ကျောင်းမှာ ငါးတန်း ကလေး တစ်ယောက်ကို သူ့ ဆရာမက
“မောင်အောင် – အိမ်စာ လုပ်ခဲ့ပြီးသွားပြီလား။ ”
ကျောင်းသားက ပြန်ဖြေတာက –
“ကျွန်တော် အိမ်စာတွေ လုပ်ပြီးပြီ ဆရာမ။ ဒါပေမယ့် အိမ်စာလုပ်ထားတဲ့ စာရွက် ကို လေယာဉ်ပျံ လုပ်လိုက်မိတယ်။”
ဆရာမ က ပြုံးတာပေါ့။ ဒါမျိုးတွေ ကြုံဖူးနေကျ။ ငါးတန်း ပဲ ရှိသေးတယ်။ ငါ့ကို လာပတ်နေတာ – ရမလား အတွေးနဲ့ ။
“ဒါဆိုလဲဒီလေယာဉ်ပျံကိုပဲ ယူလာပြ။”
ကျောင်းသား ပုခုံးလေးတွန့် ပြီး
“ဒီလေယာဉ်ပျံကို အကြမ်းဖက်သမားတွေ အပိုင်စီးသွားပြီ ဆရာမရဲ့”
+စမ်းချောင်း ဂျာနယ်+
**အိမ်စာ**

No comments:
Post a Comment