ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, October 22, 2013

-ယခုလအတွင်းဟိုအကြောင်း၊ဒီအကြောင်း၊သူတို့အကြောင်း-

>
**ဒေါက်မြင့်ဖိနပ်များနှင့်အလှမ်းဝေးရဖွယ်ဖြစ်နေသည့် ကမ်္ဘာကျော် ဖက်ရှင်ဒီဇိုင်နာ ဗစ်တိုးရီးယားဘက်ခမ်း** 
ကမ်္ဘာကျော်ဖက်ရှင်ဒီဇိုင်နာဗစ်တိုးရီးယားဘက်ခမ်းက ခြေမရှိအရိုးဆစ်အဆမတန်ကြီးမားကာ
 ခြေဆစ်လွဲမှု ကြောင့် ၎င်းနှစ်သက်မြတ်နိုးသည့် ဒေါက်မြင့်ဖိနပ်များနှင့် အလှမ်းဝေးရဖွယ်ဖြစ်နေသည်။ ဖက်ရှင်ဒီဇိုင်နာတစ်ဦးအနေဖြင့် ဒေါက်မြင့်ဖိနပ်စီးရန် အဆင်မပြေဖြစ်နေသည့် ကျန်းမာရေး အခြေအနေကြောင့် သူ၏ ၀တ်စားဆင်ယင်မှုဖက်ရှင်ကိုပါ ပြောင်းလဲဖွယ်ရှိ ကြောင်းနှင့် ယင်းဝေဒနာအတွက် ခွဲစိတ်ကုသမှုများ ပြုလုပ် ရန် စဉ်းစားလျက်ရှိနေသည်။ အကယ်၍ ဗစ်တိုးရီးယားဘက်ခမ်းအနေဖြင့် ခွဲစိတ် ကုသမည်ဆိုပါကလည်း တစ်ကြိမ်လျှင် ခြေထောက် တစ်ဖက်သာခွဲစိတ်ရမည်ဖြစ်ပြီး ယင်းတစ်ဖက်အတွက် မလှုပ်မယှက် ရက်ပေါင်းများစွာ အနားပေးထားရမည်ဖြစ်ကာ အခြေအနေဆိုးရွားလာပါက ဒေါက်မြင့်ဖိနပ်များကို နောက်ထပ်တစ်ကြိမ် စီးခွင့်ရတော့မည်မဟုတ်ကြောင်း သိရသည်။ ထို့ပြင် ခြေနှစ်ဖက်လုံးခွဲစိတ်ကုသလိုက်ပါက ကုသမှု နှင့် အနားယူမှုအတွက် ခန့်မှန်းခြေ အချိန်နှစ်နှစ်ခန့် ကြာ မြင့်လိမ့်မည်ဖြစ်ကြောင်း၊ ဗစ်တိုးရီးယားအနေဖြင့် ဖိနပ်စီး ရာတွင်လည်း ခြေမရှိအရိုးကို ကာကွယ်ရန်အတွက် အရွယ် အစားကြီးမားသည့် ဖိနပ်များကိုသာ ရွေးချယ်ဝတ်ဆင် သင့်ကြောင်းနှင့် ဒေါက်အပါးဝတ်ဆင်ခြင်းသာလျှင် အသင့် လျော်ဆုံးဖြစ်ကြောင်း ဗစ်တိုးရီးယား၏ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ဗြိတိန်မဂ်္ဂဇင်းတစ်စောင်သို့ ပြောကြားခဲ့သည်။

** စပါးတွင် တောင်းဆန့်ဆက်လက် ခြေပေါ်အောင်ကစား**
အင်္ဂလိပ်ပရီမီယာလိဂ်ပွဲစဉ်(၈) လက်ကျန်ပွဲအဖြစ် စပါးနှင့်အက်စ်တွန် ဗီလာအသင်းတို့ အောက်တိုဘာ ၂၀ ရက်ညက ယှဉ်ပြိုင်ကစားခဲ့ကြရာ ပထမ ပိုင်းတွင် စပါးက တစ်ဂိုး-ဂိုးမရှိဖြင့် ဦးဆောင်ကစားခဲ့သည်။ ပြီးခဲ့သောပွဲစဉ်က ၀က်စ်ဟမ်းကို သုံးဂိုးပြတ်ဖြင့် ရှုံးနိမ့်ထားသော စပါး က ပွဲစသည်နှင့် အက်စ်တွန်ဗီလာနောက်တန်းကို တရစပ်ထိုးဖောက်တိုက်စစ်ဆင် ကစားခဲ့သည်။ အိမ်ရှင်အက်စ်တွန်ဗီလာတို့ စပါး၏တိုက်စစ်ကို ပိတ်ဆို့ရန် အပိုင်ကြိုးစားသော်လည်း ပထမပိုင်း ၃၁ မိနစ်တွင် အန်းဒရို့တောင်းဆန့်က စပါးအတွက် အဖွင့်ဂိုးသွင်းယူလိုက်သည်။ တိုက်စစ်မှူး တောင်းဆန့်သည် ယနေ့ပွဲတွင်လည်း ခြေပေါ်အောင်ကစား နိုင်ခဲ့ပြီး ပထမပိုင်း ၃၁ မိနစ်မှာပင် စပါးအသင်း၏လိုအပ်နေသော အဖွင့်ဂိုးကို သွင်းယူပေးလိုက်နိုင်သည်။ ပွဲချိန် ၆၉ မိနစ်တွင် ဆိုဒါဒိုက ဒုတိယဂိုးသွင်းယူ ခဲ့၍ စပါးက နှစ်ဂိုး-ဂိုးမရှိဖြင့် နိုင်ခဲ့သည်။

