>
ဂီတလောကတွင် ၀ါရင့်သမ်္ဘာရင့်ရှေ့မီနောက်မီ
တေးသံရှင်တစ်ဦးဖြစ်သည်။ ခင်မင်သူများက ဦးမျိုး၊ ကိုမျိုး၊
မောင်မျိုးစသည်ဖြင့် အသက်အရွယ်အလိုက် အမျိုးမျိုးခေါ်ကြ
သည်။ တိုင်းသိပြည်သိ နိုင်ငံကျော်တေးသံရှင်ဖြစ်လင့်ကစား
မာန်မာနမထား အမြဲပြုံးရွှင်သောမျက်နှာထားဖြင့် ဖော်ရွေစွာ
ဆက်ဆံတတ်သည့်အတွက် အများကချစ်ခင်ကြသည်။
ပင်ကိုအသံကောင်းပြီး အသံအောင်သည်။ လိုသလို
ဆွဲတင်ဆွဲဆန့်ဝေ့၀ိုက်၍သီဆိုနိုင်သူ၊ အသံကိုမြှင့်တင်
ဆွဲတင်လိုက်သော်လည်း အသံသည် ထစ်ငေါ့သွားခြင်း၊
ပြတ်တောက်သွားခြင်းမရှိ၊ စေးစေးပိုင်ပိုင်ရှိလှသည်။
စေတနာ၊ ၀ါသနာ၊ ပညာနှင့် သမ်္ဘာတို့ ပေါင်းစပ်လိုက်သည့်
အခါ အတိုင်းမသိ လှိုင်းအိလေးများဖိသလို ခေတ်စကားနှင့်
ပြောရလျှင်““ဟတ်””ထိစေသောသီချင်းများဖြစ်လာတော့
သည်။
““ဦးမျိုး””ပါဝင်ဖျော်ဖြေသည့်ပွဲတိုင်း မြူးကြွသွက်လက်
မြိုင်ဆိုင်လှသည်။ သီချင်းတစ်ပုဒ်၊နှစ်ပုဒ်ဆိုရုံဖြင့် ဦးမျိုး
စင်ပေါ်မှ ပြန်ဆင်း၍မရ““နောက်တစ်ပုဒ်””၊““နောက်တစ်ပုဒ်””
တောင်းဆိုသည့်လက်ခုပ်သံများကြား““ဦးမျိုး””
ကိုယ်တိုင်
နစ်မျောသွားမြဲ။ အသက်အရွယ်ကိုမေ့ ပရိသတ်အကြိုက်တွေ့
စေသည့်တေးပေါင်းများစွာသီဆိုပြီးမှ စင်ပေါ်မှဆင်းရ
သည်။ ငယ်ရွယ်စဉ်က အယဉ်အခန့်တေးများသီဆိုခဲ့သလို
ယနေ့ခေတ်စကားဖြင့်ပြောရလျှင်““ဟော့ရှော့””များလည်း
ဆိုခဲ့သည်။ ““ပရက်စလေ””စတိုင် မိုက်စတင်းကို ဇောက်ထိုး
ကိုင်ပြီး စင်ပေါ်မှာမွှေနှောက်၊ ဂီတ ရသမပျောက်အောင်
လည်းသီဆိုဟစ်ကြွေးခဲ့လေသူ၊ အရွယ်လေးရလာတော့
လည်ကတုံးနှင့် တိုက်ပုံကို ခါးက မချ၊ အရိုးကိုအရွက်
မဖုံးစေရ။ မြန်မာသံပီပီသသ၊ ဆန်းသစ်လှပမြူးကြွသော
တေးများကို ဖန်ဆင်း၊ ပရိသတ်ရင်တွင်းထိအရောက်ပို့ခဲ့
သည်။
ဦးမျိုး;သည် ဖျော်ဖြေခဲ့သည့်ပွဲတိုင်း စင်ပေါ်မှာ ဆိုရုံ
နှင့်အားမရ၊ ဆိုရင်းဆိုရင်း ပရိသတ်ထဲအထိဆင်း ပရိသတ်
နှင့် ဖက်လဲတကင်း ထိတွေ့သီဆိုလေ့ရှိသည်။
တစ်ချိန်က မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ
လက်ထက် ရန်ကုန်မြို့ ကျိုက်္ကဆံကွင်း၌ နှစ်စဉ်ကျင်းပ
မြဲဖြစ်သော ပြည်ထောင်စုနေ့ ဂုဏ်ပြုဂီတပဒေသာကပွဲ
များတွင် ဦးမျိုးရှေ့ဆုံးမှတက်ကြွစွာ ပါဝင်ဖျော်ဖြေလေ့ရှိပြီး
အခါ အခွင့်သင့်တိုင်း ကျင်းပသည့် နိုင်ငံတော်အဆင့် ဂီတ
ဖျော်ဖြေပွဲများတွင်လည်း ပါဝင်သီဆိုလေ့ရှိသည်။
ကျေးဇူးတရားအဖြစ် စာရေးသူတို့ ညောင်တုန်းသား
များအထူးအမှတ်ရနေမိသည်က မကြာသေးမီ ဖေဖော်ဝါရီ
၂၂ ရက်က ညောင်တုန်းမြို့၌ကျင်းပခဲ့သော အလင်္ကာ
ကျော်စွာ ကာတွန်းဦးဘဂျမ်း(၁၁၁)နှစ်ပြည့်ဂုဏ်ပြုပွဲတွင်
ခရီးပန်းနေသည့်ကြားမှ အနုပညာသမားစိတ်ဓာတ်အပြည့်
ဖြင့် ပါဝင်အားဖြည့်ဖျော်ဖြေခဲ့သည်။
ထူးခြားသည်က““ဦးမျိုး””၏ ဂီတဘ၀ခရီးလမ်းတစ်လျှောက် သီချင်းများသာ
ဆိုသည်။ ဂုဏ်ပြုစကား၊ အမှတ်တရစကားပြောလေ့မရှိ။
ညောင်တုန်း၌ဖျော်ဖြေသောပွဲတွင် ပထမဦးဆုံးဂုဏ်ပြုစကား
အမှတ်တရစကားကို အားပါးတရပြောကြားခဲ့သည်။
ထိုညဦးမျိုး””စင်ပေါ်မှပြောခဲ့သောစကားများသည် သူ့ဘဝ
အတွက် ““စင်ပေါ်၌ပြောသောနောက်ဆုံးစကား”” ဖြစ်သည်
ဟုညောင်တုန်းပရိသတ်များကြိုတင်သိခဲ့လျှင် ကြိုတင်
ကြေကွဲကြမည်မှာ မလွဲ။
““ဦးမျိုး””ကို အဖဦးလှဖေ၊ အမိ ဒေါ်ခင်စောရီတို့က
၁၉၄၀ ပြည့်နှစ်မှာ မွေးဖွားခဲ့သည်။ ရန်ကုန်မြို့ ကြည့်မြင်
တိုင်သား မွေးချင်း လေးယောက်ရှိသည့်အနက် ဒုတိယ
မြောက်၊ ၁၉၅၅-၁၉၅၆ခုနှစ်မှာ ဂီတလောကကိုစတင်ခြေချ
ခဲ့ပြီး ရောင်းတမ်းဓာတ်ပြားတေးများစွာ သီဆိုခဲ့သည်။
၁၉၆၀ခုနှစ်မှာ မြန်မာမှု မြန်မာ့ဟန် မြန်မာသံစဉ်စစ်စစ်ဖြစ်
သော““မေတ်္တာ ပုလဲပန်းများသီကြရာဝယ်”” သီချင်းဖြင့်စတင်
အောင်မြင်ကျော်ကြားခဲ့ပြီး ““ခွင့်လွှတ်ရင်းနှင့် နှစ်သိမ့်ပါ
တယ်””၊ ““ဤမှန်သောသစ်္စာစကားကြောင့်””၊ ““ဆယ်ရက်
တိုင်တိုင်””၊ ““ကြာလေလေ ခိုင်မြဲလေလေ””ရေဒီယိုမြန်မာသံ
တေးများဖြင့် ပရိသတ်ကြားရေပန်းစားခဲ့ပြန်သည်။
ဆက်လက်၍ မြန်မာသံတွေကိုအခြေခံ၍ဆန်းသစ်တီထွင်
ဖွဲ့ဆိုထားသော ခေတ်နှင့်အညီ မြူးကြွသွက်လက်သော
““စနေနေ့ည ကိုးနာရီ””၊ ““မောင့်ရင်ထဲမှာ နေမလား””၊““နေကာ
မျက်မှန်လေးနဲ့””၊ ““ချစ်မျက်လုံးက ကုဋေကဋာ””၊““ချစ်ချစ်””
စသည့်တေးများ ဆက်လက်သီဆိုခဲ့ရာ ရေစုန်လေစုန်မှာ
တက်ကုန်ဖွင့်သည်သို့ အောင်မြင်မှုများက အထွတ်အထိပ်။
““ဦးမျိုး””သီဆိုခဲ့သောတေးများကို ပြန်လည်သုံးသပ်ကြည့်
