ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Saturday, August 10, 2013

---တစ်ကျော့ပြန်---

>
သမီး စာကြည့်စားပွဲ၏ စားပွဲခင်းကို အသစ်လဲလှယ်ရန်ဖယ်ရှားလိုက်သောအခါ အ၀ါနုရောင် စာအိတ်ကလေး သုံးအိတ် ကို တွေ့လိုက်ရသည်။ ပထမသော် ညိုသည် လှပသောမင်္ဂလာဆောင်ဖိတ်စာ၊ မွေးနေ့ဖိတ်စာများ သိမ်းထားလေ သလား ထင်မှတ်မိသေးသည်။ သမီး က လှပမှုကို ခုံမင်မြတ်နိုးသူလေ။ သူ ကိုင်သော ဘောလ်ပင်ကလေးများတွင်ပင် ချစ်စဖွယ်အရုပ်ကလေးများနှင့်။ စာအိတ်များကို ယူကြည့်သောအခါမှ ညို့အထင်မှားကြောင်း သိရကာ အံ့အားတသင့်ဖြစ်ရသည်။ ရင်ခုန်သံ အမှတ် (၁) , (၂) , (၃) စသဖြင့် ကွန်ပြူတာစာလုံးဖြင့် သေသပ်စွာရေးထိုးထားသည်။ အတွင်းမှ စာသားများကလည်း ကဗျာဆန်ဆန်၊ စာညွန့် ဆန်ဆန်ဖြင့် ညို ရေရာစွာနားမလည်နိုင်ပါပေ။ သမီး နာမည်ပါဝင်ခြင်းလည်းမရှိ။ သို့သော် အဘယ့်ကြောင့် စားပွဲခင်းအောက်တွင် သိမ်းဆည်းထားရလဲမသိ။ ရင်ခုန်သံဟူသော စာအိတ်ပေါ်မှ စာလုံးနှင့် အတွင်းစာသားများမှ နှလုံးသား၊ ကောင်းကင်၊ နူးညံ့သော အပြုံး၊ အတွေးပုံရိပ် စသဖြင့်စာသားများအတွက် အနည်းငယ်တော့ စိတ်ကသိက အောက် ဖြစ်ရသည်။ အပြင်သို့ ဖယ်ထားပြီးမှ စိတ်တစ်မျိုးပြောင်းကာ အသစ်လဲလှယ်ပြီးသော စားပွဲခင်းအောက် စာအိတ် ကလေးသုံးအိတ်ကို အသေအချာပြန်ထိုးသွင်းပေး လိုက်သည်။ သမီး ကို မေးရန် မလိုအပ်သေး။

