ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, September 23, 2013

--နံနက်ခင်းအာဟာရကိုပေးသည့်ထမင်းကြမ်းနှင့်ပဲပြုတ်ဆီဆမ်း---

>
မြန်မာနိုင်ငံတစ်ဝန်းမှီတင်းနေထိုင်ကြသော ပြည်သူ လူဦးရေ၏ ခုနစ်ဆယ်ရာခိုင်နှုန်းမှာ ကျေးလက်နေ ပြည်သူများ ဖြစ်ကြသည်။ ထိုသူများ မက်မက်မောမော စားကြသည့် နံနက်စာမှာ ပဲပြုတ်ဆီဆမ်းနှင့် ညဦးက တည်းက ပိုလျှံအောင်ချက်ထားသည့် ထမင်းကြမ်း ဖြစ်သည်။ ပဲပြုတ်ဟုဆိုလိုက်သည်နှင့် မျက်စိထဲတွင် မြန်မာ့ ရိုးရာစားစရာ စားတော်ပဲလုံးပြုတ်ကိုမြင်ပြီးဖြစ်ရပါသည်။ ရေစိမ်ထားပြီး အညှောင့်ကလေးများ ထွက်နေသော စားတော်ပဲလုံးကို အနူးမြန်အောင် စားဆိုဒါနှင့်ဆား သင့်ရုံထည့်ပြုတ်ထားသဖြင့် ဆိမ့်သောအရသာ ခပ်လေး လေးနှင့်ချိုငန်သောအရသာများပါသည့် ပဲပြုတ်ဖြစ်သည်။ ထိုပဲပြုတ်ကို နှမ်းဆီ မွှေးမွှေးလေးဆမ်းပြီး စားလေ့ရှိ ကြသည်။ အောက်ပြည်အောက်ရွာများတွင် နှမ်းဆီကို သိပ်မသုံး၊ ဟင်းချက်ရာတွင်သုံးသည့် မြေပဲဆီကိုသာ ဆမ်းစားလေ့ရှိကြသည်။ ကျေးလက်နေပြည်သူများ ထမင်းကြမ်းစားကြခြင်း မှာ အဆာခံခြင်းကြောင့်ဖြစ်သည်။ နံနက်စောစော နွား တစ်ရှဉ်းနှင့် တောင်ယာလယ်တောဆင်းသူများအဖို့ နေ့လယ်နေမြင့်လာလျှင် နွားများနေမပူအောင် အလုပ် သိမ်းအိမ်ပြန်ကြရသည်။ ထိုအချိန်အတွင်း နောက်ထပ် ဗိုက်မဆာစေရန် ထမင်းကြမ်းကိုစားကြရခြင်းဖြစ်သည်။ အမှန်မှာ အစာအိမ်နှင့်သင့်တော်သော နံနက်ခင်းစာမှာ ထမင်းပူပူနွေးနွေးဖြစ်သည်။ ထမင်းအေးသည် ၀မ်းမီးကို ငြိမ်းစေသဖြင့် အလုပ်မလုပ်သောသူများ မစားသင့်ပေ။ ရင်တောင့်ပြီးအစာမကြေဖြစ်ရာမှ ကြာလျှင်အစာအိမ် ရောင်ရောဂါရနိုင်သည်။ စားတော်ပဲပြုတ်ကို ခံတွင်းတွေ့ကြခြင်းမှာ စား ဆိုဒါနှင့်ပြုတ်ထားသောကြောင့်ဖြစ်သည်။ စားဆိုဒါသည် အစာအိမ်မှလေကို အထက်သို့ပွ၍တက်စေသော အစာ ဖြစ်သဖြင့် ဆိုဒါများလွန်းလျှင် မကောင်းပေ။ ပဲပြုတ်ပြုတ် သူများက ပဲလုံးအနူးမြန်စေရန်ထည့်ပြုတ်သောအခါ စားဆိုဒါများလျှင် သွေးတိုးရောဂါဖြစ်လာနိုင်သည်။ သင့်ရုံသာ ထည့်သင့်ပါသည်။ မြန်မာ့ရိုးရာအစားအစာပဲပြုတ်သည် အင်္ဂလိပ် ခေတ်တွင် အိနိ္ဒယမှပါလာသော ကာကာများ၏လက်ဖက် ရည်ဆိုင်များမှ နံပြားနှင့်ပေါင်းပြီး ရန်ကုန်မှစ၍လူကြိုက် များသော အစာဖြစ်လာသည်။

 မြန်မာ့လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း၏ လက်ရေးနှင့် ““ကြည် ... ပဲပြုတ်နှင့်နံပြား ရရင်စားချင်တယ်”” ဟူသောစာမှာ သမိုင်းဝင်စာဖြစ်ခဲ့သည်။ ပဲအမျိုးမျိုးရှိပါလျက် စားတော်ပဲလုံးကိုမှ လူကြိုက် များရခြင်းမှာ ဆိမ့်၍အားရှိသော ပဲမျိုးဖြစ်ခြင်းကြောင့် ဖြစ်သည်။ ကုလားပဲနှင့်မတူသော အချက်မှာ ကုလားပဲ သည်အားရှိသော်လည်း ၀မ်းကိုချုပ်စေသည်။ စားတော်ပဲ သည် လေကိုပွစေသဖြင့် ၀ါယောဓာတ်ပါသောအစား အစာဖြစ်သည်။ ၀မ်းကိုမချုပ်စေပေ။ စားတော်ပဲလုံးရေစိမ် သောအခါ အညှောင့်ငယ်လေးများထွက်သဖြင့် အရည်ကို စုပ်ယူနိုင်သည့်အာပေါစာဖြစ်သည်။ အညှောင့်ပေါက် ကလေးတွင် တွန်းကန်ထွက်နိုင်သည့်အာကာသဓာတ်ရှိ သဖြင့် စားတော်ပဲစားလျှင် ချွေးထွက်စေနိုင်သောသတိ္တ ရှိသည်။ အဖျားရှိသူများ ကုလားပဲနှင့် မတည့်သော်လည်း စားတော်ပဲပြုတ်နှင့်တည့်သည်။ နံနက်စာအဖြစ် ထမင်း ပူပူနှင့်စားနိုင်သည်။

 မြန်မာ့ရိုးရာအစားအစာများတွင် နံနက်စောစော စားလေ့ရှိသော စားတော်ပဲပြုတ်သည် ကျန်းမာရေးနှင့် သင့်တော်သောအစာဖြစ်သည်။ ပိန်သူဖြစ်စေ၊ ၀သူဖြစ်စေ သင့်တော်ပြီး အာဟာရဓာတ်လည်းပြည့်စုံသောအစာဖြစ် သည်။ အထူးပါဝင်သောသတိ္တထူးမှာ အစာသစ်အိမ်တွင် ခိုအောင်းနေသောလေချဉ်လေဟောင်းကို ဖွထုတ်ပြီး အပြင်သို့ ထွက်စေကာ အစာစားချင်စိတ်ကိုဖြစ်စေသော သတိ္တ၊ ဆာလောင်သောအပူကိုငြိမ်းစေပြီး အာဟာရဖြစ် စေသောအစာဖြစ်ကြောင်း တင်ပြအပ်ပါသည်။ 

+ကြည်လွင်မြင့်((မုဒြာ)+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)