(သြဂုတ်လ ၂၇ရက်၊ ၂၀၁၃၊ သောင်ရင်းနဂါး)
အကြိမ် (၄၀) မြောက် မုနိထိတရုတ်ဘုံကျောင်း၏ ဆန်လှူပွဲကို ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့တွင် ယနေ့ ကျင်းပခဲ့သည်။ ၄င်းတို့၏ ဆန်လှူပွဲထံလာရောက်အလှူခံကြသော မြနမာပြည်သား (၁၂၀၀၀) အတွက် ဆန်ထုပ်များ စီစဉ်ပေးကြောင်းကို မဲဆောက်မြို့ မုနိထိတရုတ်ဘုံကျောင်း၏ ဂေါပကအဖွဲ့ဥက္ကဌမစ္စတာ ဘန့်နီထိက ယခုကဲ့သို့ ပြောဆိုသည်။
(မုနိထိတရုတ်ဘုံကျောင်း ဥက္ကဌ မစ္စတာဘန့်နီထိနင့် မဲဆောက်မီဒီယာများ အင်တာဗျူး)
“သေဆုံးသွားတဲ့မိဘဆွေမျိုးသားချင်းတွေအတွက် အလှူဒါနပြုလုပ်တာဖြစ်ပါတယ်။ ဒီလို ပြုလုပ်ရတဲ့အတွက် ၉၀ ရာခိုင်နှုန်းကျေနပ်ပါတယ်။ အလှူလာခံကြသူတွေကို ဆန် ၄ ကီလို၊ မာမား ၅ ထုပ်၊ ငါးသေတ္တာ ၂ ဗူး၊ ဆား ၁ ထုပ်၊ အိမ်သုံးဆေး ၁ ထုပ် နဲ့ အကျီဖြစ်စေ၊ ဘောင်းဘီဖြစ်စေ၊ ၁ ထည်စီပါဝင်မှာဖြစ်ပြီးတော့ ကာလတန်ဖိုး ၁၅၀ ဘတ်နှုန်းနဲ့ အလှူလာခံသူ ၁ ဦးကရရှိမှာ ဖြစ်ပါတယ်” ဟု ရှင်းပြ သည်။
(ထိုင်း လုံခြုံရေးတပ်ဖွဲ့များကြားက ဆန်လှူပွဲ)
သောင်ရင်းမြစ်၏ ဟိုဘက်ဒီဘက်ခြမ်းဖြစ်နေသော ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့နှင့် ကရင်ပြည်နယ် မြ၀တီမြို့ဘက်ကပါ လာရောက်ဆန်အလှူခံကြသည်ကို တွေ့ရသည်။
ကရင်ပြည်နယ်မြ၀တီမြို့ဘက်မှလာရောက်သူတဦးဖြစ်သည့်ဒေါ်အေးစိန်က”ဟိုတလောတုန်းကကျမတို
့မြ၀တီမြို့ ဘက်မှာရေကြီးတာ အခုထိ ကျမတို့ ၁ ရပ်ကွက်က သန့်ရှင်းရေးတောင် အပြည့်အ၀ မပြီးသေးဘူး။ အလုပ်ကလည်း မယ်မယ်ရရမရှိတော့ အခုနှစ်ကျမှ မရှက်နိုင်ဘဲနဲ့ သူများတွေ ဆန်လှူတယ်ကြားလို့ လာခဲ့တာပါ” ဟုေ ပြာပြသည်။
မဲဆောက်မြို့ မယ်ကုတိုက်နယ် ဘန့် ဖလက်ရွာဘက်မှ ကျပန်းလုပ်သားမစိုးစိုးကလည်း”ကျမတို့ က ဒီလို ဆန်လှူပွဲကိုလာတာ ၁၀နှစ်ရှိပြီ။နှစ်တိုင်းပဲလာတယ်။လူတွေက ထိုင်းနိုင်ငံမှာထိုင်းဥပဒေအတိုင်းနေ့ စားခ ဘတ်၃၀၀မရကြပဲကျမတို့ ကျပန်းအလုပ်ကနေ့ စားခ၁၂၀၊၁၄၀ဘတ်ရကြတယ်။ရတာနဲ့ ပြန်ကုန်တာ
မလောက်ကြဘူး။အခုတလောမဲဆောက်မှာ လည်းရေကြီးပြီးတာ
မကြာသေးတော့အလုပ်မကောင်းဘူး။ဒါကြောင့်မရှက်နိုင်ဘဲလာအလှူခံကြတာလေ” ဟုရှင်းပြသည်။
ယနေ့ မုနိထိတရုတ်ဘုံကျောင်း၏ ဆန်လှူပွဲသို့ လာရောက်အလှူခံကြသူ (၁၂၀၀၀) ကိုယ်တာအပြင် အရံအနေဖြင့် အလှူပေးရန်လူ (၃၀၀၀)စာခန့်ကိုလည်း ပြင်ဆင်ထားကြောင်း ဂေါပကအဖွဲ့က ပြောဆိုသည်။ ယနေ့ဆန်လှူပွဲသို့ လာရောက်ကြသော မဲဆောက်မြို့ ရပ်ကွက်ကျေးရွာ ပေါင်းစုံတွင် နေထိုင်ကြသော မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် မြ၀တီမြို့ဘက်မှ
မြန်မာပြည်သားများကို ခါတိုင်း ဖမ်းဆီးပြီး ငွေတောင်းရမ်းနေကျဖြစ်သည့် ထိုင်းရဲများက တစ်နေတာလွတ်လပ်ရေးပေးထားသည်ကို မြင်ကြရသည်။
(မဲဆောက်ရဲစခန်းထဲက ဆန်လှူပွဲလာကြသူတွေကို ဒီလိုဒီလိုတွေ့ရ )
(မဲဆောက် ရဲစခန်းဆိုင်းဘုတ်ကို နောက်ခံထားပြီး အထုပ်ထဲမှာ ဘာတွေပါလဲ ဆန်းစစ်နေကြသူတွေ))
( “မဲဆောက်မြို့က လမ်းတွေပေါ်မှာ ××× ဆန်ထုပ်ရွက်သွား××× ၂ ရက် ၃ ရက်စာလား××× ”)
(ဒီနေ့ မနက်ပိုင်းမှာ လက်မှာတံဆိပ်ရိုက်၊ ဆန်ထုပ်ကတ်ပြားကို ရယူခဲ့ကြ )
(အထုပ်တွေ အထုပ်တွေ )

No comments:
Post a Comment