ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, August 21, 2013

-သစ်ပုတ်ပင်အောက်က တီတစ်ကောင် ( ၀တ္ထုငယ် )-

>
သစ်ပုတ်ပင်ဟာ အထင်ကရအမှတ်အသားတစ်ခုပါ။ အနာဂတ်ခွန်အားတို့ကို ရေလောင်းပေါင်းသင်ပေးရာ နေရာရဲ့ နိမိတ်ပုံ။ ငြိမ်းချမ်းခြင်း၊ စိမ်းလန်းခြင်းတို့နှင့်အတူ ရနံ့လှလှတွေ မျှဝေပေးတဲ့ နေရာ။ ပျော်ရွှင်ခြင်း၊ ကြည်နူးခြင်းတွေနောက်မှာ ခွဲခွာခြင်း၊ လွမ်းဆွတ်ခြင်းတွေ ရှိကြပေမယ့် ဒါဟာ လောကသဘာဝတစ်ခု ရယ်လို့ တရားကိုယ်စီနဲ့ စုပေါင်းအားကို ဖြည့်တင်းပေးတဲ့ဒေသ။ အလင်းရောင်ရဲ့ ပလ္လင်။ အဲဒီလို ပွင့်လင်းသော တံခါးများနဲ့ ထင်ရှားစွာ မြင်သာသောနေရာ...။ ဒီလိုနေရာကို မရောက်ဖူးသူ မဖြစ်လိုတဲ့ တီတစ်ကောင်ဟာ သူ့ဒေသလေးကို ခွဲခွာပြီး အားကြိုးမာန်တက်နဲ့ ခရီးထွက်ခဲ့ပါတယ်။ တွန့်လိန်ကောက်ကွေးပြီး တရွေ့ရွေ့တွားသွားနေရတဲ့ သူ့အခြေအနေကို ရောက်လိုတဲ့နေရာရဲ့ အာရုံဖမ်းစားမှုမှာ အားအင်တွေ ပြန်လည်မွေးဖွားခဲ့တာ အခါခါပါ။ တစ်နေ့တစ်လံ ပုဂံဘယ်ပြေးမလဲပြောပြော၊ ငုတ်မိသဲတိုင် တက်နိုင်ဖျားရောက်ပဲဆိုဆို လုံ့လရဲ့ကောင်းကျိုးပေးမှုကို ဒီတီကောင်လေးလည်း ခံစားခဲ့ရပါတယ်။ ကိုယ်မှန်းဆတဲ့ ခရီးကို ရောက်တဲ့အခါ မောပန်းမှုတွေ ပြေပျောက်လို့ လန်းဆန်းကြည်နူးမှုတွေအောက်မှာ ပျော်ရွှင်ကျေနပ် ရတဲ့အရသာဟာ ထူးကဲလှပါတယ်။ ဧည့်ခန်းဆောင်ထဲက ဖုန်မှုန်ကင်းစင်တဲ့ အဆင်အသွေးတွေလို့ ထင်မိနေရပါတယ်။ ဒါပေမယ့် ... အဲဒီ ဒါပေမယ့် ဆိုတာကြီးက တစ်ကယ့်ကို လွန်လွန်းလှပါတယ်။ ပညာတို့နားခိုရာမို့ မမှန်တရားကို လက်မခံနိုင်ကြသူတွေ အားမွေးတဲ့နေရာကို အာဏာနဲ့ လက်နက်အားကိုးသူတွေက အတင်းဝင်ရောက် ဖျက်ဆီးခြေမှုန်းလိုက်တာ သုဿာန်တစပြင်လေလား ထင်ရပါတယ်။ သွေးကွက် သွေးစွန်းတွေဟာ သစ်ပုတ်ပင်ကြီးကို တဖျန်းဖျန်းစင်လာပါတော့တယ်။ သားရဲတိရစ္ဆာန်ကြီးတွေဟာ အပြစ်ကင်းစင်တဲ့ သားကောင်လေးတွေကို လက်သည်းချွန်တွေနဲ့ကုတ်ခြစ်၊ အစွယ်တွေနဲ့ကိုက်ဝါး၊ သံခွာခြေထောက်တွေနဲ့နင်းခြေ၊ လုပ်ချင်တိုင်း လုပ်နေလိုက်ကြတာကို တီကောင်လေးဟာ မျက်ရည်တွေရွှဲရွှဲစိုတဲ့ တစ်ကိုယ်လုံးနဲ့ မြေထဲမှာပုန်းလျှိုးရင်း မကြားချင်မှအစ မမြင်ချင်မှအဆုံး တုန်လှုပ်စွာ ခံစားနားလည်ခဲ့ပါတယ်။ နောင်နှစ်တွေဘယ်လိုပြောင်းပြောင်း ခေတ်တွေ ဘယ်လိုဟောင်းဟောင်း မေ့ပျောက်လို့ မရနိုင်ခဲ့တာလည်း အသေအချာပါ။ ဂုဏ်တင့်သူကို ဂုဏ်မပြုနိုင်တဲ့နေရာ၊ အရိပ်အာဝါသကောင်းတွေကို ချိုးဖျက်ခံရတဲ့နေရာ၊ အနာဂတ်ကို မြေမြှုပ်ခဲ့တဲ့နေရာ... အဲဒီနေရာမှာသစ်ပုတ်ပင်ကြီးမပျော်နိုင်တာကို ဟောဒီ တီကောင်လေးလည်းေ၀၀ါးတဲ့ မြင်ကွင်းတွေကြားကနေ တွေ့နေရပါတယ်။ မျှဝေခံစားနေမိပါတယ်။ တီကောင်လေးဟာ လူးလွန့်ရှောင်တိမ်းရင်း