ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Saturday, September 7, 2013

--“စကားပြောသောအသဲနှလုံး”ပိုင်ရှင်အကယ်ဒမီ ဦးသိန်းမောင်ကြီး--

>
မြန်မာဇာတ်ကားကြိုက်နှစ်သက်ကြ သည့် ရုပ်ရှင်ပရိသတ်များအနက် ရှေ့မီနောက်မီ ပရိသတ်များအနေဖြင့် “စကားပြောသောအသဲနှလုံး” ဇာတ် ကား ဟု ဆိုလိုက်လျှင် ယင်းဇာတ် ကားထဲမှ အသံသြဇာကောင်းကောင်း နှင့် တစ်ချိန်က ပရိသတ်များ၏ ရင်ထဲတွင် စွဲစွဲလမ်းလမ်း ကြိုက်နှစ် သက်ခဲ့ရသည့် အကယ်ဒမီ ဦးသိန်း မောင်ကြီးကို အမှတ်ရနေကြမည်ဖြစ် ပေသည်။ အကယ်ဒမီ ဦးသိန်းမောင်ကြီး၏ အမည်ရင်းမှာ ဦးသိန်းမောင်ဖြစ် ပါသည်။ ဦးသိန်းမောင်ကြီးသည် အနုပညာလောကသို့ မမျှော်လင့်ဘဲ ရောက်ရှိလာခဲ့သူ တစ်ဦးဖြစ်ကာ ၁၉၆၈ ခုနှစ်က ဒါရိုက်တာ ဦးသုခ ရိုက်ကူးသည့် “စကားပြောသော အသဲ နှလုံး”ဇာတ်ကားဖြင့် အမျိုးသားဇာတ်ပို့ ဆု (အကယ်ဒမီ)ရရှိခဲ့သူတစ်ဦးလည်း ဖြစ်ပါသည်။ ဦးသိန်းမောင်ကြီး၏ ထူးခြားသော ဟန်ပန်မှာ ဆေးလိပ်သောက်ရင်း စကားပြောဆိုသရုပ်ဆောင်မှု၊ အသံ သြဇာပြည့်ဝမှု၊ နိုင်နင်းကျွမ်းကျင်စွာ စကားလုံး ရွေးချယ်တတ်မှုနှင့် ဟန်မပျက် အသက်ဝင်လှသော ရယ်မောဖွယ်ရာ ဟာသပြက်လုံးများ ပြောဆိုတတ်မှုတို့ကား မေ့ဖွယ်ရာ မရှိပေ။

ဦးသိန်းမောင်ကြီးသည် ၁၉၄၅ ခုနှစ်တွင် ဒဂုန်ဆရာတင်၏ ကူညီမှု ဖြင့် လွင်လွင်ရုံ၌ “တ၀ါတွင်း” ပြဇာတ် တွင် ပါဝင်ခဲ့ပြီး ဆက်လက်ပါဝင်ခဲ့သည့် “တညကွင်း”ပြဇာတ်တွင် အထူး အောင်မြင်မှုရရှိခဲ့ကာ ထိုအချိန်မှစ၍ ဦးသိန်းမောင်ကြီး ဟူသောအမည်ကို ပရိသတ်က စတင်အသိအမှတ်ပြု လက်ခံခဲ့ကြပါသည်။ ဦးသိန်းမောင်ကြီးသည် ပြဇာတ် မင်းသားအဖြစ် လှုပ်ရှားနေစဉ်ကာလ အတွင်း “တို့အိမ်ကြီး”၊ “တလှေထဲစီး”၊ “ဝေသာလီ” စသည့် ပြဇာတ်များကပြခဲ့ပြီး ၁၉၅၁ ခုနှစ်တွင် “ငယ်ကျွမ်းဆွေ”၊ “နေရီရီ”၊ ချစ်လင်းရောင်ခြည် စသည့် ပြဇာတ်များတွင် ပါဝင်ခဲ့ပါသည်။ ထိုသို့ ပြဇာတ်လောကတွင် အောင်မြင်လျက်ရှိရာမှ ၁၉၅၆ ခုနှစ် တွင် ရန်ကုန်ရုပ်ရှင်မှ ဒါရိုက်တာ ဒဂုန် ဆရာတင်ရိုက်ကူးသော “မုန်းပါနဲ့ မေရယ်”ဇာတ်ကားသည် ဦးသိန်း မောင်ကြီး ပထမဆုံးသောအသံ ထွက် ဇာတ်ကားဖြစ်ခဲ့ပါသည်။ ထို့ပြင် သရုပ်ဆောင်ကောင်းတို့မည်သည် မိမိ ပါဝင်ရသောအခန်းကဏ္ဍကို ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်ခြင်း သည်သာ အောင်မြင်မှုဖြစ်သည်ဟု ခံယူထားသူ အကယ်ဒမီ ဦးသိန်းမောင်ကြီးသည် ပြဇာတ်လောက၊ ရုပ်ရှင်လောကတို့ တွင် ဇာတ်ပို့၊ ဇာတ်ရံအဖြစ် အကြမ်း၊ အလွမ်း၊ ဟာသတို့ကို သဘာဝကျကျ သရုပ်ဆောင်နိုင်ခဲ့သဖြင့် ပရိသတ် များ၏ ရင်ထဲတွင် ယနေ့ထက်တိုင် စွဲမြဲနေသည့် အနုပညာရှင်တစ်ဦး လည်း ဖြစ်ပါသည်။

