ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, August 14, 2013

---ရင်ခွင်အိမ်---

>
၁။

ညနေခင်းသည် ပင်ပန်းနွမ်းနယ်နေသော မြို့ပြကို လေပြေတို့နှင့် ချွေးသိပ်နေသည်။ တစ်နေ့တာလုံး မာန်မာနကြီးကြီးနှင့် ဝင့်ကြွားခဲ့သော နေမင်းသည် ပူလောင်စေခြင်းတို့ကို ရုပ်သိမ်းကာ ညနေခင်းအချိန်ကလေးကို လှသည်ထက်လှအောင် အလှဆင်လျက်ရှိသည်။ ကောင်းကင်သည် အပြာရင့်ရောင်ဝတ်ရုံကို ခြုံကာ တောက်ပလျက်ရှိသည်။ အစိမ်းရောင် ကန်ရေပြင်သည် ကောင်းကင်မှ ဖြာကျလာသော အရောင်နှင့် ပိုမိုလင်းလက်ကာ လှပ နေသည်။ ရံဖန်ရံခါ ဖြတ်တိုက်လာသော လေပြည်တို့ကြောင့် ဖြစ်လာသည့် လှိုင်းကြက်ခွပ် ကလေးများသည် ကန်ရေပြင်ကို ဘော်သားငွေရောင်တောက်ကာ တဖြတ်ဖြတ် လက်နေစေသည်။ ကန်ဘောင်တစ်လျောက်တွင် လမ်းလျောက်နေသူများ၊ အပန်းဖြေနားနေနေသူများ၊ လက်ခြင်းတွယ်ချိတ်ကာညင်ညင်သာသာလျောက်လှမ်းနေကြသော ချစ်သူစုံတွဲများ၊ စွန်လွှတ်နေကြသော လူငယ်ကလေးများ၊ ပြေးလွှားနေသော ကလေးသူငယ်များ နှင့် စည်ကားလျက်ရှိသည်။ ကျွန်မကဲ့သို့ တစ်နေရာထဲတွင် ငြိမ်သက်စွာထိုင်ရင် အမြင်ရောက်ရာကို စူးစိုက်ကာ ကြည့်နေသော သူများလည်း ရှိကောင်းရှိနေနိုင်ပါသည်။ လိမ္မော်ရောင်ရင့်ရင့် နေမင်းသည် ကန်ရေပြင်တွင်မေးတင်ကာ နေ့တစ်နေ့ကို နှုတ်ဆက်ရန် ပြင်ဆင်နေပြီ။ မကြာမီအချိန်တွင် သူသည် ကန်ရေပြင်အတွင်းသို့ တဖြည်းဖြည်း ချဉ်းနင်းဝင်ရောက်ပေတော့မည်။ သူ၏ ယနေ့အတွက် နှုတ်ဆက်ခြင်းသည် မနက်ဖြန်ကို နှုတ်ခွန်းဆင့်ရန်မဟုတ်ပါလား။ နေရောင်မရှိတော့သော ညနေခင်းသည် လက်ကျန်အလင်းရောင်များဖြင့် လှပနေသေးသည်။ အိပ်တန်းတက်ရန် အချိန်တန်ပြီဟု ဘာသာဘာဝ နားလည်ကြသော ငှက်ကျေးတို့သည် အိမ်ပြန်ရန် ပြင်ဆင်နေကြပြီ။ ကျွန်မတွင်ရော ပြန်ရန်အိမ် ရှိပါသလား။ နွေးထွေးသော ရင်ခွင်တစ်ခုကို အိမ်အဖြစ် သတ်မှတ်၍ ရမည်ဆိုလျှင် နှစ်သက်မြတ်နိုး စရာ အိမ်ကလေး ကျွန်မမှာ ရှိခဲ့ပါသည်။