******
 ညို သည်ကွန်ပြူတာကျွမ်းကျင်သော ဟက်ကာတစ်ဦးမဟုတ်သည့်အတွက် သမီး အီးမေးလ်ကို ဖွင့်နိုင်မည် မထင်ပါ။ သမီး ကျောင်းသွားချိန်မှ သမီး အခန်းထဲ နောက်တစ်ကြိမ်ပြန်ဝင်ကာ သံသယဖြစ်ဖွယ်သဲလွန်စများ ရှာသော်လည်း မည်သည့်အရာ မှ မတွေ့။ ဘာသာရပ်ဆိုင်ရာစာအုပ်များ၊ စာရေးကိရိယာများ၊ စီဒီခွေများ၊ အလှအပအရုပ်ကလေးများဖြင့် သမီးပစ္စည်းများ သည် သေသပ်စွာအိနြေ္ဒရလျှက်ရှိသည်။ အ၀တ်အစားဘီရိုအတွင်းတွင်လည်း မည်သည့်အရာမှ သိုဝှက်သိမ်းဆည်းထားခြင်းမရှိ။ ကွန်ပြူတာခုံ ကီးဘုတ်အောက်တွင်သာ သဘာဝဟု အတင်းခေါင်းစဉ်တပ်ကာ လျှပ်ပေါ် လော်လီသောအသွင်အပြင်နှင့် အဆိုတော် ကောင်ကလေး၏ ပုံကိုပရင့်ထုတ်ယူထားတာတွေ့ရသည်။ သို့သော် သည်လို အမြင်မတော်တဲ့ ပုံကို သမီးကြည့်ရကောင်းလားဟု ညို ဒေါသမထွက်ဖြစ်လိုက်။ ကောင်ကလေး၏ ဦးခေါင်းသည် မူရင်း မဟုတ်ဘဲ သမိန်ပေါသွပ်၏ပြောင်စပ်စပ် ကာတွန်းရုပ်ကလေး ဖြစ်နေကာ၊ အောက်တွင် အမြင်မတော်သည်ကို ဖုံးလွှမ်းသွား သည်အထိ စာလုံးအနီကြီးကြီးများနှင့် ရေးထားသည်က “ဖဲရှုံးလို့ စားစရာမရှိတော့လို့ အ၀တ်တွေ ရောင်းစားလိုက်ရပါ တယ်ခင်ညာ” တဲ့လေ..။ ညို ဟက်ဟက်ပက်ပက်ရယ်မိသည်။ ကွန်ပြူတာကျွမ်းကျင်သူတစ်ဦးပြုလုပ်ထားသည်ကို သူငယ်ချင်းများနှင့် ရယ်မော ရန်အလို့ငှာ ပရင့်ထုတ်ထားဟန်တူသည်။ ထိုပုံမှ အစပြု၍ သမီး အီးမေးလ်ကို စစ်ကြည့်ရန် ညို သတိရသွားသည်။ ကွန်ပြူတာကို ဖွင့်နေသည်အထိ သမီး အီးမေးလ်ကို လွယ်လင့်တကူဖွင့်နိုင်လိမ့်မည်ဟု ညို မထင်မှတ်ခဲ့။ သို့သော် သမီး သည် password ကို remember ပြုလုပ်ထားသည့်အတွက် အသာအယာပင် sign in ၀င်သွား တော့ သည်။ တထိတ်ထိတ်ခုန်နေသောရင်နှင့် တစ်စောင်ချင်းစီ အသေးစိတ်လိုက်လံစစ်သော်လည်း မသင်္ကာဖြစ်စရာ ဘာမှမတွေ့။ အခါတိုင်းနှယ် သူတို့ကျူရှင်ဝိုင်းမှ မေးခွန်းပေးပို့မှု၊ သူငယ်ချင်းများနှင့် အပြန်အလှန်ချိန်းဆို မှာကြားသော မေးလ်များ၊ မွေးနေ့ ဆုတောင်း စသဖြင့် သမီး၏ နေ့စဉ်ဘ၀ထဲမှ အကြောင်းအရာများသာဖြစ်သည်။ အမှတ်မထင် Bookmark ကြည့်မိတော့မှ အမည်နာမတစ်ခုက ညို့ရင်ကို ဒိန်းကနဲဖြစ်စေသည်။ “နေဈာန်” ထို အမည် သည် သမီး သိမ်းဆည်းထားသော အ၀ါနုရောင်စာလွှာများပေါ်မှ အမည်ဖြစ်သည်။ Bookmark ပေါ်မှ လိပ်စာအတိုင်း ဖွင့်လိုက်တော့ “နေဈာန်၏ ရင်ခုန်သံမှတ်တမ်းများ” ဟူသည့်ခေါင်းစည်းအောက်တွင် စာအပုဒ်ပေါင်းများစွာကိုတွေ့လိုက်ရသည်။ တစ်ပုဒ် နှစ်ပုဒ်ဖတ်ကြည့်တော့ စာများသည် ညို့အတွက် မထူး ခြားလှသော်လည်း စာအောက်ခြေရှိ comment ထိပ်ဆုံးတိုင်းမှာ သမီး ပါဝင်နေခြင်းအတွက် ဘ၀င်မကျသလို ခံစားလိုက် ရသည်။ သမီး သည် သူ စိတ်မပါလျှင် မည်သည့်အရာမှ မလုပ်တတ်သူတစ်ယောက်မို့ လှိုက်လှိုက်လှဲလှဲအားပေးမှုများက ညို့ကို ပင့်သက်ချမိစေသည်။ အိမ်နာမည်ဖြစ်သော ကူကူးသာ သုံးနှုန်းထားသော်လည်း သမီး အရိပ်အသက်ကို သိရှိခံစားနိုင်သော ညို့ အတွက် ကူကူး သည် သမီးဖြစ်ကြောင်းသေချာလို့နေသည်။ သမီး ဘာတွေလုပ်နေပါလိမ့်…။ ဆိုရှယ်မီဒီယာအသုံးပြုခွင့်မပေးသေးသဖြင့် သမီး သည် ကိုယ်ပိုင် email နှင့် ပညာရေး website များသာကြည့်ရှုနေလိမ့်မည်ဟု ညို ထင်မှတ်မှားခဲ့သည်။အလွန်ဆုံးသတင်းစာမျက်နှာပေါ့လေ။ ယခုလို ဘလော့ဂ် စာမျက်နှာတွေထက် ခြေဆန့်နေမည်ဟု မတွေးတောမိခဲ့..။ တောင်တောင်အီအီမတွေးနှင့်ဦး။ ဘလော့ဂ်စာပေ များကို နစ်မျော ခံစားမှုဖြင့် ကြာရှည်စွာလည်ပတ်ဖို့ သမီး အတွက် အချိန်မပေးသင့်သေးသည်မှာ သေချာသည်။ ညို တစ်စုံတရာတော့ တွေးတောပြုလုပ်ရပေမည်။

