ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, September 30, 2013

နိုင်ငံတကာထူးခြားသတင်းများ

> **မွမ်ဘိုင်းလေးထပ်တိုက်ပြိုကျမှု ၄၂ ဦးသေဆုံး** မွမ်ဘိုင်း စက်တင်ဘာ ၂၉ အိန်္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့အတွင်းရှိ လူနေလေးထပ်အဆောက်အအုံ ပြိုကျ မှုတွင် အနည်းဆုံး လူ ၄၂ ဦးသေဆုံးရပြီဖြစ်ကြောင်း ဘီဘီစီသတင်းတွင် စက်တင်ဘာ ၂၈ ရက်က ဖော်ပြသည်။ ယင်းအဆောက်အအုံသည် စက်တင်ဘာ ၂၇ ရက်က ပြိုကျခဲ့ခြင်းဖြစ်ပြီး တိုက်အုတ်ကျိုးအုတ်ပျက်ပုံအောက်မှ အသက်ရှင်လျက် ဆွဲထုတ်ကယ်တင်နိုင် သူ ၃၃ ဦးခန့် ရှိသည်ဟု ဆိုသည်။ မြို့အရှေ့ဘက် ဒေါ့ယတ်လမ်းမကြီးအနီးရှိ ယင်းအဆောက်အအုံ ပြိုကျချိန် တွင် လူ ၈၃ ဦးနှင့် ၈၉ ဦးကြား ရှိနေကြောင်း သတင်းတွင်ဖော်ပြသည်။ ယခုလေးထပ် အဆောက်အအုံပြိုကျခြင်းအကြောင်းအရင်းကို မသိရှိရ သေးဟု သတင်းတွင်ဖော်ပြသည်။ (ဘီဘီစီ) **နိုင်ဂျီးရီးယားစက်လှေ နစ်မြုပ် ၄၂ ဦးသေဆုံး၊ ၁၀၀ ကျော်ပျောက်ဆုံး** နိုင်ဂျာ စက်တင်ဘာ ၂၉ နိုင်ဂျီးရီးယားနိုင်ငံ အလယ်ပိုင်းနိုင်ဂျာမြစ်အတွင်း စစ်လှေတစ်စင်း နစ်မြုပ်ခဲ့ရာ အနည်းဆုံး ၄၂ ဦး သေ ဆုံးပြီး ၁၀၀ ကျော် ပျောက်ဆုံးနေ ကြောင်း ကယ်ဆယ်ရေးအဖွဲ့က ပြော သည်။ အဆိုပါ စက်လှေသည် စက်တင် ဘာ ၂၇ ရက် ညပိုင်းက နစ်မြုပ်ခဲ့ ခြင်းဖြစ်ပြီး စက်လှေပေါ်တွင် တင် ဆောင်နိုင်သည့် အရေအတွက်ထက် နှစ်ဆပိုတင်၍ နစ်မြုပ်ခဲ့ဖွယ်ရှိ ကြောင်း တာဝန်ရှိသူများကပြော သည်။ယင်းစက်လှေသည် မာလီလီ ကျေးရွာမှအထွက် နှစ်ပိုင်းပြတ်ပြီး နစ်မြုပ်သွားခဲ့ကြောင်း နိုင်ဂျာ ပြည်နယ်အရေးပေါ် စီမံခန့်ခွဲရေး အေဂျင်စီအကြီးအကဲ မိုဟာမက်ရှာ ဘားက အေအက်ဖ်ပီသို့ ပြောသည်။ ယင်းဖြစ်စဉ်သည် မကြာသေးသည့် နှစ်အတွင်းက အဆိုးရွားဆုံးသော ဖြစ်ရပ်တစ်ခုဖြစ်ကြောင်း၊ ယင်း အတွက် မိမိတို့အနေဖြင့် သင်ခန်းစာ ယူရမည်ဖြစ်ကြောင်း မစ်္စတာရှာဘား ကပြောသည်။ ယင်းစက်လှေသည် မာလီလီဈေးမှအထွက် ကုန်သည် အများအပြားနှင့် ကုန်ပစ်္စည်းများ တင်ဆောင်လာခဲ့သည်ဟု ၎င်းင်းက ပြောသည်။ (ဘီဘီစီ) **အိန္ဒိယ၀န်ကြီးချုပ် ပါကစ္စတန်ကြမ်းဖက်မှုကို သတိပေး** နယူးဒေလီ စက်တင်ဘာ ၂၉ ပါကစ်္စတန်နိုင်ငံ အနေဖြင့်အကြမ်းဖက်ဝါဒ ဗဟိုချက်ပြုလုပ်နေ ခြင်းကို ရပ်တန့်ရမည်ဖြစ်ကြောင်း အိန်္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်းက ၀န်ကြီးချုပ်နာဝပ်ရှရစ်နှင့် တွေ့ဆုံ ဆွေးနွေးပွဲမတိုင်မီ ပြောကြားလိုက်သည်။ အာရှပြိုင်ဘက်နိုင်ငံအကြား ဆက် ဆံရေး ပိုမိုကောင်းမွန်စေရေးအတွက် မစ်္စတာရှရစ်၏ မျှော်လင့်ချက် အိပ်မက်များကို မျှဝေပေးလိုကြောင်း မစ်္စတာဆင်းက အလေးအနက် ပြော ကြားလိုက်သည်။ နယူးယောက်၌ ယင်းတို့နှစ်ဦး တွေ့ဆုံဆွေးနွေးပွဲမတိုင်မီ နယူး ဒေလီနှင့် ဆက်ဆံရေးအသစ်မြှင့်တင် လိုကြောင်း မစ်္စတာရှရစ်က ဆော်သြ တိုက်တွန်းလိုက်သည်။ ယင်းတို့နှစ်နိုင်ငံ ဆက်ဆံရေး သည် ကက်ရှ်မီးယားဒေသအငြင်းပွား မှုတွင် တိုက်ပွဲဖြစ်ပွားရာမှ တင်းမာ မှုများ ဆက်လက်ဖြစ်ပွားနေခဲ့သည်။ အိန်္ဒိယထိန်းချုပ်သော ကက်ရှ် မီးယားဒေသတွင် စက်တင်ဘာ ၂၆ ရက်က စစ်သွေးကြွများက ရဲစခန်းနှင့် စစ်စခန်းတစ်ခုကို ၀င်ရောက် စီးနင်း တိုက်ခိုက်ခဲ့သဖြင့် အနည်းဆုံး လူ ၁၀ ဦး သေဆုံးခဲ့ရသည်။ ၂၀၀၈ ခုနှစ်မွမ်ဘိုင်းမြို့ ဗုံးခွဲတိုက်ခိုက်မှုကိုလည်း ပါကစ်္စတန်အခြေစိုက် စစ်သွေး ကြွများ လက်ချက်ဟု နယူးဒေလီက အပြစ် ပြောဆိုလျက်ရှိသည်။ (ဘီဘီစီ) **နိုင်ရိုဘီဈေးတိုက်မခံရမီ သတိပေးချက်များကြိုတင်ရ** နိုင်ရိုဘီ စက်တင်ဘာ ၂၉ ကင်ညာရှိ နိုင်ရိုဘျွှီနျအါအေန ဈေးကြီးကို အဲလ်ရှာဘတ်လက်နက် ကိုင်များ ၀င်စီးနင်းမတိုက်ခိုက်မီ ကင်ညာအစိုးရ၀န်ကြီးများက တိုက် ခိုက်မှုများ ဖြစ်ပွားနိုင်မည်ဆိုသည့် သတိပေးချက်များ ကြိုတင်ရရှိထား ခဲ့ကြောင်း ဘီဘီစီသတင်းတွင် စက် တင်ဘာ ၂၈ ရက်က ဖော်ပြသည်။ နိုင်ရိုဘီနှင့် မွမ်ဘာဆာမြို့များ တွင် တိုက်ခိုက်ရေးအစီအမံများ ရှိနေ သည်ကို ပေါက်ကြားခဲ့သော ထောက် လှမ်းရေး ညွှန်ကြားချက်များက ပြည့်ပြည့်စုံစုံ ဖော်ပြထားကြောင်း ကင်ညာမီဒီယာအရ သိရသည်။ ကက်ဘိနက် အဖွဲ့ဝင်ဝန်ကြီး