>
“လာ လာ တက်ထား အစ်မကြီး တိုးထား၊ အထဲထိ ဝင်ထား၊ ခဏလေး ခဏစောင့်မယ် ဆရာရေ၊ ဟိုးမှာ ပြေးလာနေတယ်”
“မင်းလမ်း လမ်းဆုံ မြလမ်း ရွှေဂုံတိုင် ဗဟန်းသုံးလမ်း ယောက်လမ်း ဘူတာကြီး ဆူးလေ လိုက်မလား၊ ဆူးလေ ဆူးလေ ဆယ့်နှစ်လုံးတန်းဆင်းမှာ ပြင်ထားမယ်”
ကားက ရုံးချိန်မို့ ဘတ်စ်ကားတစ်စီးဆိုတာထက် ငါးသေတ္တာတစ်ဘူးလို….။
“အစ်မ ပေး ခြင်းတောင်း၊ ကျွန်တော်ကိုင်ထားပေးရမလား”
ထိုင်နေသော လူငယ်အမေးကို ရပ်နေသော အမျိုးသမီးက ခေါင်းခါပြသည်။
“ရှင် ဘယ်လိုဖြစ်နေတာလဲ၊ ဟိုဘက်နည်းနည်းတိုးပါဦးတော့လား၊ ဒီမှာ လူက ရှင့်ရင်ခွင်ထဲ ရောက်တော့ မယ်၊ ကတည်းမှ…”
အမျိုးသားက ဘုကြည့်ကြည့်ရင်း ကိုယ်လုံးကို ဂဏန်းရွှေ့လေး ရွှေ့ပေးလိုက်သည်။
သို့သော် ယခင်အတိုင်း၊ ရွေ့ကား မရွေ့။
ရှေ့မှာ အဘိုး၊ အဘွား၊ လူလတ်ပိုင်းတစ်ယောက်နှင့် ကလေးနှစ်ယောက် အပြေး
လာနေကြတာမို့ ယာဉ်မောင်းကို ရပ်ခိုင်းရင်း အဘိုးကြီးနှင့် အဘွားကြီးကို
လက်မောင်းမှ ဆွဲတင်၊ ခါးမှလည်း တွန်းတင်ပေးလိုက်ရသည်။
“ရော့ သုံးယောက်အတွက် သုံးရာယူထား”
“အစ်ကိုရာ ကလေးနှစ်ယောက်က တစ်ယောက်စာတော့ ပေးပါဗျာ”
အဘိုးကြီး၊ အဘွားကြီး၊ လူလတ်ပိုင်းနှင့် ၅နှစ်အရွယ် ကလေးတစ်ယောက်၊ ၁၂နှစ်အရွယ်ကလေးတစ်ယောက်မို့ ကျွန်တော်က ၄ယောက်စာ တောင်းလိုက်သည်။
“ဟာဗျာ ခင်ဗျားဟာက တစ်ခြားလူတွေဆို မတောင်းဘူး၊ ခင်ဗျားကျမှ ကလေးတွေအတွက် တောင်းစရာလားဗျာ”
“အစ်ကိုလေးရာ ကလေးက နှစ်ယောက်လေဗျာ၊ တစ်ယောက်စာတော့ ပေးမှပေါ့”
“မပေးဘူးကွာ၊ ရော့ သုံးယောက်စာ နှစ်ရာပြန်အမ်း၊ ယူချင်ယူ၊ မယူချင်နေ”
“ကလေးနှစ်ယောက်အတွက် ကျွန်တော်က တစ်ယောက်စာပဲ တောင်းတာပါဗျ၊ တစ်ယောက်စာတော့ ပေးပါ၊ ရွှေဂုံတိုင် ဗဟန်းသုံးလမ်း ယောက်လမ်း ဘူတာကြီး ဆူးလေ လိုက်မလား၊ ဆူးလေ ဆူးလေ လာထားနော် ခဏလေး ဆရာရေ နောက်က တက်နေတုန်း”
“မပေးဘူးကွာ၊ မင်းတော့လား ခဏနေဦး၊ ငါ ဗဟန်းဆင်းမှ သိမယ်”
“ဟဲ့ တော်ကြပါတော့ဟယ်၊ ငွေလေးတစ်ရာနဲ့ ဖြစ်နေလိုက်ကြတာ၊ ကဲ ကဲ အဲဒီကလေးတစ်ယောက်စာ အတွက် ငွေတစ်ရာ ငါဆီကသာ ယူလိုက်ပါ။ ရော့ ငါ့အတွက်တစ်ရာနဲ့ ပေါင်းပြီး နှစ်ရာ ယူလိုက်၊ ရှေ့မှတ်တိုင်ကျ ငါဆင်းမှာ”
“မလိုပါဘူးဗျာ၊ ခင်ဗျား ပေးစရာ”