******

ဧည့်ခန်းဆီထွက်အလာ မရည်ရွည်ပါဘဲ နံရံကိုအကြည့်ရောက်မိတော့ ဓာတ်ပုံထဲမှ မေမေက ပြုံးပြနေသလိုခံစားလိုက်ရ သည်။ ညို့ခြေလှမ်းတို့ တုံ့ကနဲဖြစ်ကာ ရှက်သွေးသည် ပါးပြင်ပေါ်နီရဲထူအမ်းနေသလိုပင်။ ပြုံးမြဲပြုံးနေကျ မေမေ့ အပြုံးသည် ယနေ့ ပိုမိုလေးနက်ပျော်ဝင်နေသလို ခံစားမိသည်။ မိညို ဟုပင် ပြုံးထေ့ထေ့ခေါ်လိုက်လေသလား။ ညို လက်ခံရယူရမည်ဖြစ်သော တစ်ကျော့ပြန်အချိန်သည် ရောက်ရှိလာခဲ့ပြီ။ ဧည့်ခန်း ကုလားထိုင်ပေါ်မောလျစွာထိုင်ရင်း ခေါင်းမော့မျက်လုံးမှိတ်မိတော့ အတိတ်ကပုံရိပ်တွေက တဖျပ်ဖျပ်။