လေးဦးနှင့် ကင်ညာကာကွယ်ရေး တပ်ဖွဲ့အကြီးအကဲတို့ ယင်းသတင်း ရရှိကြောင်းကို ပြောကြားသည်။ စက်တင်ဘာ ၂၁ ရက်ျွှနျအါအေန ဈေးကြီးကို အဲလ်ရှာဘတ်အဖွဲ့ ၀င်ရောက်စီးနင်းပြီးနောက် သေဆုံးသူ အနည်းဆုံး ၆၇ ဦးရှိခဲ့သည်။ နိုင်ရိုဘီနှင့် မွမ်ဘာဆာမြို့များ တွင် အကြမ်းဖက်အန်္တရာယ်တိုးမြှင့်ပြီး စက်တင်ဘာ ၁၃ နှင့် ၂၀ ရက်ဝန်းကျင် ကြား တစ်ပြိုင်နက်တိုက်ခိုက်မှုများ ဖြစ်ပွားနိုင်သည်ဟု ၀န်ကြီးများသို့ သတင်းညွှန်ကြားချက်များ ပေးပို့ ထားခဲ့ကြောင်း တန်ပြန်ထောက်လှမ်း ရေး သတင်းများအရ ကင်ညာ ဒေးလီးနေးရှင်းသတင်းက ကိုးကား ဖော်ပြသည်။ ဇန်န၀ါရီလအတွင်း ပထမ အကြိမ်သတိပေးခဲ့ကြောင်း၊ ယခု စက် တင်ဘာလအစတွင် ထပ်မံသတိပေး မှုများရှိခဲ့ကြောင်း ယင်းသတင်းအရ သိရသည်။ (ဘီဘီစီ) **မာလာလာကို ဟားဗက်တက္ကသိုလ်က လူသားချင်းစာနာထောက်ထားမှု ဆုချီးမြင့်** နယူးယောက် စက်တင်ဘာ ၂၉ တာလီဘန်တို့၏ လုပ်ကြံသတ်ဖြတ်ခြင်းမှ အသက်ဘေးလွတ်ခဲ့သူ မာလာလာယူဆွပ်ဇိုင်းကို ဟားဗတ်တက်္ကသိုလ်မှ ယခုနှစ်အတွက် လူသားချင်းစာနာထောက်ထားမှုဆုကို ပေးအပ်ချီးမြှင့်ကြောင်း ဒေးလီး မေးသတင်းတွင် စက်တင်ဘာ ၂၈ ရက်က ဖော်ပြသည်။ ကြားရေး တက်ကြွလှုပ်ရှားသူ မာလာလာ သည် စက်တင်ဘာ ၂၇ ရက်က ဟားဗတ်တက်္ကသိုလ်တွင် 2013 Peter J.Gemes Humanitarian Award ကို ဂုဏ်ပြုချီးမြှင့်ခြင်းခံရသည်။ ပြီးခဲ့သည်နှစ်အောက်တိုဘာလအတွင်း မာလာလာကို တာလီ ဘန်များက ဦးခေါင်းကို သေနတ်ပစ်လုပ်ကြံခဲ့ကြခြင်းဖြစ်သည်။ ၁၆ နှစ်အရွယ် မာလာလာက နိုင်ငံရေးသမားတစ်ယောက်ဖြစ်ရန် ရည်သန် ကြောင်း၊ နိုင်ငံရေးသမားများက ကျယ်ကျယ်ပြန့်ပြန့် သြဇာသက်ရောက် စွမ်းဆောင်နိုင်၍ဖြစ်ကြောင်း ပြောကြားသည်။ ဆွတ်တောင်ကြားမွေးရပ်မြေသို့ သတိတရပြောကြားပြီး တစ်နေ့ တွင် အိမ်ပြန်မည်ဟု စိတ်ကူးထားသည်ဟု ဆိုသည်။ (ဒေးလီးမေး) **စပိန်ပြည်သူများ ဘုရင်စနစ်ကို အလိုမရှိ** စပိန်နိုင်ငံ မြို့တော်မက်ဒရစ်တွင် ထောင်ပေါင်းများစွာသော ပြည်သူများက လမ်းမများပေါ်ထွက်ပြီး သက်ဦးဆံပိုင်ဘုရင်စနစ် အဆုံးသတ်ရန် ဆန်္ဒပြခဲ့ကြ သည်။ စက်တင်ဘာ ၂၈ ရက်က ပြုလုပ်သော အဆိုပါ ဆန်္ဒပြသူများက ဘုရင် ဂျူအန်ကားလို့စ် ထီးနန်းစွန့်ရေး၊ ဘုရင်စနစ်အဆုံးသတ်ပြီး သမ်္မတနိုင်ငံထူထောင် ရေး ဆော်သြတိုက်တွန်းခဲ့ကြသည်။ စပိန်ဘုရင်ကားလို့စ်က သုံးနှစ်အတွင်း ရှစ်ကြိမ်မြောက် ခွဲစိတ်ကုသမှုခံ ယူနေစဉ် ထီးနန်းစွန့်လိမ့်မည်ဟူသော ကောလာ ဟလအပေါ် မဟုတ်မမှန်ကြောင်း ငြင်းဆိုလိုက်သည်။ **အီတလီဝန်ကြီးချုပ် နုတ်ထွက်မည်ဟု ခြမ်းခြောက်** အီတလီဝန်ကြီးချုပ် အင်န်ရီကိုလက်တာက ၄င်း၏ ၀န်ကြီးအဖွဲ့ လာမည့် သီတင်းပတ်အတွင်း ပါလီမန်ကထောက်ခံမဲပေးခြင်း မပြုလုပ်နိုင်ခဲ့လျှင် ရာထူးမှ နုတ်ထွက်မည်ဟု ခြိမ်းခြောက်လိုက်သည်။ ၄င်းအနေဖြင့် ဗဟိုလက်ဝဲပါတီများ နှင့်အတူ ယူရိုသုံးဘီလီယံဘတ်ဂျက်ကို စီမံခန့်ခွဲနိုင်ခြင်း မရှိခဲ့ပြီး နောက်တစ်ရက် အကြာ စက်တင်ဘာ ၂၈ ရက်က ရာထူးမှနုတ်ထွက်ရန် ခြိမ်းခြောက်လိုက်သည်။ ယင်းဘတ်ဂျက်ငွေခွဲဝေမှု အဆင်မပြေခြင်းသည် အီတလီအစိုးရကို ပြိုကွဲသွား နိုင်သည်ဟု ဆိုသည်။ စုစည်းဘာသာပြန်-မြင့်မောင်စိုး

**မွမ်ဘိုင်းလေးထပ်တိုက်ပြိုကျမှု ၄၂ ဦးသေဆုံး** မွမ်ဘိုင်း စက်တင်ဘာ ၂၉ အိန်္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့အတွင်းရှိ လူနေလေးထပ်အဆောက်အအုံ ပြိုကျ မှုတွင် အနည်းဆုံး လူ ၄၂ ဦးသေဆုံးရပြီဖြစ်ကြောင်း ဘီဘီစီသတင်းတွင် စက်တင်ဘာ ၂၈ ရက်က ဖော်ပြသည်။ ယင်းအဆောက်အအုံသည် စက်တင်ဘာ ၂၇ ရက်က ပြိုကျခဲ့ခြင်းဖြစ်ပြီး တိုက်အုတ်ကျိုးအုတ်ပျက်ပုံအောက်မှ အသက်ရှင်လျက် ဆွဲထုတ်ကယ်တင်နိုင် သူ ၃၃ ဦးခန့် ရှိသည်ဟု ဆိုသည်။ မြို့အရှေ့ဘက် ဒေါ့ယတ်လမ်းမကြီးအနီးရှိ ယင်းအဆောက်အအုံ ပြိုကျချိန် တွင် လူ ၈၃ ဦးနှင့် ၈၉ ဦးကြား ရှိနေကြောင်း သတင်းတွင်ဖော်ပြသည်။ ယခုလေးထပ် အဆောက်အအုံပြိုကျခြင်းအကြောင်းအရင်းကို မသိရှိရ သေးဟု သတင်းတွင်ဖော်ပြသည်။ (ဘီဘီစီ) **နိုင်ဂျီးရီးယားစက်လှေ နစ်မြုပ် ၄၂ ဦးသေဆုံး၊ ၁၀၀ ကျော်ပျောက်ဆုံး** နိုင်ဂျာ စက်တင်ဘာ ၂၉ နိုင်ဂျီးရီးယားနိုင်ငံ အလယ်ပိုင်းနိုင်ဂျာမြစ်အတွင်း စစ်လှေတစ်စင်း