လျှင် ရသစုံသည်။ တစ်ပုဒ်နှင့်တ စ်ပုဒ် သံစဉ်မတူ၊ တေးသွား
မဆင်၊ ရသမထပ်၊ အယဉ်အခန့်များပါသလို အချစ်အလွမ်း
များလည်း စုံသည်။ ““တောင်လှေကားမြို့ကို ကိုယ်လာမယ်””
သီချင်းသည် ပြင်ဦးလွင်မြို့ကို ဂုဏ်တင်စပ်ဆိုထားသလို
““တစ်မျိုးမူတဲ့ ပဲခူးသူ””သီချင်းသည် ပဲခူးမြို့ကို၊““ရွှေမြိုင်
သခင်မလေးသီချင်းသည်””မော်လမြိုင်မြို့ကိုနောက်ခံပြု
ဂုဏ်တင် သီဆိုထားသည်။ မြန်မာနိုင်ငံ၏ အထင်ကရ
မြို့ကြီးနှစ်မြို့ကို ဂုဏ်တင်၍““ရန်ကုန်သားနှင့် မန်္တလေးသူ””
သီချင်းကို ချစ်စံပယ်နှင့် တွဲဖက်သီဆိုခဲ့သည်။ ယင်းအပြင်
ခေတ်ဟောင်းနာမည်ကြီးတေးများဖြစ်သော ““မေ့ပါနဲ့
နှင်းနွယ်””၊ ““ပန်သစ်္စာ””၊ နတ်သျှင်နောင်””၊ ““လူချွန်
လူကောင်း””၊ ““ရွှေညာဆီသွားမယ်”” သီချင်းများကိုလည်း
သူ့မူသူ့ဟန်ဖြင့် ပြန်လည်ဆန်းသစ်သီဆိုခဲ့သည်။ မကွယ်
လွန်မီ(၂၀၁၃)ခုနှစ် သြဂုတ်လအတွင်း ဦးမျိုးကိုယ်တိုင်
ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့သော ဗညားဟန်၊ ကိုလတ်၊
စိမ့်နေခြည်၊ သွန်း အဆိုတော်လေးယောက်ပါဝင်သော
““သူငယ်ချင်းလေးယောက်”” စီးရီးထုတ်ဝေခဲ့သည်။
ယင်းအပြင် ကြည်သာ(ပွဲကြိုက်ခင်)စီစဉ်သည့် မြန်မာ့အသံ
နှင့် ရုပ်မြင်သံကြားမှထုတ်လွှင့်သည့် ““သီချင်းမြစ်ဖျား””
အစီအစဉ်တွင်လည်း““ဦးမျိုး””ပါဝင်ရိုက်ကူးခဲ့သည်။
အချုပ်အားဖြင့်ဆိုလျှင်““ဦးမျိုး””ခေါ် တေးသံရှင်မျိုးမြင့်လေးသည်
ဂီတကိုမြတ်နိုးသလို နောက်ဆုံးထွက်သက်အထိ ဂီတကို
အကျိုးပြုခဲ့သော ဂီတကြယ်တစ်ပွင့်အဖြစ် ဂုဏ်ပြုမှတ်တမ်း
တင်လိုသည်။ သြဂုတ်လ ၁၈ရက်(တနင်္ဂနွေနေ့) အသက်
(၇၄)နှစ်တွင် ကွယ်လွန်ခဲ့ပြီး မြန်မာနိုင်ငံဂီတအစည်းအရုံး
(ဗဟို)တွင် ဗဟိုအလုပ်အမှုဆောင်၊ ဂီတစည်းရုံးရေးမှူး
(ဥက်္ကဋ္ဌ)အဖြစ် ဆောင်ရွက်နေဆဲ ကွယ်လွန်သွားခဲ့သည့်
အတွက် ဂီတလောကသားများ ၀မ်းနည်းကြေကွဲကြရသည်။
လောကနိယာမအရ ဝေပြီးကြွေကြရသည်မှာ ဓမ်္မတာ၊
မဆန်းသော်လည်း မြန်မာဂီတလောကနှင့် သူ့ကိုချစ်သော
ပရိသတ်ကတော့ လွမ်းနေဆဲ...
““နောက်တစ်ပုဒ်””၊““နောက်တစ်ပုဒ်””
လက်ခုပ်နှင့်ပျော်
စင်တော်ကောက်တေးသံရှင်
မိုးမြေအနှံ့ခရီးနှင်
ဂန်္ထ၀င် စံတင်ခဲ့သူ့တေးများ
စိန်စီ၍ထားသည်သို့...
