ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, August 29, 2013

--- “အလွဲနေ့ ”---

>
“ဒုတ်”
 “အမယ်လေးဗျ”
“ဂွမ်၊ ဂလွမ်”
“ကုန်ပါပြီ ကုန်ပါပြီ”
အခန်းကျဉ်းလေးထဲ ဆူညံပွက်လော ရိုက်သွားတယ်။ “သွားပြီ သွားပြီ” ဟု ရေရွတ်ရင်း ကိုအောင်ဝင်း တစ်ယောက် ကြမ်းပြင်ပေါ်က ဟင်းတုံးများကို လိုက်ကောက်လိုက်တယ်။ ဒီနေ့ တစ်နေကုန် ဘာတွေ ဖြစ်နေသလဲ မသိ။ အကုန် အထစ်ထစ် အငေါ့ငေါ့ အလွဲလွဲ အချော်ချော်ချည်းပဲ။ ဘယ်နေရာမှ အဆင်မပြေဘူး။ မနက်ကလည်း အလှူတစ်ခု သွားခါနီး လက်ထဲ ကိုင်ထားတဲ့ စက်ဘီးသော့ ပျောက်သွားလို့ လမ်းလျှောက် သွားလိုက်ရသေးတယ်။ ခုလည်း ညနေစာ စားဖို့ ငါးကြော်နဲ့ ချဉ်ပေါင်ကြော် ၀ယ်ထားတာ။ အိတ်ထဲကနေ ပန်းကန်ထဲ ထည့်ပြီး ထမင်းစားပွဲဆီ ပြန်အလှည့် နောက်ဖေး မီးဖိုဆင့်နဲ့ ခလုတ် တိုက်ချလိုက်တာ ငါးကြော် နှစ်တုံးလည်း ကြမ်းပြင်ပေါ်မှာ ကျ၊ ချဉ်ပေါက်ရွက် ကြော်တွေလည်း မွစာကျဲလို့။ “ကိုအောင်ဝင်းရေ ဖုန်း” ဟင်းတွေ ကောက်နေတုန်း အိမ်ရှေ့ဆိုင်က ဖုန်းခေါ်သံ ကြားလိုက်ရတယ်။ ကိုအောင်ဝင်း ဟင်းခွက်ကို စားပွဲပေါ် ခဏတင်ပြီး အိမ်ရှေ့ကို ပြေးထွက်လိုက်တယ်။ “ဗြုတ်...” “အာ... သွားပြီ၊ သွား ပြီ” ဖိနပ်တစ်ဖက် ရွှံ့ဗွက်ထဲ နစ်ကာ သဲကြိုး ပြုတ်ထွက်သွားတာ။ “ဟာ... ဒုက္ခပါပဲ” ကိုအောင်ဝင်း ဖိနပ်ကို ရွှံ့ထဲက ဆွဲထုတ်ပြီး ကြည့်လိုက်တော့ တကယ်သွားတာ တွေ့လိုက်ရတယ်။ သဲကြိုး ပြုတ်ရုံတင် မဟုတ် သဲကြိုး ပြတ်ထွက်သွားတာ။ ဘယ်လိုမှ လုပ်မရနိုင်တော့။ ဖိနပ်လေးကို နှမြောတသစွာ ထားခဲ့လိုက်ရင်း ဖုန်းကို ပြေးကိုင်လိုက်တယ်။ “ဟလို... အမိန့်ရှိပါ ခင်ဗျာ” “...” တစ်ဖက်က ပြန်ထူးသံ မကြားရ။ “ဟလို...” “ဟန်လို...” အသံနုနု တစ်ခု။“ဟင်” ခနဲ အသံ ထွက်သွားရင်း ကိုအောင်ဝင်း ခဏတာ မှင်တက်သွားတယ်။ ဒီအသံ၊ ဟုတ်တယ် အဲဒီအသံပဲ။ “ဟလို” လို့ မဟုတ်ဘဲ “ဟန်လို” လို့ဆို တတ်တဲ့ သူက ဟော့ဒီ ကမ္ဘာမှာ သူမ တစ်ယောက်ပဲ ရှိတယ် မဟုတ်လား။ “ရှင့်ဆီ ဘယ်တော့မှ မဆက်သွယ်တော့ဘူးမှတ်” ဆိုတဲ့ အတိတ်က နောက်ဆုံး ပြောခဲ့တဲ့ စကားသံလေးတောင် ပြန်ကြားယောင် လာသလို အတိတ်က အတင်းမေ့ပစ် လိုက်ရတဲ့ အကြောင်းတို့ကလည်း စီရရီ ၀င်လာပြန်တယ်။ လူဆိုတဲ့ သတ္တ၀ါကလည်း ကိုယ် တကယ်နှစ်သက် မြတ်နိုးခဲ့တာတွေကို မေ့ပစ်လိုက်ဖို့ဆိုတာ မလွယ် ဘူးမဟုတ်လား။ ခု “ဟန်လို” ဆိုတာကလည်း ကိုအောင် ၀င်းရဲ့...။ “ဟန်လို အစ်ကိုလားလို့” ဟော... ခုမှ အတိတ် တချို့မှာ ကြက်သေ သေသွားတဲ့ ကိုအောင်ဝင်းကြီး သတိ ၀င်သွားတယ်။ ပြီးတော့ “ဟုတ်ပါတယ် မြလေး” ဒီတစ်ခါ အသံတိတ်ကျ သွားတာက တစ်ဖက်က သူမ။ ခဏကြာမှ “အစ်ကိုက မှတ်မိသေး တယ်နော်” “သြော်... ပြောရက် လိုက်တာ မြလေးရယ်” လို့ ကိုအောင်ဝင်း ပြောလိုက်ချင်တယ်။ ဒါတွေတင် မကပါဘူး။ “အစ်ကို့မှာလေ မြလေး ဆီက စိတ်ပြေပြီးဆက်သွယ် လာမယ့်နေ့ကို စောင့်နေခဲ့ရတာ ဒီနေ့နဲ့ဆို တစ်နှစ်ကျော် ကျော်စွန်းခဲ့လို့...” ကိုအောင်ဝင်း ခေတ်္တ စိတ်မှန်းနဲ့ တွက်ရင်း “အင်း... တစ်နှစ်၊ ကိုးလနဲ့ တစ်ဆယ့် ငါးရက်တိတိပေါ့။ မြလေးက အဆက်အသွယ်ဖြတ် မေ့ထားရက်ပေမယ့် မမေ့ရက်သူ အစ်ကို့မှာ တော့ နေ့စဉ်အမြဲ မျှော်လင့်နေ ရတာပါကွာ” ဆိုတာတွေကိုပါ ကရားရေလွှတ် တတွတ်တွတ် ပြောလိုက်ချင် တာ။ ဒါပေမယ့် အဲဒါတွေ တစ်ခွန်းမှ မပြောဖြစ်လိုက်။ ပြောဖြစ်လိုက်တာက “အင်း... မှတ်မိတာပေါ့ မြလေးရယ်။ အစ်ကို့ဆီ အမှတ်တရ ဖုန်းဆက်တဲ့ မိန်းကလေး ဆိုတာ ဒီကနေ့အထိ မြလေးတစ်ယောက်ပဲ ရှိသေး တာပါ”တဲ့။ တစ်ဖက်က “ဟင်...” ခနဲ ချလိုက်တဲ့ သက်ပြင်းရှည်တစ်ချက်ကို ကြားလိုက်ရတယ်။ “သြော်... အစ်ကိုရယ်” တဲ့။ တကယ်လည်း တကယ်ပဲလေ။ အောင်ဝင်း ဆိုတဲ့ကောင်က မြလေးဆိုတဲ့ မိန်းကလေး ထုတ်သွားခဲ့တဲ့ စည်းကမ်းကို တစ်သဝေ မတိမ်း လိုက်နာခဲ့တဲ့ သူပဲ။ “မြလေးက လွဲရင် ဘယ်သူ့ကိုမှ မဆက်သွယ်ရဘူး”တဲ့။ တစ်ခွန်းတည်းရယ်။ တကယ့်ကို တစ်ခွန်းတည်းရယ်ပါ။ ဒါပေမယ့် အဲဒီ တစ်ခွန်းတည်းကလည်း ကိုအောင်ဝင်း ရင်ထဲ တစ်သက်လုံးကို စွဲသွားခဲ့တော့တာ။ အဲ့သလောက် စွဲရတာကလည်း အားလုံးထင်တဲ့ အတိုင်းပဲ နေမှာပါ။ ဟုတ်တယ်။ မြလေးနဲ့ အောင်ဝင်း၊ အောင်ဝင်းနဲ့ မြလေးဆိုတာ မကြာသေးခင် နှစ်များအတွင်းက ပြည်တက္ကသိုလ်ရဲ့ရင်ခွင်ထဲမှာ တစ်ယောက်လက် တစ်ယောက်တွဲပြီး ပျော်ခဲ့ဖူးတဲ့ ချစ်သူတွေကိုး။ ကင်တင်းဘက်ကို ကြည့်မလား အောင်ဝင်းနဲ့ မြလေး၊ သမိုင်း ဆောင်ဘက် သွားတဲ့ ယူက လစ်တောထဲ ကြည့်မလား မြ လေးနဲ့ အောင်ဝင်း၊ မိန်းလမ်းမပေါ် ကည့်မလား လက်ချင်းတွဲချိတ် သွားလာ နေကြသူတွေထဲ အောင်ဝင်းနဲ့ မြလေး ပါသေးတာပဲလေ။ “ဟန်လို... ဟန်လို အစ်ကို ကြားရဲ့လားလို့” “ဟင်း... အင်း... ကြားတယ် ပြော။ အစ်ကို သေချာ နားထောင်နေပါတယ် မြလေးရဲ့” ဟော... ဒါလည်း ကို အောင်ဝင်းကြီးရဲ့ ပုံသေ အကျင့်။ မြလေးက စိတ်မြန်လက်မြန်၊ စိတ်ကောက်ကလည်း မြန်တယ်။ သူပြောနေတဲ့ စကားတို့၊ ဘာတို့ မကြား လိုက်ရင် “တော်ပြီ မပြော တော့ဘူးဟာ” ဆိုပြီး တစ်နေကုန် စကားတစ်ခွန်းမှ မပြောတော့ဘဲ နေတတ်တဲ့သူမျိုး။ ဒါကြောင့် မြလေးအကြောင်း တစ်ခုခုပြောတာနဲ့ သေချာဂရု စိုက်ရင်း “သေချာနားထောင်နေပါတယ် မြလေးရဲ့” ဆိုတာ ကိုအောင်ဝင်းရဲ့ လက်သုံး စကားလို ဖြစ်လာခဲ့တာပဲ။ “ဟင်း... ဟင်း အစ်ကိုက အရင်အတိုင်းပဲနော်” တဲ့။ ရယ်သံလွင်လွင်လေးနဲ့ မြလေးက ဆိုတယ်။ ကိုအောင်ဝင်း ပြုံးလိုက်မိတယ်။ ကြည်နူးတဲ့ အပြုံးပါ။ “အရင်အတိုင်းပဲပေါ့ မြလေးရယ်။ အစ်ကိုက ဘာကို ပြောင်းလဲရမှာလဲ။ မြလေးကသာ...” “အို... အစ်ကိုကလည်း ခုချိန်မှာ အဲလို စကားတွေ မပြောနဲ့တော့လေ။ မြလေး အရမ်း ခံစားရတယ်” Rest of your post“ပြောပါရစေ မြလေး ရယ်။ မြလေးပဲ ပြန်စဉ်းစား ကြည့်လေ။ ကိုယ်တို့ အဆက်သွယ် ပြတ်ခဲ့ကြတာ ဘယ်လောက်တောင် ကြာပြီလဲ။ ဘာမဟုတ်တဲ့ အကြောင်း လေးနဲ့။ တကယ်တော့ အစ်ကိုလည်း အဲဒီ အချိန်က သူတောင် ပြတ်နိုင်သေးတာပဲ ငါ ဘာလို့ ခံနိုင်ရည် မရှိရမှာလဲ ဆိုတဲ့ မာနတွေ ထားခဲ့မိတာပါ။ တကယ်တော့...” “မဟုတ်တာဘဲ အစ်ကိုရယ်” ကိုအောင်ဝင်းစကား ပင်မပြတ်သေး မြလေးက ကတုန်ကယင်လေးပင် တားရှာတယ်။ သူမက ဆက်ပြီး “အဲဒီတုန်းက မြလေးလည်း အနိုင် မယူခဲ့သင့်ဘူး သိလား။ နေ့နေ့ညည ပြန်တွေးမိရင် အရမ်း ခံစားရတယ်။ တကယ်တော့ အစ်ကိုက ကောင်းစေချင်လို့ ပြောခဲ့တာတွေလေ။ ခုမှ သိ သိလာရတာ။ မြလေးရဲ့ အပြစ်ပါ အစ်ကိုရယ်” အဲဒီ အချိန်တုန်းက ကိုအောင်ဝင်းနဲ့ မြလေး တစ်ယောက်နဲ့ တစ်ယောက် စိတ်ကောက်နေတဲ့ အချိန်ပေါ့။ ကို အောင်ဝင်းက မေဂျာ ဘောလုံးပွဲမှာ ၀င်အရွေးခံတယ်။ မြလေးက ကျိုးရင်ပဲ့ရင် ဆို တဲ့ စိုးရိမ်စိတ်နဲ့ တားတယ်။ ကိုအောင်ဝင်းကလည်း မရ ဘူး။ ငယ်ငယ်ကတည်းကတောင် ဘောလုံးကို ဖက်အိပ် ခဲ့တဲ့လူမျိုး။ သူတို့မေဂျာက ပါမောက္ခကြီးကလည်း “အောင်ဝင်းဟာ ရပ်ကွက်ပွဲ တွေမှာ ကန်နေကျလို့ ကြားဖူးတယ်။ အဲဒီကောင် မပါပါ အောင်ထည့်” လို့ အမိန့်ထုတ် ထားလေတော့...။ အရာရာ ဦးစားပေးခဲ့ပြီး သူသိပ်ချစ်တဲ့ မြလေးကို ဒီတစ်ခါတော့ ခွင့်လွှတ်လို့ စိတ်ထဲကပဲ တောင်းပန်၊ မကျေနပ်ချက် လေးတွေရှိရင် ဘောလုံးကွင်းထဲမှာ အပြင်းကန်ရင်း နေခဲ့ လိုက်တယ်။ အဲ... မြလေးကလည်း အားကျမခံပါပဲ။ ကိုအောင်ဝင်းကို တားမရတဲ့အဆုံး “အစ်ကိုဟာ ညီမစကားကို ဥပေက္ခာပြုတယ်” ဆိုပြီး ကိုအောင်ဝင်းကြီး တစ်ယောက် မခံချိမခံသာ ဖြစ်အောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သူတို့မြို့ဘက်က ကောင်လေးတစ်ယောက်နဲ့ တပူးတွဲတွဲ နေပြ တယ်။ ဒါကို ကိုအောင်ဝင်းကြီး က “မြလေး အဲ့လို မနေနဲ့။ အဲ့လိုကြာရင် မြလေးနဲ့ သူ့ကို ဘာဘာညာညာ သမုတ်ကြ မှာပေါ့”လို့ ပြောလိုက်မိတယ်။ ဒါကို မြလေးက သူ စိတ်ကောက် နေတာကို မချော့တဲ့ အပြင် အဲ့လိုပြောရကောင်း လား ဆိုပြီး “ရှင့်ဆီ ဘယ်တော့မှ မဆက်သွယ်တော့ဘူးမှတ်” ဆိုကာ အဆက်အသွယ် ဖြတ်သွားခဲ့တာ ခုချိန်ထိပဲ ဆိုပါ တော့။ အဲ့လိုတွေ ဖြစ်ပြီး သိပ် မကြာခင် စာမေးပွဲတွေဖြေ ကျောင်းတွေလည်း ပိတ်သွားလေတော့ ပြတ်သွားလိုက်ကြတာ ခုထိပဲ ဆိုပါတော့။ “အစ်ကိုတောင် မြလေးကို ဆက်သွယ်ချင်ခဲ့တာ...” “သွားပါ ခုမှ” “အဟုတ် မြလေးရဲ့၊ ဒါပေမယ့် မြလေးရဲ့ဒေါသကို အစ်ကို့ အလွမ်းနဲ့ မယှဉ် ရဲလို့” “ဟင်... အစ်ကိုကလည်း”တဲ့။ သေချာပါတယ်။ မြလေး ဘေးနားမှာ ရှိတဲ့ အ၀တ်စ တချို့ကို ဆွဲလိမ် နေလောက်ပြီ။ “ဒါနဲ့ မြလေး ဘာပြော မလို့လဲ” “အင်း... မှာစရာလေး ရှိလို့” “ပြောလေ အစ်ကို