 ** နန်းတွင်းရတနာ (၁၀)နှစ်ပြည့်ဇာတ်ကားတွင်လီယောင်အေး ဆက်လက်ပါဝင်သရုပ်ဆောင်မည်**
နန်းတွင်းရတနာဇာတ်ကားတွင် ချန်ဂင်အဖြစ် လူသိများပြီး အောင်မြင် ကျော်ကြားခဲ့သူ တောင်ကိုရီးယား ကြယ်ပွင့် လီယောင်အေးက ယင်း ဇာတ်ကား၏ (၁၀)နှစ်ပြည့်အထိမ်း အမှတ်အဖြစ်ရိုက်ကူးမည့် Dae Jang Geum to I Am A Singer ဇာတ်ကားတွင် ဆက်လက်ပါဝင်သရုပ်ဆောင် သွားမည်ဖြစ်သည်။ လွန်ခဲ့သည့် နှစ်အနည်းငယ် အတွင်းက သားသမီးအရေးကိစ်္စများ ဖြင့် အာရုံများခဲ့ရပြီး အနုပညာ လောကနှင့် အနည်းငယ် အလှမ်းကွာ ခဲ့သလို ဖြစ်နေခဲ့ရသည့် လီယောင် အေး ပြန်လည်ပါဝင်သရုပ်ဆောင်မည့် ယင်းဇာတ်ကားကို အမ်ဘီစီရုပ်သံလိုင်း မှ ထုတ်လွှင့်ပြသသွားမည်ဖြစ်သည်။ နိုင်ငံပေါင်းများစွာသို့ ထုတ်လွှင့် ပြသခဲ့သော အဆိုပါဇာတ်ကားသည် တောင်ကိုရီးယားရုပ်ရှင်လောကနှင့် ၎င်းင်းအတွက် မှတ်တိုင်တစ်ခုစိုက်ထူ နိုင်ခဲ့ပြီဖြစ်ကြောင်းနှင့် ယင်းအတွက် ဂုဏ်ယူမိပါကြောင်း အသက်(၄၂) နှစ်အရွယ် မင်းသမီး လီယောင်အေး က ပြောကြားခဲ့သည်။ ထို့ပြင် မကြာမီထုတ်လွှင့်မည့် ရိုက်ကွင်းပေါ်က ခံစားမှုများနှင့် မိသားစုရေးရာကိစ်္စများဆွေးနွေးခန်း တွင်လည်း မင်းသမီးလီယောင်အေးက ပါဝင်ဆွေးနွေးသွားမည်ဖြစ်သည်။ 

** စတော့ဟုမ်းအိုးပင်းတင်းနစ် ချန်ပီယံဆု ဒီမီထရော့ဗ်ဆွတ်ခူးရရှိ**
ဘူလ်ဂေးရီးယား တင်းနစ်ကစား သမား ဒီမီထရော့ဗ်နှင့် စပိန်တင်းနစ် ကစားသမား ဒေးဗစ်ဖာရာတို့သည် စတော့ဟုမ်းအိုးပင်းတင်းနစ် ချန်ပီယံ လုပွဲအဖြစ် အောက်တိုဘာ ၂၁ ရက် နံနက်ပိုင်းတွင် ယှဉ်ပြိုင်ကစားခဲ့ရာ ဒီမီထရော့ဗ်သည် ဒေးဗစ်ဖာရာအား နှစ်နာရီကျော်ကြာ ကစားခဲ့ပြီး ၂-၆၊ ၆-၃၊ ၆-၄ ဖြင့် အနိုင်ရရှိခဲ့ပြီးနောက် ဒီမီထရော့က ၎င်း၏ ပထမဆုံးသော အေတီပီတိုးချန်ပီယံဆုဖလားကို ဆွတ် ခူးရရှိခဲ့ကြောင်း သိရသည်။ 

+ငွေကြယ်+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)