ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, September 19, 2013

--လူထုကျန်းမာရေး(မိုးမိလာပြီး ခြေထောက်ရေစိုလာလျှင် ရေနွေးမသောက်သင့်)---

>  
**Public Health**
- မိုးရာသီရောက်သောအခါ အိမ်အပြင်ထွက်ပြီး မိုးစိုလာသူများ ဖျားနာတတ်ကြသည်။ အပြင်ထွက်ရင်း မိုးမိပြီး နေမကောင်းဖြစ်သူ၊ အအေးပတ်ပြီး ဖျားနာသူများ ရှိသကဲ့သို့ ခြေထောက်တွင် အချိန်ကြာမြင့်စွာ ရေစိုသူများ မှာ အထက်သို့ အပူကန်ရောဂါများဖြစ်တတ်သည်။ အပူ ကန်ခြင်းကြောင့် လည်ချောင်းနာခြင်း၊ အာသီးရောင်ခြင်း၊ ပသိရောင်ခြင်း၊ သွားဖုံးကြွ၍သွားနာခြင်း၊ မျက်စိနီရဲခြင်း၊ ခေါင်းကိုက်ခြင်း၊ နားကိုက်ခြင်း၊ နားပြည်ယိုခြင်းများ ဖြစ်နိုင်သည်။ မိုးရွာပြီး ရေစီးရေလာမကောင်းသော၊ ရေ၀ပ်သော အရပ်တွင် နေထိုင်သူများ ၊ ရေနစ်မြုပ်သည့်ရပ်ကွက်များတွင် နေထိုင်သူများတွင် အဖြစ်များသောရောဂါမှာ အအေးပတ် နှာစေးခြင်း၊ အဖျားအနာဖြစ်ခြင်းများအပြင် အစာမကြေ ခြင်း၊ လည်ချောင်းနာခြင်း၊ အစာအိမ်ရောင်ခြင်း၊ ရင်ပြည့် ရင်ကယ်ဖြစ်ခြင်း၊ ဆီးအောင့်ခြင်းနှင့် အမျိုးသမီးများတွင် မီးယပ်ဖြူဆင်းရောဂါများ အဖြစ်များသည်ကို တွေ့ရသည်။

မိုးရာသီမဟုတ်ဘဲ ရေစိုသည့်အလုပ်၊ အထူးသဖြင့် ခြေထောက်တစ်ပိုင်းရေစိုသည့် အလုပ်လုပ်ရသည့် ရေလုပ် သားများ၊ ရေခဲစက်နှင့် အအေးခန်းကြမ်းပြင်ရေစိုတွင် အလုပ်လုပ်ရသူများ၊ ဘိလပ်မြေလောင်းသည့် ပန်းရန် လုပ်သားများတွင် အဖြစ်များသောရောဂါမှာ ဆီးအောင့်၊ ဆီးချုပ်ရောဂါနှင့် လေအောင့်လေနာရောဂါဖြစ်ကြောင်း တွေ့ရသည်။ ဤသို့ ဖြစ်ရခြင်းမှာ ခြေထောက်အေးပြီး အထက်သို့ အပူကန်ခြင်းကြောင့်ဖြစ်သည်။ အရပ်ထဲတွင် အိမ်တကာလှည့်ပြီး အ၀တ်လျှော် သော အမျိုးသမီးကြီးတစ်ဦးမှာ အသက် ၄၀ မကျော်သေးဘဲ မျက်စိမှုန်ရောဂါနှင့် အတွင်းတိမ်စွဲရောဂါ ခံစားနေရ ကြောင်း တွေ့ရသည်။ အ၀တ်လျှော်သောအလုပ်သည် ခြေထောက်သာမက လက်နှစ်ဖက်ပါ အမြဲရေစိုသော အလုပ်ဖြစ်သဖြင့် အပူများအထက်သို့စုကာ မျက်စိအတွင်း ရှိ မှန်ဘီလူးတွင် အငွေ့များရိုက်ပြီး အမြင်မှုန်ဝါးကာ တိမ်စွဲရခြင်းဖြစ်သည်။
 
 ရေချိုးသောအခါ ဒူးဆစ်မှအောက်ပိုင်း ရေအရင် မလောင်းဘဲ ရေချိုးသူများလည်း အသက်ငယ်ငယ်နှင့် မျက်စိမှုန်ရောဂါရတတ်သည်။ ရေချိုးသောအခါ နွေ၊ မိုး၊ ဆောင်း သုံးရာသီလုံး ဒူးဆစ်၏အောက်ပိုင်း အခိုးထွက် အောင် ရေငါးခွက်ခန့် လောင်းပြီးမှသာ အထက်ပိုင်း ရေလောင်းချိုးသင့်သည်ကို သတိပြုပါ။ အညောင်းထိုင်သူ များသည် ရေမချိုးသည့်တိုင် ညအိပ်ရာဝင်ချိန်တိုင်း ခြေထောက်ဒူးအောက်ပိုင်း ရေလောင်းပြီးမှအိပ်လျှင် မျက်စိ မှုန်ခြင်း၊ တိမ်စွဲခြင်းအပြင် အညောင်းအကိုက်ရောဂါများပါ သက်သာစေနိုင်သည်။  

လူတို့သည်မိုးမိလာပြီး ခြေထောက်ရေစိုလာလျှင် ရေနွေးသောက်ခြင်း၊ ကော်ဖီပူပူသောက်ခြင်း ပြုလုပ်
 လေ့ရှိသည်။ ဤသို့ ပြုလုပ်ခြင်းသည် ချက်ချင်း ဘာမှမဖြစ်နိုင်သော်လည်း ရိုးရာဆေးပညာရှုထောင့်မှ ကြည့်လျှင် မမှန်ကန်ပေ။ လျှာတွင် အရသာအားဖြင့် ပူနွေး သွားသည်မှန်သော်လည်း အထက်သို့တက်နေသည့် အခိုး အကင်းကို မနိုင်ပေ။ လည်ချောင်းလေပြွန်နှင့် အာခေါင် အတွင်းမှ အပူခိုး၊ အပူငွေ့များသည် အာခေါင်အထက်ရှိ အပေါက် အခေါင်းမှတစ်ဆင့် မျက်စိသို့ တက်သွားခြင်း ကြောင့် မျက်စိမှုန်ခြင်း၊ တိမ်စွဲခြင်းတို့ ရေရှည်တွင် ဖြစ်စေနိုင်သည်ကို သတိပြုသင့်သည်။ 

တစ်ခါတစ်ရံ မျက်စဉ်းခတ်လျှင် မျက်စဉ်းအရည်သည် အာခေါင်အတွင်း သို့ရောက်ပြီး ခါးလာသည်ကို သတိထားမိလျှင် အခိုးအကင်း များတက်သည့် အပေါက်ရှိသည်ကို သတိပြုမိပေလိမ့်မည်။ မိုးရာသီတွင် အပြင်သွားပြီး ခြေထောက်ရေစိုလာလျှင် အ၀တ်အစားလဲ၊ ခြေထောက်မှ ရေကိုခြောက်အောင် အရင်သုတ်ပါ။ ထို့နောက် အာခေါင်နှင့် လည်ချောင်း အတွင်းရောက်နေသော အခိုးများ မျက်စိသို့မရောက်အောင် ရေအေးအေးတစ်ခွက်သောက်ခြင်းဖြင့် အပူကန်ခြင်း ရောဂါဝေဒနာများမှ ကင်းဝေးနိုင်ကြောင်း တင်ပြအပ်ပါ သည်။ ။

 +ကြည်လွင်မြင့်(မုဒြာ)+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)