***** 

 သည်တုန်းက ညိုတို့ မိသားစုက မန္တလေးမှာ။ ညိုသည် စာတော်သောဆယ်တန်းကျောင်းသူတစ်ဦးဖြစ်ကာ အနုပညာကို ၀ါဿနာထုံလှသူလည်းဖြစ်သည်။ သမီး၏ အလှအပမြတ်နိုးမှုနှင့် အနုပညာအပေါ်ခံစားသက်ဝင်တတ်မှုက ညို့ထံမှ စီးမျောလာသည်ဟု ဆိုနိုင်ပေမည်။ ညို့တုန်းက ဂီတ။ ဆယ်တန်းနှစ်ကာလမို့ မိဘများတားမြစ်နေသည့်ကြားမှ ကျောင်းအနုပညာအသင်းတွင်မက အပျော်တမ်းဂီတအဖွဲ့လေးထံသို့ ပါ ခြေလှမ်းကျဲခဲ့သည်။ သည်မှာပင် မောင် နှင့် တွေ့ခဲ့ရတာဖြစ်သည်။ ညိုသည် ဂီတကို မည်မျှဖြစ်ဖြစ်မြောက်မြောက်လုပ်သည်၊ မလုပ် သည်ကို ရလာဒ်မပေါ်တော့ဘဲ လိဒ်ဂစ်တာတီးခေတ်သူတစ်ဦးနှင့်သာ ထိတွေ့ရင်းနှီးခဲ့သည်။ သူသည် ဆယ်တန်းနှစ်ကျ တစ်ဦးမို့ ညို့ ထက် ကြီးနိုင်ပေမယ့် သူ့ကို “မောင်” ဟုသာ ခေါ်ငင်ခဲ့သည်။ လောကသဘာဝကို စူးစမ်းလေ့လာချင်သူမို့လား။ ခံစားလွယ်၊ တိမ်းညွှတ်လွယ်သော အနုပညာအခံရှိသူမို့လား… ညို့ အတွက်တော့ “မောင်” သည် ထိုအချိန်ကနတ်သားတမျှပင်။ မောင် တီးခတ်သော သံစဉ်ကမှ နူးညံ့လွန်းလှသည်ထင်ရဲ့။ ငယ်ရွယ် သူများ၏ ချစ်ခြင်းဖြစ်၍ချစ်စရာကောင်းသော ဖြူစင်သည့်ချစ်ခြင်းဖြင့် ပျော်ရွှင်ခဲ့ကြသည်။

ကျူရှင်ချိန်တွေ ပျက်တာများလာကာ သူ့ စက်ဘီးနောက်လိုက်ထိုင်၍ မုန့်ဆိုင်တွေလည်စားသည့် အချိန်ထပ်လာ သည်။ မန္တလေးသည် ကျယ်ပြောလွန်းသည် မပြောနိုင်ရကား၊ ထိုစဉ်က ယောကျာ်းလေးနှင့်မိန်းကလေး အတူတွဲ၍စက်ဘီး စီးကြသည်ကို မထူးဆန်းပါဟုမြင်နိုင်သူ မရှိတတ်သေးရကား လပိုင်းမျှသော အချိန်နှင့်ပင် ညို့အိမ်က သိလေသတည်း။ သည်တုန်းကတော့ ညို့အသည်းနှလုံးကို နာကျင်အောင် ပြုရက်သည်ဟု မျက်မိလေသည်။

