ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, September 25, 2013

-- ဟာသ၀ိဇ်္ဇာ၊ ပျော်တော်ဆက် ““သန်းနွဲ့””--

>
ရယ်မောခြင်းနှင့်အတူ ပျော်ရွှင်ကြည်နူးမှုများသည် ပါလာစမြဲ၊ စိတ်ညစ်၊ စိတ်ထွေနေလျှင် မရယ်နိုင်ပါ၊ သာမန် အားဖြင့် ရယ်မောနေလျှင် ပီတိဖြစ်နေသည်။ စိတ်ကြည်လင် နေသည်ဟု မှတ်ယူနိုင်ပါသည်။ ရယ်နေသည့်အခိုက် ရယ်စရာဖြစ်ပေါ်မှုအပေါ် အာရုံစူးစိုက် ဈာန်ဝင်နေသည့် အတွက် သောက၊ ဗျာပါဒတို့ကို သတိမရ၊ စိတ်ဖိစီးမှုကင်းဝေး နေသည့်အတွက် ““ရယ်သောသူသည် အသက်ရှည်သည်”” ဟု ကျန်းမာရေးရှုထောင့်က ဆိုသည်။ လူတစ်ယောက်ရယ်မောပျော်ရွှင်လာအောင် လုပ်ဖို့ မလွယ်ပါ။ လွယ်မယောင်နှင့် ခက်၊ တိမ်မယောင်နှင့် နက် သည်။ ဟာသသည် ပညာတစ်ရပ်၊ စာပေ၊ ရုပ်ရှင်၊ ပြဇာတ်နှင့် သဘင်လောကတို့တွင် ပေါ်ထွက်ခဲ့သော ဟာသပညာရှင် တို့၏ အရေအတွက်မှာ အခြားသော အနုပညာရှင်တို့၏ အရေအတွက်နှင့် နှိုင်းစာလျှင် ရာခိုင်နှုန်းအားဖြင့် နည်းလှ သည်။ ဟာသသည် ခက်ခဲနက်နဲသော ပညာတစ်ရပ်ဖြစ်သော် လည်း အလေးပေးမခံရ၊ ဟာသပညာကို သာမန်မျှသာ သဘောထားတတ်ကြသည်။ ဟာသစာပေရှိသော်လည်း ဟာသစာပေထူးချွန်ဆုမရှိ၊ ဟာသရုပ်ရှင်ရှိသော်လည်း ဟာသအကယ်ဒမီထူးချွန်ဆုမရှိ၊ ထိုအချက်တွေက ဟာသ ပညာရပ်အပေါ် လေးလေးနက်နက်မရှိသေးကြောင်း သက်သေပြနေသည်။ သဘင်ပညာရှင်များသည် သဘင် အကယ်ဒမီထူးချွန်ဆုကို မျှော်လင့်နေကြကြောင်း စာစောင် အချို့တွင် ဖတ်လိုက်ရသည့်အတွက် ဟာသပညာရှင်များလည်း ဟာသအကယ်ဒမီထူးချွန်ဆုကို မျှော်လင့်နေကြမည်ထင် ပါသည်။

ကလိထိုးလျှင်လည်း ရယ်ရပါသည်၊ သို့သော် ဟာသ မဟုတ်၊ အခံရခက်၍၊ ကြောင်းကျိုးဆက်စပ်ပြီး သဘာဝ ကျကျ၊ ဇာတ်ကွက်လှလှဖန်တီးပြနိုင်မှ ဟာသရသမြောက် ပေမည်။ ဟာသမြောက်အောင် ဇွတ်လုပ်ယူ၍မရ။ လက်ရာ မြောက်လှသော တစ်ကွက်စာကာတွန်းများသည် တစ်သက်စာ မေ့မရနိုင်လောက်အောင် ဆွဲဆောင်မှုရှိသလို မရယ်ဘဲ အောင့်ထားနိုင်၍မရလောက်အောင် ဟာသဖြင့် ကလိနိုင်စွမ်း ရှိသူတစ်ဦး၏ သရုပ်ဆောင်မှုများသည် စာရေးသူ၏ မျက်စိမှ မထွက်၊ မချိုမချဉ်လုပ်နေသည့် သူ့မျက်နှာပေးကို ပြန်မြင် မိတိုင်း ယနေ့တိုင် ရယ်ချင်နေသေးသည်။ ထိုသူမှာ ပြည်သူချစ်သော ဟာသ၀ိဇ်္ဇာ၊ ပျော်တော်ဆက် သန်းနွဲ့၊ ရုပ်ရှင်သရုပ်ဆောင် ““ချာလီချက်ပလင်”” သည် ဟာသဖြင့် ကမ်္ဘာကျော်ခဲ့သလို မြန်မာပြည်မှာလည်း ““သန်းနွဲ့”” သည် ဟာသဖြင့် ထင်ပေါ်ခဲ့ပါသည်။ သူ့ခေတ်၊ သူ့ကာလက ကလေးရော လူကြီးပါမကျန် သူပါဝင်သော ဇာတ်ကားတိုင်း နှစ်သက်ခဲ့ကြသည်။ သူသည် သူချစ်သောအနုပညာဖြင့် ရိုးသားစွာ အသက်မွေးရင်း ဘ၀ကို တည်ငြိမ်စွာ၊ တင့်တယ်စွာ ဖြတ်သန်း သွားနိုင်သောသူ၊ သူ့လိုလူအတူမရှိပါ။ သူ့မူ၊ သူ့ဟန်၊ သူ့ သဏ္ဌာန်ကိုတုရန်လည်း ခက်လှသည်။ အကယ်ဒမီ မြတ်လေး၊ အကယ်ဒမီကောလိပ်ဂျင်နေ၀င်း၊ အကယ်ဒမီ ဦးကျောက် လုံး၊ အကယ်ဒမီဦးသိန်းမောင်နှင့် ဒေါ်မြလေးတို့ကဲ့သို့ အစားထိုးမရသော အနုပညာရှင်။

သန်းနွဲ့၏ သားအကြီးဆုံးဖြစ်သူ ရုပ်ရှင်သရုပ်ဆောင် ရဲထွန်းနွဲ့(အတာ)၏ပြောပြချက်အရ ““သန်းနွဲ့””သည် မိတ်္ထီလာသား အဘဦးထွန်းမောင်(မီးရထားဝန်ထမ်း)နှင့် အမိ ဒေါ်လွန်းတို့မှ ၁၄-၂-၁၉၂၁ ရက်(တနင်္လာနေ့)တွင် ဖွားမြင် ခဲ့ပြီး အမည်အရင်းမှာ မောင်လှမောင်၊ မွေးချင်း ငါးယောက်ရှိ သည့်အနက် တတိယမြောက်၊ မန်္တလေးမြို့ြြွှ ဗုဒ်္ဓ သာသနာ့နုဂ်္ဂဟအသင်းမှကြီးမှူးသည့် ဟိုက်စကူး (အထက် ဇာတ်ရန်အဖြစ် ပွဲဦးထွက်သရုပ်ဆောင်ခဲ့ပြီး ဇာတ်ပို့၊ ဇာတ်ရန်၊ လူရွှင် တော်၊ ဟာသမင်းသား၊ ဒါရိုက်တာ၊ ထုတ်လုပ်သူ စသည်ဖြင့် ရိုက်ကူးခဲ့ သော ဇာတ် ကားပေါင်း ၁၄၃ ကား ရှိခဲ့ပြီး အများပိုင်အဖြစ်““စံပြ”” ရုပ်ရှင်၊ ပုဂ်္ဂလိက တန်းကျောင်း)မှ မက်ထရစ် ဆယ်တန်း အောင်မြင်ခဲ့ပြီး မီးရထားဌာန၊ ကြေးနန်း ဆက်သွယ်ရေး ၀န်ထမ်းအဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။ ရုပ်ရှင်လူကြမ်း နှင့် ဟာသသရုပ်ဆောင် သာဂေါင်ကြီး (ဦးလှမောင်)နှင့် ဆက်နွှယ်ပြီး ၀န်ထမ်းဘ၀မှ နုတ်ထွက်ကာ ရန်ကုန် ရုပ်ရှင်လောက သို့ ၀င်ရောက်ခဲ့သည်။ ၁၉၄၆ ခုနှစ် အသံတိတ်ခေတ် အေ၀မ်းဖလင်မှ ဒါရိုက်တာ ဦးဘရှင် ရိုက်ကူးခဲ့သော ““ခေတ်သစ်ဖာတစ်လုံး ခေါင်းကျား”” ဇာတ်ကားတွင် ဇာတ်ပို့ တစ်ဦးတည်းပိုင်အဖြစ် ““ရွှေနှင့်မြ”” ရုပ်ရှင်ကုမ်္ပဏီတို့ကို တည်ထောင်ခဲ့ သည်။ ခေါင်းဆောင်မင်းသားအဖြစ် ရိုက်ကူးခဲ့သော ဇာတ်ကားများမှာ ““မာမီ ရှိန်း””(၁၉၅၀)၊ ကာတွန်းအောင်ရှိန်၏ နာမည်ကျော် ကာတွန်း ဇာတ်ဆောင် ““စံရှား-ဒိန်းဒေါင်”” ဇာတ်လမ်းများက ရုပ်ရှင်အဖြစ်အသက်သွင်း ရိုက်ကူးထား သော မှားတဲ့ အခါလည်း မှားပေမပေါ့ (၁၉၆၄)၊ အောင်ပင်လယ်(၁၉၆၅)၊ အံ့သြကုန် နိုင်ဖွယ်(၁၉၆၆)နှင့် လကမ်္ဘာ သို့(၁၉၆၈)ဇာတ်ကားများ ဖြစ်သည်။ ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့သော ဇာတ်ကားများမှာ လင်းဆွဲ(၁၉၅၀)၊ ချစ်ပြဿသနာ(၁၉၆၇)၊ အချစ်ရေ(၁၉၆၀)၊ စန်းပွင့်လာပြီ (၁၉၆၀)၊ ကျွန်တော့် ဇာတ်လမ်း(၁၉၆၀)၊ ကဲမာမာပဲ(၁၉၆၁)၊ စိန်လားဟေ့ မောင်တို့(၁၉၆၁)၊ မိချစ်တဲ့ မောင်(၁၉၆၂)၊ ဖြစ်ချင် တာလည်းမဖြစ် ရပါ (၁၉၆၂)နှင့် မောင်ချော့မြူပါ့မယ် (၁၉၆၃)တို့ ဖြစ်သည်။ ““ရွှေနှင့်မြ”” ရုပ်ရှင်မှ ထုတ်လုပ်ခဲ့သော ဇာတ်ကား များမှာ မိချစ်တဲ့မောင် (၁၉၆၂)၊ မောင်ချော့မြူပါ့မယ်(၁၉၆၃)၊ မြီးကောင်ပေါက်(၁၉၆၅)၊ တမာချိုချို (၁၉၆၆)၊ မင်းနဲ့ငါ (၁၉၆၇)၊ လကမ်္ဘာ သို့(၁၉၆၈)၊ လူပျက်ကလေးမောင်ရွှေရိုး (၁၉၆၉)၊ ခခွေးယပင့် စသတ်ချစ် (၁၉၆၉)၊ အားကစားနှင့် ပင်တိုင်စံ(၁၉၆၉)၊ ကိုကို ညီညီ(၁၉၇၆)၊ သန်းနွဲ့ကွယ်လွန် ပြီးနောက်သားဖြစ်သူ ဟာသသရုပ်ဆောင် သန်းနွဲ့လေး ထုတ်လုပ်ခဲ့သည့် ““သန်းနွဲ့နှင့် သန်းနွဲ့အနုပညာ”” (၁၉၇၅) တို့ကို ရိုက်ကူးထုတ်လုပ်ခဲ့သည်။ ဘ၀ကြင်ဖော်အဖြစ် ဒေါ်ခင်ရွှေ၊ ဒေါ်သန်းမြတို့နှင့် ဖူးစာဆုံခဲ့ပြီး (၁)သားကြီး ရုပ်ရှင် သရုပ်ဆောင် ရဲထွန်းနွဲ့(သြစတြေးလျ)၊ (၂)သမီး မြင့်မြင့်နွဲ့ (ဂျပန်)၊ (၃)ဟာသသရုပ်ဆောင်သန်းနွဲ့လေး (ကွယ်လွန်)၊ (၄)သားရုပ်ရှင်သရုပ်ဆောင် သန်းထွန်းနွဲ့ (အင်္ဂလန်၌ ကွယ်လွန်)၊ (၅)သားငယ်ဒါရိုက်တာထွန်းအေး နွဲ့(ဂျပန်)တို့ကို မွေးဖွားခဲ့သည်။ ဒုတိယကမ်္ဘာစစ်ကြီးအပြီး ၁၉၄၉ ခုနှစ်သို့အရောက် ပြဇာတ်များ ခေတ်စားလာချိန်တွင် တစ်ဖက်မှ ရုပ်ရှင် ရိုက်ရင်း အခါအခွင့်သင့်ပါက ပန်းဆိုးတန်း ““၀င်းဝင်း”” ရုံ၊ လမ်းမတော်အနောက်ပိုင်း ““ကာဌေး””ရုံ၊ ရေကျော် ““ဇော်”” ပြဇာတ်ရုံတို့တွင် သရုပ်ဆောင်၊ ဒါရိုက်တာအဖြစ် ပြဇာတ် ပေါင်းများစွာ တင်ဆက်နိုင်ခဲ့သူ၊ ပြဇာတ်ခေတ်တွင် ကိုယ်တိုင်ပါဝင်ကပြခဲ့ဖူးသည့် ““သန်းနွဲ့””၏ ဇနီးဖြစ်သူ ““ဒေါ်သန်းမြ””ပြောပြချက်အရ ““သန်းနွဲ့””ဒါရိုက်တာအဖြစ် တင်ဆက်ခဲ့သော မင်းသား မျိုးမြင့်၊ မင်းသမီး ရို့စ်ဌေး တို့ ပါဝင်သည့် ““ချစ်ဖေဖေ””ပြဇာတ်၊ မင်းသားတက်္ကသိုလ်မျိုးချစ်၊ မင်းသမီး ခင်အုန်းမြင့်တို့ပါဝင်သည့် ““ချစ်ရန်စ”” ပြဇာတ်၊ ““စံပြမယား””ပြဇာတ်တို့မှာ ပရိသတ်၏ တောင်းဆိုချက်များ အရ အကြိမ်ကြိမ်ပြန်လည်ကပြခဲ့ရသည်ဟု သိရှိရသည်။ ““လှော်ကောင်းတုန်း တက်ကျိုး””ဆိုသလို ဟာသ အနုပညာများ ဖန်တီးတင်ဆက်မှုအရှိန်ကောင်းနေဆဲ အသက် (၅၀)အရွယ်သို့အရောက် ကျန်းမာရေးချို့ယွင်းလာ သည့်အတွက် သားကြီးရဲထွန်းနွဲ့နှင့်အတူ အင်္ဂလန်သို့ သွား ရောက်ဆေးကုသခဲ့သည်။ သို့သော် ရောဂါကျွမ်းနေပြီဖြစ် သည့်အတွက် ၇-၁-၁၉၇၁ ရက်တွင် လည်ချောင်း ကင်ဆာဖြင့် ကွယ်လွန်ခဲ့သည်။ 

အများဆုံးတွဲဖက်ရိုက်ကူးခဲ့သော ရုပ်ရှင်မင်းသမီးမှာ ၀ဏ်္ဏကျော်ထင် အကယ်ဒမီကြည်ကြည်ဌေး၊ အကယ်ဒမီဝါ၀ါဝင်းရွှေ၊ အကယ်ဒမီ စံရှားတင်၊ အကယ်ဒမီဒေစီကျော်ဝင်း၊ အကယ်ဒမီခင်သန်းနု၊ အကယ်ဒမီအေးအေးသင်း၊ တင်တင်ညို၊ ထားထားနွယ်နှင့် ရေဒီယိုတေးသံရှင် သန်းသန်းဆင့်တို့ဖြစ်ကြသည်။ ဟာသ ကွက်များ ပုံဖော်ဖန်တီးရာတွင် လူရွှင်တော်များ ဖြစ်ကြသော ချစ်မောင်၊ မြင့်ဖေ၊ ဂျော်လီဆွေ၊ ကြယ်နီ၊ သာဂေါင်၊ သာဆန်း၊ အေးကို၊ မစိန်ခင်၊ မအေးကြည်တို့နှင့် အပေးအယူ အချိတ်အဆက်မိမိ ပရိသတ်ကို ကလိနိုင်ခဲ့ကြသည်။ လူပင် သေသော်လည်း နာမည်မသေ၊ မြန်မာ့ရုပ်ရှင်သမိုင်းတွင် သူ၏ ဂုဏ်သတင်း ထုံသင်းဝေလျက်။ 

+တင့်လွင်ဦး(စီးပွားရေး)+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)