 ၂။

အဲ့ဒီညက ကြယ်တွေ မငိုပါဘူး..၊ အဲ့ဒီညက လေတွေမထန်ပါဘူး..၊ ပြီးတော့ အဲ့ဒီညက တိမ်တွေ မပြိုခဲ့ပါဘူး..။ သူ့ကိုချစ်သော ချစ်ခြင်းသည် မြတ်နိုးခြင်းမှ အစပြုသည်။ ထို့နောက်တွင် အားကိုးခြင်း၊ တပ်မက်ခြင်း နှုင့် ဝန်တိုခြင်း အစရှိသည်တို့ အသီးသီး ထပ်မံပါဝင်လာသည်။ ထူးဆန်းသော ခံစားမှုနှင့် ဆန္ဒများသည် သူနှင့်စတင်ရင်းနှီးချိန်တွင် ဖြစ်ပေါ်လာခဲ့သည်။ သူ၏မျက်တောင် စင်းစင်းများကို ချစ်သည်။ သူ၏ မကျေမနပ်နှင့်ပေစောင်းစောင်း အကြည့်တို့ကို မကြာခဏမြင်ယောင်မိတိုင်း ပြုံးရယ်မိခြင်းသည် ချစ်ခြင်းမှလွဲ၍ တခြားတစ်ပါးသော အကြောင်းအရာ ဖြစ်နိုင်မည် မထင်ပါ။ လူတစ်ဦးတစ်ယောက်ကို ချစ်မြတ်နိုးမိလျှင် မြင်တွေ့ကြားသိရသမျှသော သူ၏ အကြောင်းအရာသည် အပြစ်တစ်ခု ဖြစ်သည်ဟု တွေးထင်ကြည့်၍ပင် မရပါ။ သူ့အနောက်တွင် သူ့အရိပ်ကိုခို၍ လျောက်လှမ်းရသည်ကို နှစ်သက်သည်။ သူမိုးပေးသော ထီးအောက်တွင် သူ၏ အင်္ကျီစများကို ဆွဲကိုင်ရင်း လိုက်ပါရသည်ကို မြတ်နိုးသည်။ သူဖျော်တိုက်သော ကော်ဖီတစ်ခွက်သည် နတ်သုဒ္ဒါတစ်ခွက်နှင့် မလဲနိုင်သကဲ့သို့ သူချက်ကျွေးသော ဟင်းတစ်ခွက်သည် အလုံးစုံသော အာဟာရကို ဖြစ်စေသည်ဟု စိတ်တွင် ထင်မှတ်မိသည်။
ရံဖန်ရံခါတွင် သူ၏နဘေးတွင် တိတ်တဆိတ်ထိုင်နေရင်း သူ၏ လှုပ်ရှားမှုတို့ကို လိုက်လံ ငေးမောနေရသည်ကို ကျွန်မနှစ်သက်သည်။ ကျွန်မသည် အလိုက်ကောင်းဆိုး မသိသော၊ သူ၏အပြောအရ အထူအပါး နားမလည်သော ခပ်ထူထူ မိန်းမတစ်ယောက် ဖြစ်ကောင်း ဖြစ်နေပါမည်။ သို့သော် သူ့အပေါ် ထားရှိသော ကျွန်မ၏ ချစ်ခြင်းတို့ကိုမူ သူ သေချာစွာ မြင်နိုင်ပါသည်။ ချစ်သူအပေါ်ထားရှိမိသော ချစ်ခြင်းတွင် ဟန်ဆောင်ခြင်း ဖုံးကွယ်ခြင်းမရှိပါ၊ လိမ်ညာ လှည့်ဖျားခြင်း မရှိပါ၊ ပရိယာယ် မာယာမရှိပါ။ မြှူဆွယ်သိမ်းသွင်းခြင်း မရှိပါ။ နှိုင်းယှဉ်ခြင်း မရှိပါ။ ပြစ်တင်ပြောဆိုခြင်း မရှိပါ။ ပကတိစိတ် အရင်းခံကို ကောင်းကောင်း ထိုးထွင်း မြင်နိုင်မည်သာ..။ သူကျွန်မကို ချစ်သလား၊ မချစ်ဘူးလား ကျွန်မ မေးမကြည့်ဖူးပါ။ စကားလုံးများနှင့် ပြောပြစရာမလိုသော စိတ်ခံစားမှုတစ်ခုကို သူ့ထံတွင် မြင်တွေ့ခဲ့ရသည်။ မိန်းမတစ်ယောက်၏ မာန်မာန အမြင့်ဆုံးအချိန်သည် သူမချစ်မြတ်နိုးရသောသူက သူမကို ချစ်မြတ်နိုးနေသည်ဟု ယုံကြည်နေသော အချိန်များပင်ဖြစ်သည် မဟုတ်ပါလား။ ကျွန်မ မာန်မာနတွေနှုင့် ဝင့်ကြွားနေခဲ့ဖူးပါသည်။ ကျွန်မသူ့ကိုချစ်သောချစ်ခြင်းတွင် မောင်ငယ်ကလေးတစ်ယောက်ကိုချစ်သော အလိုလိုက်လိုသည့် ချစ်ခြင်းလည်း ပါသည်။ အစ်ကိုတစ်ယောက်လိုအားကိုးသော ချစ်ခြင်းလည်းပါရှိသည်။ မိတ်ဆွေ တစ်ယောက်ကဲ့သို့ ဆိုးတိုင်ပင် ကောင်းတိုင်ပင်နှင့် အရာရာ ဝေမျှနားလည်လိုသော ချစ်ခြင်းလည်းပါသည်။ ဘဝလက်တွဲဖော်တစ်ယောက် ကဲ့သို့ အလုံးစုံသော ယုံကြည်မှုနှင့် ချစ်ခြင်းလည်း ပါရှိသည်။ ဖျောက်ဖျက်မရနိုင်သော ပုံရိပ်သည် မည်သည့်အချိန်က စွဲထင်နေသည်ကို မသိရှိခဲ့သ်ာလည်း သိရှိနားလည် လာသော အချိန်တွင် နက်ရှိုင်းသော စိတ်အခြေတွင် အမြစ်တွယ်နေခဲ့ပြီးဖြစ်သည်။