အကယ်ဒမီ ဦးသိန်းမောင်ကြီး၏ အနုပညာ သက်တမ်းတစ်လျှောက် ပါဝင်သရုပ်ဆောင်ခဲ့သည့် ဇာတ်ကား ပေါင်း ၁၀၀ အနက် “စကားပြောသော အသဲနှလုံး”၊ “ပြုံးစမ်းပါမောင်”၊ “ရေစီး တခါရေသာတစ်လှည့်”၊ “ချစ်လှိုင်းသံ”၊ “မောင့်အချစ်တော်”၊ “ဂုဏ်ရှိန်မြင့်တဲ့ သူရယ်”၊ “အကြောင်းရှာသော်”၊ “မွှေး”၊ “မိုးနဲ့မြေလွှာ”၊ “နန်းတွင်းအရေးတော်ပုံ”၊ “လူဆိုးတွေနဲ့မောင်တိုင်ပင်”၊ “သူနဲ့သူ”၊ မိုက်တယ်ဆိုတာလွယ်ပါတယ်၊ “မိုးပုလဲ” နှင့် “တိမ်မဲညို”ဇာတ်ကားများတွင် အောင်မြင်မှုရရှိခဲ့ပြီး “သည်သောင် ယံက မခွာရက်တယ်”ဇာတ်ကားတွင် ခေတ်ပြိုင်သရုပ်ဆောင် ဦးကျောက်လုံး နှင့်အပြိုင် သရုပ်ဆောင်ခဲ့ပါသည်။ ထို့ပြင် မိုးပုလဲနှင့်တိမ်မဲညိုဇာတ်ကား သည် ဦးသိန်းမောင်ကြီး၏ နောက်ဆုံး ရိုက်ကူးခဲ့သည့် ဇာတ်ကားဖြစ်ပြီး အဆိုပါ ဇာတ်ကားမပြီးဆုံးခင် ကွယ်လွန်သွားခဲ့ပါသည်။ 

“စကားပြောသောအသဲနှလုံး”ဇာတ် ကားတွင် ဒါရိုက်တာ ဦးသုခက “သိန်းမောင်ကြီး၊ မင်းဒီကားမှာ အကယ် ဒမီရကိုရရမယ်၊ ကြိုးစားစမ်း တပည့် ရေ””ဟု ပြောစကားကြောင့် ကြိုးပမ်း ဆောင်ရွက်ခဲ့ရာ အကယ်ဒမီဆုကြီး ကို ထိုက်ထိုက်တန်တန် အောင်မြင် စွာ ဆွတ်ခူးနိုင်ခဲ့ခြင်း ဖြစ်ပါသည်။ မမျှော်လင့်ဘဲ အနုပညာလောကသို့ ရောက်ရှိခဲ့ပြီး ထိုခေတ်ထိုအခါက ပရိသတ်များအကြိုက် အကြမ်း၊ အလွမ်း နှင့် ဟာသများဖြင့် ပရိသတ်အား ပေးဆပ်နိုင်ခဲ့သူ မြန်မာ့ခေတ်ဟောင်း အနုပညာကြယ်ပွင့်အကယ်ဒမီ ဦးသိန်းမောင်ကြီးသည် ၁၉၇၄ ခုနှစ် ဇွန် ၆ ရက်တွင် ကြွေလွင့်ခဲ့ရသော် လည်း မြန်မာ့ရုပ်ရှင်ပရိသတ်၏ ရင်ထဲ တွင် သတိရအောက်မေ့နေမိကြမည်မှာ အမှနှ် ပင်ြဖစ်ပါတော့သည။်

*ကြေးမုံ*

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)