ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, September 1, 2013

--င့ါသရောက်မြို့မှပုန်းရည်ကြီး ပြည်ပအထိကျော်ကြား--

>
(ပခုက်္ကူ သြဂုတ် ၃၁)

ပခုက်္ကူနှင့် ၁၅ မိုင်၊ ပုဂံညောင်ဦး နှင့် ၁၄ မိုင်ခန့်ဝေးကွာသော ငါ့သရောက်မြို့လေးသည် မန်္တလေး တိုင်းဒေသကြီးအတွင်း၌ တည်ရှိ သည်။ မြို့နယ်တစ်ခွင် အိမ်ထောင်စု ၈၉၃၉၊ အိမ်ခြေ ၈၉၂၂၊ လူဦးရေ ၄၅၁၅၈ နေထိုင်လျက်ရှိပြီး မြို့လေး တွင် လူဦးရေ ၆၁၃၅ ဦးနေထိုင် ကြောင်းသိရသည်။ ငါ့သရောက်မြို့မှ နာမည်ကျော်ပုန်းရည်ကြီးလုပ်ငန်းနှင့် အိုးလုပ်ငန်းများစွာတည်ရှိကြောင်း လည်း သိရသည်။ ပုန်းရည်ကြီးလုပ်ငန်းသည် မြန်မာပြည် သာမက အာဆီယံနိုင်ငံများအတွင်းထိ ထင်ရှားကျော်ကြားလျက်ရှိသည်။ ပုဂံ ခေတ်ကတည်းကပင် မိသားစု တစ်ပိုင်တစ်နိုင်ဖြင့် လုပ်ကိုင်ခဲ့ကြသည်။ ယနေ့ခေတ်ကာလတွင် ကုန်ကြမ်း အရင်းအနှီးများ၍ ပုန်းရည်ကြီး လုပ်ငန်းလုပ်ကိုင်သူ ၁၀ ဦးခန့်သာ ရှိသည်။ ပုန်းရည်ကျိုချက်သော ပဲပိစပ်အား ပခုက်္ကူ-ရေစကြို-မြင်းခြံစစ်ကိုင်း- ပျဉ်းမနား-တပ်ကုန်းမြို့နယ် များမှဝယ်ယူကြသည်။ ငါ့သရောက် ဒေသမှလည်း ပဲပိစပ်ထွက်ရှိသည်ဟု သိရသည်။ ပဲပိစပ်တစ်တင်းကို ကျပ် တစ်သောင်းခွဲဈေးပေါက်သည်။ ပဲပိစပ် အား သန့်ရှင်းစင်ကြယ်အောင် ပြာရ သည်။ ဆန်ကာနှင့်ချရသည်။ ရေ နိုင်နိုင်ဆေးရသည်။ ရေပွက်ပွက်ဆူ နေသော ဒန်အိုးကြီးများတွင် ပဲပိစပ် ပြုတ်ရသည်။ ပွက်လာချိန်တွင် ပဲပိစပ် ကို ဆယ်ယူကြရသည်။ ပဲပိစပ်တခြား ရေတခြားပြုလုပ်ကြရသည်။ ဆယ်ယူ ထားသော ပဲပိစပ်ပေါ်မှရေလောင်းချ ရသည်။ ရရှိလာသောအရည်များကိုမှ ပုန်းရည်ချက်ကြသည်။ ပဲပိစပ်အဖတ် များကိုမူ ၀က်မွေးမြူရေးသမားများထံ ရောင်းချကြသည်။ တစ်ပြည်ကျပ်တစ်ရာ နှုန်းရှိသည်။ ပဲပိစပ်ဖတ် ငါးလကျွေး လျှင် တစ်နှစ်ကျွေးရသော အစာအာဟာရ နှင့်ညီမျှသည်ဟု သိရသည်။ ပဲပိစပ် ရှစ်ပြည်ချက်လျှင် အရည်ဂါလန် ၂၀ ရသည်။ ၎င်းအရည်ကို ရေကျက် အောင်ပြန်ချက်ရသည်။ ရေကျက်လာ လျှင် ဒယ်အိုးထဲသို့ပြောင်းထည့်၍ ညောင်စေးကျအောင် ကျိုရသည်။ ပဲပိစပ်အနီ၊ အနက်များလျှင် ပုန်းရည် မကောင်းဘဲ ပဲပိစပ်ဖြူမှသာလျှင် ပုန်းရည်ကောင်းသည်ဟု သိရသည်။ မြေနုကျွန်းစိုက်ပဲပိစပ်သည် ထင်း မကုန်သော်လည်း ပုန်းရည်မကောင်း ကြောင်း၊ ကုန်းစိုက်ပဲပိစပ်သည် ထင်းကုန်၍ ပုန်းရည်ကောင်းကြောင်း ဦးအောင်သန်း(မြနှင်းဆီ)ကပြောသည်။