ညိုသည် ကျူရှင်ကိုတစ်ဦးတည်းသွားခွင့်မရှိတော့။ အိမ်မှတစ်ယောက် ယောက် လိုက်ပို့,လိုက်ကြို လုပ်လာသည်။ ဂီတ ၀ိုင်းသို့လည်း သွားခွင့်မရှိတော့။ “စာမေးပွဲဖြေပြီးရင် သမီးကို ဂီတဆရာတစ်ဦးထံမှာ အပ်ပေးမယ်” ဟုအမေက သာယာညင်း ပျောင်းစွာပြောခဲ့ကာ ဂီတ၀ိုင်းသို့ သွားခွင့်အလိုလိုပိတ်သွားခဲ့သည်။ မေမေသည် မောင် နှင့် ညို့အကြောင်းကို တစ်ခွန်းတပါဒ မှမမေး။ မည်သည်မှလည်း မပြောပါလျှက် ညိုတို့အကြောင်းကို တစ်ယောက်ယောက်က အသိပေးလိုက်၍ ဟုသာ ညို့ဘာသာ အလိုလိုနားလည်မိရသည်။ မေမေ မေးလျှင် “သမီး တို့ ရိုးရိုးခင်ကြတာပါ” ဟု ယုံလောက်အောင်ပြောကာ မောင် နှင့်အဆက်အသွယ်မပြတ် အောင် လုပ်မည်ဟူသောစိတ်ကူးသည် မေမေ မမေးသောအခါ ကြံရာမရဖြစ်ရသည်။ “စာမေးပွဲနီးပြီ၊ ငါ့သမီးလေး ယာဉ် အတိုက်အခိုက် စိုးရိမ်ရတယ်” ဟူသောတစ်ခွန်းနှင့် ကျူရှင်သို့အပို့အကြိုများအတွက်လည်း ဘာမှတုံ့ပြန်မပြောနိုင်အောင် ဖြစ်ရသည်။ ထိုအတွင်း စာကျက်ရန်အကူဆရာမတစ်ယောက် အိမ်သို့ ရောက်လာသောအခါ ညို နှုတ်ခမ်းကိုသာ နာနာ ကိုက်မိသည်။ ပညာလိုလားသူတစ်ဦးဖြစ်၍ ကျူရှင်ချိန်၊ စာကျက်ချိန်များကို စိတ်ပါလက်ပါပြုလုပ်သော်လည်း ငယ်ရွယ်နုနယ် သော စွဲလမ်းမှုက ညို့ကို ဂျစ်တိုက်သူတစ်ဦးအဖြစ် ရောက်စေသည်။ စိတ်ကို အလိုမကျသောအခါ ညို အများဆုံး ဂျစ် တိုက်သူသည် မေမေပင်။ အံ့သြစရာမှာ မေမေနှင့်တကွ အိမ်သားအားလုံးသည် ညို ပြဿနာရှာသမျှ၊ ငြူစူသမျှ အရာရာ ညိုသာလျှင် အမှန် ဖြစ်စေ လျှက် အလိုလိုက်နိုင်ကြခြင်းပင်။ ညို သည် မမကြီးအပေါ် တစ်ခုခုမြည်တွန်လိုက်လျှင် မမကြီးအလွန်သာဖြစ်လျှက် ညို့ကို ချော့မော့ကာ မမကြီးကို ပြစ်တင်မောင်းမဲကြ သည်။ မောင်းမဲခံရသော မမကြီးကလည်း ညို့ကိုတန်ပြန်ချော့လေ သော် ညို အခက်တွေ့ရသည်။ အကြီးနှင့်မို့ ငယ်သူကို အလျှော့ပေးလေသည်လားဟု အတွေးရောက်လျှက် မောင်ငယ် လေးနှင့် ပြဿနာ ဖန်တီးပြန်တော့ ဆူပူခြင်းခံရသူမှာ မောင်ငယ်လေးသည်သာ။ ညို သည် မင်းသမီးတစ်ပါးနှယ် အလိုလိုဖြစ်တည်လာသည်။ ညို့ ပါးစပ်မဟလိုက်နှင့်..