကင်ကို ရသည်။ နေမကောင်းသူများ၊ ခံတွင်း ပျက်သူများကို ဓာတ်စာဆေးဝါး အဖြစ် စားသုံး စေနိုင်သည်။ ကင်ပွန်းရွက် ရင့်ရင့်ကို ဆားအနည်းငယ်နှင့် ညက်ညက်ထောင်း၊ သတ္တုရည် ညှစ်ယူပါ။ အရည်ကို အနည်အဖတ် မပါအောင် သန့်ရှင်းသော အဝတ်ပါးပါးနှင့် စစ်ယူ၍ မျက်စဉ်း ခတ်လျှင် မျက်စိနာ၊ မျက်ရိုးကိုက် ကင်းစင်သည်။ မျက်ရည်ပူနှင့် အခိုးအငွေ့ထွက် သဖြင့် မျက်စိ ကြည်လင်သည်။ ကင်ပွန်းသီးကို ပြုတ်၍ ဝမ်းပျော့ဆေး အဖြစ် သုံးနိုင်ပြီး အသီးကို ကြိတ်၍လည်း အရေပြား ရောဂါများကို လိမ်းပေး နိုင်သည်။ စိန်နှင့် သံပရာစား မိပါက ကင်ပွန်းသီး ပြုတ်ရည် လက်ဖက်ရည် ပန်းကန်တစ်လုံးခန့် တိုက်ပေးပါက ပြန်အန် ထွက်စေသည်။ မြွေဆိပ်ကုဆေး ဖော်စပ်ရာ၌ ကင်ပွန်းသီးကို အသုံးချ နိုင်သည်။ ကင်ပွန်းသီး ပြုတ်ရည်ကို တရော်ပင် အခေါက်နှင့် တွဲ၍ အမျိုးသမီးများက ဆံပင်သန်ဆေး အဖြစ် ခေါင်းလျှော်လေ့ ရှိကြသည်။ ကင်ပွန်းသီး ပြုတ်ရည်က ဆံပင်တွင် ကပ်ငြိနေသော ကြေးညှော်ကို တိုက်ချပေးသည့် အပြင် ဦးရေကို အေးစေသဖြင့် အနံ့အသက် ကင်းသန့်ရှင်းပြီး ဆံပင်သန်စွမ်း ဖြောင့်စင်း မည်းနက်သည်။ မြန်မာနှစ်ဦး နှစ်သစ်ချိန်ခါ ခေါင်းလျှော်ဓလေ့ အစဉ်အလာတွင် တရော်ကင်ပွန်း အသုံးပြုသည်ကို တွေ့ရသည်။ ဆေးဖက်ဝင် ကင်ပွန်းချဉ်၏ ရုက္ခဗေဒ အမည်မှာ အေကာစီယာ ကွန်စင်းနား (Acacia concinna) ဖြစ်သည်။ သမားလက်စွဲခေါ် ဆေးအဘိဓာန် အဖွင့်ကျမ်းတွင် ''ကင်ပွန်း ရွက်သည် အပူကြောင့် ဖြစ်သော အခိုးအကင်းကို လည်းကောင်း၊ ဝမ်းရပ်ခြင်းကို လည်းကောင်း ပြုတတ်၏။ သည်းခြေကို ငြိမ်းစေ၏''ဟု ဖော်ပြထားသည်။ ဤသို့ ပူပြင်းသော ရာသီဥတုနှင့် လိုက်ဖက် လှသော ဆေးဖက်ဝင် ကင်ပွန်းချဉ်ကို ကျန်းမာသုတ အဖြစ် ရေးသား တင်ပြ လိုက်ရပါသည်။ ။ 

Written by သုတ

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)