အရက်သောက်ြခင်း ကြောင့် စိတ် ကျရောဂါ ဖြစ်စေနိုင်သည်ဆိုခြင်းနှင့် အရက်သေစာပြယ်အာနိသင်သည် စိတ်ကျရောဂါကို တားဆီးပေးနိုင် သည်ဆိုခြင်းရှိ မရှိကို သြစတြေးလျ အနောက်ပိုင်း တက်္ကသိုလ်မှ အာရုံ ကြော သိပ်္ပံပညာရှင်များက သုတေ သနပြုသော်လည်း ကျိန်း သေမ ပြောပေ။ သို့သော် အရက်အလွန်အကျွံ သောက်ခြင်းနှင့် အရက်စွဲခြင်းက စိတ်ကျရောဂါကို မြင့်မားစေနိုင်သည် ကိုမူ သုတေသနပြုနိုင်၍ ဖော်ပြခဲ့ သည်။ ၄င်းတို့ဖော်ပြချက်အရ စိတ် ကျရောဂါနှင့် အရက်အလွန်အကျွံ သောက်ခြင်း၊ အရက်စွဲခြင်းတို့က ကျိုးကြောင်းဆက်နွှယ်ကြောင်း ဖော် ပြသည်။
သို့သော်၎င်းတို့က ““ဖြစ်စဉ် ဖြစ် ရပ်တွေကို အခြေတည်ြပီး တော့ သုတေသနပြုပြီး ကိုးကားဖော်ပြရ
တာမ့ိုကျိန်း သေပြောနိုင်တဲ့အရာတော့ မဟုတ်ပါဘူး ။ဒါပေမယ့်အရက်သောက် ခြင်းနှင့်စိတ်ကျရောဂါကြား အဆက် အစပ်ကိုတော့ စူးစမ်းလေ့လာမှုတွေ က ဝေခွဲရန်ခက်ပါတယ်””ဟုဆိုသည်။
ဥပမာအားဖြင့် အရက်အများ ကြီး သောက်တဲ့အတွက် ဆေးလိပ် အများကြီး သောက်မိနိုင်ကြောင်း၊ အစာ ခြေအင်္ဂါကို အားပျော့စေ ကြောင်း၊ ယင်းနောက်ပိုင်း အခြား သော ကျန်း မာရေးပြဿသနာ ၀င်ရောက် စေနိုင်ကြောင်း ပညာရှင်များက ဆို သည။် ထိုသ့ိုပြဿသနာများ ကြုံပြီး နောက် ပိုင်း စိတ်ကျရောဂါဖြစ်ဖ့ို အခြေအနေ များက အလွန်နီးစပ်နေသည်။ သြစတြေးလျပညာရှင်များ၏ သုတေ သနပြုချက်မှ အရက်သေစာသည် စိတ်ရွှင်လန်းစေသည်ဆိုခြင်းနှင့် သို့မ ဟုတ်ပါက စိတ်ကျရောဂါဖြစ်ခြင်း များ၊ စိတ်အားတက်ကြွစေသည်ဆို ခြင်းများဖြစ်နိုင် မဖြစ်နိုင်၊ ရှိမရှိ လေ့ လာခြင်းဖြစ်သည်။ သုတေသနအရ တစ်ထစ်ချ ကောက်ချက် မချနိုင်သော်လည်း အရက်သောက်များလွန်းက သို့ မဟုတ် အရက်စွဲနေသူများဖြစ်က စိတ်ကျ ရောဂါဝေဒနာများအန်္တရာယ် လက် တစ်က မ်း မှာရှိနေသည်ဟုသိရသည်။
+နေခြည်+
**Public Health** -

No comments:
Post a Comment