နစ်မြုပ်ခဲ့ရာ အနည်းဆုံး ၄၂ ဦး သေ ဆုံးပြီး ၁၀၀ ကျော် ပျောက်ဆုံးနေ ကြောင်း ကယ်ဆယ်ရေးအဖွဲ့က ပြော သည်။ အဆိုပါ စက်လှေသည် စက်တင် ဘာ ၂၇ ရက် ညပိုင်းက နစ်မြုပ်ခဲ့ ခြင်းဖြစ်ပြီး စက်လှေပေါ်တွင် တင် ဆောင်နိုင်သည့် အရေအတွက်ထက် နှစ်ဆပိုတင်၍ နစ်မြုပ်ခဲ့ဖွယ်ရှိ ကြောင်း တာဝန်ရှိသူများကပြော သည်။ယင်းစက်လှေသည် မာလီလီ ကျေးရွာမှအထွက် နှစ်ပိုင်းပြတ်ပြီး နစ်မြုပ်သွားခဲ့ကြောင်း နိုင်ဂျာ ပြည်နယ်အရေးပေါ် စီမံခန့်ခွဲရေး အေဂျင်စီအကြီးအကဲ မိုဟာမက်ရှာ ဘားက အေအက်ဖ်ပီသို့ ပြောသည်။ ယင်းဖြစ်စဉ်သည် မကြာသေးသည့် နှစ်အတွင်းက အဆိုးရွားဆုံးသော ဖြစ်ရပ်တစ်ခုဖြစ်ကြောင်း၊ ယင်း အတွက် မိမိတို့အနေဖြင့် သင်ခန်းစာ ယူရမည်ဖြစ်ကြောင်း မစ်္စတာရှာဘား ကပြောသည်။ ယင်းစက်လှေသည် မာလီလီဈေးမှအထွက် ကုန်သည် အများအပြားနှင့် ကုန်ပစ်္စည်းများ တင်ဆောင်လာခဲ့သည်ဟု ၎င်းင်းက ပြောသည်။ (ဘီဘီစီ) **အိန္ဒိယ၀န်ကြီးချုပ် ပါကစ္စတန်ကြမ်းဖက်မှုကို သတိပေး** နယူးဒေလီ စက်တင်ဘာ ၂၉ ပါကစ်္စတန်နိုင်ငံ အနေဖြင့်အကြမ်းဖက်ဝါဒ ဗဟိုချက်ပြုလုပ်နေ ခြင်းကို ရပ်တန့်ရမည်ဖြစ်ကြောင်း အိန်္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်းက ၀န်ကြီးချုပ်နာဝပ်ရှရစ်နှင့် တွေ့ဆုံ ဆွေးနွေးပွဲမတိုင်မီ ပြောကြားလိုက်သည်။ အာရှပြိုင်ဘက်နိုင်ငံအကြား ဆက် ဆံရေး ပိုမိုကောင်းမွန်စေရေးအတွက် မစ်္စတာရှရစ်၏ မျှော်လင့်ချက် အိပ်မက်များကို မျှဝေပေးလိုကြောင်း မစ်္စတာဆင်းက အလေးအနက် ပြော ကြားလိုက်သည်။ နယူးယောက်၌ ယင်းတို့နှစ်ဦး တွေ့ဆုံဆွေးနွေးပွဲမတိုင်မီ နယူး ဒေလီနှင့် ဆက်ဆံရေးအသစ်မြှင့်တင် လိုကြောင်း မစ်္စတာရှရစ်က ဆော်သြ တိုက်တွန်းလိုက်သည်။ ယင်းတို့နှစ်နိုင်ငံ ဆက်ဆံရေး သည် ကက်ရှ်မီးယားဒေသအငြင်းပွား မှုတွင် တိုက်ပွဲဖြစ်ပွားရာမှ တင်းမာ မှုများ ဆက်လက်ဖြစ်ပွားနေခဲ့သည်။ အိန်္ဒိယထိန်းချုပ်သော ကက်ရှ် မီးယားဒေသတွင် စက်တင်ဘာ ၂၆ ရက်က စစ်သွေးကြွများက ရဲစခန်းနှင့် စစ်စခန်းတစ်ခုကို ၀င်ရောက် စီးနင်း