ပုန်းရည်အခြောက် လိုချင်လျှင် နေတစ်နေလှန်းရသည်။ ပြီးမှ စက်နှင့် ပြန်ကြိတ်၍ ပုန်းရည်အမှုန့်ပြုလုပ် ကြသည်။ စားသုံးချင်လျှင် ရေနွေးနှင့် ရောလျှင် အစိုပြန်ဖြစ်သွားသည်။ အထားခံပြီး အရသာလည်းရှိ၍ ပြည် တွင်းသာမက စင်ကာပူ၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်းနိုင်ငံစသည့်အာဆီယံနိုင်ငံများ ကပါ အကြိုက်တွေ့ မှာယူစားသုံးကြ ကြောင်းသိရသည်။ ပုန်းရည်အစိုသည် တစ်လသာခံသည်။ အခြောက်က တစ်နှစ်ခံသည်။ ပုန်းရည်လုပ်သား တစ်ဦးလျှင် ပုန်းရည်ချက်သူအား ကျပ် ၃၀၀၀ နှုန်း၊ ကျန်အလုပ်သမားများ သည် ကျပ် ၂၀၀၀ နှုန်းဝင်ငွေရှိသည်။ ပုန်းရည်ချက်လျှင် ငါးနာရီခန့်ကြာအောင် ချက်ရသည်။ ပုန်းရည်တွင်လည်း အချဉ်အချိုနှစ်မျိုးရှိသည်။ အထက် မြန်မာပြည်ဒေသများက အချဉ်ကို ကြိုက်နှစ်သက်ကြသည်။ ရန်ကုန် တိုင်းဒေသကြီးနှင့် ဧရာဝတီမြစ်ဝ ကျွန်းပေါ်ဒေသများကမူ အစိမ့်ကိုကြိုက် ကြသည်။ ဓာတုဗေဒပစ်္စည်းမပါ သဘာဝစစ်စစ်အရသာ ဖြစ်သည်။ ပုန်းရည်ချက်လျှင် နွားချေး၊ ထန်း သီးဆန်၊ ဆီးခြမ်းအပြင် ထင်းပါမှလည်း ပုန်းရည်ကောင်းသည်ဟု သိရသည်။ ပုန်းရည်ရောင်းမကောင်းသည့်လများမှာ ခရမ်းချဉ်သီး၊ သရက်ချဉ်ဖြိုင်ဖြိုင်ပေါ် သည့်လများဖြစ်ကြောင်း၊ ကျန်လများ တွင် ရောင်းအားကောင်းကြောင်း ဦးအောင်သန်းက ဆက်လက်ရှင်းပြ သည်။ အချဉ်၊ အစိမ့် တစ်ပိဿာ ကျပ်၁၅၀၀ ဈေးနှုန်းရှိသည်။ ပုန်းရည် အခြောက်မှုန့်နှစ်ဆ ရေနွေးတစ်ဆနှင့် ရော၍ ဟင်းအဖြစ်စားသုံးနိုင်သည်။ ၀က်သားဟင်း၊ ငါးဟင်းချက်လျှင် ဟင်း အိုးချခါနီး ပုန်းရည်အခြောက်မှုန့် ထည့်၍ချက်လျှင် အရသာရှိသော ဟင်းကောင်းတစ်ခွက် ဖြစ်သည်။ ငါ့သရောက်မြို့မှ ပုန်းရည်လုပ်ငန်း သည် ပြည်ပအထိ ကျော်ကြားပျံ့နှံ့၍ ကမ်္ဘာလှည့်ခရီးသည်များ နေ့စဉ်လိုလို လာရောက်လေ့လာနေကြောင်း သိရ သည်။

* နေဦးမောင်(ပခုက်္ကူ)*

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)