ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Saturday, September 21, 2013

--ဘာစီလိုနာ၊ အေစီမီလန်၊အာဆင်နယ်၊ အက်သလက်တီကိုနှင့် နာပိုလီတို့ နိုင်ပွဲကိုယ်စီရရှိ ခဲ့ကြသော်လည်းစိတ်ပျက်ဖွယ်ခြေစွမ်းများကြောင့်ချယ်လ်ဆီးရှုံးနိမ့်--

>
ဥရောပဘောလုံးအဖွဲ့ချုပ်(ယူအီးအက်ဖ်အေ)က ကြီးမှူးကျင်းပသော ချန်ပီယံလိဂ်ပြိုင်ပွဲ၏ အုပ်စုပွဲစဉ်(၁)ဒုတိယနေ့ပွဲစဉ်များကို စက်တင်ဘာ ၁၉ ရက် နံနက်ပိုင်းက ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ရာ ဘာစီလိုနာ၊ အေစီမီလန်၊ အာဆင်နယ်၊ အက်သလက်တီကိုနှင့် နာပိုလီတို့ နိုင်ပွဲကိုယ်စီရရှိခဲ့ကြသော် လည်း ဥရောပ၏ ၀ါရင့်နည်းပြတစ်ဦးဖြစ်သည့် မော်ရင်ဟို၏ ချယ်လ်ဆီးမှာမူ စိတ်ပျက်ဖွယ်ခြေစွမ်းများကြောင့် အိမ်ကွင်း၌ယှဉ်ပြိုင်ခဲ့ရသော်လည်း ဆွစ်ဇာလန် ကလပ်ဘေဆယ်ကို နှစ်ဂိုး-တစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရသည်။
ပြီးခဲ့သည့် ဘောလုံးရာသီနှစ်ရာသီက ချန်ပီယံလိဂ်နှင့် ယူရိုပါလိဂ်တို့တွင် အောင်မြင်မှုသရဖူများ ဆောင်းနိုင်ခဲ့သည့် ချယ်လ်ဆီးအသင်းသည် ယခုနှစ် ဘောလုံးရာသီတွင်လည်း ဥရောပအောင်မြင်မှုရရှိရန် ယခုနှစ်မှ ခေါ်ယူထား သည့် ၀ီလျံနှင့် အီတိုးတို့ကို ဟာဇက်နှင့်အတူ တိုက်စစ်ပိုင်းတွင် အသုံးပြုကာ အိုင်ဗန်နိုဗစ်၊ အက်ရှ်လေကိုးလ်၊ လူးဝစ်ဇ်နှင့် ကာဟေးတို့ကို နောက်တန်းအထိုင်၊ ကွင်းလယ်တွင် လမ်းပတ်နှင့် အော်စကာကို အမာခံထားပြီး ဆွစ်ဇာလန်ချန်ပီယံ ဘေဆယ်အသင်းကို အနိုင်ကစားရန် နည်းပြကြီးမော်ရင်ဟို စီမံခဲ့သော်လည်း ချယ်လ်ဆီးကစားသမားများ၏ ခြေစွမ်းညံ့ဖျင်းမှုကြောင့် ဘေဆယ်ကို ရှုံးနိမ့်ခဲ့ သည်။ မော်ရင်ဟိုသည် ၀ီလျံ၏နေရာတွင် မာတာကိုလည်းကောင်း၊ လမ်းပတ်၏ နေရာတွင် ဒမ်ဘာဘာကိုလည်းကောင်း လူစားလဲကစားခဲ့သော်လည်း ရလဒ် ကောင်းရရှိအောင် မစွမ်းဆောင်နိုင်ခဲ့ပေ။ ထို့ကြောင့် ဘေဆယ်က ပြီးခဲ့သည့် ရာသီက ယူရိုပါလိဂ်ဆီမီးဖိုင်နယ်တွင် သုံးဂိုး-တစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် ရှုံးကြွေးကို ပြန်ဆပ်ခဲ့သည့်အလား ယခုချန်ပီယံလိဂ်အုပ်စုပွဲစဉ်(၁)အဖွင့်ပွဲတွင် ချယ်လ်ဆီး ကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ယူပြခဲ့သည်။

 ရှော်ကေးနှင့် စတုအာ့ဘူခါရက်တို့၏ ပွဲစဉ်တွင်မူ ရှော်လ်ကေးက စတုအာ့ ဘူခါရက်ကို သုံးဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ သည်။ မာဆေးလ်နှင့် အာဆင်နယ်တို့၏ ပွဲစဉ်တွင် အာဆင်နယ်သည် ၁၆ နှစ် ဆက်တိုက်ချန်ပီယံလိဂ်ဝင်ခွင့်ရရှိထားသည့်အသင်းပီပီ အကောင်းမွန်ဆုံးပုံစံဖြင့် ခြေစွမ်းပြကစားကာ ၀ဲလ်ကော့နှင့် ရမ်ဆေးတို့၏ သွင်းဂိုးများဖြင့် မာဆေးလ် အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ယင်းပွဲစဉ်တွင် အာဆင်နယ် အသင်းသည် ပထမပိုင်းတွင် ဂိုးမရှိသရေပွဲဖြစ်ခဲ့သော်လည်း ၆၅ မိနစ်တွင် ၀ဲလ်ကော့နှင့် ၈၄ မိနစ်တွင် ရမ်ဆေးတို့က တစ်ဂိုးစီ သွင်းယူပေးခဲ့ခြင်းကြောင့် နှစ်ဂိုးပြတ်ဖြင့် အနိုင်ရရှိထားခဲ့သော်လည်း ပွဲကစားချိန်မိနစ် ၉၀ တွင် မာဆေးလ် အသင်း ပင်နယ်တီပြစ်ဒဏ်ဘောကန်ခွင့်ရရှိခဲ့ခြင်းကြောင့် ချေပဂိုးတစ်ဂိုးပြန် ပေးလိုက်ရသည်။