 ၃။ 

တိတ်တဆိတ်ငြိမ်သက်နေသော အခန်းတစ်ခုသည် ခြောက်ခြားစရာကောင်းလှသည်။ သူရှိမနေဘူးဆိုသော အသိကို တစ်ခဏကလေးမျှပင် မခံစားနိုင်ပါ။ ဝေးကွာခြင်း ဆိုသည်ကို လက်တွေ့တွင်မဆိုနှင့် အတွေးအဖြစ် သို့မဟုတ် စကားအဖြင်နှင့် ကြားရလျှင်ပင် အရိုးအရေတို့ ကျိုးကြေသွားအောင် ထုရိုက်ခံရသကဲ့သို့ ခံစားရသည်။ သို့သော် သူသည် ကျွန်မ၏နဘေးနားတွင် အမြဲတစေ ရှိနေရမည်ဟု ကျွန်မ မပညတ်လိုပါ။ သူ့တွင် မိတ်ဆွေသူငယ်ချင်းများနှင့် သွားလာလည်ပတ်လိုသော စိတ်လည်း ရှိနိုင်သည် မဟုတ်လား။ တရှပ်ရှပ်နှင့် ကြားနေရသော အသံသည် သူ၏ခြေသံ ဖြစ်ပါစေဟု တိတ်တခိုး မျှော်လင့် မိသည်။ သို့သော် ထိုအရာတို့မှာ ဝေဝေဝါးဝါးနှင့် အိပ်မက်များသာ။ အချိန်တိုင်း သူ၏ အနားတွင် ရှိနေချင်ခြင်းသည် ချစ်ခြင်းတစ်ခု ဖြစ်ချင်မှ ဖြစ်မည်။ သို့သော် ချစ်ခြင်းတစ်ခု ကြောင့် ရှိနေချင်ခြင်း ဖြစ်သည်မှာ သေချာလှသည်။ ပါးပြင်ပေါ်မှ နွေးထွေးသော အတွေ့တစ်ခုသည် အစစ်အမှန်ဟုတ်ပါရဲ့လား။ မျက်လုံးများဖွင့်ကြည့်ချိန်တွင် ရုပ်ချည်းပျောက်ကွယ်သွားသည်။ သူနှင့် ပတ်သက်လျှင် မည်ကဲ့သို့ နာကျင်ခြင်းကိုမျှ မခံစားလိုခြင်းသည် ကျွန်မ၏ အတ္တစိတ်တစ်ခုသာ။ မည်သို့ပင်ဖြစ်စေ သူသည် ကျွန်မကိုယ်တိုင် ရေးခြယ်ခဲ့သော ပန်ချီကားတစ်ချပ် ကဲ့သို့သာဖြစ်သည်။ တောက်ပသော ကားချပ်တစ်ခု ဖြစ်ကောင်းဖြစ်နိုင်သကဲ့သို့ မှိန်ဖျော့သော ကားချပ်တစ်ခုလည်းဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် ကျွန်မ၏ နှလုံးသွေးဖြင့် ရေးခြယ်ခဲ့ခြင်းဖြစ်သောကြောင့် မြတ်နိုးဖွယ် အတိသာ ဖြစ်သည်။ ရံဖန်ရံခါတွင် သူသည် ကျွန်မအနားမှထွက်သွားရန် ပြင်ဆင်နေပုံရသည်။ ထိုအခါမျိုးတွင် တိတ်တဆိတ် နာကျင်ဝမ်းနည်းနေရုံမှတစ်ပါး ကျွန်မဘာမှ မတတ်နိုင်ပါ။ သူမရှိဘဲ နေနိုင်သလား ဟူသော အမေးတွင် ကျွန်မ၏ အဖြေသည် “မနေနိုင်ပါ” ဟူသည့် ရိုးရှင်းသည့် အဖြေ တစ်ခုသာဖြစ်သည်။ ထို အဖြေစကားအတွက် ရှက်ကြောက်စရာ မလိုဟု ကျွန်မ ယုံကြည်သည်။ ကိုယ့်ချစ်သူအပေါ်တွင် ရိုးရှင်းသော ဆန္ဒတစ်ခု ထုတ်ဖော်ပြောပြခွင့် မိန်းမတစ်ယောက်တွင် ရှိသင့်သည်မဟုတ်ပါလား။ ဂုဏ်၊ သိက္ခာ နှင့် အခြားသော အပေါ်ယံ အကြောင်းအရာများဖုံးလွှမ်း၍ ဘောင်အတွင်းသို့ သွတ်သွင်း ထားသော အယူအဆများဖြင့် ပြောဆိုရသည်ကို ကျွန်မ မနှစ်သက်ပါ။ အထူးသဖြင့် မိမိ ချစ်မြတ်နိုးသူအပေါ် ရိုးရှင်းစွာ ပွင့်လင်းစွာ ပြောဆိုသင့်သည် မဟုတ်ပါလား။ ဤကဲ့သို့ ပြောဆိုခြင်းအတွက် အထင်အမြင်သေးသွားမလားဟူသော စိတ်ကို ကျွန်မ စဉ်းငယ်မျှ မစဉ်းစားမိပါ။ ကျွန်မနှင့် ထပ်တူကျသော ရိုးစင်းသည့် အတွေးကိုသာ သူလည်း တွေးလိမ့်မည်ဟု ကျွန်မယုံကြည်သည်။