။ ဖြည့်ဆည်းပေးရန် အ သင့်။ စာကျက်ရ၍ ညောင်းညာနေသလားဟု ဖေဖေကိုယ်တိုင် နှိပ်နယ်ပေးတော့ ညို စိတ်မကောင်းဖြစ်ကာ မျက်ရည်ဝဲမိ လေသည်။ အားလပ်ချိန်များတွင် အပန်းဖြေရန် ဇာတ်ကားကြည့်ရှုချိန်တိုင်း ကလေးမွေးသည့်အခန်းများပါလာလျှင် မေမေက ညို့နဖူးပြင်ပေါ်ဝဲကျနေသော ဆံနွယ်များကို ညင်သာစွာပွတ်သပ်လျှက် “သမီး ကို မွေးတုန်းက ဘယ်လို” အစချီကာ ညို့ ကို မည်မျှချစ်ခင်ကြောင်း ပြောဆိုတတ်သည်။ ညို သည် မွေးရကျိုးနပ်သည့် လိမ္မာထူးချွန်လှသည့် သမီးကောင်း ရတနာ တစ်ပါးအဖြစ် အိမ်သို့ ဧည့်သည်များလာတိုင်း စကားမစပ် စပ်အောင် ပြောလေသည်။ ပညာရေးနှင့် ပတ်သတ်သည့် ဆုများမကြာခဏရသည့် ညို့ အကြောင်း သိနေနှင့်ကြသည့် ဧည့်သည်များ ကလည်း “ဟုတ်တာပေါ့ မှန်တာပေါ့” စသဖြင့် အလိုက်သင့်ထောက်ခံကြကာ ညို့ကို ချစ်ခင်နှစ်သက်မှုပြကြသောအခါ ဤမြေတစ်လွှာဝယ် ညို သည် ရှားမှရှားသော မိန်းမငယ်ပါလားဟု ကိုယ့်ကိုကိုယ် ထင်မှတ်စေသည့်အထိပင်။ ပေးဆပ်သူ၊ ချစ်ခင်သူများ အလည်တွင် ဂျစ်တိုက်သူတစ်ယောက်အဖြစ် ညို မည်မျှကြာရှည်ခဲ့ပါမည်နည်း။ မောင် က ချစ်သည်ဆိုခဲ့ခြင်းထက် ညို့အပေါ်အဆများစွာ ချစ်ခင်အလိုလိုက်သူများအလယ်တွင် ညို သည် လပိုင်းမျှဖြစ်တည်ခဲ့ သော ချစ်ခြင်းကို မေ့လျော့စပြုလာသည်။ ဂီတ၀ိုင်းမသွားရသော်လည်း ဖေဖေ ၀ယ်လာပေးသော စီဒီချပ်များနားထောင် ရခြင်းနှင့် တစ်ခါတရံ ညို့ စာကျက်ဆရာမတီးခတ်ပြလေသော ပီယာနိုသံက ညို့ကို ညွတ်နူးစေသည်။ ထိုစာကျက်ဆရာမ ကို မေမေ ရွေးချယ်ခေါ်ယူလာခြင်းကို တစစ သဘောပေါက်သိမြင်လာချိန်တွင် ညို့ မျက်ရည်ကျခဲ့ရလေသည်။ 

