ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Saturday, August 24, 2013

---တို့ချစ်တဲ့ “ရွှေဘ”---

>
ဟိုယခင်အချိန် မြန်မာပြည်၏ ရုပ်ရှင်လောက၌အလွန်ထင်ရှား ကျော်ကြားလူကြိုက်များခဲ့သော တောရော မြို့ပါမကျန် ချစ်ခင်နှစ်သက် စွဲလမ်းခဲ့ရသော ပြည်တော်ချစ်မင်းသားကြီးတစ်ဦး ရှိခဲ့ဖူးပါသည်။ သူ၏ နာမည်မှာ “ရွှေဘ” ဖြစ်ပါသည်။ ယနေ့ခေတ် မျိုးဆက်သစ်လူငယ်များ ကြားဖူးချင်မှကြားဖူးပါပေလိမ့်မည်။ ရုပ်ရှင်ချစ်သူများနှင့် “ရွှေဘ” ခေတ် သိမီလိုက်သူများ အမှတ်ရစိမ့်သောငှာ တင်ပြလိုက်ပါသည်။ ယနေ့ခေတ်ကဲ့သို့ စက်မှုနည်းပညာများ မတိုးတက်သေးခင် အတိတ် ကာလက မြန်မာ့ရုပ်ရှင်သမိုင်းအစမှ မြန်မာ့ရုပ်ရှင်ဖခင်ကြီးများသည် မြန်မာ့ရုပ်ရှင်သက်ဝင်တည်တံ့ရေးအတွက် ကိုယ်ထူကိုယ်ထ ခက်ခက်ခဲခဲနှင့် ရုန်းကန်ခဲ့ရပါသည်။ ကင်မရာအားကိုးနှင့် လှည့်စားနိုင်သောCamera Trait တို့၊ Special Effect တို့ကို ကျွမ်းကျင်စွာ မဖန်တီးနိုင်သေးသည့်အတွက် ရုပ်ရှင်ဇာတ်ကြမ်းကားများ၊ စွန့်စားခန်းများရိုက်ကူးရာတွင် သရုပ်ဆောင် များသည် အသားအနာခံကာ သက်စွန့်ဆံဖျား သရုပ်ဆောင်ခဲ့ကြသည်။ စွန့်စားသလောက်လည်း ပရိသတ်က အားပေးမြှောက်စားကာ စတန့် မင်းသားများဟု ချစ်စနိုးတင်စားခေါ်ဝေါ်ခဲ့ကြသည်။ ရွှေဘသည် စတန့် မင်းသားဖြစ်သည်။ ရွှေဘရိုက်ကူးခဲ့သော ဇာတ်ကားများတွင် ဇာတ်နုမရှိ၊ အားလုံးဇာတ်ကြမ်းများသာ။ ပြည်သူ့အချစ်တော် ရွှေဘကို ၁၉၂၇ ခုနှစ် သောကြာနေ့တွင် ဖခင် ပန်းချီဆရာ ဦးအောင်မြတ်၊ မိခင်ဒေါ်ဂွမ်းတို့မှ ပုသိမ်မြို့၌ မွေးဖွားခဲ့သည်။ ငယ်နာမည်မှာ မောင်အေးကြည် (ခ) ရွှေလုံး၊ မွေးချင်း ငါးယောက်ရှိသည့် အနက် ရွှေဘက ဒုတိယမြောက်သား။ အရွယ်ရောက်လာသောအခါ ဂျပန် ခေတ် BDAတပ်ထဲ ၀င်ရောက်စစ်မှုထမ်းခဲ့သည်။ တပ်မှထွက်ပြီးနောက် လက်ဝှေ့အကျော်အမော် “ကျားဘငြိမ်း”ထံမှာ လက်ဝှေ့ပညာများ သင်ယူနေ စဉ် ရုပ်ကလည်းဖြောင့်၊ လူကလည်းတောင့်၊ ထောင်ထောင်မောင်းမောင်း၊ တုတ်တုတ်ခိုင်ခိုင်၊ ကျားကျားလျားလျားရှိသူမို့ ပဲရော့ရုပ်ရှင်မှ ကမ်းလှမ်း လာသည့်အတွက် ရုပ်ရှင်နယ်ထဲသို့ ရောက်ရှိခဲ့ပါသည်။ သူရိုက်ကူးခဲ့သော ဇာတ်ကားအများစုမှာ မဟုတ်မခံ နယ်ချဲ့အရင်းရှင်၊ အာဏာရှင်၊ ကုပ်သွေးစုပ်၊ ခေါင်းပုံဖြတ်၊ လူညွန့်ခူးစားသော ဓနရှင်လူတန်းစား များကို တော်လှန်လေ့ရှိပါသည်။
ပစ်္စည်းမဲ့လူတန်းစား၊ ကျောမွဲလူတန်းစား၊ အဖိနှိပ်ခံလူတန်းစားများဘက်က အမြဲရပ်တည်လေ့ရှိသည့်အတွက် မတရား မှုကို ရွံမုန်းသော၊ အမှန်တရားကို လိုလားသော ရုပ်ရှင်ကြည့်ပရိသတ်များ အဖို့ ရုပ်ရှင်ကြည့်ရင်းစိတ်ဓာတ်ခွန်အားပါ ဖြစ်စေသည့်အတွက် ရွှေဘကွ ဟု ပါးစပ်ဖျားက မချချင်ရလောက်အောင် စွဲလမ်းခဲ့သည်မှာ မဆန်းပါ။ ၁၉၄၈ ခုနှစ်တွင် ဒါရိုက်တာ ပဲရော့ဖေကြိုင်ရိုက်ကူးသည့် ““သတိ္တ ဗျတိ္တ”” အသံတိတ်ဇာတ်ကား ဖြစ်သည်။ မင်းသမီး မေသန်းကြည်နှင့် တွဲဖက် သရုပ်ဆောင်ခဲ့သည်။ ထိုဇာတ်ကားတွင် ရန်ကုန် (၁၀) မိုင်ကုန်းတွင် ဇာတ်ဝင်ခန်း ရိုက်ကူးစဉ် ဆိုင်ကယ်စီးစွန့်စားခန်း၌ ချောက်ထဲထိုးကျသည်။ ထိခိုက်ဒဏ်ရာ ရခဲ့သည့်အတွက် ရွှေဘကျောရိုးကို စတီးချောင်းထည့်၍ ကုသခဲ့ရသည်။ ၄င်းနှင့် တွဲဖက်သရုပ်ဆောင်လေ့ရှိသည့် လူကြမ်းများ၏ဘ၀ကို စာနာ ထောက်ထားသောအားဖြင့် သမ်္မတ လူကြမ်းအဖွဲ့ကို တည်ထောင်သည်။ မေလဲ့ဝင်း၊ မေရီမြ၊ သင်းသင်းလဲ့၊ တင်တင်လှ၊ နှင်းဆီတို့ဖြင့် ကား ပေါင်းများစွာ တွဲဖက်ရိုက်ကူးခဲ့ သည်။ အတွဲအများဆုံး လူရွှင်တော် များကတော့ သန်းနွဲ့၊ မြင့်ဖေ၊ ဦးကြယ်နီ၊ သာဂေါင်၊ ဂျော်လီဆွေ၊ မစိန်ခင်၊ သာဆန်းတို့ ဖြစ်ကြပါ သည်။ ၁၉၈၄ ခုနှစ်တွင် ““ငါးမန်းစွယ် နှင့် ကျွန်းသန်္တာ”” ဇာတ်ကားကို ယနေ့တိုင် မမေ့နိုင်သေးသည်က စာရေးသူတို့ငယ်စဉ် လွန်ခဲ့သော နှစ်(၅၀) ၀န်းကျင်ခန့်က စာရေးသူတို့ ညောင်တုန်းမြို့မှာ “ရွှေဥဒေါင်း” ဆိုသော ရုပ်ရှင်ရုံကြီးတစ်ရုံရှိခဲ့ဖူးပါသည်။ အဲသည်တုန်းက ရှေ့တန်းက ဖျာနှင့် ၂၅ ပြား၊ နောက်တန်းက ကုလားထိုင်နှင့် ပြား ၅၀၊ ဖျာတန်းက ဦးရာလူ၊ ကလေး ဘ၀ အရုပ်ကြီးကြီးကြည့်ရမှ အားရတော့ ဖျာရှေ့ဆုံးတန်းရဖို့အရေး ချွေး တလုံးလုံးနှင့် ပြေးလွှားတိုးဝှေ့နေရာဦးကြရသည်။ ရွှေဘကားဆို ရုံပြည့်ရုံလျှံ။ ဇာတ်လမ်းအရ ဇာတ်နာအောင် ရှေ့ပိုင်းမှာရွှေဘ အမြဲနှိပ်စက်ခံရသည်။ လူဆိုးတွေ ၀ိုင်းသမချိန်မှာ ပရိသတ်က ရင်တမမ၊ အသည်းတယားယား၊ တောက်တစ်ခေါက်ခေါက်၊ ဖင်တကြွကြွ၊ အားမလိုအားမရ၊ ဖြစ်နိုင်ရင် ၀ိုင်းချ လိုက်ချင်သည်။ ရွှေဘအနိုင်ရမှ၊ ရွှေဘခံချရပြီဆိုတာနဲ့ တစ်ရုံလုံး ပွက်ပွက် ညံ။ လက်ခေါက်မှုတ်သံတွေ၊ လက်ခုပ်တီးသံတွေ နားကွဲမတတ်။ စာရေးသူ တို့ဖျာနှင့် ရှေ့ဆုံးတန်းက ကလေးတစ်သိုက်ကတော့ လက်ခမောင်းခတ်သူ ခတ်၊ ကျွမ်းထိုးသူထိုး၊ ထကသူက၊ ဤမျှရွှေဘကို ချစ်ကြသည်။ အားပေး ခဲ့ကြသည်။ အချို့သောနယ်များတွင် ရွှေဘဟုခေါ်လျှင် မကြိုက်၊ ဦးရွှေဘဟုခေါ်မှ ကျေနပ်ကြသည်။ ရွှေဘခံနေရချိန်ကြာမြင့်ပါက ရုံဆူလာတတ်သည်။ မခံမရပ် နိုင်သူတွေက ပေါက်ကွဲ၊ ကြားက ရုပ်ရှင်ပိတ်ကားက ခဲစာ၊ ပြောင်းဖူးရိုးစာခံရ၊ သည်လိုဖြစ်ရပ်မျိုးတွေရှိခဲ့သည့်အတွက် အချို့သောနယ်များတွင် ““သည်းခံပြီး ကြည့်ကြပါခင်ဗျာ၊ မကြာမီ ရွှေဘပြန်ချမှာပါ၊ ရွှေဘအနိုင်ရပါစေ့မယ်””ဟု ကြားဖြတ်ကြော်ငြာပေးရသည်အထိ ရွှေဘအပေါ် ခုခေတ်စကားနှင့် ပြောရ လျှင် Crazy ဖြစ်ခဲ့ကြသည်။ ရွှေဘသည် ရုပ်ရှင်ကားကြီးပေါင်း ၂၀၀ ကျော် ရိုက်ကူးခဲ့သည်။ ထိုအထဲ တွင် ၎င်းင်းကိုယ်တိုင်တည်ထောင်ခဲ့သော ““သမ်္မတ””ရုပ်ရှင်မှ ထုတ်လုပ်သည့် ကားများလည်း ပါဝင်ပါသည်။ ရွှေဘ ပထမဦးဆုံးရိုက်ကူးခဲ့သော ဇာတ်ကား လူကြမ်းများ ကားရိုက်ခွင့် စဉ်ဆက်မပြတ်ရရှိရေး၊ ၎င်းင်းတို့၏ စားဝတ်နေရေး အဆင်ပြေစေရန် လစဉ် လူကြမ်း ၄၅ ဦးအား ဆန်၊ ဆီ၊ ရိက်္ခာနှင့် ထောက်ပံ့ ငွေများ ပံ့ပိုးပေးခဲ့သည်။ ထို့ပြင် ၎င်းင်းတို့၏ သာရေး၊ နာရေးနှင့် လူမှုရေးကိစ်္စ ရပ်များကိုလည်း ပစ်မထား၊ တတ်စွမ်းသမျှ ထောက်ပံ့ခဲ့သည်။ ထို့အတွက် လူကြမ်းအဖွဲ့သည် ရွှေဘအား မိဘသဖွယ်လေးစားချစ်ခင်ရိုသေခဲ့ကြသည်။ စမ်းချောင်း ရတနာသိင်္ခလမ်းမှာ နှစ်ပေါင်းများစွာ နေထိုင်ခဲ့သည်။ မြန်မာ့ ရိုးရာ ခြင်းပညာကို နှစ်သက်မြတ်နိုးသည့်အတွက် ကိုယ်တိုင်လည်း ခြင်းခတ် ကစားကာ ““ရွှေသစ်္စာ””ခြင်းအဖွဲ့ကို တည်ထောင်သည်။ ခြင်းဝါသနာရှင် များအတွက် ခြင်းလုံးရုံတည်ဆောက်ပေးခဲ့သည်။ ရပ်ကွက်အတွင်းရှိ ကိုးန၀င်း ကပ်ကျော်စေတီတော်ဘုရားပွဲတွင် ရွှေဘခြင်းအဖွဲ့ နှစ်စဉ်ပါဝင်မြဲ။ အခြား သော ဘုရားပွဲ၊ ကျောင်းပွဲများက ဖိတ်ကြားလျှင်လည်း ဒါနပြုသည့်အနေဖြင့် ရွှေဘကိုယ်တိုင် ပါဝင်ကစားပေးလေ့ရှိသည်။ ရွှေဘသည် ဘာသာရေးကိုင်းရှိုင်းသူဖြစ်သည်။ အချိန်ရလျှင်ရသလို ရွှေတိဂုံဘုရားသို့ တက်ရောက်ကြည်ညိုလေ့ရှိပါသည်။ လူမှုရေးစိတ်ဓာတ် အပြည့်အ၀ရှိသည်။ ရိုင်းပင်းကူညီတတ်သည့်အတွက် ဇာတ်သဘင်အဖွဲ့များက ၎င်းတို့နှင့်တွဲ၍ ကပြပေးရန် မေတ်္တာရပ်ခံလာသည့်အခါတိုင်း မငြင်းခဲ့ပါ။ တကယ်တော့ ရွှေဘ ဇာတ်မထောင်ပါ။ ဇာတ်ကလို၍ မဟုတ်ပါ။ ဇာတ်သဘင် အဖွဲ့များ၊ ပရိသတ်များ အားပေးမှုပိုမိုရရှိရေးအတွက် ၎င်းအနေဖြင့် လိုက်လံ ပံ့ပိုးပေးခြင်းသာ။ ၁၉၇၆ ခုနှစ်ဝန်းကျင် မန်္တလေးတွင် မန်္တလေးသိန်းဇော် ဗလာပွဲ ကနေစဉ်ကာလတွင် ရွှေဘအား တွဲကပေးပါရန် မေတ်္တာရပ်ခံခဲ့သည်။ သို့အတွက် မန်္တလေးသိန်းဇော်နှင့် ရွှေဘရုပ်ရှင်အဖွဲ့ တွဲဖက်ပြီး ရုံပွဲအဆင့်သို့ တက်လှမ်းခဲ့ဖူးပါသည်။ အနုပညာသည်အချင်းချင်း အားဖြည့်ပေးလိုသည်က ရွှေဘ၏ မွန်မြတ်သည့် မူရင်း စိတ်ဓာတ်ဖြစ်သည်။ စမ်းချောင်း ရတနာသိင်္ခလမ်းမှ မြေနီကုန်း သံပုံချိုင့် ယခု M-3 FoodCentreနင့် ကျောချင်းကပ် ဗဟန်းအားကစားကွင်း၏ဘေးသို့ ပြောင်းရွှေ့ နေထိုင် စဥ် တစ်ဝန်းတည်း နေ ““လှမြန်မာ””ထမင်းဆိုင်ေ လးအား ““ဒါကျွန်ေ တာ့် အမျိုး ထမင်းဆိုင်ပါ၊ အားပေးကြပါ””ဟု ရွှေဘကိုယ်တိုင် မိတ်ခေါ်ပေးခဲ့သည်။ ရွှေဘထမင်းဆိုင်ဟု အမည်တွင်ကာ နှစ်အတန်ကြာ အလှူပေးနေသလား ထင်ရလောက်အောင် ရောင်းအားကောင်းခဲ့ဖူးပါသည်။ တကယ်တော့ ထိုထမင်း ဆိုင်နှင့် ရွှေဘတို့ မည်သို့မှ မပတ်သက်ပါ။ တစ်ဖက်သားအကျိုးများစေရန် ရည်သန်၍ နှုတ်၏ စောင်မခြင်းဖြင့် ကူညီခဲ့ခြင်းသာ။ ထိုထမင်းဆိုင်မှာ နာမည် တပ်ထားသော်လည်း မည်သူမျှသတိမထားမိပါ။ ရွှေဘထမင်းဆိုင်ဟုသာ ထင်ပေါ်ကျော်ကြားခဲ့ပါသည်။ ထိုသာဓကလေးက ရွှေဘအပေါ် ပရိသတ်က မည်မျှသံယောဇဉ်ကြီးသည်ကို ပြနေသယောင်။ ရုပ်ရှင်နယ်ထဲသို့ ရောက်ရှိသည့်အခါ လက်ပံတန်းသူ စမ်းချောင်းမယ် ရုပ်ရှင်မင်းသမီး သင်းသင်းလဲ့နှင့် ဖူးစာဆုံခဲ့သည်။ သားသမီး ရှစ်ယောက် ထွန်းကားခဲ့သည်။ ဇရာကို မည်သူမျှ တားမရပါ။ ခုချိန်မှာ အမေအရွယ်သို့ ရောက်ရှိနေပြီဖြစ်သော ဒေါ်သင်းသင်းလဲ့သည် တာမွေမြို့နယ်မှာ နေထိုင်လျက်ရှိပြီး အခွင့်သာတိုင်း ရုပ်ရှင်နှင့် ဗီဒီယိုကားများကို ကျရာအခန်းမှ ပီပြင်စွာ သရုပ်ဆောင်နေဆဲပါ။ ရွှေဘနှင့် အတွဲအများဆုံး မင်းသမီးမှာ အကယ်ဒမီများရှင် ၀ဏ်္ဏကျော်ထင် ဒေါ်ကြည်ကြည်ဌေး ဖြစ်ပါသည်။ မြင့်မြင့်ခင်၊ သင်းသင်းလဲ့နှင့် နောက်ဆုံးရိုက်ကူးခဲ့သည်။ အနိစ်္စတရားကို လွန်ဆန်၍ မရသည့်အတွက် မင်းသားကြီးရွှေဘသည် ၁၂-၁-၁၉၈၈ ရက်နေ့ အသက် (၆၁)နှစ်အတွင်းသို့ ရောက်ရှိချိန်မှာ သူချစ်သော၊ သူကို့ချစ်သော ပရိသတ်ကြီး ကို အပြီးပိုင် ကျောခိုင်းသွားခဲ့ပါတော့သည်။ ဇာတ်ကားတိုင်း၏ ဇာတ်သိမ်း ခန်းမှာ မင်းသားကြီးအနိုင်ရခဲ့ပေမယ့် မရဏမင်းနှင့် စစ်ခင်းသောပွဲမှာတော့ အရေးနိမ့်သွားခဲ့ပါသည်။ အနုပညာရပ်ဝန်းမှ ကြယ်တစ်ပွင့် ကြွေလွင့်သွားသည့်ပမာ၊ ကြာတော့ လည်း