မြန်မာတို့နားဖြင့်
ကြားလေကြားရ ကြားမ၀နိုင်
ဂီတကိုဖြင့် ပိုင်စိုးသူ...။ ။
+တင့်လွင်ဦး(စီးပွားရေး)+

Sunday, September 22, 2013
Subscribe to:
Post Comments (Atom)
Total Pageviews
Labels
ပညာပေး
(1488)
ကာတွန်းဟာသ
(1343)
ဟာသ
(899)
ဆောင်းပါး
(822)
ကဗျာ
(777)
သတင်း
(533)
.ဆောင်းပါး
(512)
အက်ဆေး/၀တ္ထုတို
(504)
ကြော်ငြာ
(432)
နိုင်ငံတကာထူးခြားသတင်း
(388)
ပညာပေး...
(326)
နိုင်ငံတကာ ထူးခြားသတင်း
(321)
ကဗျာ
(279)
နိုင်ငံတကာအခြားသတင်း..
(253)
ကဗျာ…
(228)
ပုံပြင်
(220)
ဆောင်းပါး….
(203)
အက်ဆေး
(191)
ဘောလုံးဟာသ...။
(156)
သဘောထားအမြင်
(149)
Cartoon
(145)
သတင်း....
(139)
ကဗျာ...
(136)
ကဗျာ.....
(132)
ပညာပေး..
(131)
နိုင်ငံတကာ အခြားသတင်း..
(123)
ပြည်တွင်းသတင်း
(118)
သတင်း..။
(114)
သတင်းတို
(111)
သရော်စာ…
(106)
ဝတ္ထုတို
(105)
ဝတ္ထုတို
(95)
ဓါတ်ပုံသတင်း
(81)
သတင်း..
(79)
ပေးစာ
(79)
ဘာသာပြန် ဝတ္ထုတို
(75)
ဓာတ်ပုံသတင်း
(72)
ကာတွန်း
(64)
ဓာတ်ပုံသတင်း..။
(64)
သရော်စာ
(64)
နိုင်ငံတကာ အခြားသတင်း
(60)
ဓာတ်ပုံသတင်း..
(54)
မေတ္တာစာ
(54)
အောက်မေ့ဘွယ်စာလွှာ
(53)
သတင်း.
(47)
ဘာသာပြန်အက်ဆေး
(46)
်ပုံပြင်
(45)
ကာတွန်းဟာသ-
(44)
ဘောလုံးဟာသ...
(44)
နိုင်ငံတကာအခြားသတင်း
(43)
-ကာတွန်းဟာသ
(40)
နိင်ငံတကာ အခြားသတင်း
(39)
ကဗျာ.
(37)
သတင်းဆောင်းပါး
(36)
News
(35)
ကာတွန်း ဟာသ
(34)
ပညာပေး)
(33)
ကဗျာ(ဟာသ)
(32)
ဟာသကဗျာ
(32)
အောင်မြင်ရေးဒဿန
(30)
xပညာပေး)
(29)
ကြေညာချက်
(28)
ရုပ်သံ သတင်း
(25)
ဂျာနယ်
(24)
TV
(23)
နိုင်ငံတကာ အခြားသတင်း.
(23)
ဘာသာပြန်ဆောင်းပါး
(20)
ရင်ဖွင့်သံ
(19)
သရဲဇာတ်လမ်း
(19)
်ပုံင်္ပြင်
(18)
ထုတ်ပြန်ချက်
(14)
ဓာတ်ပုံ
(13)
ဘာသာပြန်ပုံပြင်
(13)
ဓာတ်ပုံသတင်း
(12)
သတင်းဓါတ်ပုံ
(12)
သီချင်း
(12)
အင်တာဗျူး
(12)
အတွေးအမြင်
(12)
ဓာတ်ပုံသတင်း.
(11)
ပုံင်္ပြင်
(11)
အယ်ဒီတာ့ထံပေးစာ
(11)
ဥာဏ်စမ်း
(11)
Photo News
(10)
poem
(10)
ဂျာနယ်
(10)
ဟာသအက်ဆေး
(10)
(ကျန်းမာရေး ပညာပေး)
(9)
.
(9)
x ပညာပေး)
(9)
ဘာသာပြန်
(9)
The Article
(8)
ခရီးသွား.ဆောင်းပါး
(8)
နိုင်ငံတကာအခြားသတင်း
(8)
ဘာသာရေးဆောင်းပါး
(8)
သတင်း.ဆောင်းပါး
(8)
ဗေဒင်
(8)
သတင်းတို.
