ဤမြန်မာပြည်သားစာစောင်ကို၂၀၀၅ ခုနှစ် သြဂုတ်လမှစပြီး အဖိနှိပ်ခံ မြန်မာပြည်သား အလွှာအသီး သီး တို့ဘက်မှ ရပ်တည်လိုသောစိတ်ဆန္ဒဖြင့် ထုတ်ဝေဖြန့်ချီခဲ့ပါသည်။ မြန်မာပြည်သားစာစောင်သည် ယခုလ တွင် ၈ နှစ်တင်း တင်းပြည့်ပါပြီ။ မြန်မာပြည်သားစာစောင်တွင် ဆောင်းပါး၊ ၀တ္ထုတို၊ ကဗျာ၊ ကာတွန်း၊ အက်ဆေး စသည်ဖြင့်ရေးသားကြ သူများအား လည်းကောင်း၊ မှော်ဆရာအီးလ်မေးအုပ်စု၊ လွမ်းနေသူ အီးလ်မေးအုပ်စု၊ ဆဲဗင်းလ်ဂရင်းဒေးအီးလ်မေးအုပ်စု၊ အပါအ၀င်အီးလ်မေးမှ တဆင့်ေ ပးပို့ကြသူများ အား လည်းကောင်း၊ ခွင့်ပြုချက်တောင်းခံရန် အခက်အခဲရှိသဖြင့်ခွင့်ပြုချက်မတောင်းခံပဲ ထည့်သွင်းဖော်ပြ ခဲ့ရေ သာ စာမူအချို့၏ မူရင်းရေးသားသူများအားလည်းကောင်း၊ အစဉ်သဖြင့်ဖတ်ရှုအားပေးကြသော စာဖတ်ပရိ သတ် များအားလည်းကောင်း၊ အခြားကျေးဇူးတင်ထိုက်သူများအားလည်းကောင်း မိမိတို့မှကျေးဇူး တင်ရှိ ပါကြောင်း အမှတ်တရဖော်ပြလိုက်ရပေသည်။

No comments:
Post a Comment