 ၄။ 
နူးညံ့သော သံစဉ်ရှိသည့် သီချင်းများကို နားထောင်ဖြစ်လာခြင်းသည် စိတ်နှလုံးသား နူးညံ့လာခြင်းကြောင့် ဖြစ်မည်။ ချစ်ခြင်းဖွဲ့ တေးသံတို့သည် ကြားရသည့် အခါတိုင်း မရိုးနိုင်အောင် နားဝင်ချိုလှသည်။ အလွမ်းသီချင်းများကို နားထောင်မိတိုင်း စိုးရွံ့စိတ်တို့ ဝင်လာခြင်းသည် တမင်ဖန်တီးထားသော အကြောင်းတစ်ခုမဟုတ်မှန်း ချစ်သူ သိစေချင်လှသည်။ ချစ်ခြင်းသည် ရဲဝံ့ခြင်းကို ပေးသကဲ့သို့ ကြောက်ရွံ့ခြင်းကိုလည်း ဖြစ်စေသည်။ ချစ်ခြင်း တစ်ခုဖြင့် အရာရာကိုရင်ဆိုင်ရဲသကဲ့သို့ ချစ်ခြင်းကြောင့် ပြေးရှောင်ပုန်ကွယ်သွားခြင်း များလည်း ရှိသည်။ သို့သော် အဘယ်အကြောင်းကြောင့်နှင့်မျှ ကျွန်မ သူ့အနားက ပြေထွက် ပုန်းရှောင် မသွားလိုပါ။ ရံဖန်ရံခါ အမှန်တရားတို့သည် ခါးသည်းလှသည်။ အတိတ်မှ အကြောင်းတို့ကို သူနှင့်ကျွန်မ ရှိရာသို့ ယူဆောင်မလာစေလိုပါ။ သိသော်လည်း ထပ်မကြားလိုပါ၊ မမြင်လိုပါ။ သူ၏ စိတ်တွင် ကျွန်မ မှတပါး အခြားတစ်စုံတစ်ယောက် ရှိနေခြင်းကို လက်မခံလိုခြင်းသည် ဝန်တိုမှု ဖြစ်သည်၊ စိတ်သဘောထားမကြီးဟုဆိုလျှင် ထိုခေါင်းစဉ်တပ်ခြင်းကို ကျွန်မ နှစ်သက်စွာပင် ခံယူပါမည်။ ထိုကဲ့သို့ ဝန်တိုခြင်း သည် သူ့ကိုချစ်သည့် အတ္တကြောင့် ဖြစ်သည်ကိုမူ ကျွန်မ ဝန်ခံပါသည်။ 