(7)
ဟာသ ဝတ္ထုတို
(7)
တဘောင်
(6)
ကှဗျာ
(5)
နိုင်ငံထူးခြားသတင်း
(5)
ဘာသာရေး၊ဓမ္မပုံပြင်
(5)
မိန့်ခွန်း
(5)
သမိုင်းစကား၊ ပန်းစကား
(5)
ဟာသ ဓာတ်ပုံ
(5)
အားကစားသတင်း
(5)
song
(4)
ကာတွန်းဟာသ
(4)
စကားပုံ
(4)
ထူးခြားသတင်း
(4)
ပညာပေ;
(4)
သတင်း.တို.
(4)
သရော်စာ
(4)
ဟာသ-
(4)
်ဆောင်းပါး
(4)
-ကာတွန်းဟာသ-
(3)
interview
(3)
ထုပ်ပြန်ချက်
(3)
ဓမ္မဒါန
(3)
ဓါတ်ပုံအက်ဆေး
(3)
ဓာတ်ပုံအက်ဆေး
(3)
ပညာပေ
(3)
ဖိတ်စာ
(3)
ရုပ်သံ
(3)
သတင်း.တို.။
(3)
ဟာသ အင်တာဗျူး
(3)
ဟာသ.
(3)
အင်တာဗျူးး
(3)
အတိုဆုံးဝတ္ထုတို
(3)
အယ်ဒီတာ့အာဘော်
(3)
ဘောလုံးဟာသ.
(3)
(ဟာသ)
(2)
By....meepyatite
(2)
Statement
(2)
Story
(2)
With Best Regards
(2)
aဆာင်းပါ
(2)
ကန်တော့ချိုး
(2)
ကျန်းမာရေး ပညာပေး
(2)
ဇာတ်လမ်းတို
(2)
ပန်းချီ
(2)
ပုံပြင်
(2)
ဘာသာပြန်ကဗျာ
(2)
ရုပ်ပုံအတွေး
(2)
ဟာသပုံပြင်
(2)
အစီရင်ခံစာ
(2)
အမှတ်တရ
(2)
အတွေး
(2)
ဦးဦး မှော်ဆရာ
(2)
ဆောင်းပါ
(2)
ပြဇာတ်
(2)
(xပညာပေး)
(1)
(ပညာပေး)
(1)
)
(1)
....
(1)
2010 at 11:22pm
(1)
=နိုင်ငံတကာ အားကစားသတင်းများ
(1)
Announce
(1)
By: Sara Yin (ကျန်းမာရေး ပညာပေး)
(1)
By; Silver Moon အင်တာဗျူး
(1)
General Knowledge
(1)
Joke
(1)
Photo Essay
(1)
Thanks
(1)
aဆာင်းပါး
(1)
khana.na155 ကဗျာ
(1)
minkonaing
(1)
ကဗျာ(
(1)
ကဗျာ… By..Blue gyee
(1)
ကာတွန်းဟာသ <br /> <br />
(1)
ကိုယ်တိုင်ရေးကဗျာ သီဟသူ
(1)
ခရီးသွားဆာင်းပါး
(1)
ခရီးသွားဆောင်းပါး
(1)
စကား
(1)
စကားပုံ
(1)
စာစု
(1)
စိုးမိုးကျော် (ဟာသ)
(1)
ဆက်သွယ်ရန်
(1)
ဓါတ်ပုံအက်ဆေး
(1)
ဓာတ်ပုံအက်ဆေး
(1)
ဓာတ်ပုံအတွေး
(1)
နူတ်ခွန်းဆက်လွှာ
(1)
ပ
(1)
ပညာပေ;း
(1)
မိန့်ခွန်း
(1)
ရုပ်ရှင်
(1)
သတင်း နှင့်ဟာသ
(1)
သတင်း.တို
(1)
သတင်းကဗျာ
(1)
သတင်းသီချင်း
(1)
သရော်ကဗျာ
(1)
ဟသ
(1)
ဟာသအင်တာဗျူး
(1)
ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း
(1)
အဆိုအမိန့်
(1)
အထ္ထုပ္ပတ္တိ)
(1)
အားကစားသတင်းများ
(1)
အခြားသတင်း
(1)
ဦးဦး မှော်ဆရာ ပညာပေး..
(1)
ုပုံပြင်
(1)
ဆောင်းပါ;
(1)
ပေးပို့ သူ .. စိုးမိုးကျော် ဟာသ
(1)
ပေးပို့ သူ...သက်နိုင် ကဗျာ…
(1)
ပေးပို့ သူ…greenleave
(1)
်ပုံပြင်
(1)
ွ
(1)
ရုပ်သံ
(1)
• Posted by thant zin htwe on နိုဝင်ဘာ 19
(1)
….
(1)
No comments:
Post a Comment