(olivier-giroud and mesut-ozil-Arsenal FC)
ထို့ကြောင့် ယင်းရလဒ်ဖြင့်ပင် ပွဲပြီးဆုံးခဲ့၍ အာဆင်နယ် အသင်း၏ ချန်ပီယံလိဂ်ဝင်ခွင့်ရတိုင်း အုပ်စုအဆင့်ကို ကျော်ဖြတ်နိုင်သည့် အခွင့် အရေးတစ်ရပ်ရယူနိုင်မည့်ခြေလှမ်းသစ်စတင်နိုင်ခဲ့သည်။  
Rest of your post
အုပ်စု(G )တွင်မူ သြစတြီးယားဗီယန်နာနှင့် ပေါ်တိုတို့၏ ပွဲစဉ်တွင် ဂွန်ဇာ လက်၏ တစ်လုံးတည်းသောဂိုးဖြင့် ပေါ်တိုက သြစတြီးယားဗီယန်နာအသင်းကို အနိုင်ရရှိခဲ့ပြီး အက်သလက်တီကိုမက်ဒရစ်နှင့် ဇင်းနစ်တို့၏ ပွဲစဉ်တွင် အက်သ လက်တီကိုမက်ဒရစ်သည် ဒေးဗစ်ဗီလာ၊ အက်ဒရီယန်၊ မာရီယိုဆွာရတ်ဇ်၊ မီရန်ဒါ၊ တူရန်၊ ဘက်တီစတာယို စသည့်ကစားသမားများဖြင့် ပွဲထွက်လာခဲ့ပြီး မီရန်ဒါ၊ တူရန်နှင့် ဘက်တီစတာယိုတို့၏ သွင်းဂိုးများဖြင့် ဇင်းနစ်အသင်းကို သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ယင်းပွဲစဉ်တွင် ဇင်းနစ်အသင်းအတွက် ချေပဂိုးတစ်ဂိုးကိုမူ တိုက်စစ်မှူး ဟော့ခ်က သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ 

အုပ်စု(H)၏ ပွဲစဉ်နှစ်ခုအနက်မှ အေစီမီလန်နှင့် ဆဲလ်တစ်တို့၏ ပွဲစဉ် တွင် နည်းပြအယ်လီဂရီသည် ကာကာနှင့် မွန်တိုလီဗိုတို့ ဒဏ်ရာပြဿနာ ကြုံနေသဖြင့် မပါဝင်နိုင်ခဲ့သော်လည်း ဘာလော့တယ်လီနှင့် မက်ထရီတို့ကို တိုက်စစ်တွင်ထားကာ ၄-၃-၁-၂ ပုံစံဖြင့် ပွဲထွက်ကစားစေခဲ့ရာ ပွဲကစားချိန် ၈၂ မိနစ်တွင် ဆဲလ်တစ်ကစားသမား အီဇာဂူရီ၏ ကိုယ့်ဂိုးကိုယ်ပြန်သွင်းမိသည့် အမှားကြောင့် အေစီမီလန် အဖွင့်ဂိုးရရှိခဲ့ပြီး ၈၆ မိနစ်တွင် မွန်တာရီ၏ သွင်းဂိုး တစ်ဂိုး ထပ်မံရရှိခဲ့ပြီးနောက်ပိုင်းတွင် နှစ်သင်းစလုံး ဂိုးထပ်မံသွင်းယူနိုင်ခြင်း မရှိခဲ့၍ အေစီမီလန်က ဆဲလ်တစ်ကို နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။ 
ဘာစီလိုနာနှင့် အိုင်းယက်စ်တို့၏ ပွဲစဉ်တွင် အိမ်ကွင်းနူးကမ့်၌ ယှဉ်ပြိုင်ကစားရသည့် ဘာစီလိုနာအသင်းသည် မက်ဆီ၊ နေမာ၊ ဆန်း ချက်ဇ်၊ အင်နီယေစတာ၊ ဖာဘရီဂတ်စ်၊ ဘက်စကွက်၊ မာချီရာနို၊ အက်ဒရီ ယာနို၊ ပီကေး စသည့်ကစားသမားများဖြင့် ပွဲထွက်လာ ခဲ့ပြီး ဘာစီလိုနာ အသင်းအတွက် အားထားရသည့် တိုက်စစ်မှူးမက်ဆီ၏ ဟက် ထရစ်ဂိုးနှင့်အတူ ၆၉ မိနစ်တွင် သွင်းယူပေးခဲ့သည့် ပီကေး၏ သွင်းဂိုးတို့ဖြင့် ဘာစီလိုနာက အိုင်းယက်စ်ကို လေးဂိုးပြတ် ဖြင့် အနိုင်ရရှိခဲ့သည်။

ယခုပွဲစဉ်တွင် ဟက်ထရစ် သွင်းယူနိုင်ခဲ့သော မက်ဆီသည် ချန်ပီယံလိဂ် တွင် သွင်းဂိုး ၆၂ ဂိုး အထိ ရှိလာခဲ့ခြင်းနှင့် အတူ လေးကြိမ်မြောက်ဟက်ထရစ် ဂိုးသွင်းယူနိုင်ခဲ့သည့် ကစားသမား တစ်ဦးအဖြစ် စံချိန်တင်ခဲ့ပြီဖြစ်သည်။ 

+မိုးမြင့်လင်းလက်+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)