ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, August 25, 2013

---လူထုကျန်းမာရေး(လက်ဆေးခြင်း)--

>
**Public Health** 
ကာကွယ် တားဆီးခြင်းသည် ကုသခြင်းထက် ပိုကောင်းသည်'' ဟူသော ဆောင်ပုဒ်ဟာ ကျန်းမာရေး လိုက်စားချင်လာအောင် အလေ့အကျင့်ကောင်း၊ စနစ်ကောင်းတွေကို လိုက်နာဖို့နဲ့ ရောဂါမဖြစ်ခင် ကြိုတင် ကာကွယ်ဖို့ အတွက်ဖြစ်ကြောင်း မှတ်သားရပါသည်။ ''သင့်ကျန်းမာရေးအတွက် လက်ဆေးပါ'' ဆိုရင် ဆပ်ပြာနဲ့ ရေကောင်းရေသန့်ကို ပြေးသတိရမှာ ဖြစ်ပါတယ်။ ရေကောင်းရေသန့်နဲ့ သုံးစွဲနိုင်တဲ့ အခြေအနေရှိခြင်း၊ ဆပ်ပြာသုံးကာ သန့်သန့်ရှင်းရှင်း နေနိုင်တဲ့ အခြေအနေရှိခြင်းတို့ဟာ တစ်ကိုယ်ရေ သန့်ရှင်းရေးကို အထောက်အကူ ပြုရုံသာမက ကိုယ်ပိုင်း၊ စိတ်ပိုင်းနဲ့ ဘက်စုံ ဖွံ့ဖြိုးရေးကိုပါ အကူအညီ ပေးနိုင်တယ်။

ကမ္ဘာတစ်ဝန်း ရေကောင်းရေသန့် သုံးစွဲရမှုနဲ့ ဆပ်ပြာဖြင့် သန့်ရှင်း ဆေးကြောနိုင်မှု အစရှိတဲ့ ကလေးများ ဖွံ့ဖြိုးမှုနှုန်းဆိုင်ရာ ကောက်ယူထားတဲ့ စာရင်းအရ ရေကောင်းရေသန့်နဲ့ ဆပ်ပြာသုံးတဲ့ မိသားစုများမှ အသက်ငါးနှစ်အောက် ကလေးများဟာ ဆန့်ကျင်ဘက် ရေကောင်းရေသန့်နဲ့ ဆပ်ပြာ မသုံးရတဲ့ ကလေးများထက် ပျမ်းမျှအရပ် သုည ဒသမ ၅ စင်တီမီတာ ပိုရှည်ကြောင်း စာရင်းများအရ သိရသည်။ လေ့လာမှုစစ်တမ်းကို ဘင်္ဂလားဒေ့ရှ်၊ အီသီယိုးပီးယား၊ နိုက်ဂျီးရီးယား၊ ချီလီ၊ ဂွာတီ မာလာ၊ ပါကစ္စတန်၊ နီပေါ၊ တောင်အာဖရိက၊ ကင်ညာနှင့် ကမ္ဘောဒီးယား နိုင်ငံများက စစ်တမ်း ကောက်ယူထားခြင်း ဖြစ်သည်။ ပတ်ဝန်းကျင် အခြေအနေ ညံ့ဖျင်းမှုကြောင့် ကမ္ဘာတစ်ဝန်း ဖွံ့ဖြိုးမှုထိခိုက်ကာ ရေရှည်ဆိုးကျိုး ခံစားနေရတဲ့ ကလေး ၂၆၅ သန်း ရှိကြောင်းလည်း စာရင်းများအရ သိရသည်။ ရေကောင်း ရေသန့်ပံ့ပိုးမှု၊ ဆပ်ပြာသုံးစွဲမှုသည် ဝမ်းရောဂါနဲ့ ရောဂါဆိုးများကြောင့် ကလေးများ သေဆုံးနေရသည် ကို လျှော့ချသွားနိုင်မယ်လို့ LSHTM ခေါင်းဆောင် ပြည်သူ့ ကျန်းမာရေး အာဟာရဆိုင်ရာ ကျွမ်းကျင်ပညာရှင် ဒေါက်တာ အလန်ဒန်ဂါက ပြောကြားခဲ့သည်။ ရေကောင်းရေသန့်နဲ့ ဆပ်ပြာကို လုံလောက်အောင် ပံ့ပိုးနိုင်ရင် ကလေးများရဲ့ ကျန်းမာရေးအပေါ် အပြုသဘော တိုးတက်မှုများ သက်ရောက်လာမှာ ဖြစ်တယ်လို့ ပြောကြားခဲ့သည်။ လေ့လာသုတေသန ပြုချက်သည် ကလေးများ ဘက်စုံဖွံ့ဖြိုးရေးမှ ရေကောင်းရေသန့် သုံးစွဲရေးနဲ့ ဆပ်ပြာသုံးစွဲရေး အရေးပါပုံကို ကောင်းစွာ ထောက်ပြ လိုက်ခြင်းဖြစ်တယ်လို့ ဒေါက်တာဒန်ဂါက ဆိုတယ်။ ''ရေမသန့်ရှင်းရင် ကလေးတွေ ဝမ်းရောဂါဖြစ်မယ်။ ကျန်းမာရေးထိခိုက်ပြီး ဘက်စုံဖွံ့ဖြိုးမှု ကျဆင်းမှာ အားလုံးအမြင်ပဲ'' ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

 ရေကောင်းရေသန့်နဲ့ ဆပ်ပြာသုံးခွင့်ရ ကလေးများဟာ သုည ဒသမ ၅စင်တီမီတာ အရပ်ပိုရှည်တာ နည်းတယ်ဟု မထင်စေလိုကြောင်း၊ ကလေးအားလုံးနဲ့ ပြန်နှိုင်း ယှဉ်ကြည့်ပါက ကလေး ၁၅ ရာခိုင်နှုန်းကျော် တိုးတက်မှု ရပ်ဆိုင်းနေခြင်းမှ လွတ်မြောက်ခြင်းနဲ့ ညီမျှကြောင်း ဒေါက်တာဒန်ဂါက ပြောခဲ့တယ်။ ကလေးများ လက်ဆေးတာ စနစ်တကျ ဖြစ်စေလိုတဲ့ ရည်ရွယ်ချက်က ကိုယ်ကာယ ကျန်းမာသန်စွမ်းဖို့နဲ့ စိတ်ပိုင်းဆိုင်ရာ ကြေးညှော် ကင်းသန့်ရှင်းတဲ့ မျက်မြင်အရ မိမိကိုယ်မိမိ ယုံကြည်ပြီး စိတ်ပိုင်း သန်စွမ်းဖို့အတွက် ပါရှိပြီးဖြစ်လို့ ကလေးများ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက် အရေးပါတဲ့ လုပ်ဆောင်ချက်ပဲ ဖြစ်ပါတယ်။

• Written by စကားဝါ

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)