တိုက်ခိုက်ခဲ့သဖြင့် အနည်းဆုံး လူ ၁၀ ဦး သေဆုံးခဲ့ရသည်။ ၂၀၀၈ ခုနှစ်မွမ်ဘိုင်းမြို့ ဗုံးခွဲတိုက်ခိုက်မှုကိုလည်း ပါကစ်္စတန်အခြေစိုက် စစ်သွေး ကြွများ လက်ချက်ဟု နယူးဒေလီက အပြစ် ပြောဆိုလျက်ရှိသည်။ (ဘီဘီစီ) **နိုင်ရိုဘီဈေးတိုက်မခံရမီ သတိပေးချက်များကြိုတင်ရ** နိုင်ရိုဘီ စက်တင်ဘာ ၂၉ ကင်ညာရှိ နိုင်ရိုဘျွှီနျအါအေန ဈေးကြီးကို အဲလ်ရှာဘတ်လက်နက် ကိုင်များ ၀င်စီးနင်းမတိုက်ခိုက်မီ ကင်ညာအစိုးရ၀န်ကြီးများက တိုက် ခိုက်မှုများ ဖြစ်ပွားနိုင်မည်ဆိုသည့် သတိပေးချက်များ ကြိုတင်ရရှိထား ခဲ့ကြောင်း ဘီဘီစီသတင်းတွင် စက် တင်ဘာ ၂၈ ရက်က ဖော်ပြသည်။ နိုင်ရိုဘီနှင့် မွမ်ဘာဆာမြို့များ တွင် တိုက်ခိုက်ရေးအစီအမံများ ရှိနေ သည်ကို ပေါက်ကြားခဲ့သော ထောက် လှမ်းရေး ညွှန်ကြားချက်များက ပြည့်ပြည့်စုံစုံ ဖော်ပြထားကြောင်း ကင်ညာမီဒီယာအရ သိရသည်။ ကက်ဘိနက် အဖွဲ့ဝင်ဝန်ကြီး လေးဦးနှင့် ကင်ညာကာကွယ်ရေး တပ်ဖွဲ့အကြီးအကဲတို့ ယင်းသတင်း ရရှိကြောင်းကို ပြောကြားသည်။ စက်တင်ဘာ ၂၁ ရက်ျွှနျအါအေန ဈေးကြီးကို အဲလ်ရှာဘတ်အဖွဲ့ ၀င်ရောက်စီးနင်းပြီးနောက် သေဆုံးသူ အနည်းဆုံး ၆၇ ဦးရှိခဲ့သည်။ နိုင်ရိုဘီနှင့် မွမ်ဘာဆာမြို့များ တွင် အကြမ်းဖက်အန်္တရာယ်တိုးမြှင့်ပြီး စက်တင်ဘာ ၁၃ နှင့် ၂၀ ရက်ဝန်းကျင် ကြား တစ်ပြိုင်နက်တိုက်ခိုက်မှုများ ဖြစ်ပွားနိုင်သည်ဟု ၀န်ကြီးများသို့ သတင်းညွှန်ကြားချက်များ ပေးပို့ ထားခဲ့ကြောင်း တန်ပြန်ထောက်လှမ်း ရေး သတင်းများအရ ကင်ညာ ဒေးလီးနေးရှင်းသတင်းက ကိုးကား ဖော်ပြသည်။ ဇန်န၀ါရီလအတွင်း ပထမ အကြိမ်သတိပေးခဲ့ကြောင်း၊ ယခု စက် တင်ဘာလအစတွင် ထပ်မံသတိပေး မှုများရှိခဲ့ကြောင်း ယင်းသတင်းအရ သိရသည်။ (ဘီဘီစီ) **မာလာလာကို ဟားဗက်တက္ကသိုလ်က လူသားချင်းစာနာထောက်ထားမှု ဆုချီးမြင့်** နယူးယောက် စက်တင်ဘာ ၂၉ တာလီဘန်တို့၏ လုပ်ကြံသတ်ဖြတ်ခြင်းမှ အသက်ဘေးလွတ်ခဲ့သူ မာလာလာယူဆွပ်ဇိုင်းကို ဟားဗတ်တက်္ကသိုလ်မှ ယခုနှစ်အတွက် လူသားချင်းစာနာထောက်ထားမှုဆုကို ပေးအပ်ချီးမြှင့်ကြောင်း ဒေးလီး