 ၅။ 

မနက်အာရုဏ်သည် အလင်းကို စတင်ခေါ်ယူလာပြီဖြစ်သည်။ ဟိုတစ်ချက် သည်တစ်ချက် ကြားနေရသော ငှက်ကျေးသံတို့သည် သာယာသည့်မနက်ခင်းကို ပိုမိုတောက်ပစေသည်။ နေမင်းသည် ပျော့ပြောင်းသော ရောင်ခြည်နှင့်အတူ လောကတစ်ခွင်ကို နှုတ်ခွန်းဆက်ပြီ။ တိမ်တို့သည် ဟိုတစ်လိပ် သည်တစ်လိပ်နှုင့် ကောင်းကင်ပြာနောက်ခံတွင် ပန်ချီကား အမျိုးမျိုးကို ဖန်တီးနေခဲ့သည်။ ကျွန်မအပေါ် ထားရှိသော သူ၏ချစ်ခြင်းကို ကျွန်မ ယုံမှားသံသယ မရှိပါ။ ပူပန်ခြင်းသည် တားဆီး၍ ရနိုင်သော အရာ ဟုတ်ပါလား။ ရောက်ရာအရပ်မှ ဖုန်းခေါ်တတ်သော သူ၏အသံကို မကြားရလျှင် သို့မဟုတ် သူ့အား ခေါ်ဆို၍ မရလျှင် ရရျိသော ပူပန်ခြင်းသည် အတိုင်းအဆ နှင့် ခိုင်းနှိုင်း၍ပင်မရပါ။ ရုတ်တရက် မြည်လာသော ဖုန်းသံသည် တစ်ညတာလုံး စိတ်အကျဉ်းကျနေရသော ကျွန်မကို လွတ်မြောက်းသွားစေသည်။ သူသည် ကျွန်မကို ကျောခိုင်းမသွားသေးဘူး ဆိုသော အသိသည် အရာရာကို ကျေနပ်နေစေသည်။ တံခါးဖွင့်သံသဲ့သဲ့သည် ရင်ခုန်ညွှတ်နူးဖွယ်ရာ အတိဖြစ်သည်။ တံခါးနောက်ကွယ်တွင် ငြိမ်သက်စွာ ရပ်နေသော ကျွန်မကို သူ့ရင်ခွင်တွင် ခိုလှုံစေသည်။ တစ်ညတာလုံး ကျခဲ့သော မျက်ရည်သည် မကုန်နိုင်သေးပါ။ သူ့ပခုံးတွင် မျက်နှာအပ်ရင်း ကျနေသော မျက်ရည်တို့သည် ဝမ်နည်းအားငယ်ခြင်းနှင့် ဝမ်းသာပျော်ရွှင်ခြင်းတို့ ပေါင်းစပ်ပါဝင် နေသည်ကို သူက ကောင်းကောင်းသိပေလိမ့်မည်။ နဖူးပြင်ကို ဖွဖွ နမ်းရှိုက်ရင်း ခပ်သဲ့သဲ့ ရယ်လိုက်သော သူ့အသံသည် ကျွန်မ အတွက် အချိုမြဆုံးသော ဂီတသံတစ်ခုဖြစ်သည်။

 ၆။ 

 နွေးထွေးသော ရင်ခွင်တစ်ခုကို အိမ်အဖြစ် သတ်မှတ်၍ ရမည်ဆိုလျှင် နှစ်သက်မြတ်နိုး စရာ အိမ်ကလေး ကျွန်မမှာ ရှိခဲ့ပါသည်။ ထိုရင်ခွင်အိမ်ကလေးသည် ကျွန်မ တစ်သက်တာ နားခိုလိုသော နေထိုင်လိုသော အိမ်ကလေးသာဖြစ်သည်။ 

 *ပျိုးယုဝသုန်*

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)