ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **
Thursday, September 19, 2013
--အလုပ်ခိုင်းပြီး လုပ်အားခမပေးသော ပြဿသနာများ မဲဆောက်ဒေသမှာ ပိုမိုများပြားလာ---
> (စက်တင်ဘာလ ၁၉ ရက်၊ ၂၀၁၃၊ သောင်ရင်းနဂါး)
( မဲဆောက်မြို့ Tip Garment အထည်ချုပ်စက်ရုံ )
ယခုနှစ်များအတွင်း ထိုင်းအလုပ်ရှင်များသည် မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းဥပဒေအတိုင်း နေ့စားခ ဘတ် ၃၀၀ ပေးရန် မဆိုထားဘိ၊ လက်ရှိပေးနေသော ဘတ် ၇၀ မှ ၁၅၅ ဘတ်အထိ ပျမ်းမျှ ပေးနေရသော စက်ရုံအလုပ်ရုံ အလုပ်သမားများ ကိုလည်းကောင်း၊ ပျမ်းမျှ ဘတ် ၇၀ မှ ဘတ် ၁၂၀ အထိ ပေးနေရသော စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်သမားများကိုလည်း ကောင်း၊ ပျမ်းမျှ ဘတ် ၁၄၀ မှ ၂၀၀ အထိ ပေးနေရသော ဆောက်လုပ်ရေးလုပ်သားများကိုလည်းကောင်း၊ လစာငွေတစ်လ ၁၅၀၀ ဘတ်မှ ၃၀၀၀ ဘတ်အထိ ပျမ်းမျှပေးနေရသော အိမ်ဖော်နှင့် ဆိုင်အကူအမျိုးသမီး အလုပ်သမများကိုလည်းကောင်း၊ လုပ်အားခမပေးသော ပြဿသနာများမှာ ပိုမိုများပြားလာကြောင်း ထိုင်း-မြန်မာနယ်စပ်အခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) က သုံးသပ်တင်ပြထားသည်။
(မဲဆောက်မြို့ဆောက်လုပ်ရေးလုပ်ငန်းတခုမှလုပ်အားခမရသောအလုပ်သမားရယောက်ကိုယ်စား၂ယောက်
ထို့အပြင် တရားဝင်မှတ်ပုံတင်ထားသော စက်ရုံအလုပ်ရုံများတွင်သာမက အိမ်ရုံ (ခေါ်) အိမ်တွင်းမှု လုပ်ငန်းငယ်ဟု အမည်ခံထားသော အသေးစား အလုပ်ရုံ ငယ်များနှင့် ဆောက်လုပ်ရေးလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ အိမ်တွင်းအစေခံလုပ်ငန်း၊ စားသောက်ဆိုင်အကူလုပ်ငန်း စသည်တို့တွင်လည်း လုပ်အားခမပေးဘဲ ထားခြင်းတို့ကြောင့် "နေ့စဉ် အကြွေးယူစား၊ လစာထုတ်ရက်အကြွေးပြန်ရှင်းစနစ်" ဖြင့် အစားအစာများ၊ လူသုံးကုန်များနှင့် အခြား တိုလီမိုလီများကို မိမိတို့ နှင့် နီးစပ်ပတ်သက်ရာ ဈေးဆိုင်များတွင် အကြွေးဝယ်ယူဖြေရှင်းနေရသော အလုပ်သမားများမှာ အကြီးအကျယ်အခက်အခဲတွေ့ နေရကြောင်း သိရသည်။
(မဲဆောက်မြို့ Tip Garment အထည်ချုပ်စက်ရုံလုပ်အားခမရသော ပြဿသနာအားဆွေနွေး)
 မဲဆောက်မြို့ ဟိုဖွိုင်ရပ်ကွက်ရှိ Tip Garment အထည်ချုပ်စက်ရုံ (မြန်မာတို့အခေါ် - ပလာတာစက်ရုံ) မှ အထည်ချုပ်လုပ်သား ကိုစည်သူက "နေ့တိုင်းအကြွေးယူစားပြီး လစာထုတ်ရင် ပြန်ရှင်းကြရတာဗျ၊ စားစရာတွေရော လိုအပ်တဲ့လူသုံးကုန်ပစ္စည်းတွေနဲ့ ဆေးဝါးတချို့ပါအကြွေးယူတယ်လေ၊ လစာထုတ်ရက်က မမှန်တဲ့အပြင် ကျနော်တို့စက်ရုံဆိုရင် လစာထုတ်မပေးတာ တလခွဲ ရှိပြီဆိုတော့ သေပြီပေါ့ဗျာ၊ လစာထုတ်ရက်က မမှန်တဲ့အပြင် ကျနော်တို့စက်ရုံဆိုရင် လစာထုတ်မပေးတာ တလခွဲ ရှိပြီဆိုတော့ သေပြီပေါ့ဗျာ၊ ကျနော်တို့ကိုသာ လစာထုတ်မပေးတာ၊ အလုပ်ရှင်က