ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, September 29, 2013

လူထုကျန်မာရေး( ကင်ဆာရောဂါအကြောင်း သိကောင်းစရာ)--

>
**Public Health** 
ကင်ဆာဆိုသည်မှာအဘယ်နည်း။ ခန်္ဓာကိုယ်အတွင်းရှိဆဲလ်များ ထိန်းချုပ်မှုကင်းမဲ့စွာ ကြီးထွားလာခြင်း၊ အကြောင်းတရားများစွာ၏ အကျိုးတရား တစ်ခုဖြစ်ပြီး တစ်နေရာတွင် စတင်ဖြစ်ပွားကာ ခန်္ဓာကိုယ်အရပ်ရပ်သို့ ပျံ့နှံ့ရောက်ရှိနိုင်သည်။ အရပ်အခေါ် မြစ်ပွားနာဟုခေါ်သည်။

**ကင်ဆာဖြစ်ရသည့်အကြောင်းရင်းများ **

၁။ မျိုးရိုးဗီဇ
၂။ နေရောင်ခြည်နှင့် အခြားဓာတ်ရောင်ခြည်များ
 ၃။ ဓာတုဗေဒပစ်္စည်းများ
၎။ ရောဂါဖြစ်စေသော ပိုးမွှားများ
 ၅။ ဟော်မုန်းဓာတ်ဆေးဝါးများ ၆။ နေထိုင်မှုအကျင့်စရိုက်များဖြစ်သော ဆေးလိပ် သောက်ခြင်း၊ ဆေးရွက်ကြီးငုံခြင်း၊ ကွမ်းစားခြင်း၊ အရက်သောက်ခြင်းနှင့် ကိုယ်လက်လှုပ်ရှားမှု နည်းပါးခြင်းတို့ကြောင့် ဖြစ်နိုင်ပါသည်။

မျိုးရိုးဗီဇကြောင့်ဖြစ်ပွားလေ့ရှိသော ကင်ဆာများမှာ ၊၊ ရင်သားကင်ဆာ ၊၊ အူမကြီးကင်ဆာ ၊၊ ဆီးကျိတ်ကင်ဆာနှင့် ၊၊ ကလေးများတွင်ဖြစ်သော မျက်လုံးကင်ဆာတို့ဖြစ်သည်။ ရောင်ခြည်နှင့် အခြားဓာတ်ရောင်ခြည်များကြောင့် ဖြစ်သော ကင်ဆာများမှာ အရေပြားကင်ဆာများဖြစ်ပြီး ပြင်းထန်သော နေ ရောင်ခြည်ကြောင့် ဖြစ်ပွားနိုင်သည်။ အရေပြားကင်ဆာ သည် အနောက်နိုင်ငံများတွင် ပိုမိုဖြစ်ပွားသည်။ စောစီးစွာ သိရှိပါက ခွဲစိတ်ကုသမှုတစ်ခုတည်းဖြင့် ပျောက်ကင်းအောင် ကုသနိုင်သည်။ ကင်ဆာဖြစ်စေသောဓာတုဗေဒပစ္စည်းများမှာ ၊ ၊၊အစားအသောက်များတွင်ပါဝင်သော ဆိုးဆေးများ ၊ ၊၊မီးကင် ကြပ်တင်ထားသော အစားအစာများ ၊ ၊၊ကြာရှည်ခံအောင် ဆားဖြင့်စီမံထားသော အစားအစာများ ၊ ၊၊ယမ်းစိမ်းဖြင့် ပြုပြင်ထားသော အစားအစာများ ၊ ၊၊မှိုတက်နေသော အစားအစာများ ဖြစ်သည်။ ပိုးမွှားများကြောင့်ြ့ဖြစ်သော ကင်ဆာများမှာ ၊ ၊၊ အသည်းရောင်ဘီဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားသည့် အသည်းကင်ဆာ ၊ ၊၊ နဠြဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပွားသော နှာခေါင်း နောက် ကင်ဆာ ၊ ၊၊ ခုခံအားကျဆင်းမှုဖြစ်စေသော ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားသည်ြ့ပန်ရည်ကျိတ်ကင်ဆာ ၊၊ံဏဠဗိုင်းရပ်ပိုးကြောင့်ဖြစ်ပွားသည့် သားအိမ် ခေါင်းကင်ဆာတို့ဖြစ်သည်။ ဟော်မုန်းဓာတ်ဆေးဝါးများကြောင့်ြ်ဖြစ်သော ကင်ဆာများမှာ ၊၊ ဆီးကျိတ်ကင်ဆာ ၊၊ ရင်သားကင်ဆာ ၊၊ သားအိမ်ကင်ဆာ နေထိုင်မှုပုံစံများကြောင့်ြ်ဖြစ်သောကင်ဆာများ ၊၊ ဆေးလိပ်သောက်ခြင်းကြောင့် အဆုတ်ကင်ဆာ ရောဂါ ၊၊ ကွမ်းစားခြင်း၊ ဆေးရွက်ကြီးငုံခြင်း၊ အရက်သောက် ခြင်းကြောင့် ခံတွင်းနှင့် အစာမျိုပြွန်ဆိုင်ရာ ကင်ဆာရောဂါများ ၊၊ အဆီစားသုံးမှုများပြားခြင်းကြောင့် ရင်သားကင်ဆာ၊ အူမကြီးကင်ဆာရောဂါ ၊၊ ဆိုးဆေးများ၊ ယမ်းစိမ်းများ၊ ဓာတုဗေဒပစ်္စည်းများပါဝင်သော အစားအစာများ စားသုံးခြင်းကြောင့် အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာကင်ဆာများ ဖြစ်နိုင်ပါသည်။

