(သြဂုတ်လ ၉ ရက် ၂၀၁၃- သောင်ရင်းနဂါး)
ထိုင်းနိုင်ငံတွင် ဆယ်စုနှစ်အတွင်း အကြီးမားဆုံးသော ရေလွှမ်းမိုးမှုကို ထိုင်း-မြန်မာနယ်စပ်ရှိ ထိုင်းဧရိယာ မဲဆောက်မြို့နှင့် မြန်မာနိုင်ငံဧရိယာ မြ၀တီမြို့ဘက်က လှိမ့်ပိမ့်ခံကြရပြီးနောက် ယခုအခါ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်နေကြသည်ကို တွေ့ရသည်။
( အ၀တ်အထည်များ ဝေငှအပြီး)
ထိုင်း- မြန်မာနယ်စပ် မဲဆောက်မြို့ ဘက်ခြမ်းရှိ ဝှေ့မုတ်ရွာနှင့် ၀မ်းသခီးယန်းရွာ၊ ထဆိုင်လွတ်ရပ်ကွက်စသည့် လူတစ်ရပ်ကျော်နှင့် လူနှစ်ရပ်နီးပါး ရှိသော ရေဘေးသင့်နေရာများသို့ မြန်မာနိုင်ငံအလုပ်သမားဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးနှင့် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ အလုပ်သမားသံအရာရှိဖြစ်သူ ဦးကျော်ကျော်လွင်နှင့် JACBA ဦးမိုးကြိုးတို့သည် ကွင်းဆင်းလှူဒါန်းမှုများကို ပြုလုပ်ခဲ့ကြကြောင်း ရှေ့က သတင်းများတွင် ဖော်ပြပြီး ဖြစ်ပါ၏
( ကျောင်းသုံးစာအုပ်များ ဝေငှနေစဉ်)
ဤသို့ ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများကို တနိုင်တပိုင်ဆောင်ရွက်ပြီးသည့်နောက်တွင် သြဂုတ်လ ၅ ရက်နေ့မှစ၍ JACBA မှ ကြီးမှူးတည်ထောင်ထားသော ကျောင်းသား ၄၂၇ ဦးရှိသည့် နေ့သစ်အလကကျောင်းကို ပြန်လည်ဖွင့်လှစ်ခဲ့ပါသည်။
ထိုသို့ နေ့သစ်အလကကျောင်း ပြန်ဖွင့်ပါမှ JACBA အဖွဲ့သည် မိမိတို့ အားသွန်ခွန်စိုက် ပါဝင်ခဲ့သော ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများ၌ မိမိတို့၏ မြန်မာရွှေ့ပြောင်းအလုပ်သမား မိသားစုဝင် ကျောင်းသားကလေးများသည်လည်း ရေဘေးသင့်သဖြင့် ကျောင်းမလာနိုင်ကြသည်ကို
ကောင်းစွာ သတိပြုမိပါတော့သည်။
( ကျောင်းသုံးစာအုပ်များ ဝေငှအပြီး)
မိမိတို့ မိဘများနှင့်အတူ ရေဘေးသင့်ကြသော နေ့သစ်အလကကျောင်းမှ ကလေးငယ် (၇၉) ဦးရှိရာ ကျောင်းဝတ်စုံအပါအ၀င်ဝတ်စရာအ၀တ်အထည်များ ရေထဲပါသွားခြင်း၊ ကျောင်းစာအုပ်အပါအ၀င်
ဖတ်စရာ ရေးစရာ စာအုပ်များရေထဲပါသွားခြင်းတို့ကို ကြုံတွေ့ကြရသဖြင့် မြန်မာနိုင်ငံအလုပ်သမားဝန်ကြီးဌာနနှင့် မဲဆောက်ဒေသတွင်းရှိ စက်ရုံအလုပ်ရုံ လုပ်ငန်းခွင်ပေါင်းစုံတို့မှ လှူဒါန်းနေကြဆဲဖြစ်ကြောင်း အသိပေးအပ်ပါသည်။
( အ၀တ်အထည်များ ဝေငှနေစဉ်)

No comments:
Post a Comment