နောက်ထပ်ကားတစ်စီး ၀ယ်လိုက်တာ မျက်မြင် ဖြစ်ရဲ့သားနဲ့ နေအုံး ပေးစရာမရှိဘူးလို ပြောတာကို ဘယ်သူမှ လက်မခံကြဘူးလေ။ အခုဆိုရင် ဘယ်ဆိုင်ကမှ အကြွေးမပေးတော့ဘူး၊ အခြားစက်ရုံက ထမင်းစားဆောင် စားဖိုမှူးတွေ ကျနော်တို့စက်ရုံက ထမင်းချက်တွေကို ကပ်ပေါင်းပြီး စားနေရတယ်ဗျ။ ဒီကနေ့ဆိုရင် ထိုင်းအလုပ်သမားဝန်ကြီးဌာန အလုပ်သမား ကာကွယ်ရေးရုံး (ဆ၀ါဒီကန်) ကို JACBA အဖွဲ့က ဆရာမိုးနဲ့အတူ လုပ်အားခ ၄၅ ရက်စာကို မရတဲ့ အလုပ်သမား ၆၉ ယောက်စာအတွက် အလုပ်ရှင်ထံက တောင်းပေးပါလို့ ဆက်သွယ်သတင်းပို့ထားပါတယ်။" ဟုရှင်းပြသည်။  
မဲဆောက်မြို့ မြောက်ဘက် မယ်ရမတ်မြို့နယ်ရှိ တယ်လီဖုန်းကြိုးတပ်ဆင်ရသော လုပ်ငန်းတွင် နှစ်လခန့် လုပ်ကိုင်ခဲ့ပြီး လုပ်အားခ မရကြသော မြန်မာအလုပ်သမား ၁၄ ဦး ရှိသည့်အနက် တစ်ဦးဖြစ်သည့် ဦးကျော်ကလည်း "တစ်နေ့လုပ်မှတစ်နေ့စား ရတဲ့ ကျနော်တို့အတွက် ပထမတော့ အလုပ်ရှင်က တစ်ပတ်တစ်ခါ လုပ်အားခရှင်းတယ်။ နောက်တော့ ၁၀ရက်တစ်ခါ၊ အဲဒီကနေ ၁၅ ရက်တစ်ခါ၊ နောက်ဆုံးတော့ ၁ လတစ်ခါ နောက်ကိုဆုတ်သွားတယ်။ ကျနော်တို့အဖွဲ့ဆိုရင် လူ ၁၄ ယောက်စလုံး လုပ်အားခမရလို့ အဲဒီအလုပ်လုပ်တဲ့ နေရာအနီးက ဈေးဆိုင်တွေကို မျက်နှာမပြရဲတော့ဘူး။ တောင်းပန်ရတာလည်း များလို့ ကိုယ့်မျက်နှာကိုယ် ဓါးနဲ့တောင် လှီးပစ်ချင်တယ်ကွာ။ အဲ..... အလုပ်ရှင်ကို သူပြဖူးတဲ့ သူ့အိမ်ဆိုတာကို မဲဆောက်အလုပ်သမားဝန်ကြီးဌာနရုံး (ဆ၀ါဒီကန်) နဲ့ ဆရာမိုးတို့ ကျနော်တို့ တတွေလိုက်ရှာကြတာ နှံ့နေတာပဲ။ သူတို့ထိုင်းအချင်းချင်းတောင် ပြောယူရတယ်။ အခုထိအလုပ်ရှင်ဆိုတဲ့လူကို မတွေ့ကြဘူးဗျ။" ဟု ပြောပြသည်။ 
(မယ်ရမတ်မြို့နယ်ရှိ တယ်လီဖုန်းကြိုးတပ်ဆင်ရသော လုပ်ငန်းမှ နှစ်လစာလုပ်အားခရရှိရန်တောင်းဆိုကြသူ၂ယောက်)
ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်တွင်မြို့နယ် ၉ မြို့နယ်ရှိပြီး မဲဆောက်မြို့နယ်သည် မြန်မာရွှေ့ပြောင်းအလုပ်သမား အလွှာပေါင်းစုံတို့နေထိုင်လုပ်ကိုင်နေကြသော လူဦးရေအများဆုံး မြို့တစ်မြို့ဖြစ်ကာ မြန်မာပြည်သား ၂ သိန်းခန့် ရှိကြောင်း ခန့်မှန်းသိရှိရသည်။ ယခုနှစ်များအတွင်း တရားဝင်စက်ရုံအလုပ်ရုံကြီးအချို့သည် ပုံမှန်သတ်မှတ် လစာ ထုတ်ရက်နောက်ကျ လာသကဲ့သို့ လစာကို အပြည့်မပေးဘဲ တစ်ဝက်ပေးခြင်း၊ အိမ်ရုံ (ခေါ်) တရားမ၀င်အလုပ်ရုံငယ်အချို့သည်လည်း လုပ်အားခအပြည့်မပေးခြင်း၊ လုပ်အားခတစ်ဝက်သာပေးခြင်းနှင့် လုပ်အားခလုံးဝမပေးရသေးခြင်းတို့ကို ပြုမူလျက်ရှိကြောင်း မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်
မတီ (JACBA) က လေ့လာစောင့်ကြည့်တင်ပြထားသည်။
(စက်တင်ဘာလ ၁၉ ရက်၊ ၂၀၁၃၊ သောင်ရင်းနဂါး)
No comments:
Total Pageviews
Labels
ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)