မိန်းမကြီးက ထိုလူကို မျက်စောင်းလှမ်းထိုးသည်။ မိန်းမကြီးလက်ထဲက နှစ်ရာတန်ကို ပြုံးပြီးယူလိုက်ရင်း ကလေးနှစ်ယောက်အဖေကို လှမ်းကြည့်တော့ ထိုသူကလည်း ရန်လိုဟန် ရှိနေသေးသည်။ မတတ်နိုင်၊ ကျွန်တော် သူ့ကို မကြည့်မိအောင် နေလိုက်ရသည်။ ကြာရင် ဆွဲထိုးမိတော့မည်။ ပြီးရင် စပါယ်ယာအဆိုးပဲ ဖြစ်ဦးမည်။ လူတွေက သည်လိုပါပဲ။ စပါယ်ယာက သဘောကောင်းတော့လည်း ခရီးသည်တွေက ဆိုးချင်သည်။ မိန်းမ မီးပူမတိုက်အား၍ တိုက်မပေးလိုက်သော ယူနီဖောင်းရှပ်လက်တိုအပြာကို လက်ဖြင့်ဆွဲဆန့်ရင်း ကားနောက်ပေါက်ကတက်သော ခရီးသည်များထံ ကားခတောင်းရန် ပြင်လိုက်သည်။
“ဟေ့လူ ခင်ဗျား မေ့ချင်ယောင်ဆောင်နေသလား၊ ကျုပ် ငါးရာတန် ပေးလိုက်တာ။
နှစ်ရာပြန်အမ်းဦး”
ကလေးအဖေက ပိုက်ဆံမရှိလို့ မဟုတ်၊ ငါးရာတန်တောင် ပေးထားသေးတာ၊ ကလေးနှစ်ယောက်စာသာ မပေးချင်လို့ ကပ်သပ်နေခြင်း ဖြစ်လေသည်။ ကျွန်တော် ဘာမှ ပြန်ပြောမနေတော့။ ခုနက မိန်းမကြီးပေး သွားသော လက်ထဲက နှစ်ရာတန်တစ်ရွက်ကို အမ်းပေးလိုက်သည်။
“ခင်ဗျားဗျာ အတော်မိုက်ရိုင်းပါလား၊ ခင်ဗျားနှစ်ရာတန်ကိုလည်းကြည့်ဦး၊ ဒီလောက် ထက်ခြမ်းကြီးပြဲနေတာကို တိတ်နဲ့ ကပ်ထားတာ၊ ပြန်လဲပေးဗျာ”
ဟာ….၊ ဒီလူ အတော်လွန်ပါလား၊ ပေးတဲ့သူတွေကလည်း ဒီငွေတွေပဲ ပေး၊ သုံးတဲ့သူတွေကလည်း ဒီငွေတွေပဲ သုံး၊ ဒီငွေတွေပဲ လည်ပတ်နေရတဲ့ဟာ၊ ကျွန်တော် တော်တော်လေး စိတ်ပျက် လက်ပျက်ဖြစ်သွားရသည်။ မတတ်နိုင်ပြန်ပါ။ ကျွန်တော့်လက်ထဲက အသစ်ဆုံးဖြစ်မည်ထင်ရသော တစ်ရာတန် ၂ရွက်ကမ်းပေးလိုက်သည်။
မျက်စေ့ထဲမတော့ နှစ်ရာတန်အပြဲကြီးကို စေတနာဗလပွနှင့် ပေးသွားသော စေတနာရှင်
မိန်းမကြီးကိုသာ
ပြေးမြင်မိတော့သည်။
အေးလေ ဒီငွေတွေပဲ သုံးနေရတာကို....
မိန်းမကြီးအလွန် မဟုတ်။ ကျွန်တော်လည်း မလွန်၊ ထိုလူလည်း နည်းနည်းတော့ လွန်သည်
ဆိုပေမဲ့ လွန်တော့ မလွန်…..။
Author:
ချစ်ကြည်အေး

Tuesday, October 1, 2013
Subscribe to:
Post Comments (Atom)
Total Pageviews
Labels
ပညာပေး
(1488)
ကာတွန်းဟာသ
(1343)
ဟာသ
(899)
ဆောင်းပါး
(822)
ကဗျာ
(777)
သတင်း
(533)
.ဆောင်းပါး
(512)
အက်ဆေး/၀တ္ထုတို
(504)
ကြော်ငြာ
(432)
နိုင်ငံတကာထူးခြားသတင်း
(388)
ပညာပေး...