ကြာခဲ့ပါပြီ။ သူမရှိတော့ပေမယ့် သူ့ရဲ့သတင်းကတော့ မြန်မာ့ရုပ်ရှင် သမိုင်းမှာ၊ သူ့ကိုချစ်သော ပရိသတ်များ၏ရင်ထဲမှာ သင်းပျံ့နေဆဲ.... ၄င်းနှင့် တွဲဖက်သရုပ်ဆောင်လေ့ရှိသည့် လူကြမ်း များ၏ ဘ၀ကို စာနာထောက်ထားသောအားဖြင့် သမ်္မတ လူကြမ်းအဖွဲ့ကို တည်ထောင်သည်။ လူကြမ်းများ ကား ရိုက်ခွင့် စဉ်ဆက်မပြတ်ရရှိရေး၊ ၎င်းတို့၏ စားဝတ် နေရေး အဆင်ပြေစေရန် လစဉ် လူကြမ်း ၄၅ ဦးအား ဆန်၊ ဆီ၊ ရိက်္ခာနှင့် ထောက်ပံ့ငွေများ ပံ့ပိုးပေးခဲ့သည်။ ထို့ပြင် ၎င်းင်းတို့၏ သာရေး၊ နာရေးနှင့် လူမှုရေးကိစ်္စ ရပ်များကိုလည်း ပစ်မထား၊ တတ်စွမ်းသမျှ ထောက်ပံ့ခဲ့ သည်။ ထို့အတွက် လူကြမ်းအဖွဲ့သည် ရွှေဘအား မိဘ သဖွယ် လေးစားချစ်ခင်ရိုသေခဲ့ကြသည်။ (ရွှေဘဆောင်းပါးဖြစ်မြောက်ရေးအတွက် ကူညီပံ့ပိုးပေးကြသော ရွှေဘ၏ ကျန်ရစ်သူမိသားစုနှင့် ရုပ်ရှင်သရုပ်ဆောင် ဒါရိုက်တာ ဦးဌေးအောင် (ဆွေဗမာ)အား အထူးကျေးဇူးတင်ရှိပါကြောင်း) 

**တို့ချစ်တဲ့ေ.ရွှဘ** 
 ဩ ရှေးသရောခါ
 ပြည်မြန်မာဝယ်
 သမ်္ဘာရင့်ကျက် 
လူတကာနှစ်သက် 
မင်းသားကြီးတစ်လက်ရှိခဲ့ဖူးပါတယ် . 

. . ဩ ပုံပြင်မဟုတ်၊ 
သရုပ်ပီပြင် အဟုတ်ထင်လေအောင်ဖမ်းစား
 ရုပ်ရှင်တစ်ခေတ် နောက်ပြန်ရစ်ကြည့် 
“ဟစ်” ဖြစ်ခဲ့သရဖူ၊ 
သူမတူလေ
 ပြည်သူတို့ အသည်းစွဲ၊
 ရင်ထဲတို့ခေတ် 
“ဟတ်ထိတယ်” ဆိုမလား
 ဩ နှစ်ပေါင်းများစွာ၊ 
ခုတော့ကြာခဲ့ပါပြီ
 ရေမှာအရုပ်ရေးသည့်နှယ် . .
 . ဆေးပြယ်လို့မရ 
အမည်တွင်သည်က “ရွှေဘ” 
သူ့ကိုချစ်တဲ့သူတွေ 
အနန်္တမို့ ခ၀ါမချနိုင် 
ကလောင်ကိုင်ရင်းတပ်လှန့်၊
 ရှေ့သို့ဆန့်လည်း ရပ်တန့်မသွား၊ 
ထင်ရှားနေဆဲ 
သိမီသူတွေရဲ့ ရင်ထဲမှာ . . . ။ 

(“ရွှေဘ”ခေတ် သိမိမီသီသူမူများ ပြန်လလည်အအမှတ်တရရစိမ်သောငှာ ဤ ကဗျာကို ရေးဖွဲ့ပါသည်။်။) 

*တင့်လွင်ဦး (စီးပွားရေးတက်္ကသိုလ်)*

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)