**ကင်ဆာမဖြစ်အောင်က်ကာကွယ်၍ရနိုင်ပါသလား**

ကာကွယ်၍ရနိုင်ပါသည်၊ မျိုးရိုးဗီဇကြောင့် ဖြစ်သော ကင်ဆာများသည် ကင်ဆာအားလုံး၏ သုံးပုံတစ်ပုံသာ ဖြစ်သည်။ ကျန်သုံးပုံနှစ်ပုံမှာ နေထိုင်မှုအကျင့်စရိုက်ကြောင့်ဖြစ်သော ကင်ဆာများ ဖြစ်ပါသည်။

**ကင်ဆာရောဂါဘယ်လိုကာကွယ်မလဲ**

ကင်ဆာဖြစ်စေနိုင်သော အကြောင်းရင်းများကို ရှောင်ကြဉ်ခြင်း သည် ကင်ဆာရောဂါကို ကာကွယ်ခြင်း ဖြစ်ပါတယ်။ ၊ ၊၊ ဆေးလိပ်၊ဆေးရွက်ကြီး၊ အရက်၊ ကွမ်းစားခြင်းမှ ရှောင်ကြဉ်ခြင်း ၊၊ ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ပြုလုပ်ခြင်း၊ အ၀လွန်ခြင်းမှ ရှောင်ကြဉ်ခြင်း ၊၊ ဆားဖြင့်စီမံထားသောအစာများ၊ ကြပ်တင်ထားသော အစာများ၊ ယမ်းစိမ်းဖြင့် ပြုပြင်ထားသော အစာများနှင့် အချဉ်၊ သနပ်များ အလွန်အကျွံ စားခြင်းမှ ရှောင်ကြဉ်ခြင်း ၊၊ ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများ စားသုံးခြင်း ၊၊ ပြင်းထန်သော နေရောင်ခြည်ကို ကြာရှည်စွာ ထိတွေ့ခြင်းမှ ရှောင်ကြဉ်ခြင်း ၊၊ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းနှင့် ကျန်းမာရေးစစ်ဆေးမှု ပုံမှန်ပြုလုပ်ခြင်းတို့ဖြစ်ပြီး ကင်ဆာရောဂါလက်္ခ ဏာများကို တွေ့ရှိပါက နီးစပ်ရာ ကျန်းမာရေးဝန်ထမ်းများနှင့် တိုင်ပင် ဆွေးနွေးခြင်းတို့ကို ပြုလုပ်ပါ။

**ကင်ဆာရောဂါဖြစ်ပွားနိုင်သည်ဟု ယူဆရသော လက်္ခဏာများ**

အချိန်အခါမဟုတ်ဘဲ သွေးဆင်းခြင်း၊ အဖြူ ဆင်းခြင်း။ ၊၊ လည်ပင်း၊ ချိုင်း၊ သားမြတ်၊ ပေါင်ရင်း စသည်တို့တွင် အလုံးအကျိတ်အခဲ တွေ့ရှိခြင်း။ ၊၊ ပျောက်သင့်သည့် အချိန်ကျော်၍ မပျောက်သောအနာများ။ ၊၊ ၀မ်းဖြစ်စေ၊ ဆီးဖြစ်စေသွားလေ့သွားထ ပြောင်းလဲ လာခြင်း။ ၊၊ အမြဲအသံဝင်လာခြင်း၊ အမြဲမပြတ် ချောင်းဆိုးလာခြင်း။ ၊၊ အစာမျိုရတာခက်ခဲခြင်း၊ အစာမကြေသလို၊ မစားချင်သလို မကြာခဏ ဖြစ်ပေါ်လာခြင်း။ ၊၊ ကိုယ်ပေါ်ရှိမှဲ့ (သို့မဟုတ်)ကြွက်နို့၊ မွေးရာပါအမှတ်များ ကြီးထွားလာခြင်း၊ သွေးထွက်ခြင်း၊အရောင်ပြောင်းခြင်း။ ကင်ဆာရောဂါကို ပျောက်ကင်းအောင် ကုသ၍ ရနိုင်ပါသလား အချို့ကင်ဆာရောဂါများကို စောစီးစွာသိရှိ၍ အချိန်မီ ထိရောက်စွာ ကုသမှုခံယူပါက ပျောက်ကင်းနိုင်ပါသည်။ ရောဂါအဆင့်လွန်မှကုသလျှင် ပျောက်ကင်းရန်မလွယ်ပါ သဖြင့် မသိနားမလည်သူများ၏ပြောစကားကို နားယောင်၍ ဆေးမြီးတိုများနှင့် မကုသင့်ပါ။ ရောဂါမလွန်သင့်ဘဲ လွန်စေတတ်ပြီး အသက်ဆုံးရှုံးရသည့်အဖြစ် ရောက်တတ် ပါသည်။

**ကင်ဆာရောဂါကို မည်သို့ကုသနိုင်ပါသလဲ **

ကင်ဆာရောဂါကုသမှုများ၏ အဓိကရည်ရွယ်ချက်များမှာ ၊ ၊၊ ပျောက်ကင်းနိုင်သည့် ကင်ဆာရောဂါများကို အမြစ်ပြတ် ပျောက်ကင်းစေရန်၊ ၊၊ မပျောက်ကင်းနိုင်သည့်အဆင့်ရှိ ကင်ဆာရောဂါ သည်များအား သက်တမ်းပိုမိုကြာရှည်စွာ နေထိုင် နိုင်ရန်၊ ကင်ဆာရောဂါလူနာများခံစားနေရသော ရောဂါဝေဒနာ များ သက်သာစေရန်တို့ ဖြစ်သည်။ ဆက်လက်ဖော်ပြပါမည်။

ပါမောက္ခ စိုးဦးမောင်-
ဓါတ်ရောင်ခြည်ဆေးကုဌာန၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)