မေးသတင်းတွင် စက်တင်ဘာ ၂၈ ရက်က ဖော်ပြသည်။ ကြားရေး တက်ကြွလှုပ်ရှားသူ မာလာလာ သည် စက်တင်ဘာ ၂၇ ရက်က ဟားဗတ်တက်္ကသိုလ်တွင် 2013 Peter J.Gemes Humanitarian Award ကို ဂုဏ်ပြုချီးမြှင့်ခြင်းခံရသည်။ ပြီးခဲ့သည်နှစ်အောက်တိုဘာလအတွင်း မာလာလာကို တာလီ ဘန်များက ဦးခေါင်းကို သေနတ်ပစ်လုပ်ကြံခဲ့ကြခြင်းဖြစ်သည်။ ၁၆ နှစ်အရွယ် မာလာလာက နိုင်ငံရေးသမားတစ်ယောက်ဖြစ်ရန် ရည်သန် ကြောင်း၊ နိုင်ငံရေးသမားများက ကျယ်ကျယ်ပြန့်ပြန့် သြဇာသက်ရောက် စွမ်းဆောင်နိုင်၍ဖြစ်ကြောင်း ပြောကြားသည်။ ဆွတ်တောင်ကြားမွေးရပ်မြေသို့ သတိတရပြောကြားပြီး တစ်နေ့ တွင် အိမ်ပြန်မည်ဟု စိတ်ကူးထားသည်ဟု ဆိုသည်။ (ဒေးလီးမေး) **စပိန်ပြည်သူများ ဘုရင်စနစ်ကို အလိုမရှိ** စပိန်နိုင်ငံ မြို့တော်မက်ဒရစ်တွင် ထောင်ပေါင်းများစွာသော ပြည်သူများက လမ်းမများပေါ်ထွက်ပြီး သက်ဦးဆံပိုင်ဘုရင်စနစ် အဆုံးသတ်ရန် ဆန်္ဒပြခဲ့ကြ သည်။ စက်တင်ဘာ ၂၈ ရက်က ပြုလုပ်သော အဆိုပါ ဆန်္ဒပြသူများက ဘုရင် ဂျူအန်ကားလို့စ် ထီးနန်းစွန့်ရေး၊ ဘုရင်စနစ်အဆုံးသတ်ပြီး သမ်္မတနိုင်ငံထူထောင် ရေး ဆော်သြတိုက်တွန်းခဲ့ကြသည်။ စပိန်ဘုရင်ကားလို့စ်က သုံးနှစ်အတွင်း ရှစ်ကြိမ်မြောက် ခွဲစိတ်ကုသမှုခံ ယူနေစဉ် ထီးနန်းစွန့်လိမ့်မည်ဟူသော ကောလာ ဟလအပေါ် မဟုတ်မမှန်ကြောင်း ငြင်းဆိုလိုက်သည်။ **အီတလီဝန်ကြီးချုပ် နုတ်ထွက်မည်ဟု ခြမ်းခြောက်** အီတလီဝန်ကြီးချုပ် အင်န်ရီကိုလက်တာက ၄င်း၏ ၀န်ကြီးအဖွဲ့ လာမည့် သီတင်းပတ်အတွင်း ပါလီမန်ကထောက်ခံမဲပေးခြင်း မပြုလုပ်နိုင်ခဲ့လျှင် ရာထူးမှ နုတ်ထွက်မည်ဟု ခြိမ်းခြောက်လိုက်သည်။ ၄င်းအနေဖြင့် ဗဟိုလက်ဝဲပါတီများ နှင့်အတူ ယူရိုသုံးဘီလီယံဘတ်ဂျက်ကို စီမံခန့်ခွဲနိုင်ခြင်း မရှိခဲ့ပြီး နောက်တစ်ရက် အကြာ စက်တင်ဘာ ၂၈ ရက်က ရာထူးမှနုတ်ထွက်ရန် ခြိမ်းခြောက်လိုက်သည်။ ယင်းဘတ်ဂျက်ငွေခွဲဝေမှု အဆင်မပြေခြင်းသည် အီတလီအစိုးရကို ပြိုကွဲသွား နိုင်သည်ဟု ဆိုသည်။ စုစည်းဘာသာပြန်-မြင့်မောင်စိုး

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)