***** 

ထို နှစ်က ဆယ်တန်းစာမေးပွဲကို ညို ဂုဏ်ထူးသုံးဘာသာနှင့် အောင်မြင်ခဲ့ပါသည်။ မေမေနှင့် မိသားစု၏ ချစ်ခြင်းမေတ္တာသည် ည်ု၏ တိမ်းစောင်းစပြုနေသော လမ်းကို ကောင်းစွာတည့်မတ်ပေးနိုင်ခဲ့သည်။ 

****** 

အခုတော့ ထိုစဉ်က ညို့အရွယ်သို့ သမီးရောက်ရှိလာခဲ့ပြီ။ ကလေးစဖွယ်သွက်လက်လှုပ်ရှားမှုများနှင့် ပညာရေး ကို အားကြိုး မာန်တက်ပြုလုပ်လေသောသမီးအတွက် ညို စိတ်အေးခဲ့ရသည်။ ယခုသော် “နေဈာန်” ဟူသော အမည်နာမက ညို့ကို စိုးရွံ့ စေသည်။ ပရင့်ထုတ်ကာ စာအိတ်အ၀ါနုရောင်များပြုလုပ်လျှက် သိမ်းဆည်းထားခြင်းက ညို့ပင့်သက်ကို လေးလံစေသည်။ သမီး ကွန်မန့်တချို့ကို မြင်ယောင်မိသောအခါ အသက်ရှုပင်မှားချင်မိသည်။ “ဒီတစ်ပုဒ်လည်း ရင်ထဲထိတာပဲ နေ။ နေ က ရေးတတ်လိုက်တာ။ နေ့အရေးအဖွဲ့တိုင်းက ကူး ရင်ကို တိုက်ရိုက် ထိတယ်သိလား။ ညဘက်ရေးမှ ဈာန်ဝင်တယ်ဆိုတဲ့ တစ်ခါကပြောဖူးတဲ့ပို့စ်ထဲကလို အခုလည်း ညဘက်မအိပ်ဘဲ ရေးပြန်တာထင်တယ်နော်။ ကျန်းမာရေးကို ဂရုစိုက်ပါ နေ။ အမြဲ အားပေးနေမယ်နော်။ နေ့ ဘလော့ဂ်ကို အမြဲရောက် ပါတယ် ချစ်ခင်တဲ့ ကူး” 