(326)
နိုင်ငံတကာ ထူးခြားသတင်း
(321)
ကဗျာ
(279)
နိုင်ငံတကာအခြားသတင်း..
(253)
ကဗျာ…
(228)
ပုံပြင်
(220)
ဆောင်းပါး….
(203)
အက်ဆေး
(191)
ဘောလုံးဟာသ...။
(156)
သဘောထားအမြင်
(149)
Cartoon
(145)
သတင်း....
(139)
ကဗျာ...
(136)
ကဗျာ.....
(132)
ပညာပေး..
(131)
နိုင်ငံတကာ အခြားသတင်း..
(123)
ပြည်တွင်းသတင်း
(118)
သတင်း..။
(114)
သတင်းတို
(111)
သရော်စာ…
(106)
ဝတ္ထုတို
(105)
ဝတ္ထုတို
(95)
ဓါတ်ပုံသတင်း
(81)
သတင်း..
(79)
ပေးစာ
(79)
ဘာသာပြန် ဝတ္ထုတို
(75)
ဓာတ်ပုံသတင်း
(72)
ကာတွန်း
(64)
ဓာတ်ပုံသတင်း..။
(64)
သရော်စာ
(64)
နိုင်ငံတကာ အခြားသတင်း
(60)
ဓာတ်ပုံသတင်း..
(54)
မေတ္တာစာ
(54)
အောက်မေ့ဘွယ်စာလွှာ
(53)
သတင်း.
(47)
ဘာသာပြန်အက်ဆေး
(46)
်ပုံပြင်
(45)
ကာတွန်းဟာသ-
(44)
ဘောလုံးဟာသ...
(44)
နိုင်ငံတကာအခြားသတင်း
(43)
-ကာတွန်းဟာသ
(40)
နိင်ငံတကာ အခြားသတင်း
(39)
ကဗျာ.
(37)
သတင်းဆောင်းပါး
(36)
News
(35)
ကာတွန်း ဟာသ
(34)
ပညာပေး)
(33)
ကဗျာ(ဟာသ)
(32)
ဟာသကဗျာ
(32)
အောင်မြင်ရေးဒဿန
(30)
xပညာပေး)
(29)
ကြေညာချက်
(28)
ရုပ်သံ သတင်း
(25)
ဂျာနယ်
(24)
TV
(23)
နိုင်ငံတကာ အခြားသတင်း.
(23)
ဘာသာပြန်ဆောင်းပါး
(20)
ရင်ဖွင့်သံ
(19)
သရဲဇာတ်လမ်း
(19)
်ပုံင်္ပြင်
(18)
ထုတ်ပြန်ချက်
(14)
ဓာတ်ပုံ
(13)
ဘာသာပြန်ပုံပြင်
(13)
ဓာတ်ပုံသတင်း
(12)
သတင်းဓါတ်ပုံ
(12)
သီချင်း
(12)
အင်တာဗျူး
(12)
အတွေးအမြင်
(12)
ဓာတ်ပုံသတင်း.
(11)
ပုံင်္ပြင်
(11)
အယ်ဒီတာ့ထံပေးစာ
(11)
ဥာဏ်စမ်း
(11)
Photo News
(10)
poem
(10)
ဂျာနယ်
(10)
ဟာသအက်ဆေး
(10)
(ကျန်းမာရေး ပညာပေး)
(9)
.
(9)
x ပညာပေး)
(9)
ဘာသာပြန်
(9)
The Article
(8)
ခရီးသွား.ဆောင်းပါး
(8)
နိုင်ငံတကာအခြားသတင်း
(8)
ဘာသာရေးဆောင်းပါး
(8)
သတင်း.ဆောင်းပါး
(8)
ဗေဒင်
(8)
သတင်းတို.