မြေတွင်းထဲမှာနေခဲ့ပေမယ့် အိပ်စက် အနားယူတဲ့အခါမှာတောင် အိပ်မက်ဆိုးတွေက ခြောက်လှန့်လို့ ညဆိုရင်လည်း ထိတ်ထိတ်လန့်လန့် ဖြစ်ခဲ့ရပါတယ်။ အမှောင်လွှမ်းသောကာလများကို ဘယ်သူတွေက မြတ်မြတ်နိုးနိုးနဲ့ သိမ်းဆည်းနေကြပါသလဲ။ ဘယ်သူတွေက လက်ဆင့် သင်ကြားပေးခဲ့ပါသလဲ။ စာနာညှာတာမှု၊ တန်းတူအလေးထားမှု တွေမရှိဘဲ အနိုင်ကျင့်ဖိနှိပ်မှု၊ရက်စက်မှု၊ ကောက်ကျစ်မှုဆိုတာတွေဟာ တန်ဖိုးထားရမယ့်အရာတွေ ဟုတ်ပါသလား။ တီကောင်လေးမှာ မတွေးတတ်တော့ပါ။ လောကကြီးသာယာအေးချမ်းနေတာက လှသလား။ ပျက်စီးဆုံးရှုံး မီးခိုးလုံးတွေ မှောင်ပိတ်နေတာက လှသလား။ အများအတွက်စဉ်းစားကြည့်မိတာပါ။ အနည်းစုလေးသာယာ ဘရမ်းဘတာတွေ လိုပါသလား။ တီကောင်လေးမှာတော့ ဟိုရှောင် ဒီပုန်းနဲ့ တီကောင်ရုပ်တောင် မပေါက်တော့အောင် ကြေကွဲခံစားနေခဲ့ရပါတယ်။ လည်စင်းပြီး ပေးဆပ်သွားကြသူတွေ အတွက်လည်းနှမျောတသ နေမိပါတယ်။ ဒီအင်ဒီအားတွေသာ အလုပ်ခွင်မှာငြိမ်းချမ်းစွာအားထုတ်ခွင့်ရမယ်ဆိုရင် သစ်ပုတ်ပင်ကြီးလည်း “အထူးလော၊ တက်တိမ်လော၊ နေရောင်လော” လို့ တင်စားခံနေရမှာ အသေအချာ။ အချိန်တွေဆိုတာ ပြောင်းလဲတတ်ခြင်းသဘောမှာ အခြေခံနေတာကြောင့် သစ်ပုတ်ပင်ကြီးလည်း “ခြအုံလည်းဖြစ်၊ ဓားထစ်လည်းခံ”၊ “စစ်ရောက်စခန်း ပြဆိုညွှန်း” ဆိုသလို မဖွယ်မရာ ကြုံနေခဲ့ရတာတွေဟာ ဇွဲလုံ့လနဲ့တိုးထွက်မှုတွေအောက်မှာ တဖြည်းဖြည်းလျှော့ပါးလာပါတော့တယ်။ တီကောင်လေးလည်း အိပ်မက်ဆိုးတွေ မက်နေတာလျှော့ကျသွားပါတယ်။ ၀န်းကျင်ကငြိမ်းချမ်းလာသလို အများသူငါအတွက် သာယာမှုတွေ မျှဝေနိုင်တာကြောင့် စည်ပင်မှုတွေ ပိုပိုလာပါတော့တယ်။ ပြုံးပျော်နေတဲ့ အသံတွေ၊မျှော်လင့်ကြိုဆိုကြတဲ့ အသံတွေ၊ အားပါးတရ လက်ဆုပ်ဖြေကြတဲ့ အသံတွေဟာ ကြိုကြားကြိုကြားကနေ တဖြည်းဖြည်း ပဲ့တင်လာတာတွေကို နားဆင်ရင်း တီကောင်လေးရင်ထဲမှာ စိမ့်ထွက်လာတဲ့ ကြည်နူးသွေးတွေဟာလှည့်ပတ်လို့နေပါတော့တယ်။ ပျော်ပါတယ် မေမေရယ်... လို့ စကားသံတွေ ထွက်လာတဲ့အထိ ရင်ခုန်ဝမ်းသာနေမိပါတယ်။ အိပ်မက်လေလားလို့လည်း ထင်မိပါရဲ့။ ချောက်အိပ်မက်တွေဝေးရာ သစ်ပုတ်ပင်ကြီး အရိပ်မှာ နားနားနေနေ နေခွင့်ရချင်ခဲ့ပါပြီ။ တီကောင်တစ်ကောင်အတွက်တော့ ငြိမ်းချမ်းသာယာတဲ့ အလင်းရောင်အောက်မှာ ပန်းမျိုးစုံပွင့်လန်းနေကြတာကို မြင်ချင်နေပါပြီ။ တီကောင်လေးတတ်နိုင်သရွေ့ ပန်းပင်ကလေးတွေ လေ၀င်လေထွက်ကောင်းစေဖို့ မြေသားတွေကို ပွပွလေးဖြစ်အောင် လုပ်ပေးပါ့မယ်။ ဒီလိုဆိုခဲ့တဲ့ တီကောင်လေးဟာ အခုအချိန်မှာတော့ ညင်သာနုရွတဲ့ ခြေလှမ်းတွေအတွက် ညစ်ပေမှုတွေ မရှိရအောင် ကြိုးစားနေရင်း အဲဒီသစ်ပုတ်ပင်ကြီး အောက်မှာ အပြုံးတွေ တဝေေ၀နဲ့ ကများတောင် ကနေလေမလားလို့ ...။ 

*ငြိမ်းစိုးဦး *

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)