****** 

ညို ဖွင့်ထားပေးသော အီးမေးလ်အပြင် နောက်ထပ်အသစ်ထပ်မံအသုံးပြုသော အီးမေးလ်ရှိမရှိ ညို မသိရှိရသေး။ နေဈာန် နှင့် ကနေဒါ ဟူသော အမည်နာမနှင့် နေရပ်တစ်ခုမှလွဲ၍ စုံလင်အောင်မသိရှိရသေး။ စာအိတ်အ၀ါလေးတွေနှင့် သေသပ် စွာပရင့်ထုတ်ကာ လုံခြုံသောနေရာတွင် သိမ်းဆည်းထားရခြင်းအကြောင်းရင်းကို ညို မသိရှိရသေး.။ နေဈာန်၏ ဘလော့ဂ်ကို မည် သည့်အချိန်ကစ၍ တွေ့ရှိကာ အချိန်ကာလမည်မျှအထိနစ်မျောပျော်ဝင်နေသည်ကို ညို မသိရှိရသေး.။ ညို သည် အင်တာနက်ကို ကိုယ်ပိုင်မတပ်ဆင်ဘဲ အောက်ထပ်ရှိအင်တာနက်ဆိုင်ကလေးမှ ၀ိုင်ဖိုင်ခွဲဝေယူခဲ့ခြင်းအတွက် များစွာကျေနပ်မိ လေသည်။ ညို မတတ်ကျွမ်းလေသော ပညာရပ်တစ်ခုဖြစ်သည့် သမီးအတွက်ပိတ်ပင်လိုသော ဆိုရှယ် မီဒီယာနှင့် မသင့်တော် သောwebsite အချို့ကို အင်တာနက်ဆိုင်ကလေးမှ ညို့ အိမ်အတွက် သီးသန့်ပိတ်ပင်ပေးထား လေသည်။ ညို့တုန်းက မေမေ သုံးခဲ့သည့် နည်းလမ်းလို အပြည့်အ၀သုံးခွင့်ရှိလာမည်မထင်ပေ။ သမီး သည် ညို နှင့် ကို တို့ ၏ တစ်ဦးတည်းသော သမီး။ သမီး အဖေသည် တစ်နှစ်တစ်ကြိမ်မှ အိမ်ပြန်လာလေသော ပင်လယ်ပြင်တွင် အမှုထမ်းရ သူဖြစ်သည့်အတွက် သမီးနှင့်ညို နှစ်ဦးတည်းသည်သာ ကမ္ဘာတစ်ခုဖြစ်သည်။ သမီး ကို ငယ်စဉ်ကတည်းက ထိန်းကျောင်း လာခဲ့လေသော မိသားစုပမာဖြစ်နေသည့် မမမြကိုလည်း ထည့်သွင်းအသုံးပြုသင့်လျှင် ပြုရပေမည်။ အဓိက နှလုံးသားချင်းသိမြင်ရမည်မှာ ညိုနှင့်သမီး သာ ဖြစ်သည်။ သမီးတို့ ခေတ်သည် ညိုတို့ ခေတ်ထက် သိမြင်လွယ်၊ ထိစပ်လွယ်၏။ သမီးတို့ ခေတ် ဆယ်တန်းသည် ကိုယ်ပိုင်အီးမေးလ်ကို အသုံးပြုနေရပြီ။ ပညာရေးနှင့် ပတ် သတ်သော website များကြည့်ရှုနေရသည်။ သမီးတို့ခေတ်သည် လွတ်လပ်ပေါ့ပါ့းခြင်းနှင့် မိမိကိုယ်တိုင် ဆုံးဖြတ်နိုင်စွမ်း ကို ရယူလိုစိတ်ရှိကြသည်။ ချစ်ခင်အလိုလိုက်မှု ပုံအောပေးခြင်းတစ်ခုတည်းဖြင့် သမီးတို့ ခေတ်တွင် လုံလောက်မည် မထင် သေးပါ။ သမီး ခြေလှမ်းများကို ပိတ်ပင်တားဆီးဖို့ထက် သမီး ခြေလှမ်းများနှင့်အတူ ယှဉ်လျှက်လျှောက်နိုင်ဖို့ ညို ကြိုးစား ရပေ မည်။ ညို လျှောက်သောလမ်းသည် မှန်ကန်တည့်မတ်ခဲ့လျှင် သမီး သည် ညို့လက်ကိုဆွဲလျှက် ပြုံးပျော်စွာလျှောက် မည်သာ။ သူ့ ခြေဖ၀ါးလေး၏စောင်းလုလုကိုတောင် သတိထားရှိမည် မဟုတ်။ သမီး ကို သိမြင်ဖို့ရာ ညို့ကို သမီး သေချာစွာမြင်တွေ့နိုင်ရန် ဦးစွာကြိုးစားရပေမည်။ ညို သည် သမီး၏ လွတ်လပ်သော စိတ်ကူးစိတ်သန်းတို့ကို တားဆီးမည့်သူ မဖြစ်စေရ။ ညို သည် သမီး၏ထိုးထွင်းသိမြင်နိုင်ခြင်းတွေကို လိုလား အားပေးသူ ဖြစ်ရ မည်။ သမီးသည် လောကကိုကြောက်ရွံ့တုန်လှုပ်သော ကလေးငယ်မဖြစ်စေရ။ သမီး သည် မှန်ကန် သောဝေဖန်ဆန်းစစ်နိုင်ခြင်း ကို ကိုယ်တိုင်ပြုလုပ်နိုင်စွမ်း ရှိသူဖြစ်ရပေမည်။ ညို ၏ ချစ်ခြင်း၊ ညို ၏ လိုက်ပါနားလည်ခြင်းကို သမီး သိမြင်ပြီးသည့်နောက်တွင် ညို သည် သမီး၏ မိခင် တစ် ယောက် အဖြစ်သာမက၊ သူငယ်ချင်းတစ်ယောက်လည်း ဖြစ်နိုင်သည်။ ဆရာမတစ်ဦးလည်း ဖြစ်နိုင်သည်။ သမီး စိတ်ကူး စိတ်သန်းများကို နားလည်လက်ခံပေးရာ ပရိသတ်တစ်ယောက်လည်း ဖြစ်နိုင်သည်။ ညို့ ခြေလှမ်းမယိုင်စေလိုသည့် အတွက် သမီး သည် သူ့ ခြေလှမ်းတို့ကို ကျနစွာဂရုစိုက်ပေလိမ့်မည်။

***** 

 တစ်ကျော့ပြန် အချိန်တို့ ရောက်လာသည်မှာ မြန်ဆန်လွန်းသည်သာမက မောပန်းလှသည်ဟု နံရံထက်မှ မေမေ့ဓာတ်ပုံ ကို ငေးကြည့်လျှက် တိုးတိတ်စွာ ညို ရေရွတ်မိလေသည်။ ။ 

*ရွှေအိမ်စည်*

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)