လုပ်ပေးမှာပေါ့။ ပြော မြလေး ပြော၊ အစ်ကို သေချာနား ထောင်နေတယ်”လို့ ကို အောင်ဝင်း ပြောလိုက်တယ်။ ခါတိုင်းလည်း ဒီလိုပဲလေ၊ မြလေး ကျောင်းက အိမ်ပြန် ပြီဆိုရင် “သနပ်ခါးကုန်သွားလို့ အစ်ကို၊ ဒီမှာက ဈေးကြီးတယ်” “တီရှပ်ဒီဇိုင်းအသစ် ကလေးတွေ ပေါ်တယ်တဲ့ အစ်ကို” ဆိုတာလေးတွေပဲ ပြောလိုက်၊ ကိုအောင်ဝင်းတစ်ယောက် လုပ်လက်စ အလုပ်တွေ ပစ်ချခဲ့ပြီး ပစ္စည်းတွေ ပြေးဝယ်၊ သူတို့မြို့လေးဆီ ထွက်တဲ့ ကားအမီ သူ့ဆီတင် ပေးနေကျလေ။ “ဟိုလေ အစ်ကို၊ အစ်ကို အင်းလေး ဆေးခန်းကို သိတယ် မဟုတ်လား” “ဟာ... သိတာပေါ့ မြ လေးရယ်။ ဘာဖြစ်လို့လဲ မြ လေးလား...။ ခေါင်းကိုက်တာပဲ ထင်တယ်။ မြလေးက သိပ်ခေါင်းမာတာပဲ။ ဆေးသောက်ပါ၊ ဆေးခန်းပြပါဆို ရင် အမြဲငြင်း။ ရောဂါဆိုတာ နုတုန်းပဲ ကောင်းတာ။ ရင့်သွားရင် မလွယ်ဘူးဆိုတာ မသိတာလည်း မဟုတ်ဘဲနဲ့ ကွာ။ အဲ့ဒီအကျင့်လေးကို ဘယ်လို ပြောရမှန်းကို မသိ ဘူး။ ပြောပြန်ရင်လည်း မြ လေးက မကြိုက်ဘူးလေ” “ဟင်း... ခစ်ခစ်” ဆို တဲ့ တစ်ဖက်က ပီတိသံစဉ် လေးတွေကို ကိုအောင်ဝင်း ကြားလိုက်ရတယ်။ ကိုအောင်ဝင်း မျက်နှာကြီးလည်း ၀င်းလို့။ “မြလေး တစ်ယောက်တည်း လာမှာလား” “ဟင့်အင်း အစ်မလည်း လိုက်ခဲ့မှာ” “တစ်ယောက်တည်းတော့ မလာပါနဲ့ကွာ၊ စိတ်မချဘူး” “အင်း... အစ်ကိုက ခု ချိန်ထိ စိုးရိမ်ပေးတုန်းပဲနော်” “ဟာ... မြလေးကလည်း မြလေးကိုမှ မစိုးရိမ်ရင် ကိုယ့်လိုတစ်ကောင် ကြွက်က ဘယ်သူ့ကိုသွား စိုးရိမ်ရမလဲ” ကိုအောင်ဝင်းတစ် ယောက် အာအတော်သွက် လာတယ်လေ။ ခုပဲကြည့် တစ်ယောက်နဲ့ တစ်ယောက် မင်းကြောင့်၊ ငါ့ကြောင့်လို့ မစွပ်စွဲကြဘဲ ကိုယ့်ကြောင့်ပါ လို့ ကိုအောင်ဝင်းက ဆိုသလို မြလေးကြောင့်ပါ လို့ မြလေး ကလည်း ၀န်ခံနေပြီ မဟုတ်လား။ ဒီလို အချိန်မှာမှ အာမသွက်ရင် ကိုအောင်ဝင်း ဘယ်အချိန် သွားသွက်ရမလဲ။ “ပြောလေ၊ အစ်ကို ဘာ လုပ်ပေးရမလဲ” “ဟိုလေ အင်းလေး ဆေးခန်းကလေ...” “အင်း...” “တုံကင်လေး ယူထား ပေးပါလား” “ဟာ... ရတာပေါ့ မြ လေးရဲ့။ ဘယ်အချိန်လဲ မနက်ပိုင်းလား၊ ညနေလား၊ မနက် အစောကြီးက ကောင်းမှာပါ။ အေးတာပေါ့” “ဟုတ်...” “ဒါနဲ့ ဘယ်ဆရာဝန်ဆီ လဲ” “ဟိုလေ...” “အင်း...” “ဟို... ဟို” ကိုအောင်ဝင်း ပြုံးလိုက်တယ်။ “ဟိုဟိုဆရာဝန် ဆိုတာ မရှိဘူးလေ မြလေးကလည်း... ဟဲဟဲ” “အင်း... ဟင်းဟင်း အစ်ကိုကလည်းလေ” “စတာပါ ဘယ်ဆရာဝန်လဲ ပြောလေ” “ဟို... အစ်ကိုရဲ့” “အင်း... ပြော” “ဟို... သားဖွားမီးယပ် ဆရာဝန်ပါ။ မြလေးဗိုက် ပြချင်လို့” “ဟမ်...” ဟုသာ ကိုအောင်ဝင်း ဆိုလိုက်နိုင်တယ်။ ဘာစကားမှ ဆက် မပြောနိုင်တော့ဘူး။ တစ်ဖက်ကတော့... “ပြီးခဲ့တဲ့ လကတည်းက ပြမလို့ပဲ။ မအားတာနဲ့ရော ဒီလက မရတော့ဘူးလေ။ ရင့်လာရင် ဒီမှာက စိတ်ချရတဲ့ ဆရာ မရှိလှဘူးလေ” ကိုအောင်ဝင်း ကျန်တဲ့ စကားတွေ မကြားတစ်ချက်၊ ကြားတစ်ချက်။ “အားနာလိုက်တာ” တွေရော၊ “အစ်ကိုကသာ စိတ်ချရတာ”တွေရော စုံလို့ပဲ။ စောစောက ၀င်းပနေတဲ့ ကိုအောင်ဝင်း မျက်နှာကြီးလည်း ပန်းသီးတစ်လုံး မီး သင့်ခံလိုက်ရသလိုပဲ နီရဲရှုံ့ တွလို့ နေ့တယ်။ ဟုတ်သားပဲ။ နာတယ် ဆိုပြီး မေ့လက်စနဲ့ မေ့ထားလိုက်တာ။ ပြီးခဲ့တဲ့ နှစ်ကုန်ကတော့ သူနဲ့ ဟိုကောင်လေးနဲ့ လက်ထပ်လိုက်ကြတဲ့သတင်း ကြားထားတာကိုပါ မေ့သွားတယ်။ “သေပါတော့”လို့ စိတ် ထဲက ရေရွတ်ရင်း ကိုယ့်နဖူးကို ကိုယ်ရိုက်လိုက်တယ်။ “ဗြက်”ဆိုတဲ့အသံနဲ့ အတူ ချွေးစတွေ လက်မှာ လာကပ်ရော။ “အစ်ကို... ကြားလား ဟန်လို” “သြော်... အင်း... ကြားတယ် မြလေး၊ ကြားတယ်”လို့ အသံကို နှိမ့်ပြောလိုက်တယ်။ “အဲဒါဆို စိတ်ချမယ် နော်အစ်ကို”ဆိုပြီး တစ်ဖက်က ဖုန်းချသွားတယ်။ ကိုအောင်ဝင်း ဘေးဘီကို မလုံမလဲ ကြည့်မိတော့ ဘယ်သူမှ မရှိတာ တော်သေးတာပေါ့။ ကိုအောင်ဝင်း ဖုန်းခွက် ကိုချ ကျသင့်ငွေကို ရှင်း လိုက်တယ်။ ပြီးတော့ ဆိုင် အပြင်ကို လှည့်အထွက် “ခွပ်” “အ” ဆိုင်ရှေ့ကမိုးကာစကို ဆွဲချထားတဲ့ ၀ါးလုံးတန်းနဲ့ ကိုအောင်ဝင်း နဖူးကြီးနဲ့ မိတ်ဆက် သွားတာပါ။ ပြောပါတယ်။ ကိုအောင်ဝင်းတစ်ယောက် ဒီနေ့တစ်နေ့လုံး အလွဲလွဲ အချော်ချော်လို့။

*ချမ်းထက်ဟန်*
ရွှေအမြုတေ၊မဂ္ဂဇင်း၊ဒီဇင်ဘာလ ၂၀၁၀)
P

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)