(7)
ဟာသ ဝတ္ထုတို
(7)
တဘောင်
(6)
ကှဗျာ
(5)
နိုင်ငံထူးခြားသတင်း
(5)
ဘာသာရေး၊ဓမ္မပုံပြင်
(5)
မိန့်ခွန်း
(5)
သမိုင်းစကား၊ ပန်းစကား
(5)
ဟာသ ဓာတ်ပုံ
(5)
အားကစားသတင်း
(5)
song
(4)
ကာတွန်းဟာသ
(4)
စကားပုံ
(4)
ထူးခြားသတင်း
(4)
ပညာပေ;
(4)
သတင်း.တို.
(4)
သရော်စာ
(4)
ဟာသ-
(4)
်ဆောင်းပါး
(4)
-ကာတွန်းဟာသ-
(3)
interview
(3)
ထုပ်ပြန်ချက်
(3)
ဓမ္မဒါန
(3)
ဓါတ်ပုံအက်ဆေး
(3)
ဓာတ်ပုံအက်ဆေး
(3)
ပညာပေ
(3)
ဖိတ်စာ
(3)
ရုပ်သံ
(3)
သတင်း.တို.။
(3)
ဟာသ အင်တာဗျူး
(3)
ဟာသ.
(3)
အင်တာဗျူးး
(3)
အတိုဆုံးဝတ္ထုတို
(3)
အယ်ဒီတာ့အာဘော်
(3)
ဘောလုံးဟာသ.
(3)
(ဟာသ)
(2)
By....meepyatite
(2)
Statement
(2)
Story
(2)
With Best Regards
(2)
aဆာင်းပါ
(2)
ကန်တော့ချိုး
(2)
ကျန်းမာရေး ပညာပေး
(2)
ဇာတ်လမ်းတို
(2)
ပန်းချီ
(2)
ပုံပြင်
(2)
ဘာသာပြန်ကဗျာ
(2)
ရုပ်ပုံအတွေး
(2)
ဟာသပုံပြင်
(2)
အစီရင်ခံစာ
(2)
အမှတ်တရ
(2)
အတွေး
(2)
ဦးဦး မှော်ဆရာ
(2)
ဆောင်းပါ
(2)
ပြဇာတ်
(2)
(xပညာပေး)
(1)
(ပညာပေး)
(1)
)
(1)
....
(1)
2010 at 11:22pm
(1)
=နိုင်ငံတကာ အားကစားသတင်းများ
(1)
Announce
(1)
By: Sara Yin (ကျန်းမာရေး ပညာပေး)
(1)
By; Silver Moon အင်တာဗျူး
(1)
General Knowledge
(1)
Joke
(1)
Photo Essay
(1)
Thanks
(1)
aဆာင်းပါး
(1)
khana.na155 ကဗျာ
(1)
minkonaing
(1)
ကဗျာ(
(1)
ကဗျာ… By..Blue gyee
(1)
ကာတွန်းဟာသ <br /> <br />
(1)
ကိုယ်တိုင်ရေးကဗျာ သီဟသူ
(1)
ခရီးသွားဆာင်းပါး
(1)
ခရီးသွားဆောင်းပါး
(1)
စကား
(1)
စကားပုံ
(1)
စာစု
(1)
စိုးမိုးကျော် (ဟာသ)
(1)
ဆက်သွယ်ရန်
(1)
ဓါတ်ပုံအက်ဆေး
(1)
ဓာတ်ပုံအက်ဆေး
(1)
ဓာတ်ပုံအတွေး
(1)
နူတ်ခွန်းဆက်လွှာ
(1)
ပ
(1)
ပညာပေ;း
(1)
မိန့်ခွန်း
(1)
ရုပ်ရှင်
(1)
သတင်း နှင့်ဟာသ
(1)
သတင်း.တို
(1)
သတင်းကဗျာ
(1)
သတင်းသီချင်း
(1)
သရော်ကဗျာ
(1)
ဟသ
(1)
ဟာသအင်တာဗျူး
(1)
ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း
(1)
အဆိုအမိန့်
(1)
အထ္ထုပ္ပတ္တိ)
(1)
အားကစားသတင်းများ
(1)
အခြားသတင်း
(1)
ဦးဦး မှော်ဆရာ ပညာပေး..
(1)
ုပုံပြင်
(1)
ဆောင်းပါ;
(1)
ပေးပို့ သူ .. စိုးမိုးကျော် ဟာသ
(1)
ပေးပို့ သူ...သက်နိုင် ကဗျာ…
(1)
ပေးပို့ သူ…greenleave
(1)
်ပုံပြင်
(1)
ွ
(1)
ရုပ်သံ
(1)
• Posted by thant zin htwe on နိုဝင်ဘာ 19
(1)
….
(1)
No comments:
Post a Comment